FLOOD DISASTERS မြန်မာ့ ရေဘေး BBC BURMESE

ရေဘေး အန္တရာယ် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ (BBC BURMESE Jul10 ,2024

17,214 views 11 Jul 2024နေစရာဤမြေကမ္ဘာ ရေဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ~~~ ■ ကမ္ဘာမှာ ရေဘေးအန္တရာယ် အကြီးမားဆုံး ထိပ်တန်းနှစ်နိုင်ငံဟာ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယဖြစ်ပေမဲ့ လူဦးရေ အချိုးအစားနဲ့တွက်ချက်ထားတဲ့ ရာခိုင်နှုန်းအရဆိုရင် မြန်မာနိုင်ငံက အန္တရာယ်ပိုကြီးမားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။____________ Subscribe ▶ http://bit.ly/2ajgBxf မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp ဝဘ်ဆိုက် ▶ https://www.rfa.org/burmese ဖေ့စ်ဘွတ်ခ် ▶ / rfaburmese တွစ်တာ ▶ / rfaburmese အင်စတာဂရမ် ▶ / rfaburmese တယ်လီဂရမ် ▶https://t.me/rfaburmeseofficial (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)

ဘယ်နေရာတွေရေကြီးနိုင်သလဲ ။ https://youtu.be/kbptvcyDRbU?si=tOYCaVlgqrW7SMXk

370,743 views 13 Sept 2024 #ဘီဘီစီမြန်မာပိုင်း#မြန်မာ#ရေဘေး“လေပွေလှိုင်းကြောင့် မိုးများနိုင်တော့ ရခိုင်မှာက မြစ်ချောင်းပေါတယ်။ ချင်းက တောင်ပေါ်ဒေသဆိုတော့ မြေပြိုတာတွေ၊ နောက် မကွေးကလည်း မြောက်ပိုင်းမှာ ဆည်တွေများတော့ (အဲဒီနေရာတွေအနီးနေထိုင်သူတွေ) ဖြစ်နေတဲ့အချိန်မှ ရွှေ့တာထက်စာရင် မဖြစ်ခင်ရွှေ့တာက ပိုပြီး ထိခိုက်ဆုံးရှုံးမှု လျော့နည်းတာပေါ့” ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန) မိုးဆက်တိုက်ရွာသွန်းပြီး ရုတ်တရက်ရေကြီးနစ်မြုပ်မှုကြောင့် နေပြည်တော် ကောင်စီနယ်မြေတစ်ခုတည်းမှာတင် စက်တင်ဘာ ၁၂ ရက်အထိ သေဆုံးသူ ၂၀ နီးပါးရှိနေပြီး ရမည်းသင်းမြို့နယ်က အသေအပျောက်အများဆုံးဖြစ်နေပါတယ်။ စူပါတိုင်ဖွန်း မုန်တိုင်းယာဂီရဲ့အရှိန်နဲ့ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်စေတဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းကို ဆက်လက်ရွေ့လျားနေပြီး လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ရခိုင်၊ မကွေးနဲ့ ချင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးများနိုင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်။ နောက်ထပ် ဘယ်နေရာတွေမှာ ဒီဘေးအန္တရာယ်ကျရောက်နိုင်ပါသလဲ။ ဘာကြောင့် ရုတ််ခြည်းရေကြီးလာပြီး လူတွေ ဒါဇင်နဲ့ချီ သေဆုံးရတဲ့အထိဖြစ်လာခဲ့ပါသလဲ။ နောက်ထပ် ဘေးအန္တရာယ်ကျရောက်မယ့်ဒေသခံတွေ အချိန်မီ ဘာတွေ သိရှိရှောင်ကြဥ်ဖို့လိုပါသလဲ။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကို မအေးသူစံက ဆက်သွယ်မေးမြန်းထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း#ဘေးအန္တရာယ်#ရေဘေး#မိုးများ#လေပွေလှိုင်း#မြန်မာ

BBC News မြန်မာ

တောင်ပေါ်ေုသတွေမှာ ရေကြီးရေဠျှမှုတွေ ဘာကြောင့်ဖြစ်တာလဲ ။ BBC BURMESE https://youtu.be/dN_ljV3vukc?si=pyuoMQiBpyXsl7Zb

72,759 views 5 Aug 2022ဇူလိုင်နောက်ဆုံးအပတ်တုန်းက မြို့ပေါင်း (၂၀)ကျော်မှာ အပူချိန်အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ တဖက်မှာ တော့ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မှာဆိုရင် စံချိန်တင်မိုးရေချိန်များ ပြီး ရေကြီးခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေဘာကြောင့်ဖြစ်နေရတာလဲ။ စစ်ရေးပဋိပက္ခဒဏ်ကြုံနေရတဲ့ မြန်မာပြည်မှာ ၂၁ရာစုပြဿနာတစ်ခုဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု သဘာဝဘေးအန္တရာယ်အတွက် ဘယ်လောက်ထိစိုးရိမ်စရာအခြေအနေရှိနေပါပြီလဲ။ တောင်ကိုရီးယားနိုင်ငံ၊ ချွန်းနမ်အမျိုးသားတက္ကသိုလ်မှာ ပတ်ဝန်းကျင်နှင့်သစ်တောသယံဇာတပညာကို အထူးပြုလေ့လာနေတဲ့ ပါရဂူကျောင်းသား ဦးမျိုးမင်းလတ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပို

ရေမကြီးခင်နဲ့ ရေပြန်ကျချိန် လုပ်ရမဲ့အချက်တွေ BBC News မြန်မာ

59,579 views 14 Sept 2024 #ဘီဘီစီမြန်မာပိုင်း#ရေကြီးမှု#ရေဘေးအန္တရာယ်အစွန်းရောက်ရာသီဥတုတွေ၊ ပြင်းထန်မုန်တိုင်းတွေနဲ့ တောတောင်ပြုန်းတီးတာကြောင့် ရေကြီးမှုနဲ့ တောင်ပြိုမှုတွေကို မကြာခဏကြုံတွေ့လာရပါတယ်။ သဘာဝဘေးထဲမှာ ရေဘေးနဲ့မြေပြိုမှုကြောင့်အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုက အဆိုးဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။ မြန်မာမှာ နှစ်စဉ်နှစ်တိုင်းရေကြီးမှုအန္တရာယ်ကိုကြုံရသလို ဒီနောက်ပိုင်းကာလတွေမှာတော့ တစ်နှစ်ထဲမှာတောင် အကြိမ်ကြိမ်ကြုံလာရပါတယ်။ ဒီရုပ်သံမှာ ရေဘေးအန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာနဲ့ ရေကြီးနစ်မြုပ်ပြီးနောက် ရေကျချိန်မှာ သတိထားရမယ့်ဆောင်ရန်၊ရှောင်ရန်တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ရဲ့အကြံပြုချက်တွေကို ကိုးကားပြီး ဘီဘီစီကရှင်းပြထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း#ရေကြီးမှု#ရေဘေးအန္တရာယ်#ရာသီဥတု

BBC News မြန်မာ