စာဖတ်သူ များနှင့်
မြန်မာသံစဉ် မြန်မာ့တေး ဂီတသီချင်း ချစ်သူများအတွက် –
ဖတ်စရာမှတ်စရာ ( ၁၉၇ )
တွေးမိတွေး ရာ
ဘဝသံသရာ ရေးရာ
မှတ်ဖွယ် မှတ်ရာ
စာပဒေသာ
တေးဘုမ္မာ
တရားသံဝေ လူ့ ဘဝ ဖြစ်ထွေ
ဂီပညာရှင်ကြီး။ ကျိုက်လတ် ဦးပြုံးချိရေး ဖွဲ့ သီကုံးခဲ့သော ဂန္ဓဝင်မြောက် တေးဘုမ္မာ (မူရင်း အမည် တေဘုမ္မာ ) သီချင်းကြီး
ဖြစ်သော ဓမ္မတေးသီချင်းကြီးအား မြန်မာသံစဉ်အဆိုတော်ကြီးများဖြစ်ကြသော တေးသံရှင် မောင်မောင်ကြီး(ကွယ်လွန်) ရီရီသန့် နှင့် တင်တင်မြတို့မှ တွဘက် စုပေါင်း သီကျူးဖွဲ့ဆို ထားကြပါတယ်။
တေဘုမ္မာသီချင်း၏ အနက်အိုပ္ပါယ်အပြည့်အစုံ ဓမ္မလမ်းညွှန်တရားသဘောများကို ယနေ့ ဖွား သက်ရှည် အဆိုတော်ကြီး ဒေါ်တင်တင်မြမှ အပြည့်အစုံ ရှင်းလင်းပြောပြပေးထားပါတယ်။
တေးဘုမ္မာသီချင်း၏မူလ အမည်မှာ တေဘုမ္မာ ဖြစ်ပြီး ၊တေးဘုမ္မာဟု နုတ်ကျိုးခေါ်ဝေါ် ခဲ့ကြသည့် တိဘုမ္ဘာ တြီ. ဘုံသုံးပါး အကြောင်းသီကုံး ရေး ဖွဲ့ ထားတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် သံဝေဂ ရစရာ ဓမ္မတေးသီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။
ဘဝသံသရာခရီးမှာ အကျဉ်း အားဖြင့် အဓိက ဘုံကြီး ၃ ပါး ရှိပြီး။ အကျယ်ဖွင့်ရင် အသေးစိတ်စုစု ပေါင်း ၃၁ ဘုံရှိပါတယ်။ လူသားတွေ မွေးဖွား သန်စင်နေထိုင်နေကြတဲ့လူ့ဘုံလောက လူ့ဘဝကြီးက ၃၁ ဘုံထဲက အောက်ဆုံးက ဘုံဖြစ်တဲ့ ပထမဘုံထဲက အခြားဘုံတွေနဲ့အတူ ပါဝင်တဲ့ လူ့ဘုံ ပါ။
လူ့ဘုံလောကလူ့ဘဝမှာ ခေတ္တခနတာသာ နားခို ရောက်လာနေကြတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ ကမ္ဘာ့ပြည်သူပြည်သားတွေ –
ဘာကြောင့်များမိမိတို့နေ့ စဉ် လူ့ ဘဝတွေမှာ လောဘ ဒေါသ မေဟတွေ မာန်မာနတွေထောင်လွှားနေကြပြီး လူသားအချင်းချင်း မေတ္တာ ဂရုဏာ မုဒီတာ ၊စသော မေတ္တာ စတေနာတွေ ကို တစ်ဦးပေါ်တစ်ဦး မထားနိုင်ကြဘဲ ငါနဲ့မတူငါ့ရန်သူဟု ယွင်းမှားတဲ့အတ္တ နော မတိ အတ္တကဲနေတဲ့ အယူမှားတွေကိုင်စွဲပြီး ဘာကြောင့်များလူသားအချင်းချင်း မလိုမုန်ထား ခိုက်ရန် ဒေါသတွေ ဖြစ်နေကြပါလိမ့် ။
ထေရဝါဒ ဗုဒ္ဓဘာသာ အလွန်ထွန်းကားပါတယ်ဆိုသော မိခင်နိုင်ငံ၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ နေဝင်ချိန် အဖိုးအို တစ်ဦးရဲ့ ဆရာကြီးဦးပြုံးချို ရဲ့တေးဘုမ္ဗာ ဓမ္မ တေးသီချင်းကြီးကိုနားဆင် ရင်းပေါ်လာတဲ့မိမီရဲ့အတွေးမျှင်စတွေပါ။
လူဘုံလောကလူ့ဘဝမှာ လူတွေအကြား တစ်ဦးနဲ့တစိဦးအတိတ် ပစ္စုပ္ပာန် ဘဝ တွေရဲ့ ဘဝ နောက်ခံ ဘဝပေးအကြောင်းခြင်းရာတွေ နဲ့ အတူ မိမိတို့ရဲ့ နောက်ခံပညာရေးအခြေခံ ၊ မိမိတို့ကိုသွန်သင်ညွှန်ကြားဆုံးမပဲ့ပြင် သင်ကြား ပြသပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ် ဆရာသမားကြီးတွေ၊ ရဟန်း ပုဂ္ဂိုလ် သံဃာတော် ကြီးတွေရဲ့ နောက်ခံ အမျော်အမြင်ပညာဉာဏ်တွေအရ တပည့် သာဝကတွေရဲ့ဘဝအမြင် အတွေးအမြင်တွေကလဲ တစ်ဦးနဲ့တစ်ဦးတူကွဲပြား၊ မတူညီနိုင်ကြ လမ့််မည် ဟု သဘောပေါက် မှတ်ယူမိပါတယ်။
စာဖတ်သူများ ၊အနေဖြင့် ငါနဲ့မတူ ငါ့ရန်သူဟုသဘောမထားဘဲ ၊ တေးဘုမ္မာဓမ္မတေးသီသီချင်းအပေါ် မိမိတို့၏ အတွေးအမြင် အယူအဆ များ ဖြင့် ဆက်၍ ဝေဖန် သုံးသပ် ပေးနိုင်ကြပါက စာဖတ်သူ Facebook မိတ်ဆွေများအတွက် များစွာအကျိုးများနိုင်မည်ဟု မျှော်တွေး ယူဆပါကြောင်းပါ ။
မြန်မာပြည်အပါအဝင် ကမ္ဘာရွာကြီးထဲမှာ လူတိုင်း လိုလို လူအများက မိမိတို့၏ နေ့စဉ် လူ့ ဘဝတွေကို
နေ့တစ်ဓူဝ မနေမနား ရုန်းကန်လှုပ်ရှား ဖြတ်သန်း ကြိုးစားနေကြရ ပေရာ၊ ကမ္ဘာ့ရွာကြီးထဲမှ ရောင်းရင်း မိတ်ဆွေ မြန်မာ ပြည်သူအများ စိတ်အေးချမ်းသာ ကျန်းမာ လန်းဖြာစွာဖြင့် မိမိတို၏ လူဘဝသံသရာ ခရီးတိုလေးကို ကြည်သာချမ်းမြေ့ ချောမွေ့စွာဖြင့် ဘဝများကို ကောင်းစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ၊ မျှော်တွေးတမ်းတ မှန်းဆ ရည်မျှော်လျက်…………
အေးမြင့် (ညောင်တုန်း )
25 Dec 2024
(ခရစ် ယန်ဘာသာဝင်များ၏ ခရစ္စမတ် အခါတော်နေ့ )
ရည်ညွန်းသီချင်း နှင့် စာများ
၁။ တေးဘုမ္မာ ဓမ္မတေး သီချင်း https://youtu.be/5QUKgTvnxDs?si=t2xtR1tne55LNbW1
၂။ အခွား
၁။ ကျိုက်လတ်ဦးပြုံးချို၏ တေးဘြမ္မာ ဂန္ဓဝင် ဓမ္မတေးသီချင်း https://youtu.be/5QUKgTvnxDs?si=UoaKgLjcjVgmaqGT။ ၂။ အခြား
ဖေယျတု သဗ္ဗ မင်္ဂလာ ၊တေးရေး – ကျိုက်လတ် ဦးပြုံးချို ၊ တေးဆို -နှင်း ပွင့် ဖြူ ( ယဉ်ကျေးမှု တက္ကသိုလ် )
ကျိုက်လတ် ဦးပြုံးချို ၏ တေးဘုမ္မာ ၊ မာမာအေးသီဆို
မြချူသံ ။ (မောင်မောင်ကြီး၊ကြည်ကြည် ဌေး ၊ မာမာအေး ) ရုပ်ရှင် နောက်ခံ တေး ။
ဘဝသံသရာ ဆို ဦးသုခ ရုပ်ရှင် နောက်ခံတေး။
ဘဝသံသရာ ရေးမန္တလေး ဦးဘသိန်း။ ယခုဆို ရီးထွန်းေ၇ွှ
သံသရာခရီးသည် ။
နိဗိန္ဓ တေးထပ် ၊ ရီရီသန့် ?
လယ်တီ နိဗီန္ဒ တေးထပ် ။ လယတီတေးထပ် (၁) လယ်တီတေးထပ် (၂) တေးဘုမ္မာ
ကမ္ဘာ ပျက်ပုံတေးထပ်နှင့် ကမ္ဘာပျက်ပုံ ယိုးဒယား ဇာတိအာဏာ မာမာအေး ။ ဆိုင်း စောင်း
နေဝင်တော့မယ် ခရီးသည် တို့ရေ ။ မာမာအေး ။
ဒိဌေ ဒိဌ မတ္တံ ။ ဣန္ဒာဆွေ ရေးဖွဲ့ စီစဉ် ပူဇော် သည်
ဒိဌိအမှန် ရုပ်နင့်နာမ် ။တေးရေး မောင်မောင်လတ် ။ တေးဆို တိုနီသစ်လွင် ၊ စိမ်းလဲ့လဲ့
ငါသည် မုချသေရမည် ။ ရေး တီး အကဖဘ်ဒမီစိန်မွတ္တား ။ဆို – ရတနာသန်း
သံသရာဘုံ ၊ မျိုးမြင့်အောင်
ငါဆိုတာ ဘယ်မှာလဲ ။ တေးရေး – အောင်မြင့်သနိး ။ တေးဆို ဝင်းဇော် ထိုက် (တနိ့ဆည် )
မေတ္တာဖြန်းမှ လန်းဆန်းမယ်
မုပိုင် သံဝေဂူမ္မတေး ဂ အလာလမ်း သာ၍အပြန်လမ်းလှစေ “ တေးရေး -ဓီတချစ်သူ ညီညီ ။တေးဆို – မြကေခိုင်
လောကနိယာ ဒီသံသရာ / တေးရေး – ရာဘုန်းဖေဖေ ။ တေးဆို – ချောစု ရွှေ ရည်
သတိကပ်ပါ ဝိပဿနာ ။ တေးသံရှင် ဖြးစင်ကျော်
တေးသံရှင် ဖြူစင်ကျော် -ကျိုးရှစ်သွယ်စုံ မြတ်သရဏဂုံ
ဓမ္မ ဥယျောစဉ် တေးဆို – ဖြူ စင် ကျော်
တန်ဘိုးရှိအောင် နေကြမယ် ။ တေးသံရှင် -ေ၇ွှ စင်ဝင်း
မမြဲသည့်သံသရာ သိရိမာ ။ တေးရေး ခရမ်း ချစ်မင်းသူ ။ တေးဆို -ရွေစင်ဝင်း ။
အချိန်တန်တော့ ခွဲခွါ လာလမ်းကို ပြန်ကြရမှာ ( အနစ္စ သင်္ခါရ) တေးရေး နောင်တပန်သစ္စာ တေးဆို – ဝေလင်းဦး
ဓမ္မဥယျောဇဉ် တေးဆို ဖြူစင်ကျော်
မဂ်လမ်းပွင့် ရန် နိုးဆော် – အေးမြသူ
သတိကပ်ပါ ဝိပဿနာ တေးသ့ရှင် ဖြူစင်ကျော်
