ကင်ဆာအကြောင်း သိကောင်းစရာ ဒေါက်တာ S နော်ထန်အောင်
နှလုံးရောဂနှင့် ဆောင်ရန် ရှောင် ရန် အစားအစာများ ။
နျခုံးရောဓွနှင့် အစားအစာ Heart-Healthy Foods -Dr .Khin Maung Lwin (FAME )
ကိုယိ့နှခုံး ခုန်နှုန်း စည်းချက် မှန်ရဲ့လား – BBC News မြန်မာ စိတ်လှုပ်ရှားစရာတစ်ခုခု တွေ့ရင် လူတွေ နှလုံးခုန်မြန်တတ်ကြပါတယ်။ ဒါပေမဲ့ အကြောင်းတစ်စုံတရာမရှိဘဲ ရုတ်တရက် နှလုံးခုန်မြန်နေတတ်တာ၊ ရင်တလှပ်လှပ် တုန်နေတတ်တာဆိုရင်တော့ Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း စည်းချက် ပုံမမှန်တဲ့ ရောဂါ ဖြစ်နေပြီလား ဆိုတာကို ကျွမ်းကျင်သူ ဆရာဝန်ကြီးတွေနဲ့ ပြသ စစ်ဆေးသင့်ပါတယ်။ လူတစ်ယောက်မှာ နှလုံးခုန်နှုန်း စည်းချက် ပုံမှန်ဖို့က ဘယ်လောက်အရေးကြီးသလဲ၊ နှလုံးခုန်နှုန်း ပုံမမှန်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ ဆိုတာတွေကို ယူကေနိုင်ငံက နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ ဇော်မျိုးထက်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဒိလက္ခဏာတွေပြလျှင် နှခူံးရောဂါစဖြစ်နေပါပြီ Signs of before heart disease
One Channel ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ၊ ဒီနေ့မှာတော့ one channel ပရိတ်သတ်တွေအတွက် နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ one channel ပရိတ်သတ်များအားလုံးပဲ သာယာပျော်ရွှင်တဲ့ အချိန်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ – – –
ကျန်းမာရေး #onechannel #heart #heartattack #ဗဟုသုတ #အစားအစာ
ဘာကြောင့် Heart Attack ဖြစ်ကြတာလဲ -BBC News မြန်မာ
နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ နှလုံးအားနည်းတဲ့ရောဂါတွေကို ဘယ်လိုကုသမလဲ စတဲ့ နှလုံးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက နှလုံးရောဂါအထူးကု သမားတော်ကြီး ဒေါက်တာ သန္တာအေးက ရှင်းပြထားပါတယ်။ဘီဘီစီမြန်မာပိုင်း
နှလုံးသန်မာလူကျန်းမာ ။ နှခုံးရောဂါရှေ့ပြေးလက္ခဏာများ ။ မြန်နာ၅ ယောက်မှာ၁ ယောက် နှခုံးရောဂွခံစားနေရပါတယ်. မကေါ်ဆ ကြပါနဲ့.
မြန်မာနိုင်ငံမှာ လူ ၅ ယောက်မှာ ၁ ယောက်ဟာ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ ခံစားနေရတာကို သိပါသလား။
နောက်ပြီးတော့ မြန်မာပြည်မှာ သေဆုံးသူ ၄ ယောက်တိုင်းမှာ ၁ ယောက်ဟာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ရောဂါကြောင့်လို့ ၂၀၂၁ သုသေသနတွေက ဖော်ပြနေပါတယ်။
အချက်အလက်တွေအရ နှလုံးရောဂါဟာ ဖြစ်ပွားမှုလည်းများသလို သေဆုံးနိုင်ချေလည်း မြင့်ပါတယ်။
မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။
နှလုံးရောဂါတွေ အမျိုးမျိုးရှိသလို လက္ခဏာတွေကလည်း မတူကြပါဘူး။
ဒီရောဂါတွေကို ကြိုတင်သိထားလို့ ကုသမှုစောစောရရင် ရောဂါကို ထိန်းချုပ်နိုင် ပါတယ်။
ဒါကြောင့်မလို့ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နှလုံးရောဂါတွေအကြောင်းကို ဝေမျှပေးပါရစေ။ ။ ရောဂါတခုချင်းဆီအလိုက် ရှေ့ပြေးလက္ခဏာတွေ၊ ရောဂါရှာဖွေနည်းတွေနဲ့ ကုသနည်းတွေကို ဗဟုသုတ ပညာပေးအနေနဲ့ ပြောပြပေးထားပါတယ်။
လူ၁၀ ယောက်မှာ တစ်ယောက် အသက်ဆုံးတဲ့ နှ လုံး သွေးကြောကျဉ်း ရောဂွ BBC News မြန်မာ
နှလုံး အားကောင်းစေမဲ့ နည်းလမ်း ၈ ခု
ငွေမကုန်ဘဲ ဆီးချိုရောဂွ ပျောက်အောင် ဘယ်လိုလုပ်မလဲ
ဆီးချို သွေးချိုရောဂါ ကို ငွေကုန်ကြေးကျမခံဘဲ ဘယ်လိုကုလို့ရသလဲဆိုတဲ့အကြောင်းကို မိသားစုအထူးကုဆရာဝန်ကြီး ဒေါက်တာယုဝါနဲ့ စကားဝိုင်းလေးလုပ်ထားပါတယ်။
ဒေါက်တာယုဝါ #ယုမောင် #ဆီးချိုသွေးချို #ဆီးချို #၃မိနစ်ကျန်းမာရေး
ဦးကြည်လွင်မြင့် ( မုဒြာ တျုင်းရင်းဆေး ) တိုင်းရင်းဆေးပညာ၏ အခြေခံ ဆေးမြီးတိုများ
Diabetes ဆီးချို

Diabetes ဆီးချို
ဆီးချိုသက်တန်း(သက်တမ်း) ၁၃နှစ်ရှိပါပြီဆရာ အခုနောက်ပိုင်း ဆီးချိုခဏခဏကျနေလို့ပါဆရာ ဓါတ်ခွဲခန်းအဖြေတွေကတော့
အသက်၊ ကျား-မ မသိရ။
အဖြေစာတွေက အင်္ဂလိပ်လိုမဟုတ်လို့ သေချာဖတ်မရ။
မ
creatine .61
A1c 6.8
gfR 97.47
GFR ကျောက်ကပ် အလုပ်
GFR levels ပုံမှန် 90 ကနေ 120 mL/min/1.73 m2 ရှိတယ်။
GFR 60 ထက်နည်းသူမှာ ကျောက်ကပ်ရောဂါရှိမယ်။
GFR 15 ထက်နည်းသူ ကျောက်ကပ်အလုပ်နိုင်အောင်မလုပ်နိုင်တော့။
အသက် 20 GFR 29 116
အသက် 30 GFR 39 107
အသက် 40 GFR 49 99
အသက် 50 GFR 59 93
အသက် 60 GFR 69 85
အသက် 70+ GFR 75
ကျောက်ကပ်မှာ ဘာဖြစ်နေသလဲ စစ်ဆေး ကုသရပါမယ်။
၁။ တက်ကြွနေပါ။ ကျန်းမာအောင်နေပါ။ လမ်းလျှောက်ပါ။ စက်ဘီးစီးပါ။ ပြေးပါ။
၂။ သွေးထဲကအချိုဓါတ်ထိန်းထားပါ။
၃။ သွေးဖိအား (ဘီပီ) လျှော့ချရင် နာတာရှည် ကျောက်ကပ်ရောဂါ မဖြစ်စေပါ။ နှလုံး အတတက်ရမှာကိုလည်းတားနိုင်တယ်။ Blood pressure 120/80 ကနေ 139/89 မှာသာ ရှိနေစေပါ။ 140/90 နဲ့အထက်ဆိုရင် ဆရာဝန်ပြပါ။
၄။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ဆားလျှော့စားပါ။ တနေ့မှာ တား Sodium intake 5-6 grams (လဖက်ရည်ဇဇွန်း တဇွန်း) ထက်မများစေပါနဲ့။ ဆားများများသုံးတဲ့ ဆိုင်ဝယ်အစာတွေ ရှောင်ပါ။ လတ်ဆတ်တာတွေကိုသာ ကိုယ်တိုင်ပြင်ဆင်ချက်ပြုစားသုံးပါ။
၅။ ကျန်းမာရေးနဲ့ညီတဲ့ အရည်တွေသာသောက်သုံးပါ။ တနေ့မှာ ရေ 1.5 to 2 litres (3 to 4 pints) အနည်းဆုံး သောက်ပါ။ ချွေးထွက်တဲ့အလုပ်လုပ်ရတာ၊ ကိုယ်ဝန်ဆောင် ကလေးနို့တိုက်နေရတာ၊ ရာသီဥတု ပူတာဆိုရင် ပိုသောက်ပါ။ တနေ့မှာ ၂-၃ လီတာသောက်ပါ။
၆။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူတွေမှာ ကျောက်ကပ်ကိုသွေးစီးဝင်တာ ၅ဝ% နှေးကြတယ်။ ကျောက်ကပ်ကင်ဆာဖြစ်မှာ ၅ဝ% ပိုစေတယ်။
၇။ အလွယ်ဝယ်ရဆေးသတိပေးပါရစေ။ NSAD ခေါ်တဲ့ ibuprofen လိုအနာအကိုက်ပျောက်ဆေး တွေ တာရှည် မသောက်သင့်ပါ။ မသောက်မဖြစ်သူတွေ ဆရာဝန်ညွှန်သလိုသာ သောက်ပါ။
၈။ ကျောက်ကပ်ကိုစစ်ဆေးပါ။ (ဆီးချိုရှိသူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူ၊ မိသားစု ရာဇဝင်မှာ ကျောက်ကပ်ရောဂါရှိသူ)
Normal creatinine level by age ခရေယတနင်းဓါတ်ကို စစ်ဆေးရင် ပုံမှန်
Enzymatic creatinine Jaffe creatinine
Age group mg/dL micromol/L
5 to <12 years 0.31 to 0.61 39 to 57
12 to <15 years 0.45 to 0.81 46 to 61
15 to 19 years (male) 0.62 to 1.08 50 to 71 ရှိရမယ်။
Causes High Creatinine Levels များတာ မကောင်းပါ။ ဘာကြောင့် များသလဲ
- Kidney failure, both acute or chronic ကျောက်ကပ်အလုပ်မနိုင်တော့ခြင်း
- Kidney obstruction ကျောက်ကပ်လမ်းပိတ်ဆို့နေခြင်း
- Kidney infection ကျောက်ကပ်ပိုးဝင်ခြင်း
- Urinary tract obstruction ဆီးလမ်းပိတ်ဆို့နေခြင်း
- Very high protein consumption ပရိုတင်းဓါတန် အစားများခြင်း
- Intense exercise that has damaged the muscles လှုပ်ရှားမှုလွန်ကဲရာကနေ ကြွက်သားတွေ ပျက်စီးခြင်း
- Heart disease နှလုံးရောဂါ
- Diabetes ဆီးချိုရောဂါ
- High blood pressure သွေးတိုးရောဂါနဲ့
- Medications တချို့ဆေးတွေကြောင့် ဖြစ်တယ်။
How to treat high creatinine levels in the body ဘယ်လိုကုသမလဲ - ခရေယတနင်းဓါတ် များစေတဲ့အကြောင်းခံအရ ကုသရမယ်။
- တချို့လူနာတွေကို ဆေးနဲ့ကုသမယ်။
- ရေ အရည် များများသောက်သင့်တယ်။
- ဆိုဒီယမ် ခေါ် ဆားလျှော့ရမယ်။ ပရိုတင်း (အသား၊ ငါး၊ ဥ၊ ပဲ) လျှော့စားရမယ်။
- ယူရစ်အက်စ်များတဲ့အစားအသောက်တွေ လျှော့ရမယ်။
- Dialysis လိုအပ်သူတွေကို ကျောက်ကပ်ဆေးပေးမယ်။
- Kidney transplant တကယ်လိုသူတွေကို ကျောက်ကပ်အစားထိုးပေးမယ်။
- A1C (HbA1c) test ဆီးချိုအတွက် https://dr-tint-swe.blogspot.com/2021/04/a1c-hba1c-test.html
- Blood sugar levels ဆီးချိုစစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/blood-sugar-levels.html
- Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ https://dr-tint-swe.blogspot.com/2021/04/diabetes-complications.html
- Diabetes diet ဆီးချိုအတွက်အစားအစာများ https://dr-tint-swe.blogspot.com/2021/04/diabetes-diet.html
- Diabetes ဆီးချို https://dr-tint-swe.blogspot.com/2021/05/diabetes.html
- Diabetic food ဆီးချိုနဲ့ အစားအသောက် https://dr-tint-swe.blogspot.com/2021/05/diabetic-food_7.html
- Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/2021/05/diabetic-neuropathy.html
- Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://dr-tint-swe.blogspot.com/2021/05/gestational-diabetes.html
- Metformin ဆီးချိုစားဆေး ဘယ်လိုပေး https://dr-tint-swe.blogspot.com/2021/05/metformin.html
ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်ပါစေ။
ဒေါက်တာတင့်ဆွေ
ဆီးချိုဖြစ်တာစသိတော့အချိုတွေဖြတ်ဆီးချိုဆန်တွေစား_ချိုတာဆိုဘာမှမစားတာ
ဒီလိုနဲ့ကြာလာတော့လည်းမထူးပါဘူး_ဆေးသောက်နေတာပဲ
သေကာမှသေရောပြန်စားတော့မယ်
#Diabetes_Mellitus ကျွန်တော်တို့ တတွေအများစုက ရောဂါတစ်ခုစဖြစ်ပြီ ဆိုလျှင် အလွန်တရာကိုစိုးရိမ်ကြောက်ရွံ့ပြီး ရောဂါရှိသူတွေဆီမှာ အကြီးအကျယ် လိုက်စုံစမ်း စာတွေလျှောက်ဖတ်နဲ့ အစပိုင်းမှာ ဝုန်းဒိုင်းကြဲတတ်ကြပါတယ် အဲ့လိုနဲ့ ၄-၅-၆ လ လောက်လည်း ကြာရော တဖြည်းဖြည်း နဲ့ ဟိုဟာလေး နည်းနည်း ဒီဟာလေး နည်းနည်း တိုးတိုးလုပ်ရာကနေ ယခင်လို နေချင်သလိုနေတဲ့ပုံစံ ပြန်ဖြစ်သွားတတ်ကြပါတယ်
ဆီးချိုရောဂါ စသိတာနဲ့
👉 အစားလုံးဝ ဖြတ်ပစ်ကြပါတယ်
👉 ညနေစာ မစားကြတော့ပါဘူး
👉 ဆီးချိုဆန်ဆိုတာတွေ ချက်စားကြပါတယ်
👉 ဟင်းကိုလည်း အဖြူထည်ပဲ စားပါတော့တယ် (တချို့ဆို ရေလုံပြုတ်ကို ဆားတောင် မထည့်ပဲ စားကြတာပါ)
👉 ချိုတာဆိုလို့ အချိုရည် မုန့်အချိုမပြောနဲ့ အသီးတောင်မစားတော့ပါဘူး
👉 မနက်အစောကြီးတွေထပြီး လမ်းထလျှောက်ကြပါတယ်
ဆီးချိုရောဂါက ဆေးလည်း စသောက်နေတာမို့ အနေအထိုင်ရုတ်တရက်ပြင်လိုက်တာနဲ့ ဆီးချိုထိန်းသိမ်းမှု အရမ်းကောင်းသွားပါတယ်
ဒါပေမယ့် ၃-၄ လ ကြာတဲ့အခါ (တချို့ဆို အဲ့လောက်တောင် မခံတတ်ပါဘူး)
အလှူရောက်လို့ ငြင်းမရလို့ အချိုပွဲထဲက ရွှေကြည်လေး ၊ ကျောက်ကျောလေးစားလိုက်မိတယ် ဆီးချိုလေးကတော့ ၂၀၀ ကျော်သွားတယ် ဒါပေမယ့် ဆေးသောက်လိုက်တာပဲ ပြန်ကျမှာပါ ဆိုတာကနေ တဖြည်းဖြည်း ပြန်စားလာကြတာ (ဆီးချိုထိန်းသိမ်းမှုညံ့တော့) ဆီးချိုဆေးတွေ တိုးရင်း တိုးရင်း နဲ့ ဆေး ၅ မျိုးလောက် သောက်ကြရပါရော
ဆီးချိုဖြစ်ရင် အစားရှောင်ရတယ် ဆိုပြီး စိတ်ညစ်ကြသလို
😰 ကြာလာရင် Insulin ထိုးရတယ်
😰 ကျောက်ကပ်ပျက်တယ် ဆိုပြီး ကြောက်ကြပေမယ့် လနဲ့နှစ်နဲ့ချီပြီး အခြေအနေက ဆိုးမလာတော့ မကြောက်ကြတော့ပဲ စားလည်းဖြစ်တာမှ မဟုတ်တာဆိုပြီး ပြန်စားကြတဲ့သူတွေရှိသလို
😰 စသိထဲကိုက သေကာမှ သေရော စားမယ် ဆိုတဲ့ အုပ်စုကလည်း ရှိပါတယ်
✳️ ဆီးချိုရောဂါမှာ ကျောက်ကပ်ပျက်တယ် ဆိုတာ ဝုန်းခနဲ ကျောက်ကပ်တမ်းဆေးရတာမျိုးမဟုတ်ပါဘူး တဖြည်းဖြည်း နဲ့ ပျက်ပျက်လာတာ ပါ – ဆီးချိုထိန်းသိမ်းမှုမကောင်းလေ မြန်မြန်ပျက်လေပေါ့
ဆီးချိုမှာ ကျောက်ကပ်ပျက်တာပဲ လူသိများကြပေမယ့်
✳️ ဆီးချို သေချာမထိန်းရင်
- နှလုံးသွေးကြောပိတ်တာ
- လေဖြတ်တာ
- ခြေလက်တွေအနာဖြစ်ပြီး ဖြတ်တောက်ရတာ
- မျက်စိကွယ်တာ စသဖြင့် ကြောက်စရာတွေ အများကြီး ဖြစ်တတ်ပါတယ်
ဆိုတော့ကာ
ကျန်းမာရေးနဲ့ညီညွတ်အောင်ရေရှည်လည်းအဆင်ပြေရအောင်_ဘယ်လိုလုပ်ကြမလဲ ⁉️
- ခန္ဓာကိုယ် ပျက်စီးမှုမဖြစ်ရအောင် Glucose ဖြစ်စေတဲ့ အစာတွေလျှော့စားတာတွေပါ။
- နည်းနည်းပဲ ထွက်တဲ့ Insulin ရဲ့ စကားကို နားမထောင်တာကို နားထောင်အောင်လုပ်တာ (Insulin resistance ဖြစ်နေတာကို)
သွေးထဲမှာ Glucose က မရှိတာမဟုတ်ဘူး ၊ #မသုံးနိုင်တာပါ။
အဲ့ဒါကို ဆာလို့ ဆိုပြီး ထပ်ခါ ထပ်ခါ စားနေခြင်းဟာ သွေးတွင်း Glucose တရားလွန်တက်ပြီး ဆီးချိုဆိပ်တက်ပြီး အသက်အန္တရာယ်ကြီးပါတယ် (သေတတ်ပါတယ်)
ဆီးချိုဆန်စားရမလား ⁉️
👉 ကဆီဓာတ်နည်းတဲ့ အရသာမရှိတဲ့ ရေရှည်လည်းစားနိုင်မှာ မဟုတ်တဲ့ ဆီးချိုဆန် ကို စားဖို့ ကျွန်တော်ဆို #အားမပေးပါဘူး။
✔️ #စားနေကြဆန်ပဲ စားပါ။ #ပမာဏလျှော့စားပါ
လျှော့စားရင် ဗိုက်ပိုဆာ မှာပေါ့
ဟုတ်ပါတယ် *ဗိုက်မဆာရအောင် ဗိုက်လည်းပြည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးသာမက အူမကြီးရဲ့ ကျန်းမာရေးပါကောင်းစေတဲ့ (Vitamins တွေအစုံပါဝင်တဲ့) ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက် တဝ စားပါ။
✔️ အသား ကြိုက်နှစ်သက်ရာစားပါ (အဆီနည်းတဲ့အသားစားပါ)
ဝက်သားကအဆီများလွန်းတော့ ရှောင်သင့်ပါတယ်။
- အမဲသား၊ ဆိတ်သား၊ ကြက်သား စားလို့ရပါတယ် (အသားစားလို့ ဆီးချို အရမ်းမတက်ပါဘူး)
- ငါးကတော့ စားဖို့ အသင့်တော်ဆုံးပါ (ဆီးချိုရောဂါရှင်တွေက သွေးတွင်းအဆီတက်တဲ့အတွက် Omega-3 ပါဝင်တဲ့ ငါးစားခြင်းက သွေးတွင်းအဆီ ကျစေပါတယ်)
✔️ အဆီကတော့ လျှော့စားရပါမယ်။ (ဆီးချိုသမားတွေ Keto Diet စားခြင်းဟာ Diabetes Ketoacidosis ဆိုတဲ့ ဆီးချိုဆိပ်တက်တာဖြစ်စေပြီး သေတတ်ပါတယ်)
- Low fat diary product (အဆီလျှော့/ထုတ်ထားတဲ့ နို့/နို့ထွက်ပစ္စည်း စားလို့ရပါတယ်)
- ဟင်းချက်ရာမှာ အသုံးသင့်ဆုံးဆီက ပဲဆီ ပဲဖြစ်ပါတယ်
✔️ အပေါ်မှာတော့ ပြောပြီးသားပါ၊
Vitamins တွေအစုံပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက် တဝ စားပါ။
ကြော်စားရင် ဆီ ပါတော့ ၊ ကြော်စားတာထက်စာရင်
ဟင်းချိုလုပ် သောက်သောက်၊ ပြုတ်စားစား၊ ရေစင်အောင်ဆေးပြီး အစိမ်းပဲ စားစား ကြိုက်သလောက်စားပါ။
အရွက်စားရင် ဝမ်းမချုပ်တဲ့အတွက် အူမကြီးကင်ဆာအပါအဝင် အူမကြီးရောဂါတွေကို ကာကွယ်ပေးပါတယ်။
✔️ ပဲအမျိုးမျိုး စားလို့ရပါတယ် (အသားဓာတ်ရတာပေါ့)
✔️ အသီးအမျိုးမျိုး စားလို့ရပါတယ် (ချိုတဲ့ အသီးတွေကတော့ တဝ မစားပါနဲ့ ၊ အနည်းငယ်စားရင်ရပါတယ်)
❌ သွေးတွင်း Glucose တွေ ရုတ်တရက်မြင့်တက်စေတဲ့
- အချိုရည်၊ Energy drink၊ Bubble Tea၊ Coffee စတာတွေရှောင်ရပါမယ်
- Cake မုန့် အချိုတွေရှောင်ရပါမယ်
- အာလူးကြော်၊ ဘာဂါ၊ စတာတွေလည်းရှောင်ရပါမယ်
- ဆေးလိပ် လုံးဝ ဖြတ်ရပါမယ် (ဆီးချိုဝေဒနာရှင်ဟာ သွေးတိုး၊ နှလုံးရောဂါ အဖြစ်လွယ်လို့ သူများသောက်တာတောင် အနံ့ခံလို့မရပါဘူး)
- အရက်မသောက်ရပါဘူး
✴️ ကြိုက်တဲ့ အစားတွေ တရားလွန်စားတာ မလုပ်ရပါဘူး
✳️ စားချိန်သောက်ချိန်မှန်ရပါမယ်
✴️ ဆီးချို တက်နေလို့ဆိုပြီး ဒီတစ်နပ် မစားတော့ဘူး ဆိုတာ မလုပ်ရပါဘူး (ဆေးသောက်နေတဲ့ လူနာတွေမှာ ပိုပြီး အရေးကြီးပါတယ်)
- နည်းနည်းပဲ ထွက်တဲ့ Insulin ရဲ့ စကားကို နားမထောင်တာကို နားထောင်အောင်လုပ်တာ
ခန္ဓာကိုယ်လှုပ်ရှားမှု နည်းတဲ့အတွက် Cells တွေက Insulin resistance ဖြစ်နေတတ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နည်းနည်းပဲ ထွက်တဲ့ Insulin ကို ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့အတွက်
အပြင်းအထန်မဟုတ်တဲ့ #လေ့ကျင့်ခန်းလုပ်ပါ။
” #လမ်းလျှောက်ပါ “
- တစ်နေ့ နာရီဝက်လောက်တော့ လျှောက်သင့်ပါတယ်
- ခြေတစ်လှမ်းကဋေတစ်သန်း နှုန်းနဲ့တော့ မလုပ်ပါနဲ့ သွက်သွက်လျှောက်ပါ (လမ်းစလျှောက်ပြီး ၁၀ မိနစ်လောက်ဆို ချွေးထွက်လာမှ အဆင်ပြေပါတယ်)
- လမ်းလျှောက်ပြီး မောလို့ဆိုပြီး အချိုရည် (လုံးဝ) လုံးဝ မသောက်ရပါဘူး
- ရေသောက်ပါ (ကြိုက်သလောက်သောက်ပါ)
“အန်တီက ဒူးနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ပါဘူးသားရယ်”
အန်တီ ဝ ဝ ချစ်စရာကြီးတွေ အကြောင်းပြနေကြ စကားပါ
ဒူးနာတာက ဝ လို့ပါ ၊ ဝ တာက မလှုပ်ရှားပဲ အစားချည်းစားနေလို့ပါ။
အဲ့ဒါကို ဒူးနာလို့ မလှုပ်ရှားရင် ပို ဝပြီး ပိုနာပါမယ်။
လမ်းမလျှောက်နိုင်ရင် လုပ်လို့ရတဲ့ နေရာလှုပ်ပါ။ လက်လှုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ You Tube မှာရှာကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။
ကျန်းမာရေးပညာပေးဆောင်းပါးတွေက ပြည်စုံအောင်ရေးရတဲ့အတွက် ရှည်ပါတယ် (ဖတ်ရတာကြာပါတယ်) အချိန်ပေးရသလောက်အကျိုးရှိကြပါစေ
(Photo credit; PharmacyLibrary)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
00:50 am/18.12.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

ဆီးချိုရောဂါသည်များ အကောင်းဆုံး ကျန်းမာရေးထိန်းသိမ်းနည်း ။ ဆီးချိုရောဂါသည်များ အကောင်းဆုံးကျန်းမာရေးထိန်းသိမ်းရန်အတွက် သွေးထဲရှိ သကြားပါဝင်မှုနှုန်းကို မှန်မှန်စစ်ဆေးရန် မရှိမဖြစ်လိုအပ်သည်။ သတ်မှတ်ထားသည့်အတိုင်းအတာများအတွင်း သွေးသီကြားပါဝင်မှုနှုန်းကို ထိန်းသိမ်းထားခြင်းသည် မြင့်မားသော သို့မဟုတ် နိမ့်ကျသောအဆင့်များနှင့်ဆက်နွှယ်သည့် စိုးရိမ်ဖွယ်ကျန်းမာရေးအန္တရာယ်များကို ရှောင်ရှားရန် အရေးကြီးသည်။
ဆီးချိုသွေးချို ရောဂါနှင့် အဟာရ ကုထုံး အကြောင်း လူထုပညာပေး စကား ဝိုင်း အပိုင်း (၈)
ဆီးချိုသွေးချိုရောဂါနှင့် အာဟာရကုထုံးအကြောင်း လူထုပညာပေးစကားဝိုင်း အပိုင်း (၈)…
📌ဆီးချိုသွေးချိုရောဂါရှိသူများနှင့် ဆီးချိုသွေးချိုရောဂါမရှိသေးသော်လည်း စိတ်ပါဝင်စားသူများအတွက် ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဆီးချိုသွေးချိုရောဂါနှင့် အာဟာရကုထုံးအကြောင်းကို တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်။
📌ဒီအစီအစဉ်ကို လူထုကျန်းမာရေးအတွက် Cow Cow Wellness မှ ကူညီပံ့ပိုးပေးထားပါတယ်။