HEALTHY FOODS ကျန်းမာရေးရာအဖြေရှာ ၊အစာလဲဆေး ဆေးလဲအစာ

About the avocado / ထောပတ်သီးအကြောင်း

ထောပတ်သီး စားရင် ရ၇ှိမယ့် ကျန်းမာရေး ကောင်းကျိုး နဲ့ဆိုးကျိုး

အစာလဲဆေး
ဆေးလဲအစာ

Healthy Foods

ကျန်းမာရေး အထောက်အကူပြု
အဖိုးနည်းဝန်ပါ အစားအစာများ။

စာဖတ်သူများအတွက်

ဖတ်စရာ မှတ်စရာ ( ၁၉၆ )
ကျန်းမာရေးရာ အဖြေရှာ
မှတ်ဖွယ် မှတ်ရာ
စာပဒေသာ

အမြဲ မှန်နေသော
မြန်မာ့ ဓလေ့ ဆိုရိုးစကားများ ။

ကြည့်သောသူမြင်၏
( စာ ) ဖတ်သောသူ သိ၏

မသိသူ ေ ကျာ် သွား
သိသူဖေါ်စား

ကျန်းမာရေးရာ အဖြေရှာ အစာလဲဆေး ဆေးလဲအစာ

ခန္ဓာ ကိုယ် ကျန်းမာရေးရာ အ ေ ဖြ ရှာ ၊
ဆေးဘက်ဝင် အစာများ စားကြပါ။

Healthy Foods

ကျန်းမာရေး အထောက်အကူပြု
အဖိုးနည်းဝန်ပါ စားစရာ အစားအစာများ။

သိမ်းထား စာများ ပြန်တွေ့လို့
ပြန်လည်ကူးယူ ေ ဖါ် ပြ ပေးလိုက် ပါတယ်

ရောဂါတစ်ခုခု ဖြစ်လို့
ဆေးပညာရှင် ဆရာဝန်တွေ ကို ပြ သရ
ဆေးရုံတက် ဆေးကုသ လို့ကတော့
ခေတ်ကာလတွေအလိုက်
ကုန်လိုက်မဲ့ငွေ တွေ က သောက်သောက်လဲ ပါဘဲ။

စားလို့မကုန် ဝါးလို့ မကုန် သုံးနိုင် စွဲ နိုင်ကြသူ
သူဋ္ဌေး သား ၊ သူဋ္ဌေးတွေအတွက် မဆိုလိုပါ

အမိ မြန်မာ ပြည်ရဲ့ တစ်ခေတ် တစ်ချိန် မှာ
နိုင်ငံခေါင်းဆောင်လုပ်ခဲ့သူ မြန်မာပြည်သား လူတစ်ယောက်က
နိုင်ငံနေ ပြည်သူပြည်သား တွေ အကြောင်းကို
သူက လေ့လာ သုံးသပ် ပြောဆို ခဲ့ရာမှာ
သူ့ခေတ်သူ့ နိုင်ငံမှာ
လူတန်းစားမျိုးစုံ နဲ့ တိုင်းရင်းသားတွေ မျိုးစုံ ေ တွ ရှိနေကြရာမှာ
စားစရာမရှိသူများနှင့် ထားစရာမရှိကြသူများ
ရှိနေကြပါတယ် ဟု
မြန်မာပြည်မှာ ငွေကြေးသုံးစွဲနိုင်ခြင်းနဲ့ဆက်စပ် ပတ်သက်လို့
လူတန်းစား ၂ မျိုးရှိနေကြောင်း ခွဲခြား ထောက်ပြ ခဲ့ဘူးပါတယ်. ။

ထားစရာမရှိ သူတွေအတွက် မ​ပြောလို ၊ ပြောရန် မလိုသော်လဲ
စားစရာမရှိသူတွေ အတွက်
ယခုဖေါ်ပြထားသည့် စားစရာ စင်းသီးဟင်းရွက် ၊သစ်ဥသစ်ဖု သစ်စေ့သစ်ဆံ စသည့် စားစရာများသည်
ကျန်းမာရေးအတွက် အဖိုးနည်းဝန်ပါ အလွန် အသုံးတည့် မည့်
ဆေးဘက်ဝင်စားစရာတွေဟု ယူဆမိပါတယ်

ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးရှိမရှိကို
သက်ဆိုင်၇ာ အဟာရပညာဆိုင်ရာ ကျန်းမာရေး ဆေး ပညာရှင်များကို
မေးမြနိး စုံစမ်းကြည့်ကြရန် တိုက်တွန်းပါတယ်.။

ဖြစ်ချင်တာသာ ပြောလိုတာသာ ပြောမိ တာပါ။
တကယ် တန်း ဖြစ်နေတာက

နာမည်ကြီး ပြင်ပ ဆေးရုံကြီးတွေမှာ ထိုင်လေ့ရှိ ဆေးကုသနေလေ့ရှိကြတဲ့ နာမည်ကြီးဆရာဝန်ကြီးတွေနဲ့ဆွေးနွေးဘို့နေနေသာသာ ၊ သိလိုတာလေး စကားခန ကလေး ပြောကြည့် မေးကြည့်လိုပေမဲ့ ဆရာဝန်ကြီးတွေမှာ ၅ မိနစ်မျှပင် စကား ပြော ဘို့ အချိန် မပေး နိုင်ကြတာ ကို ကိုယ်တိုင် ကြုံခဲ့ ရဘူးခဲ့ပါတယ်.။

တစ်ရက်ကိုလူနာ ၄၀ ကျော် ၅၀ ကျော်ကြည့်ပေးနေ ၊စစ်ပေးနေ ရတဲ့ ဒိတ် ဒိတ်ကြဲ နာမည် ကြီး လူတော် ဆေး ပညာရှင် ဆရာဝန် ရင့်မာကြီး ကို မြန်မာပြည် ရန်ကုန်က ပြင်ပ ဆေးရုံကြီးတစ်ခုမှာ
တစ်ချိန်က ကိုယ် တိုင် ကြု့တွေ့ခဲ့ရဘူးခဲ့တယ် ။

ယနေ့အခြေအနေ တော့မသိ တော့ပါ။ ။

မြန်မာပြည်သူအများ ကိုယ်စိတ်နှစ်ဖြာ စိတ်အေးချမ်းသာစွာဖြင့် မိမိတို့၏နေ့စဉ်ဘဝများကို ဘေးရန်ကင်း ကွာ ကျန်းမာ စွာဖြင့်၊ ဘဝသံသရာတစ်ကွေ့မှာ မိမိတို့၏ နေ့စဉ် ဘဝများကို ကောင်းစွာ ရုန်းကန် ဖြတ်သန်းနိုင်င်ကြပါစေကြောင်း ဆုန္ဒပြု ဆုတောင်း လျက် ………

အေးမြင့် ( ညောင်တုန်း )
19 December 2024

ကျန်းမာရေးရာ အဖြေရှာ

အစာလဲဆေး ၊ ဆေးလဲအစာ