အများစုမသိကြတဲ့ အင်္ဂလိပ် မြန်မာတတိယစစ်ပွဲ အတွင်းရေး တစ်ခု သမိုင်းဝင် ဇာတ်လနိးတစ်ပုဒ် ?
https://www.facebook.com/reel/1791951491970218/?fs=e&fs=e

https://www.facebook.com/reel/1791951491970218/?fs=e&fs=e
နန်းကျဘုရင် The King in Exile

https://youtu.be/1iRnUSY3O_s?si=ZztB1Lon9I22ZZSV
မန်ချက်စတာရောက် ကင်းဝန်မင်းကြီး
https://youtu.be/DWSyJ2BMbus?si=qAlkvYE6nl8f9Ys0
ညောင်ရမ်းမင်းသားနဲ့ညောင်အုပ်မင်းသား
https://youtu.be/dHDPviZmMEU?si=usKFNeJC8dtlcLdx
နန်းလုပွဲများ
https://youtu.be/GATRiN6pwcw?si=q2y7p8rHfmZ52rBt
မြင်းကွန်းမင်းသားကြီး
https://youtu.be/tKqAIm08Aak?si=IHkvbcq5g_fIySlL
သီပေါမင်း ဘဝ
https://youtu.be/eKe-4e71A5c?si=UuaXxbbrD6FFVwfQ
သီပေါမင်း ဘာကြောင့်ထွက်မပေူသလံ
https://youtu.be/y5wP3pv7QR8?si=bXijKbz19S924-a_
သီပေါမင်း ဆိုတာ
https://youtu.be/CLtjhLLZsYs?si=y5VTib4AAMSxXg2v
မြန်မာ့ရိုးရာဇာတ်သဘင်ကိုချစ်မြတ်နိုးသောပရိသတ်များအတွက်
စိန်မဟာသဘင်၏ပါတော်မူဇာတ်တော်ကြီးကို တစုတစည်းထဲအားရပါးရကြည့်ရှု့နိုင်ရန်
4K ULTRA HD resolution ဖြင့် တင်ဆက်ပြသထားပါသည်။
https://youtu.be/ELerOdbiA7o?si=ONctQSLZU2dU3710
နောက်ဆုံးဘုရင်သီပေါမင်း
https://youtu.be/eKe-4e71A5c?si=6AwDs3qVPoVqH0ge
စုဖုရားလတ် ဇာပန
https://youtu.be/P7NmRJCfr50?si=7t8Iq7TsKHNrgdM6
သီပေါမင်းအကြောင်းကို ပြောတိုင်း သူ့ကို မင်းဆိုး မင်းညံ့တစ်ပါးအနေနဲ့ပဲ မြင်မိကြတယ်။ ဒါပေမဲ့ အဲတာရဲ့နောက်ကွယ်မှာ ဘာရှိလဲ? ပါတော်မှုပြီးနောက် ဘာလိုတွေ နေထိုင်ခဲ့ရလဲ? ဆိုတဲ့အချက်တွေက လူတိုင်းမသိခဲ့ကြဘူး။ ဒီအကြောင်းတွေကို ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ ShweNote ထဲက “နန်းကျဘုရင်” ဆိုတဲ့ စာအုပ်ကို အသံရှည်နဲ့ နားထောင်လိုက်ပါ။
စာအုပ်ဖတ်ရန် – https://share.shwenoteapp.com/fu…
https://youtu.be/CLtjhLLZsYs?si=dgL3YDCOswfa2V88
ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးမှာ မြန်မာနိုင်ငံရဲ့ အဖိုးတန်လှတဲ့ အောက်မြန်မာပြည် (ပင်လယ်ထွက်ပေါက်အားလုံး) ကို ဗြိတိသျှတို့ သိမ်းပိုက်ခြင်း ခံခဲ့ရပါတယ်။ နိုင်ငံတော်ဟာ အရင်ကထက် ပိုမိုသေးငယ်သွားသလို အားနည်းတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။
ဒီဗီဒီယိုမှာတော့ –
• အောက်မြန်မာပြည်ကို နယ်ချဲ့တို့ သိမ်းပိုက်ထားတဲ့ အချိန်၊ ဒုတိယနဲ့ တတိယ အင်္ဂလိပ်-မြန်မာစစ် ကြားကာလမှာ နိုင်ငံတော်ကို ဘယ်လို ပြန်လည် ထူထောင်ခဲ့သလဲ။
• နယ်ချဲ့အင်ပါယာကြီးရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ မန္တလေးနေပြည်တော်ကနေ ဗဟိုထိန်းချုပ်မှုစနစ်သစ်ကို ဘယ်လို အသက်သွင်းခဲ့သလဲ။
• ရာစုနှစ်နဲ့ချီ ကျင့်သုံးလာတဲ့ မြို့စား၊ ရွာစားစနစ်ဟောင်းတွေကို အမြစ်ကနေလှန်ပြီး ခေတ်မီတဲ့ လစာပေးစနစ်ကို ဘယ်လို ပြောင်းလဲခဲ့သလဲ ဆိုတာတွေကို ပြောပြပေးသွားမှာပါ။
မင်းတုန်းမင်း #အင်္ဂလိပ်မြန်မာစစ် #မြန်မာ့သမိုင်း #သမိုင်း #Mandalay
https://youtu.be/twQh1aE9t0I?si=YSh9jEwUAZ0yldjO
ဒီဗီဒီယိုထဲမှာတော့ ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့တဲ့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
၁ https://youtube.com/shorts/s8zXHXcDqBA?si=NAn15UKPOdaGmdWG
၂ https://youtube.com/shorts/XowpA0Hskqg?si=qKIQGTWotbFIDvf_
၃ https://youtube.com/shorts/srccCqDvwjM?si=9-A4t_KyaP4REkCo
၄ https://youtube.com/shorts/dRJBPgbJ0WM?si=D6ne9XZPFvH4MmM1
၅ https://youtube.com/shorts/9ZcAmfkf9Xw?si=74MPMPTgKfy5xzLR
၆ https://youtube.com/shorts/nEoyU11Op6M?si=MV1CSaUf-ERpPbed
၇ https://youtube.com/shorts/9VzNGW_fmC0?si=PaGZ1mrpAEO48gnQ
၈ https://youtube.com/shorts/EU7R867cwWw?si=71lpUp9iLcskeM7T
၉ https://youtube.com/shorts/hO9H-NXNcGY?si=VlA0FsDx9hs0xqRI
၁၀ https://youtube.com/shorts/hMfB8CQHttg?si=Xi51pViDF4FeReN7
၁၁
၁၂
၃
၄
၅
၁၆
https://youtu.be/bR0NTTpMx4Y?si=bj2DKXi01T9i55K3
ဒီဗီဒီယိုထဲမှာတော့ မြန်မာ့သမိုင်းရဲ့ အလှည့်အပြောင်းဖြစ်ခဲ့တဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာ့သမိုင်း #ဒုတိယအင်္ဂလိပ်မြန်မာစစ် #မင်းတုန်းမင်း #ကနောင်မင်းသား #သမို
https://youtu.be/Gch5d7l6uZM?si=F7d3Au5uZ3BmK97I
လွန်ခဲ့သော နှစ် ၁၆၀ ၊ မန္တလေး မြို့ တည်ခါစ က ဓာတ်ပုံ ၃ ပုံ
မန္တလေးမှာဘာတွေရှိလဲ
သမိုင်းထဲက အမရပူရမြို့ ဟောင်းအျကြာင်း Amarapura
အမရပူရနေပြည်တော်ရောက် ဗြိတိသျှ သ့အဖွဲ့ ၁၈၅၅ အပိုင်း၁ သံတဲ British Mission at Amarapura 1855
မင်းဆက် ပေါင်း ၃ ဆက်ရဲ့ မင်းနေပြည်တော် အဖြစ် နန်းစိုက်ခဲ့တဲ့မြို့ (သိုမဟုတ် ) အင်းဝမြို့ဟောင်း ။
အင်းဝမြို့ဟောင်း” လို့ဆိုလိုက်တာနဲ့ ဘုရင်ထက်ပင်အာဏာစက်ပြင်းခဲ့ပြီး အရပ်သူမှမိဖုရားခေါင်ဖြစ်လာသူ နန်းမတော်မယ်နုနဲ့ သူ တည်ဆောက်ခဲ့တဲ့ မဟာအောင်မြေဘုံစံကျောင်းတော်ကြီးအကြောင်းကို မြင်ယောင်ကြားယောင်မိကြမှာပါ။ မြန်မာ့သမိုင်းမှာ ကျော်စောထင်ရှားခဲ့တဲ့ အင်း၀မြို့ဟာဆိုရင်တော့ မန္တလေးမြို့အနီးမှာတည်ရှိတာဖြစ်ပြီး မင်းဆက်ပေါင်း ၃ဆက်ရဲ့ ၄ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့တဲ့မြို့ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ “လှပတင့်တယ်သောမြေ” အစီအစဥ်မှာတော့ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှည်ကြာခဲ့တဲ့ အင်း၀မြို့ဟောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းအကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။ 🙋
ကုန်းဘောင်ခေတ်နန်းတွင်းရေး အရှုပ်အထွေးများ။ စ -ဆုံး
https://youtu.be/diVNgRJbO1Y?si=qOKj9eftXumENO3K
ကနောင် မင်းသားကြီး ရင်ဆိုင် ခဲ့ရသည့် နန်းတွင်းလုပ် ကြံမှုများ
kitechannelv2 #KyawThuHlaing #ကျော်သူလှိုင်
မြင်ကွန်းနှင့်ကနောင်
စာရေးသူ တက္ကသိုလ်စိန်တင်၏မြင်ကွန်းနှင့်ကနောင်
တင်ဆက်သူ ကိုဘုန်းသွင်
https://youtu.be/pROhgA-O1Tc?si=04mGYKYiFI4hh8I0
ကနောင်မင်းသားအကြောင်း မြန်မာ့သမိုင်း Myanmar History
https://youtu.be/kOQ_tBstce4?si=B6PX_xgl5sSXhETG
ကနောင်မင်းသားအရေးအခင်း
မူရင်းရေးသားသူကိုလေးစားစွာဖြင့် credit ပေးပါတယ်ဗျ။
ဒီအကြောင်းအရာလေးကတော့မြင်ကွန်းမြင်းခုန်တိုင်အရေးအခင်းဖြစ်ပါတယ်။
youlike
ကနောင်မင်းသား
မြင်ကွန်းမြင်းခုန်တိုင်
မင်းတုန်းမင်း
အရေးအခင်း
https://youtu.be/Io1kCYb_CHw?si=ntkd6yuVtjc4oGgx
ယော အတွင်း ဝန် ဦးဘို့ လှိုင် ( ကုန်းဘောင်ခေတ် အမတ်ကြီးများ )

kitechannelv2 #KyawThuHlaing #ကျော်သူလှိုင်
မှန်တာလုပ် ဟုတ်တာပြောရဲသည့် ယောမင်းကြီးဦးဘိုးလှိုင် စ-ဆုံး
စာရေးသူ ရွှေဘိုမိမိကြီး
တင်ဆက်သူ ကိုဘုန်းသွင်
https://youtu.be/vJajUcJvypw?si=3Hae_OAqbOgmoeef
သီပေါမင်းပါတော်မူခန်း အပိုင်း၁ နှင့် ၂
အပိုင်း(၁ )။ https://youtu.be/ARe5hLKAXJ8?si=-pZsW0J9JZ2Ie4sA
အပိုင်း(၂ ) https://youtu.be/4ZyGQi8Nk3U?si=uSre6vSzQXH4WBqV
မန္တလေးနန်းတွင်းအရေးတော်ပုံရုပ်ရှင်

မင်းတုန်းမင်းလက်ထက် အေဒီ ၁၈၆၆ ဩဂုတ်လ ၂ ရက်မှာ မြင်ကွန်း၊ မြင်းခုန်တိုင်မင်းသားညီနောင်ဟာ ထီးနန်းရဖို့အတွက် လုပ်ကြံမှုကြီးတစ်ခုကို အကောင်အထည်ဖော်ပြုလုပ်ခဲ့ကြပါတယ်။
မြင်ကွန်း မြင်းခုန်တိုင်အရေးအခင်းလို့ လူသိများတဲ့ အဲဒီနန်းတွင်းအရေးတော်ပုံမှာ အိမ်ရှေ့စံ ကနောင်မင်း၊ မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသား စတဲ့ မင်းညီမင်းသားတွေနဲ့ မြတောင်မင်းကြီး ဦးမှို၊ သူရဲဝန် ဦးရွှေလုံး၊ ကင်းဝန် ဦးမာလိန်၊ တောင်ထားဝယ်ဗိုလ် စတဲ့ မှူးကြီးမတ်ရာတွေ ကျဆုံးခဲ့ပါတယ်။ လက်ဝဲဝင်းမှူး၊ လောင်းရှည်မင်းကြီးတို့လို မှူးမတ်တွေလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
တစ်ဆက်တည်းအနေနဲ့ ပတိမ်းမင်းသား ဦးဆောင်တဲ့ အိမ်ရှေ့မင်း သားတော်တွေကလည်း မင်းတုန်းမင်းအပေါ် အထင်အမြင်လွဲပြီး ထပ်မံပုန်ကန်ခဲ့တဲ့အတွက် မြန်မာနန်းတွင်းအတွက် ထိခိုက်နစ်နာမှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပြန်တယ်။
ကနောင်မင်း ကျဆုံးခြင်းရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ မင်းတုန်းမင်း မကျန်းမာချိန်မှာ နန်းလျာနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုများစွာ ဖြစ်လာကာ မထင်မှတ်ထားတဲ့ သီပေါမင်းသားက ဘုရင်ဖြစ်လာတဲ့အပြင် နောက်ဆုံး မြန်မာ့ပဒေသရာဇ်စနစ် ကျဆုံးပြီး ဗြိတိသျှအင်ပါယာထဲ ကျရောက်သွားတဲ့အထိ အကျိုးသက်ရောက်မှု ကြီးမားခဲ့တယ်။
မြင်ကွန်း၊ မြင်းခုန်တိုင်အရေးအခင်း ဖြစ်ပွားပြီး ၁၀၃ နှစ်အကြာမှာတော့ ဒီဖြစ်ရပ်ကို ရုပ်ရှင်ဒါရိုက်တာ အေဝမ်းဦးတင်ယုက ‘မန္တလေးနန်းတွင်းအရေးတော်ပုံ’ အမည်နဲ့ မြန်မာ့ပထမဆုံးဆေးရောင်စုံရုပ်ရှင်ဇာတ်ကားအဖြစ် ခမ်းနားကြီးကျယ်စွာ ဖန်တီးအသက်သွင်းခဲ့ပါတယ်။ ၁၉၆၉ မှာ ရုံတင်တာမို့ သူ့ကျွန်မခံပြီ ရုပ်ရှင်ထက် နှစ် ၃၀ စောပါတယ်။
၁၉၆၉ မှာ ရုံတင်တယ်ဆိုပေမယ့် ဒီဇာတ်ကားအတွက် ဒါရိုက်တာ ဦးတင်ယုက ၁၉၆၃ လောက်ကတည်းက အသေးစိတ်ပြင်ဆင်ခဲ့တာပါ။
ဝမ်းနည်းစရာ ကောင်းတာကတော့ ရုပ်ရှင်ဖလင်ကို စနစ်တကျ ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့လို့ ကျွန်တော်တို့မျိုးဆက်တွေ ကြည့်ခွင့်မရကြတော့ပါဘူး။ (မန္တလေးနန်းတွင်းအရေးတော်ပုံ ဇာတ်ကားထက် တစ်နှစ်နောက်ကျတဲ့ မှုံရွှေရည် ဇာတ်ကားတောင်မှ ဂျပန်နိုင်ငံက ဖလင် ထိန်းသိမ်းပေးထားလို့ ကြည့်ခွင့်ရကြတာပါ)
ဇာတ်ကားကို မမီလိုက်ပေမယ့် အဲဒီခေတ်က မဂ္ဂဇင်း၊ စာစောင်တွေမှာပါတဲ့ ရုပ်ရှင်အတွက် ပြင်ဆင်မွမ်းမံရိုက်ကူးမှုမြင်ကွင်းဓာတ်ပုံတွေအရ တော်တော်လေး အားရစရာကောင်းတာ တွေ့ရပါတယ်။
ဗြိတိသျှလူမျိုးဇာတ်ကောင်တွေအတွက် လူရွေးပွဲလုပ်ပြီး စိစစ်ရွေးချယ်တာတွေ၊ ဇာတ်ဝင်ခန်းသုံး နန်းတွင်းအဝတ်အစား အသုံးအဆောင်တွေကို ယခုခေတ်လို ပြီးရောကာရော မလုပ်ဘဲ ပညာရှင်တွေနဲ့ စနစ်တကျဖန်တီးချုပ်လုပ်တာတွေ၊ လူပေါင်း ထောင်နဲ့ချီ ပါဝင်တာတွေက ဒီဘက်ခေတ်ထက်တောင် အသေးစိတ်ပြင်ဆင်မှုအားကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီတုန်းက မြနန်းစံကျော်နန်းတော်လည်း အသစ်ပြန်မဆောက်ရသေးတဲ့အတွက် နန်းတော်ပုံစံဆက်တင်တွေကိုလည်း ဂရုတစိုက်ပြန်လည်တည်ဆောက်အသုံးပြုခဲ့ရတယ်။ တိရစ္ဆာန်ရုံက ဆင်ကို ငှားမရလို့ တိရစ္ဆာန်ရုံထဲအထိပါ သွားပြီး ရိုက်ကူးခဲ့ရတယ်။
ဒါကြောင့်လည်း မြန်မာ့ရုပ်ရှင် ရွှေရတုခေတ်မှာ ငွေကြေးအကုန်အကျအများဆုံးရုပ်ရှင်တွေထဲက တစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဇာတ်ကားကို ထုတ်လုပ်တဲ့ကုမ္ပဏီက ပဒေသာဖလင်း ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ စာရေးဆရာ ဦးဉာဏက ရေးသားပေးခဲ့ပါတယ်။ ဓာတ်ပုံနဲ့ ဒါရိုက်တာအဖြစ်ကိုတော့ အကယ်ဒမီ အေဝမ်းဦးတင်ယု တစ်ယောက်တည်းက တာဝန်ယူခဲ့တယ်။
ဦးတင်ယုဆိုတာ မြန်မာ့ပထမဆုံးရုပ်ရှင်မင်းသား ဦးညီပုနဲ့ သရုပ်ဆောင်ဒါရိုက်တာ အကယ်ဒမီ အေဝမ်းဦးတင်မောင်တို့ရဲ့တူအရင်း ဖြစ်ပြီး ‘မောင်တို့ချယ်ရီမြေ’၊ ‘ညောင်ရမ်းညီနောင်’ တို့လို ဂန္တဝင်ဇာတ်ကားတွေရဲ့ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်တွေမှာ အန်နီမေးရှင် ကင်မရာအထူးပြုလုပ်ချက်တွေကိုလည်း ဦးတင်ယုက အစောဆုံး အသုံးပြုခဲ့တာလို့ ဆိုပါတယ်။
ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကလည်း အဲဒီခေတ်က ဒိတ်ဒိတ်ကျဲတွေချည်းပါပဲ။
အိမ်ရှေ့ကိုယ်တော်ကြီး ကနောင်မင်းအဖြစ် အကယ်ဒမီ ထွန်းဝေ၊ လှိုင်ထိပ်ခေါင်တင်အဖြစ် အကယ်ဒမီ ကြည်ကြည်ဌေး၊ မင်းတုန်းမင်းအဖြစ် အကယ်ဒမီ ဦးသိမ်းမောင်၊ မိဖုရားခေါင် စကြာဒေဝီအဖြစ် ဒေါ်သီတာခင်ထွေးတို့က အဓိကသရုပ်ဆောင်ခဲ့ပါတယ်။ အရေးအခင်း ဖြစ်နေချိန် နန်းတွင်းထဲ ရောက်နေတဲ့ ဗြိတိသျှ ဝန်ရှင်တော်မင်း ဆာအာသာဖယ်ယာ နေရာမှာ ပါဝင်ဖို့ ကြေးမုံသတင်းစာကနေ နိုင်ငံခြားသားတွေကို လျှောက်လွှာခေါ်ယူခဲ့ပါတယ်။ အဲဒီထဲကနေ အရပ် ၆ ပေ ၁ လက်မ ရှိတဲ့ မစ္စတာအိုကေဂရင်းကို ဆာအာသာဖယ်ယာအဖြစ် ဒါရိုက်တာ ဦးတင်ယုက ရွေးချယ် သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါ့အပြင် အကောက်ဝန် မစ္စတာအက်ဒဝပ်နေရာကနေ ပါဝင်ဖို့ မစ္စတာလဲရပ်စ် ဆိုသူကို ရွေးချယ်ခဲ့ပါတယ်။
ကြည့်ခဲ့ဖူးသူတွေအဆိုအရ အောင်ပင်လယ်ကန်မှာ ကနောင်မင်း ရေမြှုပ်ဗုံး စမ်းသပ်တဲ့ အခန်းတွေကိုပါ အထူးတလည် ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
အဲဒီလောက် ခမ်းခမ်းနားနား အသေးစိတ်ပြင်ဆင်ခဲ့တာတောင်မှ ရုပ်ရှင် ထွက်လာတော့ ဇာတ်ဝင်ခန်းအချို့ဟာ ပညာရှင်တွေကြားမှာ ထောက်ပြဝေဖန်စရာတွေ ရှိခဲ့ပါသေးတယ်။
ဇာတ်ဝင်ခန်းတွေမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ်နာမ်စားတွေ သီသီလေးလွဲမှားနေကြတာတွေကို နန်းတွင်းအနွယ်တော်က ထောက်ပြကြတာပါ။
အပြင်မှာ ရွှေနန်းရှင်ဘုရား၊ တော်ကြီးဘုရား လို့သာ ခေါ်ဝေါ်ခွင့်ရှိတဲ့ မင်းတုန်းမင်းကို ပြဇာတ်တွေ၊ ဝတ္ထုတွေထဲကလို မင်းတရားကြီးဘုရားလို့ သုံးနှုန်းမိတာတွေမျိုးပေါ့။
နောက်ပြီး ဘုရင်တစ်ပါးတည်းသာ နင်းခွင့်ရှိတဲ့ သက္ကဒါန်လှေကားကို ဇာတ်ဝင်ခန်းမှာတော့ မင်းသား မှူးမတ်တွေပါ ဆင်းတိုက်တက်လိုက်လုပ်နေကြတာမျိုးတွေကိုလည်း နန်းဓလေ့နဲ့ မကိုက်ဘူးဆိုပြီး ဝေဖန်ခံရပါတယ်။
အရေးတော်ပုံ ဖြစ်နေချိန် မင်းတုန်းမင်း နန်းတွင်းထဲကို ဝင်ရောက်လွတ်မြောက်သွားတဲ့ ဇာတ်ဝင်ခန်းကိုလည်း သမိုင်းနဲ့ မကိုက်ဘူး ဆိုပြီး ထောက်ပြကြပါသေးတယ်။
သမိုင်းအရ အရေးအခင်း ဖြစ်ပွားချိန်မှာ ကနောင်မင်းဟာ နန်းမြေဘုံသာစံနန်းတော်အနီးက တဲနန်းထဲ ရောက်နေပြီး မင်းတုန်းမင်းကတော့ စံနန်းတော်တွင်းက ပွဲတော်ဆောင်မှာ မိဖုရားခေါင်စကြာဒေဝီနဲ့အတူ ရှိနေပါတယ်။ သူပုန်တွေ ဝင်စီးတာ သိတော့ မင်းတုန်းမင်းက မိဖုရား၊ မှူးမတ်တွေနဲ့အတူ နန်းမြေဘုံသာစံနန်းတော်အနောက်တံခါးကနေ ရွှေနန်းတော်ကြီးလို့ ခေါ်ကြတဲ့ မြနန်းစံကျော်နန်းတော်ကို ထွက်ပြေးရတယ်။
မြင်ကွန်းမင်းသားကလည်း ကြိုတွက်ထားမိလို့ မင်းတုန်းမင်း ဖြတ်လာမယ့် ဝင်းတော်အပြင်ဘက်လမ်းမှာ ငပိုက်ကြီး ဆိုတဲ့ သူ့လူကို စောင့်ခိုင်းထားတယ်။ ငပိုက်ကြီးကလည်း ဓားတစ်လက်နဲ့အတူ လူတစ်ဝပ်စာရှိတဲ့ ရေမြောင်းထဲမှာ စောင့်နေတယ်။ မင်းတုန်းမင်းတို့လည်း ရောက်လာရော ငပိုက်ကြီးက လုပ်ကြံသင့် မသင့် ကြောင်အမ်းအမ်းဖြစ်နေတယ်။ နောက်တော့ မထူးတော့တာနဲ့ မင်းတုန်းမင်းကို ကိုယ်တိုင် ကျောပိုးပြီး ရေမြောင်းကို ကူးပေးလိုက်တယ်။ မိဖုရားခေါင် စကြာဒေဝီကိုတော့ ကုလားပျိုသေနတ်စာရေး မောင်ခြုံက ကျောပိုးပေးတယ်။ ငပိုက်ကြီးရဲ့ဓားကိုတော့ မက္ခရာမင်းသားက မြင်လို့ သိမ်းယူလိုက်တယ်။ အဲဒီနောက် အနောက်ဝန် ဦးတက်တူရဲ့မြင်းကို အဆင်သင့်တွေ့တာနဲ့ မြင်းပေါ်တက်စီးပြီး မန်းဦးတံခါးကနေ ရွှေနန်းတော်ထဲ ရောက်ရှိသွားတယ်။
ရုပ်ရှင်ထဲမှာတော့ ငပိုက်ကြီးက မင်းတုန်းမင်းကို မြောင်းကူးပြီး ပို့ပေးရုံမက ကျောက်ခင်းလမ်းတစ်လျှောက်ပါ ကိုယ်တိုင်ကျောပိုးပြီး ပြေးပို့နေတဲ့အတွက် ထောက်ပြစရာ ဖြစ်ခဲ့တာပါ။
ဘာပဲပြောပြော လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်းက မြန်မာ့ရုပ်ရှင်ဟာ သမိုင်းနောက်ခံဇာတ်ကားကြီးတွေ ပုံဖော်ရာမှာလည်း မညံ့ခဲ့ဘူးဆိုတာ သိရတာပေါ့။
နောက်ပိုင်းမှာတော့ မြန်မာ့ရုပ်ရှင်လောကမှာ သမိုင်းနောက်ခံဇာတ်ကားကြီးတွေ ရှားသည်ထက် ရှားလာပြီး အရည်အသွေးလည်း တဖြည်းဖြည်းကျလာသလို ပြင်ဆင်မှုအပိုင်းမှာလည်း လျော့ရဲလာပါတယ်။
ယခု ပြင်ဆင်ရိုက်ကူးနေကြတဲ့ ‘ကုန်းဘောင်မင်းဆက်’ ဇာတ်ကားကိုလည်း ဒီထက်မက သမိုင်းကြောင်းတိကျပြီး ခမ်းနားကြီးကျယ်တဲ့ဇာတ်ကားတစ်ကားအနေနဲ့ ဖြစ်စေချင်မိပါတယ်။
ရုပ်ရှင်အဖွဲ့သားတွေကလည်း ပညာရှင်တွေ၊ နန်းတွင်းအနွယ်တော်တွေနဲ့ တွေ့ဆုံပြီး ဂရုတစိုက် ပြင်ဆက်နေကြတာမို့ ရုံတင်ပိတ်ကားပေါ်မှာ သမိုင်းထဲက ဇာတ်ကောင်တွေ ဘယ်လိုရောက်ရှိလာမလဲဆိုတာ တော်တော်လေး ရင်ခုန်စရာကောင်းနေပါပြီ။
၂၀၂၇ မှာ ဒီဇာတ်ကားသာ ရုံတင်ဖြစ်ခဲ့ရင်တော့ ရုပ်ရှင်ရုံထဲ ပြန်သွားဖို့ စိတ်ကူးထားပါတယ်။
၁၇.၅.၂၀၂၆
အဘယသိင်္ခ (မြိတ်)
