ရှေး ခေတ်အဆက်ဆက်မှ ထင် ရှား ကျော်ကြား မြန်မာ ပု ဂ္ဂိုလ် ထူးကြီးများ
ကိုလိုနီခတ် အင်္ဂလိပ်တို့ချီးမြှင့်သည့် “ဆာ “ ဘွဲ့ ရ သူဌေးကြီး ဆာဦးသွင်အကြောင်း
ကိုလိုနီခတ်နှင့်လွတ်လပ်ပြီးစကာလတွင် စီးပွားရေးနှင့်နိုင်ငံရေး နယ်ပယ်၌ အလွန်ထင်ရှားခဲ့သော စက်သူဌေးကြီး ဆာဦးသွင်(၁၈၇၈- ၁၉၆၆) အကြောင်း
ရုပ် ရှင်
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရဒပ်၇ီင်ဇာတ်ကားကြီး အကြောင်း
ပထမဆုံး မြန်မာ့ အသံထွက် ရုပ်ရှင် ဇာတ်ကား။ First BURMA Talkie Modern Motion Picture
ကမ္ဘာပေါ်တွင် ပထမဦးဆုံး အသံထွက် ရုပ်ရှင်ကို ၁၉၀၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် စမ်းသပ်ရိုက်ကူးခဲ့သော်လည်း တော်ကီ(Talkie) ဟုခေါ်ဆိုသည့် စကားပြောအသံထွက်ကားမျိုး မဟုတ်ပေ။ သံစုံသွင်းဟုသာ ခေါ်ဆိုနိုင်သော တီးလုံးနောက်ခံဇာတ်ကား ဖြစ်ပါသည်။ ၁၉၂၇ခုနှစ်တွင်မူ ကမ္ဘာ့ပထမဦးဆုံး အသံထွက်ရုပ်ရှင်ကားဟု ခေါ်ဆိုနိုင်သော ဖလင်ပြားပေါ် စကားပြော၊ အသံထွက်အဖြစ် အမေရိကန် ဂျက်စ်တေးဂီတ ပညာရှင်တစ်ဦး၏ ဘဝဇာတ်ကြောင်း သရုပ်ဖေါ် “The Jazz Singer” ဇာတ်ကားကိို ရုံတင်ပြသနိုင်ခဲ့ပါသည်။
ထိုသို့ ကမ္ဘာပေါ်တွင် အသံထွက် ပြသနိုင်သောအခါ မြန်မာပြည်တွင်းရှိ ရုပ်ရှင်ကုမ္ပဏီများစွာမှလည်း အသံထွက်ဇာတ်ကားများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းကြံစည် လာကြ၏။ သို့သော် အသံထွက် တော်ကီ ရိုက်ရန်ဆိုသည်မှာ ရုပ်ရှကုမ္ပဏီတွင် အသံထွက်ဖလင်၊ အသံထွက်ရိုက်ကူးနိုင်သည့် စက်ရှိရုံဖြင့်သာမကပဲ အသံထွက် ဇာတ်ကား ပြသနိုင်မည့် နောက်ဆုံးပေါ် အသံထွက်ရုပ်ရှင်ရုံများပါ တည်ဆောက်ရမည်ဖြစ်သဖြင့် ထိုအကြံအစည်မှာ ထင်သလောက်မလွယ်ကူခဲ့ပေ။ ထိုသို့ မြန်မာ့ရုပ်ရှင်ကုမ္ပဏီများ အကြပ်ရိုက်နေစဉ်တွင် မြန်မာနိုင်ငံရှိ အိန္ဒိယသူဌေး နမီဇာ ဆိုသူက မြန်မာပြည်ထက် စောစီးစွာ အသံထွက် ဇာတ်ကားများ ရိုက်ကူးလျှက်ရှိသောအိန္ဒိယရှိ အင်ပီးယီရယ် (Imperial Film Co. Ltd.) ဖလင် ကုမ္ပဏီကို ၄င်းကုမ္ပဏီမှ အသံထွက်ဇာတ်ကားများ ရိုက်ကူးရန် ပုဒ်ပြတ် ဌားရန်းခဲ့သည်။ ထို့နောက်တွင်မူ မြန်မာပြည်၏ ပထမဆုံး အသံထွက်ဇာတ်ကားဖြစ်သော “ငွေပေးလို့မရ” ဇာတ်ကားကို ၁၉၃၂ ခုနှစ်တွင် အိန္ဒိယပြည် ကာလက္ကတ္တားမြို့တွင်ရိုက်ကူးရန် ထိုစဉ်က ဒါရိုက်တာအဖြစ် အောင်မြင်နေသော ဦးတုတ်ကြီး (ခေါ်) ဦးပုကြီးအား ဌားရန်းကာ ဇာတ်ညွှန်းရေးနိုင်သည့် စာရေးဆရာ ဒဂုန်နတ်ရှင်အား လက်ထောက်ဒါရိုက်တာ ခန့်အပ်ခဲ့ပါသည်။
uအကယ်ဒမီဒါရိုက်တာ ရွှေဒု့ံး ဘီအောင်
Movie talk Shwe Done B Aung ရွှေဒုံးဘီအောင် ၊ဦးအောင်မြင့် A +B
ဗြိတိသျှဘားမား ရုပ်ရျင်ကုမ္ပဏီ ပိုင်ရှင် ဒါရိုက်တာ ဦးချန်ထွန်းနှင့် ဆရာမ ငွေတာရီ တို့၏ဖခင် ဦးညွန့် ၊ သာမန်ဈေးသည်ဘဝ၊စာရေးဘဝမှ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်လာသူ ဗြိတိသျှဘားမား ဦးညွန့်အကြောင်း
အကယ်ဒမီ ခြောက်ဆုရှင် စာရေးဆရာ ဒါရိုက်တာ အလင်္ကာကျော်စွာ ဦးသုခ
ယခုဖော်ပြပေးမယ့် အကြောင်းအရာ လေးကတော့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အလွန်ထင်ရှားခဲ့ပြီး ဒါရိုက်တာအကယ်ဒမီဆုခြောက်ကြိမ်အထိ ရရှိသည်အထိ အောင်မြင်ခဲ့သလို၊ စာရေးဆရာအဖြစ်လည်း ထင်ရှားလူသိများခဲ့တဲ့ အလင်္ကာကျော်စွာဦးသုခ အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဦးသုခဟာ ရုပ်ရှင်ဒါရိုက်တာအဖြစ် ထင်ရှားခဲ့သလို ဝတ္ထုများ၊ ဘာသာရေးစာအုပ်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။ ဦးသုခဟာ မြန်မာနိုင်ငံ၏ အမေများနေ့ ဖြစ်မြောက်အောင် ခေါင်းဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။
This article will discuss the story of Alanka Kyaw Swar U Thukha, a prominent figure in the history of Burmese film, who won six Academy Awards for directing and was also well-known as a writer.U Thu Kha was a prominent film director, author of many novels and religious books, and was also a leader in the efforts to establish “Mother’s Day” in Myanmar.
အေဝမ်းခြံမှာ ကြီးပြင်းလာတဲ့ “မေ “ မင်းသမီး နောက်ဆုံးမျိုးဆက် များထဲမှ အကယ်ဒမီမေလွင်
ဂီတ
စာပေ
ကျွဲကျောင်းသားငှါးဘဝမှ စ ဆိုပညာရှိ ဖြစ်လာခဲ့သူ မှော်ဘီ ဆရာသိန်း ။
ခေတ်ဟောင်း “ မေ “ မင်းသမီး များထဲမှ အကယ်ဒမီ မေ မြင့် ၏ အနုပညာ ဘဝ ဖြတ်သန်းမှု
ကိုလိုနီခေတ် အမျိုးသား ပညာဝန် ဦး ဖိုးကျား အထုပ္ပတ္တိ
ဓားပြ တွေ လက်ချက်နဲ့ သေခဲ့ရတဲ့ ခေတ်စမ်း စာရေး ဆရာ သိပ္ပံမောင်ဝ
နိုင်ငံရေးနဲ့ နိုင်ငံအရေး နိုင်ငံရေးလုပ်တယ် ဆိုတာဘာလဲ ပြောသွားတဲ့ NLD ဒေါက်တာ ဦးဇော်မြင့် မောင်
အမျိုးသားစာပေဆု လေးကြမ်ရရှိခဲ့ပြီး အသက် ၄၅ နှစ်မှာပဲ ကွယ်လွန်ခဲ့ရတဲ့ စာရေးဆရာမ မိုးမိုး ( အင်းလျား )
မြန်မာပြည်၏ ပထမဆုံး အမျိုးသမီး ဇာတ်ညါျန်းရေးဆရာမနှင့် ပထမဆုံးကာလပေါ် မြန်မာဝတ္ထုရေးဆရာမ ဒဂုန်ခင်ခင်လေး
မြန်မာပြည်၏ ထင်၇ှားသောစာရေးဆရာမကြီးများထဲမှ တစ်ဦးဖြစ်သည့် ဒေါ်ခင်မျိုးချစ် ၏ အထုပ္ပတ္တိ အကျဉ်း
မြန်မာစာပေသမိုင်းမှာ အလွန် ထင်ရှား ခဲ့ပြီး ကျမ်းပေါင်း ရာနဲ့ ခှီ ပြုစုခဲ့သူ လယ်တီ ပဏ္ဏိတ ဦးမောင်ကြီး
ယခု ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ မြန်မာနိုင်ငံ၏ လောကီ၊လောကုတ္တရာ စာပေသမိုင်းမှာ အလွန်ထင်ရှားခဲ့တဲ့ လားယ်တီပဏ္ဍိတဦးမောင်ကြီး အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လယ်တီပဏ္ဍိတဦးမောင်ကြီးဟာ ဒုတိယကမ္ဘာစစ်ကြိုခေတ်နှင့်စစ်ပြီးခေတ် မြန်မာစာပေကဏ္ဍတွင် အထင်ရှားဆုံးသော စာရေးဆရာတစ်ဦးဖြစ်ပါတယ်။လယ်တီပဏ္ဍိတဦးမောင်ကြီး ဘုန်းကြီးလူထွက်တဦးဖြစ်ပြီး သာသနာရေးကျမ်းများ,ဝတ္ထုတိုများ,ဝတ္ထုရှည်များနှင့် ကဗျာအလင်္ကာများစွာရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။
းန္တဝင် အဆိုတော် ကိုမြကြီး ၏ အနုပညာ ဘဝ ဖြတ်သန်းမှု အကျဉ်း ။
မြန်မာ့ဂီတသမိုင်းတွင် ထင်ရှားသည့် ဂန္တဝင် အဆိုတော်တစ်ဦးဖြစ်သူ ကိုအံ့ကြီး၏ အနုပညာ ဘဝ ဖြတ်သန်းမှု
မြန်မာပြည် ေ မြပုံကို ရေးဆွဲခဲ့သူ ၊ မြန်မာ ပြည်၏ ပထမဆုံး နိုင်င့ခြား ပါရဂူဘွဲ့ကို ရရှိခဲ့သူ ဒေါက်တာ ဒေါ် သင်းကြ ည် ။ ( ၁၉၁၇ – ၁၉၉၀ )
မြန်မာ ပြည် မြေပုံ ရေးဆွဲခဲ့သူများထဲက တစ်ဦး
မြန်မာ ပြည် မြေပုံ အကြောင်းပြောလျင် ရန်ကုန် တက္က သိုလ် ပထဝီဝင် ဌာနသာမက မြန်မာပြည် က ကောင်းကင် မြေတိုင်းဦးစီးဌာန အကြောင်း မပါလို့ မရ ။
ဒါ ပေမဲ့ ပြောမှသိကြတဲ့ နိုင်ံငံ မှာ အများပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိကြဘို့ ကျယ် ကျယ် လောင်လောင် ပြောနိုင်သူ ရှိမှာသာ မသိသူတွေသိကြမှာဖြစ်လိမ့်မယ် ယူဆမိပါတယ် ။
စိတ်ဝင်စားသူတွေအဘို့ကတော့ ဝါသနာအရ ရှာဖွေ ဖတ်မှတ် လေ့လာ လို့ ရနေတဲ့ ခေတ်သစ် ကမ္ဘာ ကြီး ဖြစ်နေလို့ မ်ြနမာပြည်က ကောင်းကင်မြေတိုင်းအကြာင်း မြေပုံအကြောင်းတွေ ကို
သိကြမှာပါ။
