Kyaw Oo Facebook post 27bOct 2024 မှ ကူးယူဖေါ်ပြ မျှဝေပါသည် .
ဧရာဝတီမြစ်ဝှမ်း၏ကျဆင်းလာနေသောရေပြန်ပြည့်မှု

ဒေသတစ်ခု နိုင်ငံတစ်နိုင်ငံ၏ ရေဖူလုံရေးသည် ယင်းဒေသ ယင်းနိုင်ငံရှိ ရေကန် မြစ်ချောင်း မြေအောက်ရေကြောများထဲ၌ မြေဆီလွှာရေငွေ့ ဆီးနှင်းနှင့် ရေခဲအပါအဝင် ရေပမာဏ မည်မျှသိုလှောင်ထားသနည်း၊ မည်မျှပြန်ပြည့်လာနိုင်သနည်းဆိုသည့် အချက်ပေါ်တွင် မူတည်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်း မြင့်တက်လာသော အပူချိန်ကြောင့် ရေငွေ့ပြန်မှုနှင့် အပင်များက ရေစုပ်ယူမှု များလာနေသည့်အပြင် မိုးလေဝသအခြေအနေ ပုံစံမမှန်သဖြင့် ကမ္ဘာ့မြစ်ဝှမ်းအများအပြားတွင် ရေစီးလျော့နည်းလာလျက် ရှိသည်။ မြစ်အများအပြား၏ ရေဝေဒေသများတွင် ရေပြန်ပြည့်မှု ကျဆင်းလာနေသည့်အပြင် ဆက်တက်နေဦးမည့်အပူချိန်ကြောင့် လက်ရှိထက် ထပ်မံ၍ ရေလျော့နည်းလာရန် ရှိနေသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Indian Institute of Science နှင့် the University of New South Wales တို့မှ ပညာရှင်သုံးဦးက မြစ်ကြီး ၃၁ စင်း၏ ၂၀ဝ၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား ရေပြန်ပြည့်မှု အခြေအနေကို လေ့လာ၍ Decline in terrestrial water recharge with increasing global temperatures အမည်ရှိ သုတေသနစာတမ်းကို ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့မြစ်ဝှမ်း ၁၅ ခု၏ ရေပြန်ပြည့်နိုင်မှု(terrestrial water recharge)ကို လေ့လာတင်ပြသည့် ပူးတွဲပါ ဂရပ်အရ ဧရာဝတီမြစ်ဝှမ်း၏ ရေပြန်ပြည့်နိုင်မှု(ဘယ်ဘက်အစွန်ဆုံး)သည် ၃၉ ရာခိုင်နှုန်း လျော့နည်းသည်။ မြစ်ဝှမ်း ၁၅ ခုအနက် ရေပြန်ပြည့်နိုင်မှု အနိမ့်ဆုံးဖြစ်နေသည်။ ထိုသို့ ပြန်ပြည့်ရေပမာဏ လျော့နည်းခြင်းကြောင့် သောက်သုံးရေအပြင် သီးနှံပင် ကြီးထွားမှုကို ထိခိုက်သည်။
ဧရာဝတီမြစ်ဝှမ်း၏ ရေပြန်ပြည့်နိုင်မှု(terrestrial water recharge) တစ်စင်တီမီတာ လျော့တိုင်း သီးနှံပင် ကြီးထွားမှု နှစ်ရာခိုင်နှုန်း ကျဆင်းသည်ဟု အဆိုပါပညာရှင်များက ဆိုသည်။ သောက်သုံးရေ စိုက်ပျိုးရေ အခက်အခဲအပြင် သီးနှံအထွက် လျော့နည်းခြင်း၊ ထိုမှတဆင့် စားနပ်ရိက္ခာ ရှားပါးခြင်းတို့ကို ရင်ဆိုင်ရမည်။
(နိုင်ငံရေဖူလုံရေးအတွက် ရေသိုလှောင်မှု၏ အရေးပါပုံကို ကျွန်တော် ကြိမ်ဖန်များစွာ ရေးခဲ့ ပြောခဲ့ပြီး ဖြစ်ပါသည်။)
Comments
Saw Lu Kar -ဘယ်လိုလုပ်ရင် ငွေအသက်သာဆုံး၊ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနဲ့ ရေရှည်အဆင်ပြေဆုံးဖြစ်မလဲဗျ။
Maung Maung Oo-
အလွန်အကျွံသစ်တောပြုန်းတီးနေမှု့(ဆက်လက်ဖြစ်ပွားနေဆဲ)
မြစ်၏ရေလွှမ်းနယ်များ အကြောင်းအမျိုးမျိုးဖြင့် ထိခိုက်ဆုံးရှုံးနေမှု့
မိုးရေသိုလှောင်ဖြန့်ဖြူးရာ ရေထွက်ပေါက်များ၊စိမ့်မြိုင် များ ပျက်ဆီးနေမှု့
ဒါတွေ ဟာ အခရာကျစွာ ဖြစ်ပေါ်နေပါတယ်
မြစ်ရေပြန်လည်ဖြည့်တင်းနိင်မှု့ကျဆင်းနေတယ် ကျန်ရှိရေကောင်းကောင်အသုံးချနိင်ဘို့
ပိတ်ဆို့မယ် ဆည်ဆောက်ထိန်းမယ်ဆိုတာ
ရေတိုဖြေရှင်းနည်း သာဖြစ်နိင်ပြီး
ရေရှည်အကျိုးအစီးအပွားအတွက် လုံးဝမှန်ကန်တဲ့အဖြေတခုအဖြစ်မမြင်မိပါ
သို့သော် အခြားရွေးချယ်စရာများရှိနေပါသေးတယ် မြစ်လက်တက်များ၊ချောင်း မြောင်းများ ၊ဆည်အစုအဖွဲ့အလိုက်တည်ဆောက်ပြီးဖြစ်သော မြစ်များတွင် မြေနိမ့်တမံ များဖြင့် အဆင့်ဆင့် သိုလှောင်ပြီး မြစ်မကြီးအတွက် လိုအပ်သော မြစ်ရေဆက်လက်ထောက်ပံ့စေသောနည်း များအပြင် နည်းပညာသစ်များ အားကိုးသင့်ပါတယ်
မြစ် ရေ အပြောဂ်းအလဲ ကိုကြည့်ရှု့ကြရာမှာ
လူတွေ အဆင်ပြေနိင်ရေး တဘက်တည်းကသာ ကြည့်ရှု့လုပ်ဆောင်ခြင်းမဟုတ်ဘဲ
မြစ်တစီး ရဲ့ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်အဂ်ါ အချက်အလက်ပြည့်စုံ စွာ ဖြင့် ဆက်လက်ဖွံ့ဖြိုးနိင်စေရေး မြစ်ဘက် ကလည်းတွေးတောကြံဆ လုပ်ဆောင် အကြံပြုခြင်း များလည်းဖြစ်သင့်ပါတယ်။
အပေါ်ဆုံးမှာတင်ပြခဲ့တဲ့ ဖြစ်စဉ်များဟာ
လက်ငင်း မြစ် များအပေါ် ကြီးစွာသက်ရောက်နေတဲ့ဖြစ်စဉ်များပါ
ဒါတွေအားလုံး ဟန်ချက်ညီစွာ အစပြုနိင်မှ
မြစ်များရဲ့အနာဂါတ်ကျန်းမာရေး ကောင်းနိင်ပါမယ်။
Kyaw OO- Maung Maung Oo ပညာရပ်ဝေါဟာရက cascade of low head dams ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ပပညာရှင်အချို့ မြန်မာနိုင်ငံကို လာပြီး လေ့လာခဲ့တယ်လို့ ကြားဖူးပါတယ်။ Cascade of low head dams က အပေါ်ယံကကြည့်ရင် အင်မတန်ကောင်းတယ်လို့ ထင်ရပါတယ်။ ကောင်းကျိုးရှိသလို ဆိုးပြစ်တွေလည်း အများကြီးပါ။ ဒီအကြောင်း ရေးချင်ပေမယ့် ရှုပ်ထွေးနက်နဲတဲ့အတွက် ကျွန်တော် တစ်ယောက်တည်း မစွမ်းဆောင်နိုင်ပါ။ ဆရာသမားတွေရဲ့ အကူအညီတွေကို ယူရပါမယ်။ ဒါကြောင့်မို့လို့ “Cascade of low head dams က အပေါ်ယံကကြည့်ရင် အင်မတန်ကောင်းတယ်လို့ ထင်ရပါတယ်။” လို့ပဲ ထပ်ပြောလိုပါတယ်။
TRAVEL along the famous Tourist sites of Ayeyarwaddy River Basin
Burma. the Great Irrawaddy Plain- Bagan -Mandalay – Travel Documentary – AMP
In Southeast Asia, Burma is celebrated for its legendary beauty. The country is crossed from North to South by the Irrawaddy River and the plain which borders it is full of sumptuous landscapes and architectural treasures.
✋The most beautiful destinations are here 👉 https://bit.ly/2Vlfz9o 👈 Subscribe! 🙏
Exploring the great Irrawaddy plain means discovering some of the most beautiful wonders of the world, from the fabulous temples of Bagan to the mythical Mandalay.
Burma – The essentials:
Explore the temples of Bagan
Discover the Shwedagon Pagoda in Yangon
Visit the sacred caves of Pindaya
Take a cruise on the Irrawaddy.
Meet Buddhist Monks in the Mone stripes of Mandalay
Stroll across the U Bein Bridge in Mandalay
Trekking in the mountains of Shan State
Admire the view from Mandalay Hill
Visit Inle Lake
Explore the colonial city of Yangon
Attend a Buddhist ceremony
Discover Burmese culture by visiting traditional villages
Taste Burmese cuisine, including mohinga (fish soup)
Buy souvenirs in traditional markets
Relax on the beaches of Ngapali.
by Jean Dufour and Giles Thion
©Ampersand
Title: Burma, The Great Irrawaddy Plain
A film by Jean Hubert Martin
