သေတစ်နေ့ မွေးတစ်နေ့
ဆိုသော်လဲ
အသက်ကိုညာဏ်စောင့်တဲ့
သင့်ရဲ့ ကျန်းမာရေး
လူသားများရဲ့အသိတရားနှင့်
ညဏ်တံခါးကို..ဖွင့်ပေးလိုက်တဲ့
စာစုကြီးဖြစ်သလို..မှောင်မိုက်နေတဲ့
ညကြီးမှာ..ဧရာမ“မီးဆလိုက်ကြီး´´
ဖွင့်ထိုးပေးလိုက်သလို..သိရှိခံစားမိရ
ပါတယ်…ရေးသားတင်ပြသူရဲ့စိတ်စေ
တနာတရားကို..အစဉ်လေးစားရပါ
ကြောင်း………။
စာဖတ်သူတစ်ဦး ကဆိုထားပါတယ်
၄မိနစ်အချိန်ပေးပြီးဖတ်ကြည့်ပါလား~~~~~~
နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် ၄ မီနစ်လောက် အချိန်ပေးပြီး ဒီ post လေး ဖတ်ပေးပါ ။
လူတွေတော်တော်များများရဲ့ ကံကြမ္မာက တူညီကြပါတယ် ။ တသက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး နောက်ဆုံးတော့ ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။
ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကို ပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့) လုံလောက်ပါပြီ။
၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ
၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကုသပေးပါမယ်။
၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။
ဘဏ်နဲ့ဆွေးနွေးတော့လည်း
ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။
၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။
၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။
၃။ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ။
ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေး ကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။
♥၁။သင့်အတွက် အကောင်းဆုံးဆရာဝန်က သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်
♥၂။အကောင်းဆုံးဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်
♥၃။အကောင်းဆုံးဆေးဝါးတွေကတော့ (ကျန်းမာသန့်ရှင်းတဲ့) အစာအာဟာရပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သင့်ကိုယ်စား
ကားမောင်းပေးမယ့်လူရှိမယ် ။
ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ် ။ ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ် ။
ဒါပေမယ့် …
သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ ဘယ်သူမှ
မရှိဘူး။
သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေ အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ် ဆုံးရှုံးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တာက
“အသက်” ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတဦးဖြစ်သူ “ဂျက်မား” ပြောဖူးပါတယ်။ မျောက် တကောင်ရှေ့မှာ ငှက်ပျောသီး တဖီးနဲ့ ဒေါ်လာ တထပ် ထားပြီး ရွေးခိုင်းမယ်ဆိုရင် မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။ ပိုက်ဆံက ငှက်ပျောသီး အများကြီးကို ဝယ်လို့ရတာ မျောက်က မသိဘူးလေ။ လူတွေရှေ့မှာ ကျန်းမာခြင်း နဲ့ ချမ်းသာခြင်း (ငွေကြေး) အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင် အများစုက ချမ်းသာခြင်းကိုပဲ ရွေးကြပါတယ်။ အံ့သြစရာကောင်းတယ် ။
ဒါပေမယ် … သင်သိပါသလား။
ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့ ကျန်းမာရေးကို ဝယ်လို့ မရဘူးဆိုတာ ။
လူတွေက အယူအဆ အမှားတွေနဲ့ ကိုယ့်ဘဝ ကို ဖျက်စီးနေကြတယ်။
တနေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ ရုတ်တရက် အလင်းရလိုက်တယ်။
ကျန်းမာခြင်းထက် တန်းဖိုးရှိတာ ဘာတခုမှ မရှိပါလား။
ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ။
ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက အမွေ အဖြစ် ထားခဲ့ရမှာပါ။
လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့ ကျန်းမာရေးကို ပိုက်ဆံနဲ့ ဝယ်လို့ရတာလဲ မဟုတ်။ ပိုပြီးဝမ်နည်းဖို့ကောင်းတာက သေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။
ဒီလို ကံကြမ္မာ ကနေ လွတ်မြောက်ချင်ပါသလား။
သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို ရရှိဖို့ စဉ်းစားပါ။
သေမင်းမှာ အချိန်းအချက် မရှိဘူး။
တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာ သွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ်။
ကမ္ဘာကျော် အနုပညာရှင် အဲဗစ်ပရက်စလေဟာ အသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ။
ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။
ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက် လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။ ကျွန်ုပ်တို့ပဲ အသိဆုံးပါ။
ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာ
နောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့ ယူဆလို့ မရပါဘူး။
သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာ အသေးဆုံးပျက်စီးမှုက စတင်တာပါ ။
အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။
ပုဆိန်နဲ့ပေါက်ရလောက်အောင် ကုသရမဲ့ ရောဂါကို
အပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင်
ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။
ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်
တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ ပေးဆောင်ရမှာ ဖြစ်ပါတယ် ။
၈၀% လူတွေက ကျန်းမာရေးအတွက် အကုန်အကျ မခံချင်ကြ ဘဲ
နောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ နေသွားကြပါတယ် ။
နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီးကနေ ထွက်ခွာသွားကြပါတယ် ။
၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး
၅% ကသာ အသက်ကြီးလို့ သေဆုံးတာ ဖြစ်ပါတယ် ။
ဒီလို ရောဂါတွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့ မထင်ပါနဲ့။
မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့။ ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ကောင်းပါတယ်။
ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ ။
မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။
နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်းမလုံးရအောင် ၊
ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က လူမမာတယောက် အပေါ် ငွေကြေး ၊အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်
ကျန်းမာရေး သတိထား နေရပါမယ်။
သင့်ရဲ့ နောက်ပိုင်း ဘဝ တဝက်ကို
လူနာ ကုတင်ပေါ်မှာပဲ ကုန်ဆုံးချင်ပါသလား ။ ဒါမှ မဟုတ်
မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲ အသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ်
အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား။
သင့် ဘဝ က
သင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ် ။
Courtesy * ko Myat Thu *
Walking လမ်းလျှောက်ခြင်း
လမ်းလျှောက်ကြပါ၊
ဆေးသောက်တာတွေ နည်းလာစေပါမယ်၊
လူတယောက်ဟာ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်၃၀ လမ်းလျှောက်ရင် ဘာအကျိုး ကျေးဇူးတွေရသလဲ သိဖို့လိုတယ်၊
ကိုယ်လုပ်တဲ့ လုပ်ရပ်မှန်သမျှ အသိနဲ့လုပ်ပြီဆို သာမန် အုတ်ရောရော ကျောက်ရောရော ဒီဇင်ဘာလတလ ထ လမ်းလျှောက်တဲ့ စိတ်မျိုး ဟုတ်ကိုမဟုတ်ပဲ နှစ်သက် စွဲလမ်းလာပါတယ်၊
- လမ်းလျှောက်ခြင်းဟာ ဦးနှောက်ထဲမှာ အင်ဒိုဖင်း Endorphin ဟော်မုန်းပိုမြင့်လာသလို Stress စိတ်ကျဥ်းကြပ်မှုတွေကို သိသိသာသာလျော့စေပါတယ်၊ ပျော်ရွှင်လာပြီး Alzheimer အယ်လ်ဇိုင်းမားနဲ့ Dementia ဒီမင်းရှားခေါ် အသက်ကြီးပိုင်း သတိမေ့ တဲ့ မမှတ်မိတော့တဲ့ ရောဂါဖြစ်နိုင်မှု လျော့နည်းပါတယ်၊
- အမြင်အာရုံကိုသန်စွမ်းစေပါတယ်၊ တောင်ကြည့်မြောက်ကြည့်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်😀😀 သွေးတွင်းအချိုဓါတ်ကိုလည်းလျော့စေတယ်၊
- အမေရိကန် နှလုံးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကတော့ လမ်းလျှောက်တာဟာပြေးသလိုပါပဲ၊ လေဖြတ်တာ stroke နဲ့ တခြားနှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနည်းစေတယ်ဆိုပါတယ်၊ သွေးလည်ပတ်မှုကောင်းသလို ကိုလက်စထရော ကျမယ်| တခါသွေးဖိအားကိုလည်း ထိန်းညှိပေးလာပါတယ်၊
- အဆုတ်ဟာသန်မာထွားကြိုင်းလာပြီး အောက်ဆီဂျင်စုပ်ယူမှုကောင်းလာတာနဲ့အမျှ ခန္ဓာကိုယ်က မလိုတဲ့ အဆိပ်တွေဖယ်ထုတ်နိုင်ပြီး အဆုတ်နဲ့ ပတ်သက်တဲ့ တခြားရောဂါဖြစ်မှုကို ကာကွယ်ပေးပါတယ်၊
- ပန်ကရိယကို ပိုကျန်းမာစေပြီး ရှိသင့်တဲ့ သွေးချိုပမာဏကိုရစေတာမို့ ဆီးချိုမဖြစ်ချင်ရင် လမ်းနေ့တိုင်းလျှောက်ပါ၊
- လမ်းလျှောက်တာဟာ ကလီစာတွေဖြစ်တဲ့ အူတွေ အူမတွေ အစာဟောင်းအိမ်တွေပါ လှုပ်ရှားမှုဖြစ်စေတာမို့ အစာခြေလမ်းကြောင်းတလျှောက် ကျန်းမာစေတယ်၊ ဝမ်းချုပ်သက်သာသလို အူမကြီးကင်ဆာဖြစ်မှု နည်းပါးစေပါတယ်၊
- ခန္ဓာကြွက်သားတွေဟာကျစ်လစ်သန်မာလာပြီး ကြွက်သားထဲက အဆီတွေနည်းပါးလာမယ်၊ တနေ့ခြေလှမ်း တစ်သောင်း လျှောက်သူတွေဒီအကျိုးကျေးဇူး မုချမသွေရပါမယ်၊ ဖြစ်နိုင်ရင်အတက်အဆင်းမြေပြင်တွေလျှောက်နိုင်လေပိုကောင်းလေပါပဲ၊
- တနေ့ နာရီဝက်လောက်လျှောက်ရုံနဲ့ အရိုးအဆစ် ဂျွိုင့်တွေ ပျော့ပျောင်းသန်မာပါတယ်။ တောင့်တင်းမနေတော့ပါဘူး၊ အရိုးပျော့မှုတွေလည်း ကာကွယ်လာပါတယ်၊
- ခါးနာတာ သက်သာစေတယ်၊ သာမန်လမ်းလျှောက်ရုံနဲ့ သွေးလည်ပတ်မှုဟာ ကြောရိုးတလျှောက် ကောင်းမွန်သလိုအနေအထားမှန်ကန်မှုပိုဖြစ်စေလို့ခါးနာခြင်း ကိုသက်သာစေတာပါ၊
- စိတ်ကျဥ်းကြပ်မှု၊ စိုးရိမ်ပူပန်လွန်မှု၊ စိတ်အားငယ်မှု တွေလျော့ပါးရုံမက နေ့စဥ် တက်ကြွ လန်းဆမ်းတဲ့ စိတ်တွေဖြစ်ပေါ်ပါတယ်၊
လမ်းစလျှောက်ရင် တနာရီ ၃ မိုင်လောက်ရအောင် တော့လျှောက်ပါ၊ တမိုင် ၁၇ မိနစ်လောက်ရအောင်တဖြေးဖြေးချင်း နေ့စဥ် အရှိန်မြှင့်လျှောက်ပေးပါ၊ ထမင်းစားကောင်းရုံလေး လှုပ်တိလှုပ်ဖတ်လေးတော့ မလျှောက်ပါနဲ့၊
တနေ့ကို အနည်းဆုံး နာရီဝက်ရအောင် လျှောက်ဖို့ကြိုးစားပါ၊
ပျှမ်းမျှ ကယ်လိုရီ ၆၀၀ လောက်ကျမယ် နာရီဝက်အနည်းဆုံးလဲ လျှောက်မယ်ဆိုလို့ကတော့ သက်ရှည် ကျန်းမာ နုပျို ရွှင်လန်း စိတ်ချမ်းသာစွာ ဘဝကို ပျော်ပျော်ကြီးဖြတ်နိုင်မယ်ဆိုတာ အသိပေး သတိပေးပါတယ်၊
နောက်ကြုံတဲ့ အခါမှ ဝိတ်ကျအောင်ဘယ်လိုလျှောက်သလဲ ကိုယ်တွေ့ စာတွေ့ရေးပါအုံးမယ်
မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ၊
ဝေလွင် ဟူစတန်
သောကြာည ၈:၅၀
၀၇-၀၃-၂၀၂၀
