မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
19 Oct 202422 Mar 2025 uamyint

ရေဘေး – ရေကြီးမှု ဘာကြောင့်ဖြစ်တာလဲ၊ ရေကြီးလာရင် ဘာတွေလုပ်ရမလဲ ( BBC သတင်းဆောင်းပါး)

Flood Disaster – Floods : Why It Happened and How to Tackle Floods • ၁ ဇူလိုင် ၂၀၂၄ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ် ၊ ရေးသားသူ, လူးဝစ်စ် ဘာရက်ချို

ဘာ့ကြောင့်ရေကြီးလာတာလဲ၊ ရေကြီးတာက ဘာလို့ ပိုဆိုးလာနေတာလဲ၊ ရေကြီးလာရင် ဘာတွေလုပ်နိုင်မလဲ၊ တခြားသူတွေကို ဘယ်လိုကူနိုင်မလဲ

ရေကြီးတယ်ဆိုတာ ဘာလဲ

ဘာ့ကြောင့်ရေကြီးတာလဲ

ဖြစ်လေ့ဖြစ်ထရှိတဲ့ ရေကြီးပုံ ၃ မျိုး-

ရေကြီးတာက ဘာ့ကြောင့် အန္တရာယ်များတာလဲ

မိုးကြီးရာကနေ တောင်ကျရေတွေထိုးဆင်းတဲ့အထိ ဘာ့ကြောင့်ဖြစ်ရသလဲ

ရေကြီးလာရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်မလဲ

ရေကြီးတာတွေ ပိုပြီးများလာသလို ပိုပြီးတော့လည်း ဆိုးရွားလာတာက ဘာ့ကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

ဓာတ်ပုံ ပုံစာ,

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းဖြစ်ပွားခဲ့တဲ့ပဲခူးမြို့က ရေကြီးမှု

ဆောင်းပါးအချက်အလက်

• ရေးသားသူ,
လူးဝစ်စ် ဘာရက်ချို

• ရာထူးတာဝန်,
ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်

• ၁ ဇူလိုင် ၂၀၂၄

ဒီနှစ်စက စပြီးကြည့်ရင် ကမ္ဘာတလွှားက နိုင်ငံအများအပြားမှာ ရေဘေးကြောင့် ကသောင်းကနင်းတွေ ဖြစ်ရ၊ ထောင်ပေါင်းများစွာသော လူတွေ အိုးအိမ်တွေကနေ စွန့်ခွာရနဲ့ ဒုက္ခတွေ တွေ့ခဲ့ကြရပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးကြီးတဲ့အဖြစ်က ကမ္ဘာနေရာ အနှံ့အပြားမှာ အရင်ကထက် ပိုဖြစ်လာကြောင်း လေ့လာမှုတွေက တဆင့် တွေ့လာရသလို ဒီလို အဖြစ်တွေက ရှေ့မှာ ပိုပြီးဆက်ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။

၂၀၂၄ အတွင်းမှာ အာဖဂန်နစ္စတန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ကင်ညာ၊ အိုမန်၊ ယူအေအီး အာရပ်စော်ဘွားများနိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားမှာ ရေကြီးတဲ့ဒဏ်ကို ခံခဲ့ကြရပါတယ်။

အဲဒီ ရေကြီးတဲ့ အဖြစ်တိုင်းမှာ ပျက်စီးမှုက အကြီးအမားဖြစ်ခဲ့သလို လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဘာ့ကြောင့်ရေကြီးလာတာလဲ၊ ရေကြီးတာက ဘာလို့ ပိုဆိုးလာနေတာလဲ၊ ရေကြီးလာရင် ဘာတွေလုပ်နိုင်မလဲ၊ တခြားသူတွေကို ဘယ်လိုကူနိုင်မလဲ ဆိုတာတွေကို ဒီမှာ ကြည့်ရအောင်ပါ။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

ဓာတ်ပုံ ပုံစာ,

၂၀၂၃ ခုနှစ်တုန်းက ပဲခူးမြို့ ရေကြီးမှု

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ,

ရေကြီးလာရင် အိမ်တွေ၊ ပိုင်ဆိုင်ပစ္စည်းတွေ ပျက်စီးကုန်ပြီး ပြန်သန့်ရှင်းသွားအောင် လုပ်နိုင်ဖို့ကလည်း သီတင်းပတ်များစွာ အချိန်ကုန်တတ်

ရေကြီးတာက ဖြစ်လေ့ရှိတဲ့ သဘာဝ ကပ်ဘေးတခုဖြစ်ပါတယ်။ ရေကြီးလာရင် ရေတွေ တက်လာပြီး ခြောက်သွေ့တဲ့ မြေတွေ ရေထဲမြုပ်သွားပါတယ်။

တနှစ်တခါ ရေကြီးတာမျိုးက ကြုံရတတ်ကြပေမဲ့ ရာသီဥတုပြောင်းလဲမှုက မိုးတွေ ပိုကြီးလာစေပြီး ရေဘေးကြုံရနိုင်တဲ့ အန္တရာယ်က ပိုများလာပါတယ်။

အပူလှိုင်းဒဏ်ခံရတာ၊ ပူပြင်းတဲ့ ရာသီဥတုကို ပိုကြာကြာခံရတာ စတာတွေဖြစ်ပြီး နောက်ပိုင်း ဆိုက်ရောက်လာတဲ့ ရေကြီးတဲ့ ဘေးက ဖျက်ဆီးနိုင်အား ပိုပြီးကြီးမားပါတယ်။

“မြေကြီးကမာပြီး ဖုတ်ထားသလို ခြောက်သွေ့နေရင် ရေဘေးက ပိုဆိုးပါတယ်။ မိုးကြီးလာတဲ့အခါ အဲဒီလိုမြေတွေက ရေစုပ်ယူမှု နှေးကွေးပါတယ်။ ရေတွေက မြေမျက်နှာပြင်ပေါ်မှာပဲ အိုင်နေတတ်ပါတယ်။ အဲဒီကတဆင့် ရေတွေက မြေကြီးတွေပေါ်မှာပဲ စီးဆင်းသွားရာကနေ ရေကြီးတာပါ” လို့ ဗြိတိသျှ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ရေကြီးတာက လူ့အသက်ဆုံးရှုံးရတာတွေ၊ ပိုင်ဆိုင်မှုတွေပျက်စီးသွားတာတွေ၊ ပြည်သူ့ကျန်းမာရေးအခြေခံ အဆောက်အအုံတွေ ထိခိုက်သွားတာတွေ ဖြစ်စေပြီး ဒုက္ခ အကြီးအမား ပေးနိုင်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ၁၉၉၈ နဲ့ ၂၀၁၇ ကြားမှာ ရေဘေးကြောင့် ကမ္ဘာတလွှားမှာ ဒုက္ခတွေ့ရတဲ့ သူပေါင်း ၂ ဘီလျံကျော် ရှိခဲ့ပါတယ်။

ရေကြီးလေ့ရှိတဲ့ လွင်တီးခေါင်ပြင်အရပ်တွေမှာ နေထိုင်ရတဲ့သူတွေ၊ ခနော်ခနဲ့ ဖြစ်သလို ဆောက်ထားတဲ့ အိမ်တွေမှာ နေထိုင်ရတဲ့သူတွေက ရေကြီးတဲ့ဘေးဒဏ်ကို ပိုခံရပါတယ်။ ရေကြီးတော့မှာကို သတိပေးစနစ်တွေ မရှိတဲ့နေရာက လူတွေ အနေနဲ့ ရေဘေးဒဏ်ကို ပိုခံရတတ်တယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ,

ရေဘေးကြုံရတာ အကြီးအမားဖြစ်ရင် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေက အရေးကြီးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးတတ်

ဘာ့ကြောင့်ရေကြီးတာလဲ

ဓာတ်ပုံ ရင်းမြစ်,REUTERS

ဓာတ်ပုံ ပုံစာ,

မေလက ဘရာဇီးမှာဖြစ်ခဲ့တဲ့ ရေကြီးမှုမှာ လူပေါင်း ၅ သိန်းကျော် အိုးအိမ်မဲ့ခဲ့ရပြီး အနည်းဆုံး လူပေါင်း ၁၆၀ သေဆုံးခဲ့ရ

မိုးကြီးတာ၊ နှင်းတွေ အရည်ပျော်တာ မြန်တာ၊ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုန်း မုန်တိုင်း ဒါမှမဟုတ် ဆူနာမီတွေဖြစ်တာ စတာတွေကြောင့် ရေကြီးနိုင်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ ရေကြီးပုံ ၃ မျိုး-

• မိုးကြီးပြီးတဲ့နောက် တောင်ကျရေတွေ ထိုးဆင်းလာပြီး ရေတက်လာတာက အလွန်လျင်မြန်ကာ မြစ်တွေ၊ တူးမြောင်းတွေ၊ ကားလမ်းတွေ ရေတွေ ပြည့်လျှံ ကုန်ပါတယ်။

• မိုးကြီးတာ၊ နှင်းတွေ အရည်ပျော်ကျတာ စတာတွေကြောင့် မြစ်ရေကြီး တတ်ပါတယ်။

• ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ဆူနာမီတွေကြောင့် ကမ်းရိုးတန်းမှာ ပင်လယ်ရေတွေမြင့်တက်လာကာ ရေကြီးတတ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့တဲ့ သဘာဝဘေးတွေရဲ့ ၈၀ – ၉၀% ဟာ ရေကြီးတာ၊ မိုးခေါင်တာ၊ ဆိုင်ကလုန်း၊ အပူလှိုင်း၊ လေမုန်တိုင်း စတဲ့ ဘေးတွေ ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

ရေကြီးတာက ဘာ့ကြောင့် အန္တရာယ်များတာလဲ

ရေကြီးတာကြောင့် အိမ်တွေ ဖျက်ဆီးခံရသလို လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကာ စီးပွားရေး လုပ်ငန်းတွေလည်း ဒေဝါလီ ခံခဲ့ရပါတယ်။

ရေဘေးကြောင့် အိမ်ဆုံးသွားတဲ့၊ စီးပွားရေးလုပ်ငန်း ပျက်စီးသွားတဲ့ လူတွေ၊ ရေဘေးကြောင့် ဒုက္ခကြုံလိုက်ရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေ အနေနဲ့ အကူအညီကို ရက်တွေ၊ လတွေ၊ တချို့ဆိုရင် နှစ်တွေနဲ့ ချီပြီး လိုအပ်တဲ့အကြောင်း ဗြိတိသျှ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

“ရေက ၆ လက်မလောက် တက်လာပြီး မြန်မြန်စီးနေမယ်ဆိုရင် အဲဒီရေစီးက လူတယောက်ကို လဲကျသွားနိုင်စေသလို ရေ ၂ ပေ လောက် တက်လာရင် ကားတွေ ရေထဲမျောပါသွားနိုင်ပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ,

ရေဘေးကြောင့် အိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ပျက်စီးသွားနိုင်သလို လူတွေအနေနဲ့ အစားအစာ၊ နေစရာ၊ ဆေးဝါး၊ အဝတ်အထည် စတာတွေ လိုအပ်သွား

ဒါ့အပြင် ရေကြီးတာကြောင့် ရေဆိုးမြောင်းတွေမှာ ရေတွေပိုတိုးလာပြီး လျှံကျကာ ညစ်ညမ်းတာတွေ ဖြစ်စေပြီး ရောဂါတွေ ပျံ့နှံ့တတ်ပါတယ်။

“ရေဘေးကြောင့် လူတွေ အစားအစာ၊ နေထိုင်စရာ၊ ဆေးဝါး၊ အဝတ်အထည်၊ ငွေကြေး စတာတွေ လိုအပ်ကုန်ပါတယ်။ တချို့တွေဆို သူတို့ အလုပ်ကို ပြန်လုပ်နိုင်ဖို့ ထောက်ပံ့မှုတွေ လိုသလို၊ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ကောင်းလာအောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။

“လူတချို့ က ရေဘေး အာမခံထားနိုင်ပေမဲ့ ဆုံးရှုံးသွားတာတွေပြန်ရနိုင်ဖို့ တော်တော့်ကို ပြန်ကြိုးပမ်းရမှာ ဖြစ်သလို ရေကြီးတဲ့အဖြစ်တွေက အရမ်းဆိုးလာတယ်ဆိုရင် အိမ်အတွက် အာမခံပေးမယ့်သူတွေ ရှားပါးလာမှာဖြစ်သလို အာမခံအတွက် ပေးရမယ့် ငွေကလည်း ပိုများလာမှာပါ။

ယူကေကို ဥပမာထားပြောရရင် ရေဘေးကြုံရတဲ့ အိမ်သူအိမ်သားတွေ သူ့အိမ်ကို ပြန်နိုင်ဖို့ “တနှစ် ဒါမှမဟုတ် တနှစ် ထက်မက” စောင့်ကြရတယ်လို့ ဗြိတိန် အာမခံအသင်းက ဆိုပါတယ်။ မြောက်ပိုင်း အိုင်ယာလန်မှာ ရေဘေးအကြီးအကျယ် ထိပြီးတဲ့နောက် စီးပွားရေး လုပ်ငန်း ၁၀၀ နီးပါးဟာ အာမခံငွေ ပြန်ရဖို့ အတွက် ၆ လကျော် စောင့်ဆိုင်းခဲ့ရကြောင်း ဘီဘီစီရဲ့ မေလအတွင်းက သတင်းတခုမှာ ရေးသားထားပါတယ်။

ကမ္ဘာ့နေရာအများအပြားမှာ ရေဘေးအတွက် အာမခံပေးတဲ့ စနစ် မရှိကြပါဘူး။

မိုးကြီးရာကနေ တောင်ကျရေတွေထိုးဆင်းတဲ့အထိ ဘာ့ကြောင့်ဖြစ်ရသလဲ

မြစ်တွေ အတော်များများက ကောက်ကောက်ကွေ့ကွေ့နဲ့ ပင်လယ်ဆီကို ရေတွေ ဖြည်းဖြည်းပဲ စီးဆင်းစေပါတယ်။ မြစ်မှာ ရေတိုးလာတာက တဖြည်းဖြည်းဖြစ်လာတာပါ။ မိုးရွာတာကနေ မြေပြင်ကို မိုးရေတွေကျလာမယ်၊ မြစ်တွေဆီကို အဲဒီရေက စီးသွားမယ်၊ အဲဒီကတဆင့် ပင်လယ်ကို စီးဆင်းသွားတာဖြစ်တဲ့အတွက် မြစ်ရေတိုးလာဖို့ကတဖြည်းဖြည်းဖြစ်လာတာပါ။

ဒါပေမဲ့ တောင်ကျရေထိုးဆင်းကျလာတဲ့အခါမှာတော့ မိုးရွာတဲ့အချိန်နဲ့ ရေကြီးလာတဲ့အချိန်ကြားမှာ အချိန်က နည်းနည်းလေးသာ ကွာပါတယ်။

“တောင်ကျရေ ထိုးဆင်းကျလာတဲ့ အဖြစ်က မြစ်တွေက ကျဉ်းပြီး စောက်နက်တဲ့ အခါမှာ ပိုပြီး ဖြစ်တတ်သလို အဲဒီလို ဖြစ်လာရင် ရေဆင်းလာတာက ပိုပြီး မြန်တတ်ပါတယ်။ လမ်းတွေ၊ ကွန်ကရစ်သားတွေက ရေတွေကို မြေကြီးထဲကို မဆင်းသွားနိုင်အောင် ဖြစ်နေစေတဲ့ မြို့ဧရိယာတွေမှာလည်း ဒီလို ရေတွေ ထိုးဆင်းကျလာတာမျိုး ဖြစ်တတ်ပါတယ်” လို့ ဗြိတိန်နိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒရုံးက ပြောပါတယ်။

“ရေထုတ်မြောင်းစနစ်မှာလည်း ဝန်နဲ့အား မမျှတော့တာကြောင့် ရေတွေထိုးဆင်းကျလာတာက ဖြစ်သွားတာပါ။”

သစ်ပင်တွေ၊ အစိမ်းရောင် ဧရိယာတွေ၊ အပင်တွေစိုက်ထားတဲ့နေရာတွေက ရေတွေကို စုပ်ယူနိုင်စေပြီး မြို့တွေမှာ ရေကြီးတဲ့ ဘေးဒဏ်ကို လျော့ကျနိုင်ပါတယ်။

ရေကြီးလာရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်မလဲ

ရေကြီးလာရင် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အောက်ပါအလုပ်တွေကို လုပ်ဆောင်သင့်ပါတယ်။

• ကိုယ့်ရဲ့ ဘေးကင်းလုံခြုံရေးကို ထိခိုက်လာနိုင်တယ်ဆိုရင် အရေးပေါ်ဌာနကို ချက်ချင်း ဖုန်းခေါ်ပါ။

• ရေကြီးနေတဲ့ အချိန် ရေထဲမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ရေထဲကို ဒိုင်ဗင်ထိုးတာတွေ မလုပ်ပါနဲ့။ ရေ ၆ လက်မလောက် မြင့်လာတာက ကိုယ့်ခြေထောက်ကို ရေထဲ ရိုက်ချလိုက်သလို ဖြစ်သွားနိုင်ပြီး ၂ ပေ မြင့်လာတဲ့ရေဟာ ကားတစီးကို မျောပါသွားစေနိုင်ပါတယ်။

• ပင်လယ်ရေစီး အကာအရံတွေ၊ မြစ်ကမ်းပါးတွေပေါ်မှာ လမ်းမလျှောက်ပါနဲ့။

• ရေကြီးလာရင် အဲဒီရေတွေနဲ့ မထိတွေ့ပါနဲ့။ အဲဒီရေတွေထဲမှာ ရေဆိုးမြောင်းထဲက အညစ်အကြေးတွေ ပါလာနိုင်ပါတယ်။ ထိမိတယ်ဆိုရင်တော့ သန့်ရှင်းတဲ့ရေနဲ့ ကိုယ့်လက်တွေကို ပြန်ဆေးပါ၊ အဝတ်အစားတွေကို ပြန်လျှော်ပါ။

• ရေကြီးနေရင် အဲဒီ ရေထဲနဲ့ အနီးအနားတွေမှာ ကလေးတွေ ကစားတာကို ခွင့်မပြုပါနဲ့။

ဓာတ်ပုံ ရင်းမြစ်,REUTERS

ဓာတ်ပုံ ပုံစာ,

ဧပြီလတွင်း ဒူဘိုင်းမှာ ရေကြီးတာက ရာသီဥတုပြောင်းလဲမှု၊ မြို့ပြချဲ့ထွင်မှုတွေနဲ့ ဆက်စပ်နေ

ရေကြီးတာတွေ ပိုပြီးများလာသလို ပိုပြီးတော့လည်း ဆိုးရွားလာတာက ဘာ့ကြောင့်လဲ

ကုလသမဂ္ဂရဲ့ အဆိုအရ “ရာသီဥတု ပြောင်းလဲမှုကြောင့် ရေကြီးတဲ့ အကြိမ်အရေအတွက် ပိုတိုးလာနိုင်သလို၊ ရေကြီးတာကလည်း ပိုဆိုးရွားလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြောင်း” သိရပါတယ်။

ကမ္ဘာက ပိုပူလာတဲ့အခါ လေတွေက ရေငွေ့တွေကို ပိုစုပ်ယူထားပါတယ်၊ ၁ ဒီဂရီ စင်တီဂရိတ် ပိုပူတိုင်း လေထဲမှာ ရေငွေ့ နောက်ထပ် ၇% ပိုထိန်းထားပါတယ်။ အဲဒါကနေ တဆင့် မိုးပိုရွာလာပါတယ်၊ တချို့အချိန်မှာဆိုရင် မိုးရွာတဲ့ အကြိမ်က ဧရိယာကျဉ်းကျဉ်းလေးအတွင်းမှာ ပိုစိပ်လာပါတယ်။

“လေပူတွေက ပိုပြီး ရေငွေ့ကိုထိန်းထားပါတယ်။ အဲဒီကနေ ဖြစ်လာတဲ့ တိမ်တွေက မိုးရေတွေကို ပိုပြီး ဖြစ်စေပါတယ်။ ဒါကြောင့်မို့ နွေရာသီမှာ ရွာတဲ့မိုးက ဆောင်းရာသီမှာ ရွာထက်မိုးထက် ပိုပြီး သည်းတတ်တာပါ” လို့ ယူကေ မိုးလေဝသ ဌာနက ပြောပါတယ်။

“ရာသီဥတုက ပိုပူနွေးလာရင် ဒီလိုဖြစ်နေတဲ့ သက်ရောက်မှုက ပိုများလာမှာဖြစ်ပြီး မိုးကြီးတာတွေက ပိုပို ဖြစ်လာနိုင်ပါတယ်။”

ရာသီဥတုပြောင်းလဲလာတာကြောင့် ပြင်းထန်တဲ့ ရာသီဥတုကိုကြုံနေရတာလား၊ ဒါက သဘာဝကြောင့်လား၊ လူသားတွေကြောင့် ဖြစ်လာတာလား ဆိုတာကိုလည်း သိပ္ပံပညာရှင်တွေက ဆန်းစစ်နေကြပါတယ်။

ဒူဘိုင်းနဲ့ အိုမန်တို့မှာ ဧပြီလက မိုးအကြီးအကျယ်များခဲ့ပြီး ရာသီဥတုပြောင်းလဲမှု တခုတည်းကြောင့် အဲဒီလို မိုးများခဲ့တာလို့ ကောက်ချက်ချဖို့ မလွယ်ကူကြောင်း သိရပါတယ်။

ဒီဒေသတွင်းမှာ မိုးကြီးတာက မရှိသလောက်ဖြစ်ခဲ့ပြီး ပညာရှင်တွေအဖို့ သမိုင်းအချက်အလက်တွေနဲ့ နှိုင်းယှဉ်စရာ ရှာဖို့ အခက်တွေ့ခဲ့ပါတယ်။

(World Weather Attribution – WWA) လို့ဆိုတဲ့ ရာသီဥတုဆိုင်ရာ အဖွဲ့တခုကတော့ မိုးရေချိန်ပမာဏက ၁၀ – ၄၀ % အထိတိုးခဲ့တာမို့ ရာသီဥတုပြောင်းလဲတာကြောင့်ဆိုတဲ့ အကြောင်းရင်းက ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

“တကယ်လို့ လူသားတွေက ရုပ်ကြွင်းလောင်စာဆီတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်မီးသွေးတွေကို ဆက်ပြီး မီးရှို့နေကြဦးမယ်ဆိုရင် ရာသီဥတုက ပိုပူလာမယ်၊ မိုးတွေက ပိုကြီးလာမယ်၊ ရေကြီးတဲ့ ဘေးကြောင့် လူတွေရဲ့ ဘဝတွေကို ပိုပို ဆုံးရှုံးလာကြမယ်” လို့ အင်ပီရီရယ် ကောလိပ် လန်ဒန်က ရာသီဥတု ဘာသာရပ် ကထိက ဒေါက်တာ ဖရက်ဒရစ် အောတိုက ပြောပါတယ်။

ဧပြီလတွင်းမှာ အရှေ့အာဖရိကဘက်မှာလည်း ရေကြီးတဲ့ ဘေးတွေ ကြုံခဲ့ရပါတယ်။ ဒါတွေဟာ ရာသီဥတု ပြောင်းလဲတာနဲ့ ပတ်သက်လားဆိုတာကို သိပ္ပံပညာရှင်တွေ အပြေးအလွှား လေ့လာနေပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းမှာ လစ်ဗျားနိုင်ငံ မြောက်ပိုင်းဟာ လူအသေအပျောက်များတဲ့ ရေဘေးဒဏ်ကို ကြုံလိုက်ရပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ ရိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု အဆ ၅၀ ကျော် ပိုဖြစ်နိုင်ခြေရှိခဲ့တယ်လို့ WWA ကမ္ဘာ့ရာသီဥတုစောင့်ကြည့်လေ့လာမှုအဖွဲ့က ဆိုပါတယ်။။

အဲဒီမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေကြောင့်လည်း ဒီလို သဘာဝ ဘေးဖြစ်လာရင် လုပ်စရာရှိတာတွေကို ကြိုပြီးပြင်ဆင်ထားနိုင်တာမျိုး လစ်ဟင်းခဲ့ပြီး ထိခိုက်မှုက ပိုဆိုးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ IPCC က ကမ္ဘာတလွှားမှာ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် မိုးကြီးတာတွေ ပိုဖြစ်လာမှာဖြစ်ပြီး ပိုပြီးလည်း ပြင်းထန်လာမှာဖြစ်တယ်၊ မိုးကြီးမယ့် ဘေးကို ခံရမယ့် ဧရိယာကလည်း ပိုများလာလိမ့်မယ်လို့ ဆိုထားပါတယ်။ ကမ္ဘာက ပိုပူလာမှာနဲ့ အတူ အဲဒီလို ဖြစ်မှာတွေက ရှေ့မှာ ပိုပိုများလာမယ့် အခြေအနေ ရှိတယ်လို့လည်း သူတို့က ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

• သဘာဝပတ်ဝန်းကျင်

• သဘာဝ

• ရာသီဥတုပြောင်းလဲမှု

• သိပ္ပံ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC News, မြန်မာ

•

အယ်နီညို ဆိုတာဘာလဲ၊ ရာသီဥတုကို ဘယ်လိုပြောင်းလဲစေလဲ

• ၃၀ ဧပြီ ၂၀၂၄ BBC

• ဧ

အယ်နီညိုဆိုတာဘာလဲ

အယ်နီညိုနဲ့ လာနီညာက ရာသီဥတုကို ဘယ်လို ပြောင်းလဲစေလဲ

အပူချိန်

မိုးရွာသွန်းမှု အပြောင်းအလဲများ

ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) လေထုထဲ ပါဝင်မှု

အယ်နီညိုနဲ့ လာနီညာရာသီဥတုပုံစံတွေက ဘာကြောင့်အရေးကြီးတာလဲ

အယ်နီညိုနဲ့ လာနီညာတွေ ခဏခဏ ဖြစ်တတ်သလား

ရာသီဥတုပြောင်းလဲမှုက အယ်နီညို နဲ့ လာနီညာအပေါ် သက်ရောက်မှုရှိလား

•

ဓာတ်ပုံ ရင်းမြစ်,

GETTY IMAGES

ဆောင်းပါးအချက်အလက်

• ရေးသားသူ,
မာ့ခ် ပွိုင်တင်း နဲ့ အက်စ်မီ စတဲလတ်

• ရာထူးတာဝန်,
ဘီဘီစီ ရာသီဥတုနဲ့သိပ္ပံ

• ၃၀ ဧပြီ ၂၀၂၄

ရန်ကုန်မှာဘာကြောင့်ရေကြီးလဲ The Irrawaddy. News 24 October 2024

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • Agriculture စိုက်ပျိုး ရေး
  • Ayeyarwady Delta. / ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ
  • ဆည်မောင်း လောက / ရေဘေး အန္တရာယ်
  • ဆည်မြောင်းလောက
  • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
  • ဆူနာမီ ပင်လယ် ရေလှိုင်း Tsunami in Japan
  • ဆူနာမီ ပင်လယ်ရေလှိုင်း သဘာဝ ဘေး အန္တရာယ်
  • မြန်မာ့ သဘာဝ ပတ်ဝန်းကျင် Myanmar Environment
  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • ရာသီဥတု ပြောင်းလဲခြင်း Climate Change
  • ရာသီဥတု ပြောင်းလဲမှု Climate Change
  • ရေ နှင့် ရေအရင်းအမြစ် စီ မံ ခန့် ခွဲမှု ။
  • ရေကြီး ဖြစ်စဉ် Floods
  • ရေထုတ် ရေသွင်း ရေထိန်း ဘက်စုံ သုံး ရေတံခါးများ Tudal Drainage and Irrigation Sluices
  • ရေပေး စနစ် Water supply system
  • ရေဘေး အန္တရာယ် Flood Disaster ရေကြီးခြင်း ဒုက္ခ
  • ရေလှောင်တမံနှင့် ဆည် ၊ ကန် များ Dams , Reservoirs and Lakes
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood
  • သဘာဝ ပတ်ဝန်းကျင် Environment
  • သဘာဝ ဘေးအန္တရာယ်များ Natural Disasters
  • Climate Change ရာသီဥတု ပြေင်းလဲမှုများ၏ အကျိုးဆက်များ
  • Cyclones ဘင်္ဂလားပင်လယ် အော် ဆိုင်ကလုန်း မုန်တိုင်းများ
  • Dams and Reservoirs ဆည်တမံများနှင့် ရေလှောင်ကန်များ
  • Dams in Myanmar မြန်မာ နိုင်ငံ ဆည်တမံများ
  • Delta Works
  • Disasters
  • Environment သဘာဝ ပတ်ဝန်းကျင်
  • Evaporation ရေငွေ့ ပြန်ခြင်း
  • Floating Houses for Sea Level Rises
  • Flood မြန်မာ့ ရေဘေး ၂၀၁၅
  • Flood Disaster ရေဘေး အန္တရာယ် ။
  • Floods
  • Food and Water Security
  • Pollution ( air,water,soil ) ( ရေ၊ လေ ၊ မြေ ) ညစ်ညမ်းမှု
  • Rivers :စစ်တောင်း မြစ်နှင့် စစ်တောင်းတူးမြောင်း
  • Rivers မြန်မာနိုင်ငံ မြစ်ကြီးများ ( Wikipedia Articles )
  • Sea Level Rise ပင်လယ် ရေ မျက် နှာ ပြင် မြင့်တက် မှု
  • Sedimentations of Rivers မြစ်ကြီးမျာ တွင် နုန်း နှင့်အနယ် များ ပို့ချခြင်း
  • Social Environment လူမှုဘဝ ပတ်ဝန်းကျင် ၊
  • Tsunami ဆူနာမီ ပင်လယ် ရေလှိုင်း သဘာဝဘေးအန္တရာယ်
  • War စစ်ဘေး စစ်ဒဏ်
  • Water Anxieties ရေအတွက် စိုးရိမ် နေရမှုများ
  • Water Anxieties ရေအတွက် စိုးရိမ် ပူပန် နေရမှုများ
  • Water Modelling ရေနှင့် ဆက်စပ် သင်္ချာ မော်ဒယ် တည် ဆောက်ခြင်း
  • Water Resources
  • Water Resources Management
  • water Resources Management:Sand Dams ရေအရင်းအမြစ် ဏီမံခန့်ခွဲမှု / ၎ေြအောက် သဲကြောထဲက သဲတမံ
  • Water Resources Managemnet :Sand Dams / ရေအရင်းအမြစ် စီမံ န့်ခွဲ မှု/ မြေအောက် သဲကြောထဲက သဲတမံ
  • Water Security ရေအတွက် လုံခြံုစိတ်ချရမှု
  • Water Stress ရေအတွက် ပူပင် ကြောင့်ကြ နေရမှု

Post navigation

Previous FLOODS ရေ ကြီးပြဿနာ အဖြေရှာ ရေတွေဘယ်ကလာ ။ ⚠️Yagi က ပေးတဲ့ သင်ခန်းစာများ..⚠️။ ( အေးမြင့်ဆွေ-ဆည် / ရေ )
Next Floods and Flood Disasters 1 /. မြန်မာနိင်ငံအတွင်း ရေကြီး မှုများနှင့် ရေဘေး အန္တရာယ်များ ၁ / ရေကြီး ရေမြုပ်တာ နှစ်တိုင်းခံစားနေကြရမှာလား ။ ( အောင်ကျော်ညွန့်)

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (1)

Category

Archive

  • February 2026 (4)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
« Sep   Nov »

ADB News

  • ADB, Pacific Islands Forum Agree to Accelerate Regional Cooperation
    20 Feb 2026
  • ADB President, Fiji Prime Minister Open Expanded Office to Strengthen Partnership and Scale Up Impact
    20 Feb 2026
  • ADB, Prima Sign Landmark Cable Deal to Boost Connectivity and Disaster Resilience in Vanuatu
    18 Feb 2026
  • ADB President Meets Vanuatu Prime Minister to Advance Partnership, Unlock Private Sector Investment
    18 Feb 2026
  • ADB President Pledges Support for Solomon Islands Development Goals in Meeting with Prime Minister
    17 Feb 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 42 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

    %d