FLOODS ရေ ကြီးပြဿနာ အဖြေရှာ ရေတွေဘယ်ကလာ ။ ⚠️Yagi က ပေးတဲ့ သင်ခန်းစာများ..⚠️။ ( အေးမြင့်ဆွေ-ဆည် / ရေ )

မြန်မာပြည် ရေဘေးအန္တရယ် သင်ခန်း စာများ

ဖတ်စရာ မှတ်စရာ ( ၁၇၉ )
ဆည် မြောင်းရေးရာ
စာပဒေသာ

ရေ ကြီးပြဿနာ အဖြေရှာ
ရေတွေဘယ်ကလာ

မြန်မာပြည် ရေဘေးအန္တရယ် သင်ခန်း စာများ

သမိုင်းသင်ခန်းစာတွေ က
ယူတတ်ရင် ပြည်သူတွေနေကြတဲ့ နိုင်ငံအတွက် အကျိုးများပါတယ်.

သဘာဝဘေးအန္တရယ် တွေများစွာထဲက ရေဘေးအန္ထရယ် က
လူနေ အိမ်ခြေတွေသာမက လူ့အသက်အန္တရာယ်တွေကိုလဲ များ စွာ ခြိမ်းခြောက်စေပါတယ် ။
အိမ်ယာ ဥစ္စာပစ္စည်းတွေဆုံးရှုံး ကြတာနဲ့အတူ လူအသေအပျောက်တွေများခဲ့ကြတယ်

မြန်မာမှာ ယာဂီ လို မြနိမာနိုင်ငံထဲဝင်ခဲ့ဘူးတဲ့ မုန်တိုင်းမိုးကြောင့်
ဒေသတွင်းမှာ ရေ ဘေး ဒုက္ခတွေကြီးမားစွာကြုံခဲ့ဘူးကြပြီးဖြစ်ပါတယ်။

သမိုင်းသင်ခန်းစာဖြစ်တဲ့ မုန်တိုင်းမိုးကြောင့်အဓိကဖြစ်တဲ့ ရေဘေးဒုက္ခသင်ခန်းစာတွေရှိ ခဲ့ပြီးပါပြီ

သဘာဝဘေးအန္တရာယ် မုန်တိုင်းကို ယနေ့ထိ မည်သူမျှ ေရှာင်လွှဲ လို့မရ။

မုန် တိုင်း မိုးကြောင့်အဓိက ဖြစ်လာမဲ့ ရေဘေးအန္တရာယ် ကလဲ အသေအခြာကြုံတွေကြရမှာဖြစ်ပါတယ်.

ကမ္ဘာ့ရာသီ တွေက တစ်ကမ္ဘာလုံးနေရာအနှံ့မှာ ပြောင်းချင်တိုင်းပြောင်းလဲနေကြပြီ ။

ဘယ်သူမျှ၊ ဘယ်ပညာရှင်မျှ ငြင်းလို့မရ။
ကမ္ဘာ့ ရာသီဥတုတွေက ယနေ့ ၂၁ ရာစုမှာ ဖြစ်ချင်တိုင်းဖြစ်နေကြပြီ ။

မြန်မာ မှာ မကြုံစဘူးကြုံတွေ့ခဲ့ကြရတဲ့
အဆိုး ဝါးဆုံးသော ရေ ဘေး အန္တရာယ် ကြီးတွေ ရှိခဲ့တယ်။

၁၉၇၄

၁၉၇၄ ခုနှစ် မေလနောက်ပိုင်းမှာ မိုးရာသီမှာ ဧရာဝတီမြစ်ဝကျွန်း ပေါ် ၏ အထက်အညာမှစီးဆင်းလာတဲ့ ဧရာဝတိ မြစ်ရေ၊ မြစ်ဝကျွန်း ပေါ်အောက်ပိုင်းကတက်လာတဲ့ ပင်လယ် ဒီေ၇အမြင့်ဆုံးအချိန် တွေနဲအတူ ဧရာဝတီမြစ်ဝကျွနိးပေါ် တစ်ခုလိုလိုိလိုမှာ မိုးသီးထန်စွာရွာသွနိးခဲ့တဲ့ မိုး ရေတွေကြောင့် ဧရာဝတီမြစ်ဝကျွ်န်းပေါ် တစ်ခွင် လုံးမှာ ရက်ပေါင်းများစွာ ရေ ကြီးခဲ့ ပြီး မကြု့စဘူး ရေဘေး အန္တယ် ကြုံတွေ့ခဲ့ကြရဘူးခဲ့တယ် ။

လူအသေအပျောက် အနည်းငယ်သာရှိခဲ့ပါမယ်.
ဧရာဝတီ မြစ်ဝကျွန်းပ်ေဒေသကြီးရဲ့ Delta Apex ထိပ်ဆုံးမှာတည်ရှိတဲ့ ပြည် မြို့ ပတ်ဝနိးကျင် မှာရေတွေကြီးလို့ ပြည်ဘူတာရုံမှာ သင်္ဘောကြီးတွေ လာဆိုက်ကပ် နိုင်တဲ့ အထိဘူတာမှာ ရေတွေကြီးခဲ့တယ်.

( ၁၉၇၄ ရေကြီးမှု အသေးစိတ်ဖြစ်စဉ်ကို ယခင် ဆည်မြောင်း စီနီယာ အင်ဂျင်နီယာ ၊ယခု ကမ္ဘာ့ဘဏ် အကြံပေးအင်ဂျင်နီယာ ဒေါက်တာအုန်းမြင့် ဆည်မြောင်းအင်ဂျင်နီယာ ဘဝ ( ၁၉၇၄ ) တွင် လေ့လာ သုံးသပ်ပြုစု ရေး သားထားခဲ့သည့် ၁၉၇၄ မြန်မာ့ရေဘေး အစီရင်ခံစာ တွင် အသေးစိတ် လေ့လာ ဖတ်ရှု ပြီး မြန်မာ့ရေဘေး သမိုင်းသင်ခန်းစာများ ရယူ နိုင်ကြပါသည် )

၂၀၀၈ နာဂစ်စ် ဆိုင်ကလုံး မုန်တိုင်း

၂၀၀၈ မေလ ၂ ရက် နေ့မှာ မြန်မာပြည် အောက်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ် တောင်ဘက်က ပင်လယ် ကမ်းရီုးတန်း ကို ပင် လယ် ပိုင်းမှ မှစတင် အားပြင်း ဝင်လာခဲ့တဲ့ နာဂစ်မုန်တိုင်း ကြောင့် ပင်လယ် ဒီရေ လှိုင်းတံပိုးကြီးတွေ ပင်လယ်ကမ်းတစ်လျောက် ဝင် လာ ခဲ့ပြီး ၊နာဂစ်နဲ့အတူပါလာတဲ့ မုနိတိုင်းမိုးတွေ
ကြောင့် ရေဘေးကာကွယ် ရေး တာတမံအချို့ တွေလဲ ရေ ကျော်ကျိုးပေါက်ခဲ့ ခြင်းနဲ့အတူ မုန်တိုင်းမိုး ကြောင့် ဧရာ ဝတီ မြစ်ဝကျွန်းပေါ် ပင်လယ်ပိုင်းဒေ သတွေမှာ ရေကြီးခဲ့ ပြီး၊ မြန်မာ့ ရေဘေး သမိုင်း မှာမကြုံ စဘူးရေကြီးမှုကြီးဖြစ်ပြီး အသက်
အိုးအိမ် စည်းစိမ် ပေါင်းမျောက်များစွာ ဆုံးရှံုးခဲ့ကြပါတယ်။

( နာဂစ်မုန် တိုင်းရေဘေး အကြောင်းအရာများကို နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းနေစဉ်ကာလ နိုင်ငံတကာကမ္ဘာပညာရှင်များ ၏ နာဂစ် ရေဘေး သုတေသနဆောင်းပါးများကို အင်တာနက် web pages စာမျက်နှာ များတွင့် ရှာဖွေ လေ့လာ ဖတ်ရှု နိုင်ကြပါဿည်.)

၂၀၁၅ ကိုမန် ဆိုင်ကလုံး မုန်တိုင်း

စစ်ကိုင်း တိုင်းမြောက်ပိုင်း ဒေသ

( ကိုမန် မုန်တိုင်းရေကြီးဖြစ်စဉ် နောက်ခံသမိုင်းအကြောင်းအရာများကို ဇော်ဝင်း( ဇလ ) အေးမြင့် (ညောင်တုန်း)နှငိ့ ကျော်ဦးတို့၏ ၂၀၁၅ ရေကြီးဖြစ်စဉ် သတင်းဆောင်းပါးကို မြန်နာ့စွယ်စဒ့ကျမ်း ၂၀၁၅ နှစ်ချုပ် တွင် လေ့လာဖတ်၇ှုနျုင်ကြပါသယ်. )

၂၀၁၅ မှာ

ယခု
၂၀၂၄ ယာဂီ တိုင်ဖွန်း မုန်တိုင်း

၂၀၂၄ လ မှာ တောင်တရုတ်ပင်လယ်မှာ စတင်ပေါ်လာခဲ့တဲ့ ယာဂီ Yagi မုန်တိုင်း ကဗီယက်နမ်မှာ မွှေခဲ့ပြီးမြန်မာပြည် ရှမ်းအရှေ့ ပိုင်း ကနေ တစ်ဆင့် မြန်မာပြည် အလယ်ပိုင်း ကို အဖျားခတ် ဝင်လာခဲ့ခဲ့လိုက်တာ အပျက်အစီးတွေ အများအပြားနဲ့လူအသေအပျောက် တွေများခဲ့ကြတယ်.

ဆက်ရန်

အေးမြင့် ( ညောင်တုန်း )
16 October 2024

ရည် ညွှန်း

⚠️Yagi က ပေးတဲ့ သင်ခန်းစာများ..⚠️( အေးမြင့်ဆွေ-ဆည် / ရေ )

အချက်အလက်​တွေအရ မုန်တိုင်း Yagi​ဒဏ်​ကြောင့် ဆုံးရှူံးမှုအများဆုံးထဲ မြန်မာပါနေတယ်။​​​ဘာ​ကြောင့်ဆိုတဲ့ အ​ကြောင်းတရား​တွေများလွန်း​နေတဲ့အခါ ဘယ်သူ​ပြောတဲ့ ဘာအ​ကြောင်းတရားပဲဖြစ်ဖြစ် တစိတ်တပိုင်း​တော့မှန်​နေတယ်လို့ ​ပြောရတဲ့အ​ခြေအ​နေပါ။🤔🤔

​​မြန်မာဟာ Yagi အငိုက်မိခဲ့ပါတယ်။​လျှော့တွက်ခဲ့မိတယ်။ဟိုဘက်က​​နေ ဒီဘက်​ရောက်လာရင် နည်းနည်း​ပျော့သွားမှာပါ​တွေးမိခဲ့ကြသလား။🙄

​Facebookမှာ ​ခေတ်စား​နေတဲ့ ​ရေသွားစပ်စုတဲ့ လင်မယားနှစ်​ယောက်​တွေ့​တော့ အပြစ်မတင်မိပါဘူး။🤭ကျွန်မတို့​မြေလတ်​ဒေသ ​ရေနဲ့​​​ဝေးကြတဲ့သူ​တွေဟာ ​​ချောင်း​ရေ​တွေစီးတာမြင်ရင်အရမ်းစိတ်၀င်စားတာ။သစ်ပင်​တွေ​မျောလာလား ငါး​တွေများပါမလား..။😊လူ​တွေ​မျောလာမယ်လို့ တခါမှမ​တွေးကြ။​ရေဟာ အဲ​လောက်အန္တရာယ်​ပေးနိုင်တယ်လို့ သိပ်မ​ထင်မိကြ။​ရေကြီးမယ်ဆိုရင်​တောင် အိမ်​ပေါ်ထပ်တက်​နေ လွတ်ပါတယ် အရင်​တွေးမိတာ။မီး​လောင်ရင် ဘာလုပ်ရမယ်သိ​​ပေမယ့် ​ရေကြီးရင် တကယ်လုပ်ရမယ့်အရာ​တွေသိတဲ့သူဆိုတာ လက်ချိုး​ရေလို့ရတယ်။🤗
အခု​တော့ Yagi က ​မြန်မာတစ်နိုင်ငံလုံးကို သတိ​ပေးသွားခဲ့ပြီ။သတင်း​တွေ ​​သေချာနား​ထောင်ဖို့၊လုံခြုံရာကို​​ရွှေ့​ပြောင်းဖို့၊ကယ်ဆယ်​ရေး မလာခင် ရှင်သန်ရပ်တည်​အောင် ဘယ်လိုကြိုးစားဖို့…။

ဒီ​နေရာမှာ ​မေးခွန်းက စ လာပါတယ်။ဘယ်သတင်းကို နား​ထောင်ရမလဲ..။❓️ယုံကြည်ရတဲ့ သတင်းကို နား​ထောင်​ရမှာ သိ​ပေမယ့် ​ရောင်စုံသတင်းပန်းခင်းထဲမှာ​ထွေပြားသွားကြတာချည်း။ထိုင်ရမလို ထရမလို။FBလို ပျံ့နှံ့လွယ်ပြီး ဆွဲ​ဆောင်မှုရှိတဲ့ သတင်း​အများစုကလဲ အမှန်မဟုတ်။တရား၀င် ဌာန​တွေကထုတ်ပြန်တဲ့ သတင်း​တွေကလဲ သီချင်းလို​ပြောရရင် အနိမ့်အမြင့်အတက်အကျမရှိ။ ပုံမှန်​နေ့​တွေလဲ ဒီစာပိုဒ်ကိုဖတ်။☺️ရေ​တွေကြီး​တော့မယ် အသက်အန္တရာယ်အ​ရေးကြီးပြီဆိုလဲ ဒီစာပိုဒ်ထဲမှာ​ရေးထားတယ် ဖတ်ကြည့်..။​😁ကြေငြာ​နေကျသတင်းမှာ ​ကြေငြာတယ် နား​ထောင်ကြည့်..။☺️
နဂိုကမှ သိပ်စိတ်မ၀င်စားသူနဲ့ စိတ်၀င်စား​အောင် မ​ပြောသူကြား လိုက်လို့​ပြေးတာလား ​ပြေးလို့လိုက်တာလား..။🔄

အသိပညာ​ နှင့် သတင်းမျှ​ဝေမှု✅️

ဆိုရရင် ​​ရေ​ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာမျှ​​ဝေမှု​တွေ အများကြီးလိုပါတယ်။
ဂျပန်လို ​ကျောင်း​တွေမှာကတည်းက က​လေး​တွေကို တခါတည်း သင်​ပေးသင့်မလား…။​
ရေ​တွေကြီးမှာဆိုရင် မဖြစ်မ​နေ ဘယ်​​နေရာကို ​ပြောင်းထားရမယ်ဆိုပြီး အကြံ​ပေးမလား။
မှန်ကန်တဲ့သတင်း​တွေ ရ​အောင် ဘယ်လို​ပေးကြမလဲ…။
ပြီး​တော့ လုံခြုံရာဆိုတာသိ​အောင် ဘယ်လို သတ်မှတ်​​ပေးမလဲ မြင့်တဲ့ ရွာဦးဘုန်းကြီး​ကျောင်းလား၊စာသင်​ကျောင်းလား၊ရွာထိပ်ကသူ​ဌေးရဲ့ ၃ထပ်တိုက်လား။သူ​ဌေးက​ရော လက်ခံပါ့မလား..😩သတင်းထဲမှာ မြင့်တဲ့တိုက်ကိုတက်ခိုတာ လက်မခံလို့လို့​တွေ့မိ😩

​မြေယာအသုံးချမှု​အမှားတွေ..❎️

ဆရာတစ်ဦးက ​ရေကြီးတာဟာ ​ရေခဏနားတဲ့ ​ရေထိန်းဧရိယာRetentionဧရိယာ​တွေ နည်းသွားလို့လို့​​ရေးထားတာဖတ်ဖူးတယ်။အသိသာဆုံးက မြို့ကြီး​တွေ မန္တ​လေးတို့၊ပဲခူးတို့..။​တောင်သမန်အင်း​ဘေး ​မြေ​​လေးနည်းနည်းဖို့တာများတို့၊ငါ့အိမ်​ရှေ့က ၁၀​ပေ​​လောက်မြောင်း​နိမ့်လေး ကွန်ကရစ်ပိတ်ခင်းတာများ ပြသနာလုပ်လို့ လို့​တွေးမိလိမ့်မယ်။၁၀​​ပေ​လောက် ​မြောင်းက တစ်​နေ့သယ်နိုုင်တဲ့ ​ရေထုထည်က နှစ်ထပ်အိမ်မြုပ်​လောက်တာထက်များတယ်ဆိုတာမသိကြ​တော့။
အဲ့လိုပိတ်တဲ့အိမ်များလာ​လေ ​ရေကြီးဖို့များလာ​လေ .. ။

တချို့က​တော့ ​စေတနာအမှား​တွေ။ရွာလမ်းလှူတယ် ​မြောင်းကိုဖြတ်​တော့ ၁​ပေပိုက်လုံး​လေး ထည့်ပြီးဖြတ်တယ်။​ရေကုန်​အောင်မထုတ်နိုင်​တော့ လမ်းအထက်ပိုင်းဧရိယာက ပင်လယ်ဖြစ်လို့။

​​ကျေးဇူးရှင် သစ်ပင်​တွေ✅️

Yagi ​ကြောင့် ​ရေကြီးတဲ့​နေရာ​တွေမှာ အထင်ရှားဆုံး​​ကျေးဇူးရှင်​တွေက​တော့ သစ်ပင်​တွေပဲ။​တောင်​စောင်း​တွေမှာ ​ရေတိုက်စားမှု​တွေနည်း​အောင်၊​မြေပြန့်​တွေမှာလဲ ရာသီဥတုမျှတ​အောင် သစ်ပင်မခုတ်ဖို့၊ကိုယ်နိုင်သမျှသစ်ပင်စိုက်ဖို့ …။
အသိသာဆုံး သင်ခန်းစာပါ….။

နည်းပညာ အင်အားစု…။✅️

​ခါးတဲ့အမှန်တရားဆို​ပေမယ့် ​ရေကြီးတာ​တွေဟာ တဖြည်းဖြည်းပိုဖြစ်လာ​နေပြီး ​နောက်နှစ်မဖြစ်​တော့ဘူးလဲမ​ပြောနိုင်…။ကြိုတင်ပြင်ဆင်ဖို့က အချက်အလက်လိုပါတယ်။
​မိုး​တွေဘယ်လိုရွာမယ် ဘယ်​လောက်ရွာမယ် ဘယ်​နေရာ​တွေမိုးကြီးမယ်ဆိုတာ ခန့်မှန်းနိုင်မှုများ​ပေမယ့် ဘယ်လိို ဘယ်​လောက် ဘယ်လို ​ရေ​တွေကြီးမယ်ဆိုတာ ​စနစ်တကျခန့်မှန်းပြော​ပေးနိုင်တဲ့ နည်းပညာအင်အားစု နည်းပါတယ်..။အင်တာနက်က အသင့်ကြည့်လို့ရတာ​တွေ ရှိ​သော်လဲ ​အများစုကယေဘုယျဆန်ပါတယ်။🤗🤗

မိုးဘယ်​လောက်ရွာရင် မြစ်​ရေဘယ်​လောက်စီးရင် ဘယ်​နေရာ​တွေ ​ရေကြီးမလဲ ခန့်မှန်း​ပေးနိုုင်ရင် ကယ်ဆယ်​ရေးလုပ်ငန်း​တွေ ပိုထိ​ရောက်မှာပါ။အဲ့လို​လေး လုပ်​ပေးနိုင်တဲ့ အင်အား အဖွဲ့အစည်းများများရှိရင်​တော့…..။😊

Aye Myint Swe