FLOOD : Living With Flood : The Amphibious Houses , Innovative Approach for Myanmar

မှတ်ဖွယ်မှတ်ရာ
ဆည်မြောင်းရေးရာ
စာပဒေသာ

ဝါဆို ဝါခေါင် ရေဖေါင်ဖေါင်
July August Rain and Flood
ရေကြီးပြဿနာအဖြေရှာ ရေတွေဘယ်ကလာနှင့်
ရေထဲနေကြသူများ

ရေတစ်ပိုင်းကုန်းတပိုင်းနေထိုင်ရန်
ရေထံမှနေအိမ်များ
Amphibious Houses

မိုးရာသီ ရောက်တိုင်း
နှစ်စဉ်အမြဲရေကြီးနေတတ်ပြီး
အနားကမြစ် မှ ရေလျှံရေကျော်ဝင်လာတတ်သော
မြေနိမ့်ပိုင်း ရေဝပ်ဒေသများတွင်
နေထိုင်ကြသော သူများအတွက်
ရည်ရွယ်ဖေါ်ထုတ်ခဲ့ပါသည်

အထူးသဖြင့်
မိုးမှာရေတွေတက်လာ
မိုးကုန်တော့ရေတွေပျောက်သွား
ဘာမှမဖြစ်သလိုခြောက်သွားလေ့ရှီသော
အရပ်ဒေသများဖြစ်ကြသည့်

ပဲခူးတိုင်းအနောက်ခြမ်း
ဧရာဝတီမြစ်ဘေးက မြစ်မခလွင်ပြင်နှင့်
ပဲခူးတိုင်း အရှေ့ခြမ်း စစ်တောင်းမြစ်ဘေး
ပြွန်တံဆာလွင်မြင်တို့ကဲ့သော
ရေဝပ်ဒေသ ရေစိမ်မြေ Wetlabd များတွင်
နေထိုင်အသက်မွေးနေကြသူ
ပြည်သူများမတွက်ရည်ရွယ်ကာ

နိုင်ငံတကာ မှ အလားတူပုံတူဒေသများတွင်
ရေကြီးမှုကိုအံတုလျက်
ရေထဲနေထိုင်ကြပုံများကိုနမူနာယူကာ

မြန်မာပြည်သူများအတွက်
စီတ်ကူးထုတ် အကြံထုတ် ပြီးမြန်မာမှုပြုကာ
စိတ်ကူးပုံဖေါ်ထားခဲ့ဘူးသော
ရေထဲနေထိုင်ပုံ နည်းစနစ်ဖြစ်ပါသည် ။

ဆည် မြာင်းအင်ဂျင်နီယာ မိမိသည် ပဲခူးတိုင်းဆည် မြာင်းတာဝန်ခံအဖြစ် အချိနိကာလ ၅ နှစ်ကြာ မျှပဲခူးတိုင်းအတွင်းရှိ ဆည် မြောင်းလုပ်ငန်းမျိုးစုံကို ထိန်းသိမ်းပြုပြင် စီမံခနိ့ခွဲ လူပ် ဆောင်ခဲ့ဘူးသူဖြစ်ခဲ့ ရာ ပဲခူးတိုင်းအတွင်းရှိ ရေကြီး ရေနက် ကွင်းများအကြောင်းကို ကောင်းစွာသိရှိ နားလည် ခဲ့ဘူးသူ ဖြစ် ရာ

တစ်ခေတ်တစ်ချိန်တွင်
ပဲခူးအနောက်ခြမ်း မြစ်မခလွင်ပြင်တွင်နေကြသူ
ပြည်သူ့လွှေတ် တော်ကိုစားလှယ်အချို့ကို
ပဲခူးဆည်မြောင်းရုံးသို့ ခေါ်ယူ၍
ရေကြီးကွင်းများထဲ တွင် မည်သို့နေထိုင်၍ရနိုင် ကြောင်း များကိုရှင်းလင်းပြသခဲ့ပါသည် ။

ဘာမဆို ဝါသနာပါ စိတ်ဝင်စားလျင်
လုပ်ရင်ဖြစ်ပါတယ် ။
ဘာလုပ်လုပ် ငွေတော့လိုမှာပေါ့ ။

ငွေးကြေးကုန်ကျမှု သင့်တင့်စွာ အနည်းငယ်ဖြင်
ရေပေါ်ကုန်း ပေါ် တွင်
တည်ဆောက်နေထိုင်နိုင်ကြသော
Amphibious House စနစ် အကြောင်း
ေ၇ပေါ်ကုနိးပေါ် ၂ မျိုးနေထိုင်နိုင်ကြသော အိမ်များ အကြောင်း
ဖြစ်ပါတယ်။

မိုးအခါ
ရေထဲမှာ ပေါလောပေါ် နေ ရွေလျားလှုပ်ရှာနေ
ရေကျတော့နွေအခါ
ကုန်းပေါ်မှာ သာမန်အိမ်များကဲဲ့သို့နေနိုင်သော
နေအိမ်ပုံစံဖြစ်ပါသည် ။

မြန်မာပြည်အနှံ့အပြားရှိ ရေဝပ်ဒေသများတွင်
ရှေးကတည်းက နေထိုင်ခဲ့ကြသည့်
ရှမ်းပြည်အင်းလေးဒေသနှင့်
ဧရာဝတီ မြစ်ဝကျွန်ပေါ်ဒေသ အလယ် ပိုင်း ရှိ
ညောင်တုန်း သဇင်ရေကျော်ကျေးရွာ တို့တွင် ရှိနေကြသော
ရေထဲမှအိမ်များသည်
ရေထဲတွင် လှုပ်ရှား ရွေ့လျားနိုင်သော ရေပေါ်အိမ်များ
မဟုတ်ကြဘဲ
ရေလွတ် မြေစိုက် ခြေတံရှည် အိမ်များ
Elevated Houses ဖြစ်ကြပါသည်။

ယခုဖေါ်ပြထားသည့် ရေတပိုင်းကုန်းတစ်ပိုင်း
Amphibious House အိမ်များ၏ပုံစံသည်
ရေထဲတွင်နေနိုင်ရန်တည်ဆောက်ထားကြသော
Elevated House
ရေထဲမှ မြေစိုက်ခြေတံရှည်အိမ်များနှင့်
သဘောသဘာဝမတူကြပါ ။

စိတ်ဝင်စားသူများ
စမ်းသပ်လိုသူများ
နည်းစနစ်သစ် များကိုဝါသနာ ပါ သူ စိတိပါဝင်စားသူများအတွက်
ပြန်လည်ကူးယူ မျှဝေ ဖေါ်ပြပေးလိုက်ပါသည် ။

ရေကြီးရေလျှံရေဘေး တွေ့ ကြုံ နေကြသူ
ရေထဲနေကြရသူ မြန်မာ ပြည်သူများအတွက် ရည်စူးလျက်

မေတ္တာဖြင့်

အေးမြင့် ( ညောင်တုန်း )
30 August 2025

မိုးလယ်ကာလကုန်၍ မိုးနှောင်းကာလ ရောက်တော့မယ်

နွေမိုးဆောင်း ၃ရာသီ မှာ မိုး ရာသီမှာလဲ ၃ မျိုးရှိတယ် ။
မိုးဦး၊မိုးလယ်၊မိုးနှောင်းကာလတွေမှာ
တစ်နည်းမဟုတ်တစ်နည်း
နိုင်ငံအတွင်း တောင်ပေါ်မြေပြန့် နေရာ ဒေသ အမျိုးမျိုး အလိုက်
ရံဖန်ရံခါ ရေကြီး ရေလျှံ ဖြစ် နေတတ်ဘူး တဲ့ မြန်မာနိုင်ငံ ။

နိုင်ငံအတွင်းနေရာဒေသအလိုက်မှာ
ရေကြီးပြဿနာ အဖြေရှာ ရေတွေဘယ်ကလာသည်ကို
ရေပညာရှင်တွေ ဆည်မြောင်းအင်ဂျင်နီယာတွေမှ
စီစစ်လေလာသုံးသပ်ကြပြီး
ရေကြီးရေလျှံ ရေဘေးအန္တရာယ်များလျော့ပါးသက်သာအောင်
ဒေသအလိုက် နည်းစနစ်တွေရှာကြ ပြီး
တာဝန်ရှိသူတွေက
နိုင်ငံအတွင်းရေဘေးကာကွယ်ရေး အလုပ်တွေလုပ်ကြဘို့
မကောင်းကြပေဘူးလား။

ခေတ်အဆက်ဆက် သုတေသနာအလုပ်တွေ အားနည်းနေခဲ့သော နိုင်ငံဖြစ်နေဆဲ ၊
မိမိတို့ နိုင်ငံမှာ
တိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
လုပ်သင့်တာတွေ လုပ်ချင်တိုင်းလုပ်မရ ဖြစ်နေကြတာ က
ခက်နေဆဲပါ

ရည်ညွှန်း

အောက်ပါပူးတြွပါ ayemyint.blog web page ကိုနှိပ်ဖွင့်၍
အင်တာနက်စာမျက်နှာ များထဲမှ FLOOD :Living With Flood -The Amphibious Houses တွင်
စိတ်ဝင်စားသူများ
အသေးစိတ် ကြည့်ရှု လေ့လာနိုင်ကြပါသည်