MovieTalk Shwe Done B Aung ရွှေဒုံး ဘီအောင် ၊နှင့် မြန်မာ့အသံ MRTV ဦးအောင်မြင့် ဆွေးနွေးခနိး ( ပထမ ပိုင်း )
MovieTalk Shwe Done B Aung ရွှေဒုံး ဘီအောင် ၊နှင့် မြန်မာ့အသံ MRTV ဦးအောင်မြင့် ဆွေးနွေးခနိး ( ဒုတိ ယပိုင်း )
ဗိုလ်အောင်ဒင် HD စဆုံး
ပန်းပန်လျှက်ပါပါ
“ ထင်ရှားအောင်မြင် နှောင်းရုပ်ရှင် “ ( တကျော့ နှစ် ကျော့ တေးကိုသီ အပိုင်း – ၁ /၂/၃/)

မြန်မာ့ရုပ်ရှင်သမိုင်းမှာ အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကား
==================================================
▪ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားကို ၁၉၄၀-၄၁ခုနှစ်က ဗြိတိသျှဘားမားရုပ်ရှင်မှ အသံထွက် ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
▪ဗိုလ်အောင်ဒင် ဇာတ်ကား ကို ဆရာ ရွှေဒုံးဘီအောင် ကိုယ်တိုင် ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားပြီး ဇာတ်ကားနာမည်ပေးဖို့ စဉ်းစားခဲ့ပါတယ်။နောက်ဆုံး ဇာတ်ကားထဲမှာ ပါဝင်မဲ့ မင်းသား ခင်မောင်ရင်ရဲ့ ငယ်နာမည် အောင်ဒင်ကို ရှေ့မှ ဗိုလ်တစ်လုံး ထပ်တိုးပြီး ဗိုလ်အောင်ဒင်လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
▪ဒီဇာတ်ကားထဲမှာ ခင်မောင်ရင် ၊ ဘချစ် ၊ မေမေဝင်း တို့ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဓားပြ ခေါင်းဆောင် လူဆိုးဗိုလ် ဗိုလ်အောင်ဒင်အဖြစ် ခင်မောင်ရင် ၊ နာမည်ကျော် စီအိုင်ဒီ စုံထောက်အရာရှိ ဦးဘချစ်အဖြစ် ဘချစ် ၊ ဦးဘချစ်နဲ့လက်ထပ်မဲ့ ဇနီးလောင်း မမြဝင်းအဖြစ် မေမေဝင်းတို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။
▪ဇာတ်လမ်းလေးကတော့ ရိုးသားတဲ့ လူရိုးလူကောင်း သူဌေးအောင်ဒင် တစ်ယောက် စီးပွားပျက်ပြီး တပည့်ဖြစ်သူ သုခနဲ့ အလုပ်လုပ်ဖို့ ရန်ကုန်ကိုဆင်းလာခဲ့ပါတယ်။ရန်ကုန် ဆင်းလာတဲ့လမ်းခရီးမှာ လမ်းစရိတ်မရှိတော့တဲ့ သူဌေး အောင်ဒင်ကို တပည့်ဖြစ်သူသုခက လုယက်ဖို့ ဓားပြတိုက်ဖို့ အကြံပေးပေမဲ့ ရိုးသားတဲ့ သူဌေးအောင်ဒင် က မဝံ့မရဲ ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာ အကြောင်းတိုက်ဆိုင်ပြီး ကားတစ်စီးလာနေတာကို သုခမြင်သွားပြီး သွားလုယက်ဖို့ အတင်းဆွဲခေါ်လိုက်ပါတယ်။ကားမောင်းလာသူက သူဌေးအောင်ဒင်ဆီကနေ လယ်တွေ၊ မြေတွေ၊ စာချုပ်တွေကို မတရားသိမ်းသွားတဲ့ သူဌေးဦးသင်းဖြစ်နေတော့ ဒေါသထွက်ပြီး ဆရာတပည့်နှစ်ယောက် သတ်လိုက်ကြပါတယ်။
▪ဦးသင်းရဲ့ ခြောက်လုံးပြူးကို ယူလာပြီး ထွက်ပြေး လာရာကနေ ဓားပြဘဝသို့ ရောက်မှန်းမသိ ရောက်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ဓားပြ ဗိုလ်အောင်ဒင် ပထမဦးဆုံး ဓားပြဝင်တိုက်တာက မမြဝင်းတို့သားအမိ နေအိမ်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။မမြဝင်းအမေက အမျိုးမျိုးတောင်းပန်ပြီး မမြဝင်းကလည်း သူ့လက်ကောက်လေး ချွတ် ပေးပါတယ်။ ဗိုလ်အောင်ဒင်က အားနွဲ့တဲ့ မိန်းမသားတွေကို ကရုဏာ ဖြစ်ပြီး သူတို့ရန်ကုန်သွားဖို့ လမ်းစရိတ် ငွေတစ်ဆယ် ကိုသာ တောင်းယူ သွားပါတော့တယ်။ ဒီဇာတ်ဝင်ခန်းမှာ ဗိုလ်အောင်ဒင်က လူဆိုးလုပ်နေရပေမဲ့ ကြင်နာသနား တတ်တဲ့ စိတ်ထား ရှိနေသေးတာ ကိုတော့ ခံစားမိပါတယ်။
▪ဒီလိုနဲ့ ရန်ကုန်ရောက်တော့ ဗိုလ်အောင်ဒင်က တပည့်တွေအများကြီး စုမိပြီး ဓားပြဂိုဏ်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ ဓားပြတိုက်မှုတွေကများလာပြီး အလွန်ပိရိတာမို့ မဖမ်းမိကြသေးတဲ့ ပုလိပ်တွေကို သတင်းစာတွေထဲမှာ ဝေဖန်မှုတွေ လုပ်လာကြပါတယ်။ပုလိပ်မင်းကြီးလည်း ဒေါသတွေထွက်ပြီး အရည်အချင်း အရှိဆုံးဖြစ်တဲ့ စုံထောက်အရာရှိ ဦးဘချစ်ကို ခွင့်နဲ့အနားယူနေရာကနေ ရန်ကုန်ကို အမြန်ဆုံး ပြန်ခေါ်ခိုင်း လိုက်ပါတယ်။ စုံထောက်အရာရှိ ဦးဘချစ်က သူ့ချစ်သူ မမြဝင်းနဲ့ ဘုရားမှာ သစ္စာဆိုနေတဲ့အချိန်မှာ တာဝန် ပြန်ထမ်းဆောင်ဖို့ ခေါ်တာမို့ မမြဝင်းတို့ သားအမိပါ ရန်ကုန်လိုက်လာခဲ့ကြပါတယ်။
▪ဗိုလ်အောင်ဒင်ကို တော်တော်များများက သူဌေးမင်း အဖြစ်သာ သိကြပါတယ်။နောက်ကွယ်က သူ့ရဲ့ ဓားပြဂိုဏ်း ကိုတော့ ဘယ်သူမှ မသိရှိကြပါဘူး။ဗိုလ်အောင်ဒင်က လူကုံတန်အသိုင်းအဝိုင်းမှာ နာမည် အလွန်ကြီးပြီး ပါတီပွဲ တွေ လောင်းကစားဝိုင်းတွေ မကြာခဏ ကျင်းပလေ့ရှိပါတယ်။ဒီလိုနဲ့ ပွဲတစ်ပွဲမှာ လူတစ်ယောက်က ဉီးဘချစ်နဲ့ ဗိုလ်အောင်ဒင်ကို မိတ်ဆက် ပေးလိုက်ပါတယ်။ ဗိုလ်အောင်ဒင်ရဲ့ ချမ်းသာမှုတွေ ငွေတွေသုံးဖြုန်းတာတွေကို ဦးဘချစ် စိတ်ထဲ ဘဝင်မကျ ဖြစ်နေပါတော့တယ်။
▪ဗိုလ်အောင်ဒင်က ဓားပြတိုက် လုယက်ပေမဲ့ အသက်အန္တရာယ်တော့ မပေးတဲ့သူဖြစ်ပါတယ်။ တပည့်တွေကိုလည်း အမြဲ သတိပေးနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဗိုလ်အောင်ဒင်ရဲ့တပည့်ဖြစ်သူ ရာမက ဓားပြတိုက်ရင်း လူသတ်ခဲ့မိပါတယ်။ဒါကို ဗိုလ်အောင်ဒင်သိပြီး အလွန်စိတ်ဆိုးပြီး ရာမ ရှိတဲ့နေရာကို လိုက်သွားခဲ့ပါတယ်။ရာမက သူ့ဆီလိုက်လာတာမြင်ပြီး ဗိုလ်အောင်ဒင်ကို သတ်ဖို့လုပ်ပေမဲ့ သူ့ဇနီးကိုသာ သတ်မိလိုက်ပါတယ်။
▪အဲဒီအချိန်မှာ ဗိုလ်အောင်ဒင်ကို အရင်ထဲက သံသယရှိနေတဲ့ အတွက် နောက်ယောင်ခံ လိုက်လာတဲ့ ဦးဘချစ်နဲ့ ပုလိပ်တွေ ရောက်လာပြီး ရာမကိုဖမ်းဆီးခဲ့ပါတယ်။ ရာမက ဗိုလ်အောင်ဒင်ကို မုန်းနေသူ ဖြစ်တာကြောင့် ပုလိပ်တွေစစ်မေးတော့ ဗိုလ်အောင်ဒင်ဟာ ဓားပြခေါင်းဆောင်ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။
▪ဦးဘချစ်က ဗိုလ်အောင်ဒင်ကို သက်သေမခိုင်မာသေးတဲ့အတွက် ချက်ချင်းဖမ်းဆီးလို့မရတော့ သူ့ရဲ့အိမ်မှာ အစောင့်ပုလိပ်နဲ့ထားပြီး စစ်ဆေးဖို့ ခေါ်ထားလိုက်ပါတယ်။ နောက်တော့ ဦးဘချစ်ကို အထက်လူကြီးမင်းက လှမ်းခေါ်လို့ ချက်ချင်း သွားရပါတယ်။ ဦးဘချစ်က ဗိုလ်အောင်ဒင်ကို အစောင့်ပုလိပ်နဲ့ ခဏထားခဲ့ပါတယ်။
▪အဲဒီအချိန်မှာ မမြဝင်းက စန္ဒရားတီးနေတုန်း စန္ဒရား အသံကြောင်သွားလို့ အခက်တွေ့နေတာကို ဗိုလ်အောင်ဒင်က ဝင်ပြင်ပေးလိုက်ပါတယ်။ ဗိုလ်အောင်ဒင်က စန္ဒရားတီးဟန်ဆောင်ပြီး ရုတ်တရက် ပုလိပ်ကို တိုက်ခိုက် လိုက်ပါတယ်။ ပြီးတော့ သူ့တပည့်သုခ ရောက်လာပြီး အိမ်သားတွေနဲ့ ပုလိပ်ကို ကြိုးတုတ်ထားခဲ့ပြီး မမြဝင်းကို ဓားစာခံအဖြစ် ခေါ်သွား လိုက်ပါတယ်။
▪ရက်အနည်းငယ်ရောက်တော့ ဗိုလ်အောင်ဒင်ကို မမြဝင်းက အိမ်ပြန် ပို့ပေးဖို့သာ ချော့ ပြောနေခဲ့ပါတယ်။ ဒီလိုနဲ့မမြဝင်း စိတ်ထိခိုက်ပြီး နေမကောင်းဖြစ်ပါတော့တယ်။စိတ်ထိခိုက်နေတဲ့ မမြဝင်းကို သနားပြီး ဗိုလ်အောင်ဒင်က သေချာ ဆရာဝန်ပင့် ကုသပေးလိုက်ပါတယ်။နေကောင်းရင် ပြန်ပို့ပေးပါမယ်လို့လည်း ပြောလိုက်ပါတယ်။
▪တကယ်တော့ ဗိုလ်အောင်ဒင်က မမြဝင်းအိမ်ကို ဓားပြတိုက်ထဲက မြင်မြင်ချင်း စွဲလမ်းခဲ့ရတဲ့သူမို့ သေချာစောင့်ရှောက် ထားပါတယ်။ နောက်တော့ တပည့်သုခကို ရင်ဖွင့်တော့ သုခက ဖွင့်ပြောဖို့ မြှောက်ပေးလိုက်ပါတယ်။ ဒါကြောင့် ဗိုလ်အောင်ဒင်က မမြဝင်းကို သူရဲ့အချစ်တွေ ဖော်ပြဖို့ မမြဝင်းဆီ သွားခဲ့ပါတယ်။ အဲအချိန်မှာ မမြဝင်းက ဗိုလ်အောင်ဒင်ကို ကြောက်လန့်တကြားဖြစ်ပြီး ကာကွယ် တုံ့ပြန် လိုက်ပါတယ်။
▪ဗိုလ်အောင်ဒင် သူ့ကြောင့်ဒဏ်ရာရသွားတော့ မမြဝင်းက သနားပြီး ဒဏ်ရာ ပျောက်အောင် ပြုစုပြီးမှ ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်း သံယောဇဉ်တွေဖြစ်သွားပါတယ်။ဒါပေမဲ့ မမြဝင်းက သူ့ချစ်သူ ဦးဘချစ်ကို သစ္စာထားသူမို့ ရှေ့ဆက်မတိုးခဲ့ဘဲ စောင့်ထိန်းခဲ့ပါတယ်။
ဒီလိုနဲ့ ဦးဘချစ်နဲ့ပုလိပ်တွေက မမြဝင်းကို ကုသခဲ့တဲ့ ဆရာဝန်ဆီက တဆင့်သိရတာတွေကို ခန့်မှန်းပြီး သွားခဲ့ပါတယ်။ ဦးဘချစ်တို့ လမ်းခရီးမှာ ဗိုလ်အောင်ဒင်တပည့်တွေနဲ့တွေ့ပြီး ဗိုလ်အောင်ဒင်ရှိတဲ့နေရာကို ရောက်လာခဲ့ပါတယ်။
▪နောက်ဆုံးခန်းလေးကတော့ သုံးယောက်ဆုံပြီး အချစ်ကို ထိပ်တိုက် ဖြေရှင်းကြတဲ့ အခန်းလေး ဖြစ်ပါတယ်။ ဗိုလ်အောင်ဒင်က သူနဲ့ ဦးဘချစ် ဘယ်သူ့ကို ရွေးမလဲလို့ မေးလိုက်ပါတယ်။ ဗိုလ်အောင်ဒင်နဲ့ ဦးဘချစ်တို့ကြား ဝေခွဲမရဘဲ မမြဝင်း အခက်တွေ့နေခဲ့ပါတယ်။အဲဒါကြောင့် ဦးဘချစ်နဲ့အတူပါလာတဲ့ ပုလိပ်ကဝင်ရောက်ပြီး ကံကြမ္မာကို ဆုံးဖြတ်ခိုင်းဖို့ အကြံပေးလိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရှုံးနိမ့်တာကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံပေးရမယ်ဆိုတဲ့ ကတိထားလိုက်ကြပါတယ်။
▪ဒီလိုနဲ့ ပုလိပ်က ဦးဘချစ်နဲ့ဗိုလ်အောင်ဒင်ရဲ့ လက်ကိုင်ပဝါတစ်ခုစီကို ချပြီး မမြဝင်းမျက်နှာကို အဝတ်စည်းပြီး ရွေးချယ်ခိုင်း လိုက်ပါတယ်။မမြဝင်းလည်း ရင်တထိတ်ထိတ်နဲ့ ဆွဲလိုက်ပြီး မျက်နှာပေါ်က အဝတ်ကို ဖယ်လိုက်ချိန်မှာ ဦးဘချစ်ရဲ့ လက်ကိုင်ပဝါ ဖြစ်နေခဲ့ပါတယ်။မမြဝင်းက သူ့ချစ်သူ လက်ကိုင်ပဝါလေးမို့ ရုတ်တရက် ဝမ်းသာပြီး “ဟင်….ကိုကိုချစ် လက်ကိုင်ပဝါပါလား”လို့ ပြောလိုက်မိပါတယ်။ ဒီဇာတ်ဝင်ခန်းလေးက ဗိုလ်အောင်ဒင်ရုပ်ရှင်ကို ကြည့်ရှု့ခဲ့သူတိုင်း ရင်ထဲ စွဲထင်မှတ်မိနေမဲ့ ဇာတ်ဝင်ခန်းလေးဖြစ်မယ်လို့ ထင်မိပါတယ်။
▪ဗိုလ်အောင်ဒင်ဟာ ကတိအတိုင်း သူရှုံးတဲ့အခါမှာ ပြုံးပြီး ရင်ကွဲတာကို ဟန်ဆောင်ပြီး ဦးဘချစ်နဲ့မမြဝင်းတို့ကို သေချာပို့ပေးဖို့တောင် တပည့်တွေကို ညွှန်ကြားလိုက်ပါသေးတယ်။ဒီအဆုံးသတ်လေးကြည့်ပြီး ဗိုလ်အောင်ဒင် ဟာ မကောင်းမှုတွေ ကျူးလွန်ခဲ့ပေမဲ့ စိတ်ကောင်းရှိပြီး ကတိတည်တတ်သူ ၊ သနားညှာတာတတ်သူ ဆိုတာ သိမြင်နိုင်ပါတယ်။
▪ဒီဇာတ်ကားက စာရေးဆရာ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ ဆရာရွှေဒုံးဘီအောင်က ပွဲဦးထွက်အဖြစ် သေချာရိုက်ကူး ပြသခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ရှေးဟောင်း ဂန္ထဝင် ဖြူမဲ ရုပ်ရှင်ဇာတ်ကားကို ပြန်လည် လွမ်းဆွတ်ဖွယ် တင်ဆက် ပေးလိုက်ပါတယ်။
MyanmarMicrofilm
MyanmarMovie
BoAungDin
CrdMyanmarMicrofilm
သိုး
နာမည်ကျော်ကြားလူကြိုက်များခဲ့ကြသော မြန်မာရုပ်၇ှင် သရုပ်ဆောင်ကြီးများ၏ ဘဝ နှင့်အနုပညာ ( Coontar Cartoon. Posts)
၁။
@ဦးအောင်လွင် သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီနှင့် တစ်သက်တာအကယ်ဒမီဆုရရှိသော ရခိုင်လူမျိုး ရုပ်ရှင်မင်းသားနှင့် ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။ ဦးအောင်လွင်၏ အနုပညာ ခရီးသည် လွန်စွာကြာမြင့်ပြီဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောက၏ မှတ်တမ်းစာအုပ်ကြီးသဖွယ် ရုပ်ရှင် ဗဟုသုတများ ဖြန့်ဝေပေးသူဖြစ်ပါသည်။
@U Aung Lwin is an Rakhine film actor and director who won the Myanmar Film Excellence Award and Lifetime Achievement Award. U Aung Lwin’s artistic journey has been very long, and he is a person who distributes film knowledge like a big record book of the Myanmar cinema world.
@this background music by “Heroes” is 100% no copyright background music (royalty free )
အကယ်ဒမီဦးအောင်လွင် စံရွေမောင်
Movie Talk Jolly Swe part ( 1 )
Movie Talk Jolly Swe part ( 2 )
Movie Talk မအေးကြည် 01 / 02 /03 /04 /05/06
Movie Talk မေမင်းသမီးများ
Movie Talk အသာမစံ အနာခံ လူကြမ်းများ ဦးသိုက်စိုး 01
Movie Talk အသာမစံ အနာခံ လူကြမ်းများ ဦးသိုက်စိုး 02
Movie Talk အသာမစံ အနာခံ လူကြမ်းများ ဦးသိုက်စိုး 03
Movie Talk A 1 U Ba Nyunt A
Movie Talk A 1 U Ba Nyunt B
Movie Talk အသာမစံ အနာခံ လူကြမ်းများ ဦးဌေးဝင်း 06
