မြန်မာစာပေ သမိုင်း ၊ ဦးဖေမောင်တင် ။နှင့် မြန်မာစာအုပ်များ ။

ဦးဖေမောင်တင် မြန်မာစာပေ သမိုင်း စာအုပ် အကြောင်း ( ၁)

ဆရာတင်ညွနိ့ – ရီုးမပေါ် ကျတဲ့ မျက်၇ည် ( စ- ဆုံး)

မှတ်ဖွယ်မှတ်ရာ
စာပဒေသာ ( ၂ )

မြန်မာ့ စာပေ သမိုင်း

🌸🌺”ဝဏ္ဏပဘာချီရတု”🌸🌺
🌸🌺(တောင့်တဲတွန့် ရတု)🌸🌺

ရယ်ရှ ွင်ပြုံးတုံ့ မပြုံးတုံ့

စာပေမိတ်ဆွေ တစ်ဦး ရှာဖွေ ပေးတာ
အထူးကျေးဇူးတင်ရပါတယ်
ပြန်လည်မျှဝေလိုက်ပါတယ်

🌸🌺ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ဆင်ထိုက်ဟန်၊ ဆင်းစုံကြန်တည့်၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်လှထိန်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထဘီနှင့်၊ မျက်စီရွှေနားဋောင်း၊ နွဲ့နွဲ့နှောင်းမူ၊ ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင်ကော့ညွတ်သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုက်အေးကတိုးရည်၊ ထုံမျိုးကြည်၍၊ နတ်ပြည်မိုးသူဇာ၊ ပျံသက်လှာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ရွှေရောင်ဝင်း၊ လှမှန်ကင်းကို၊ ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ။🌸🌺

🌸🌺ဒေဝစ္ဆရာ၊ ပြင်လျာတင့်ဆင်းရောင်၊ ရွှေကြက်တောင်နှင့်၊ လှခေါင်ပြစ်မျိုးလွတ်၊ ပြာထွတ်ထွတ်လျှင်၊ ရစ်ပတ်ခြူးမြှောင်စီ၊ ရွှေထဘီနှင့်၊ အာနီသိန်းတန်မျိုး၊ ရွှေခါးကြိုးလည်း၊ စံမျိုးနေ့တိုင်းပင်၊ အမြဲဆင်၍၊ ကျွန်းတွင်ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းကွာ၊ မိုးသူဇာသို့၊ ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်၊ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့။🌸🌺

🌸🌺ပဉ္စကလျာ၊ ညိုပြာတင့်ဆင်းရောင်၊ ရွှေကြက်တောင်နှင့်၊ ဖြူရောင်ရေးထင်စွ၊ သွယ်ခွေချ၍၊ ထွန်းပကိုယ်ရောင်ဝင်း၊ ပြာနွဲ့ရှင်းမူ၊ ပျံ့သင်းနံ့သာပျောင်း၊ မမွှေးတောင်းတည့်၊ တင့်ကြောင်းဆင်းစံပယ်၊ ရှုချင်ဖွယ်တည့်၊ နိကာယ်ဆင်းရောင်မြေ့၊ ဆယ်နှစ်စေ့ကို၊ ကြံရွေ့သံရည်ထင်၊ မြင့်ကြာတင်ခဲ့၊ ပုံပြင်နတ်တူလျော၊ ပြာနွဲ့ချောလျှင်၊ တင့်မောလွန်ကျစ်လျစ်၊ ပုလဲနှစ်သို့၊ ပြေပြစ်တင့်ဆုံဆည်း၊ မိညက်ကြည်းသည်၊ စုလည်းထုံးတုံ့ မထုံးတုံ့။🌸🌺

(ရှင်မဟာရဋ္ဌသာရ)
(မြန်မာသက္ကရာဇ် ၈၃၀-၈၉၂)

မှတ်ချက်။ ။ သျှင်မဟာရဋ္ဌသာရ၏ ဘဝသည် နန်းသူတို့အလယ်တွင် ထင်ရှား ကျော်ကြားခဲ့၏။ ကဗျာလင်္ကာ စာဆိုတော်လေးဖြစ်သောကြောင့် နန်းတွင်းသူ အလှကလေးများက ပျူငှာအခွင့်အရေးပေး၍ မြတ်နိုးမိကြမည်။ ထိုအထဲတွင် သျှင်မဟာရဋ္ဌသာရနှင့် နှစ်ကိုယ်တူ ရည်မျှ၍ ချစ်ခဲ့ရသူမှာ ‘ ဝဏ္ဏပဘာ ‘ ခေါ် လှကလျာ ဖြစ်ခဲ့ပါသည်။ သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ကဗျာဆရာ ဖြစ်သည့်အလျောက် ဝဏ္ဏဘာ၏ အလှကို လင်္ကာဖြင့် ကုံးသီခဲ့၏။ ရတုဖြင့် ရေးစီခဲ့၏။ ဆရာတော်သည် ဝဏ္ဏပဘာ၏ အလှသရုပ်ကို”တောင့်တဲတွန့်ရတုပိုဒ်စုံ” ဖြင့် ဖော်ထုတ်လှစ်ပြခဲ့၏။ ထိုရတုမှာ လူ့အဖြစ် လူ့ဇာတိကပင် ချစ်သူ၏ အလှကို ခြယ်မှုန်းခဲ့သည်ဟု ယူဆရ၏။ အဘယ့်ကြောင့်ဆိုသော် “ပုရေနိသင်” ချီရတုတို့၌ ရဟန်းဘဝဖြင့် စပ်ဆိုရာ အထိန်းအချုပ်ဖြင့် စပ်ဆိုခဲ့သည်။ “ဝဏ္ဏပဘာ” အဖွဲ့မှာကား ချစ်သူ၏ အလှကို အားကုန်ခြယ်မှုန်း၍ သီကုံးဖွဲ့ဆိုခဲ့ခြင်းဖြစ်၏။ ထို့ပြင် မျက်စိအောက်တွင် ရှုမြင်ရသည့်အတိုင်း ဖွဲ့ဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဝဏ္ဏပဘာရတုကို ငယ်စဉ်လူ့ဘဝက ရေးသားခဲ့သည်ဟု ယူဆစရာ ရှိပေသည်။

Credit to the original uploader.
Htakehtar Lay
6-7-2021 @5:47 PM.

မြန်မာတွေဟာ သာမန် လူမျိုးတွေမဟုတ်ကြ
သမိုင်းရှိတယ် ရှည်တယ်
ရာဇဝင်ရှိတယ်
ယဉ်ကျေူးမှု ရှိတယ် ရှည်လျားတယ်
လူမျိုးစရိုက်ကောင်းတယ်
မျိုးနဲ့ရိုးနဲ့တော်ကြတယ်
စာပေ အရာမှာလဲ အစွမ်းထက်တယ်
ခေတ်အဆက်ဆက်
စာပေပညာရှင်တွေအများကြီးပေါ်ထွန်းခဲ့တယ်
အနုပညာစွမ်းပကားကလဲမြင့်တယ်
ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့နိုင်ငံ
ကျေးဇူးရှင်ဆရာတော်ကြီးများ ေပါ်ထွန်းခဲ့
နယ်ပယ်အသီးသီးမာ
ထူးချွန်သူေတွများစွာထွက် ေပါ်ခဲ့တယ်
ဂုဏ်ယူစရာကောင်းတဲ့
အမိမြန်မာနိုင်ငံတော်ကြီး ပါ