Myanmar Education : A Literecy Campaign

ဖတ်စရာ မှတ်စရာ ( ၁၃၅ )
မှတ်ဖွယ်မှတ်ရာ
ပညာရေးရာ
စာပဒေသာ

ဘယ်သူပြိုင်လို့ လှပါတော့နိုင်

ယနေ့ ၂၁ ရာစုမှာရှိနေကြတဲ့
ကျွန်တော်တို့အရွယ် အသက် ၇၅ နှစ်ကျော်
သက်တန်းရောက်နေကြပြီဖြစ်တဲ့ အဖိုးကြီးများရဲ့
၂၀ရာစု ငယ်စဉ်ကာလကျွန်တော် တို့ခေတ်
၁၉၇၀ တက္ကသိုလ် နှစ် ၅၀
ရွှေရတုကာလနှစ်များ ခေတ်များက
တက္ကသိုလ် ကျောင်းသားလူငယ်ဘဝတွေမှာ
သမိုင်းတွင်ကျန်ရစ်စေခဲ့သော
မြန်မာ့ပညာရေး လှုပ် ရှားမှုကြီးတစ်ရပ်

၂၀ ရာစု မြန်မာ့သမိုင်းထဲမှာ
မေ့ပျောက်လို့မရ
မေ့ဖျောက်၍ မထားသင့်သော
မြန်မာ့ပညာရေးသမိုင်းထဲမှာ
ထူးခြားထင်ရှားခဲ့သည့်
တစ်နိုင်ငံလုံး တောရောမြို့ပါမကျန်
ပညာရေးဝန်ထမ်းများ BEd တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့်
အခြား တက္ကသိုလ်ကျောင်းသားကျောင်းသူများ
ခေတ်လူငယ်တွေအများအပြား ပါဝင်ခဲ့ကြသော
အထက်မြန်မာပြည်တက္ကသိုလ်ကျောင်းသားတွေက အောက်ကိုဆင်း
အောက်မြန်မာပြည် တက္ကသိုလ်ကျောင်းသားတွေက အထက်ကိုတက် ကြဖြင့်
တစ်နိုင်ငံလုံး အုံးအုံးကြက်ကြက်
တက်ညီလက်ညီ ပါဝင်လုပ်အားပေး
ကူညီဆောက်ရွက်ခဲ့ကြပြီး
အထူးအောင်မြင်ခဲ့သည့်
တစ်နိုင်ငံလုံး စာမတတ်သူပပျောက်ရေး
အသုံးလုံး ပညာရေးအောင်ပွဲကြီး ဖြစ်ခဲ့ပါတယ်

မွေးနေ့တူ မိတ်ဆွေကြီး
ဟင်္သာတ တက္ကသိုလ် ပါမောက္ခ ဦးခင်မောင်ချို မှ
မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများ ဧရာဝတီဒေသသို့ သွားရောက်ခဲ့ကြသည့်အသုံးလုံးလုပ်အားပေးခရီးစဉ် အကြောင်း ကိုကူးယူဖေါ်ပြအပ်ပါသည်

ဆရာစာတွေ့တော့မှ

မြန်မာ့ ရုပ်ရှင် ပဂေးကြီး ရုပ်ရှင်ဒါရိုက်တာကြီး စာရေးဆရာ ကြီးဦးသုခရိုက်ကူးထုတ်လုပ်ပြသခဲ့သော အသုံးလုံး ပညာပေးဇာတ်ကားကြီးထဲမှ ဝထကလသ သီချင်းကို မြစ်ကြီးနားတက္ကသိုလ်မှ အသုံးလုံး လုပ်အားပေး တက္ကသိုလ် ကျောင်းသားပညာရှင်တစ်ဦးရေးစပ်ခဲ့ကြောင်း သိရှိရပါသည်

ဆရာကြီးဦးသုခ ဘယ်သူပြိုင်လို့လှပါတော့နိုင် ရုပ်ရှင်ကားကြီးမှာလည်း အထူးကြော်ကြားအောင်မြင်ခဲ့ပြီး စာမတတ်သူ ကျေးလက်တောရွာသား လူရိုး ကြီးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုက်ခဲ့သူ လူကြမ်း မင်းသားကြီးအံ့ကျော် အပါအဝင် မြန် မာ့ ရုပ်ရှင် အကယ်ဒမီဆုကြီးများကိုဆွတ်ခူးရရှိခဲ့ပါသည် ၊
ရုပ်ချစ်သူ ရုပ်ရှင်ဝါသနာအိုးများအတွက် ရင်ကိုထိစေခဲ့သော ရသမြောက် ပညာပေးရုပ်ရှင်ကားကြီး တစ်ကားဖြစ်ခဲ့ပါတယ်

၀၊ ထ၊ က၊လ၊သ သက်ကြီး မြန်မာ ဖတ်စာ တီထွင်ခဲ့သော ဆရာကြီး မင်းသုဝဏ် (ကွယ်လွန်)၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးသုတေသန ဗျူရိုမှ ဆရာကြီး-ဒုတိယဗိုလ်မှူးကြီး စံမြင့်(ယခု Dr.သန်းဦး) ဦးသံ ဗျင် တို့နှင့်အတူ
အသုံးလုံး ပညာရေးစနစ်ကို စတင် တီထွင်ခဲ့ကြသူများထဲမှ ပညာရေး သုတေသန ပညာရှင် ဦးသန်းဦးရဲ့ကျေးဇူးများကား နိုင်ငံအတွက်အထူးကြီးမာလှပါသည်

ရည်ညွှန်း

မိတ်ဆွေ ဆရာကြီး ရဲ့
AungGyi face book post
8 September 2020 ပေါ်ကစာ

ယနေ့ည ပြသနေသော ရုပ်ရှင်ဇာတ်ကား – ” ဘယ်သူပြိုင်လို့ လှပါတော့ နိုင်” ကို မြစ်ကြီးနားကောလိပ်တွင် ၁၉၇၂ – ခုနှစ် မတ်လတွင် ကျောင်းသားကျောင်းသူများအား ပြသ၍ လုပ်အားပေးကျောင်းသားများ စည်းရုံးခဲ့ရာ ကောလိပ်တစ်ခုလုံးရှိကျောင်းသား ( ၄၀၀) ကျော်အနက် (၂၀၀) ကျော်လိုက်ပါ လုပ်အားပေးခဲ့ကြပါသည်။
၁၉၇၂-ခုနှစ် ဧပြီလ တစ်လလုံး-လုပ်အားပေးကြသည်။
ကချင်ပြည်နယ်တောင်ပေါ်ဒေသမှ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဘိုကလေးမြို့နယ်၊ ပင်လယ်ဝရှိ အမာ၊ ကဒုံကနိကျေးရွာများသို့ သွားရောက်သင်ကြားပေးခဲ့ရပါသည်။
ရန်ကုန်မြို့မှ သမ္ဘူလ ၂ထပ်သင်္ဘောဖြင့် တစ်စီးလုံး အပြည့်လိုက်ပါခဲ့ကြသည်။
ကြီးကြပ်ဆရာ/ဆရာမ မျာ:အဖြစ် ဦးသန်းထွန်းဦး(ကွယ်လွန်)၊ ဦးသန်းလွင်(ယခု ရန်ကုန်)၊ ဒေါ်လီလီ ကြည်ဝင်း (ယခု U.S.A) -ဒေါ်ညာကြည် (ယခု ပုသိမ်)တို့ပါဝင်ကြပါသည်။


မြစ်ကြီးနားကောလိပ်ကျောင်းအုပ်ကြီး-ဦ: စိုင်းအောင်ထွန်း [ (အသက် ၈၉ နှစ်ကျန်းမာဆဲ – အငြိမ်းစား နိုင်ငံတော်ကောင်စီဝင်၊ မြန်မာသမိုင်းအဖွဲ့-ဒုတိယဥက္ကဌ (အငြိမ်းစား)]၏ ကိုယ်ရောစိတ်ပါ အားပေးကူညီဆောင်ရွက်ပေးခဲ့မှုကြောင့် ကျောင်းသားကျောင်းသူ ၅၀% ကျော် ပါဝင်လုပ်အားပေးခဲ့ခြင်းဖြစ်ကြောင်းကို အလေးအမြတ်
မှတ်တမ်းတင်ဖေါ်ပြအပ်ပါသည်။


၀၊ ထ၊ က၊လ၊သ သက်ကြီး မြန်မာ ဖတ်စာ တီထွင်ခဲ့သော ဆရာကြီး မင်းသုဝဏ် (ကွယ်လွန်)၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးသုတေသန ဗျူရိုမှ ဆရာကြီး-ဒုတိယဗိုလ်မှူးကြီး စံမြင့်၊ ဦးသန်းဦး၊(ယခု Dr.သန်းဦး) ဦးသံ ဗျင် ၊ဦးတင်လှ၊ ဦးဘကြည်
ဦးမြအေးတို့အား ကျေးဇူးတင်ဂုဏ်ပြုရပေသည်။


” အ “သုံးလုံး စီမံကိန်း၏ပဲ့ကိုင်ရှင် ပညာရေးဝန်ကြီးဌာန-ဒုတိယဝန်ကြီး-ဒေါက်တာညီညီ (ယခု-အငြိမ်းစားညွှန်ကြားရေးမှူး UNDP- New York.U.S.A) (အသက် ၉၀ နှစ်) ကို အထူးဂုဏ်ပြုမှတ်တမ်းတင်သင့်သည်ဟု အလေးအနက် ယုံကြည်ပါသည်။
အဆိုပါ စီမံကိန်းကြီးအောင်မြင်မှုတွင် အဓိကဦးစီးဦးဆောင် ပြုလုပ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဆရာကြီး ဦးစံသာအောင် (ကွယ်လွန်) ညွှန်ကြားရေးမှူးချုပ်၊ အထက်တန်းပညာဦးစီးဌာန ကို အလေးထားဂုဏ်ပြု မှတ်တမ်းတင်ရပါမည်။
အဆိုပါရုပ်ရှင်ကား၌ အသုံးပြုခဲ့သော အဓိကဇာတ်
၀င်တေးကို မြစ်ကြီးနားကောလိပ်ကျောင်းသား-ကိုသိန်းထွန်းရေးစပ်သော ကဗျာကို သံစဉ်ထည့် သွင်း သီဆိုခဲ့ခြင်းဖြစ်ပါသည်။
စာသင်ချိန်
ညမှာထိန်လင်း လပြည့်ဝန်းကို
ရေးမယ်ဆိုက “ဝ” ခေါ် သတဲ့ဦးကြီးရဲ့ “
” ၀ ” ကို နှစ်လုံး၊ပူးလျက်သုံးက
” ထ ” ခေါ် သဗျ၊ အဒေါ် ရ။
” ထ ” ကိုအောက်ကဖျက်၊ အသံထွက်ကို
” က ” ဆိုသတဲ့ ဦးကြီးရဲ့
” ထ ” စာလုံးကို ဘယ်မှာ အောက်ဖျက်
ညာထက်ဖျက်က “လ” ခေါ်သဗျ အဒေါ်ရ။
” ထ ” စာလုံးရေး၊ ဘယ်မှာဘေး ပွင့်
ညာထက်ပွင့်ကို “သ” ခေါ်သတဲ့ ဦးကြီးရဲ့။
ဦးဦး၊ဒေါ်ဒေါ် အခေါ်အဝေါ်
မလွဲချော်အောင်
အော်ဟစ်ခါခါ ဆိုကြပါဗျ
” ၀၊ ထ၊ က ၊လ ၊ သ “
သိန်းထွန်း
( မ-က-န ကောလိပ်)
လုပ်အားပေး ကျောင်းသား၊ ကျောင်းသူများ၊
ဒေသခံ ဆရာ၊ ဆရာမ များ -စီစဉ်ဆောင်ရွက်ခဲ့သူ အားလုံးကို ဤ ရေးသားချက်ဖြင့် အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

တစ်ချိန်တုန်းက ” အ ” သုံးလုံးလုပ်အားပေး စည်းရုံးရေးလုပ်ခဲ့သော ကျောင်းဆရာ -ခင်မောင်ချို-နည်းပြ – ဒဿနိကဗေဒဌာန – မြစ်ကြီးနားကောလိပ်။
[၁၂ ရက် -မတ်လ -၁၉၇၁ ခုနှစ် မှ ၃၀ ရက် – စက်တင်ဘာလ -၁၉၇၄ ခုနှစ်]

မေတ္တာဖြင်. ပါမောက္ခ ခင်မောင်ချို တာဝန်ခံပါမောက္ခချုပ် (အငြိမ်းစား) ဟင်္သာတ တက္ကသိုလ်

ဆရာ ဦးခင်မောင်ချို ခေါ် မိတ်ဆွေကြီး ဦးအောင်ကြီး ကို အထူးကျေးဇူးတင်စွာဖြင့်

အေးမြင့် ( ညောင်တုန်း )
23 September 2024င