FLOODS မှတ်ဖွယ်မှတ်ရာ ဆည် မြောင်းရေးရာ စာပဒေသာ၊ ရေကြီးရခြင်း အကြောင်းရင်း

၁ ။ ရေကြီးရခြင်း အကြောင်းရင်း ။ Aye Chan Min Fb post . 16 September 2024

ရေကြီးခြင်း အကြောင်းအရင်း…
ယခုရက်ပိုင်း မြန်မာပြည်နေရာတော်တော်များများမှာ ရေကြီးနေရခြင်းအကြောင်း…

တချို့ လိုင်းပေါ် အရပ်ထဲ ပြောနေကြတဲ့ စကားတွေက ဆည်တွေ တမံတွေကို ရေဖောက်ချလို့ဆိုတဲ့စကားက လူပိန်းအကြိုက် တဖတ်သက်အမြင်လို့ဘဲ ကျနော်မှတ်ယူထားလိုက်ပါတယ်..ဆည် တာတမံဆိုတာ သေချာလေ့လာဘူးသလား မြင်ဘူးလားလို့ မေးချင်ပါတယ်..

ကျနော်လေ့လာမိခဲ့တဲ့ ဆည် တမံတွေ တော်တော်များပါတယ်…
ဆည်တစ်ခုမှာ အသုံးပြုရမည့်အချက်ကို ဆည်ကြီးမတည်ဆောက်ခင်ကနေ ကြိုတင်တွက်ဆထားရပါတယ်။
စိုက်ပျိုးရေး သီးသန့်လား ရေအားလျှပ်သုံးစွဲဖို့လားဆိုတာ အင်ဂျင်နီယာတွေ ကြိုတင်တွက်ချက်ပြီးမှ တည်ဆောက်ရတာပါ။

ရေအားလျှပ်စစ်တည်ဆောက်ရသည့် ဆည်တစ်ခုကို ကျနော်လေ့လာခဲ့သလောက်ပြောပြပါမယ်။
ဆည်ရဲ့ တစ်နှစ်ပတ်လည် လျှပ်စစ်ဓာတ်အားအသုံးပြုမှုကို ဆည်သိုလှောင်ရေက လုံလောက်နိုင်ပါ့မလားဆိုတဲ့အချက်ရယ် အကျယ်အဝန်းနှင့် ဆည်ရဲ့အမြင့်ပေကို တွက်ချက်ပြီးမှ တည်ဆောက်ရတာပါ။
ဆည်ရဲ့ အောက်တည့်တည့်မှာ ဂျင်နရေဒါစက်တွေ ထိုင်ပေးရပါတယ်။စက်တွေလည်ပတ်နိုင်ဖို့ ရေပြွန်ပေါက်တွေကို ဆည်ရဲ့ဘေးကနေ မြေအောက်ကနေ ရေထိန်းတံခါးတွေနဲ့ အသုံးပြုပေးရပါတယ် ဆည်ရဲ့ အထက် တဝက် ဘေးဘက်တွေကနေ ဆည်ရေပြည့်အမှတ်နဲ့ချိန်ညှိပြီး ရေပိုလွှဲတွေ ပြုလုပ်ပေးရပါတယ် ။
ဆည်ရဲ့ စိုးရိမ်ရေအမှတ်နဲ့ဆည်ဘောင်ရဲ့အမြင့် Level မှာ ရေပိုလွှဲတွေ ထပ်မံပြုလုပ်ပေးရပါတယ်။
ဆည်မှာ တာဝန်ကျသူတွေက လျှပ်စစ်ဓာတ်အား စိုက်ပျိုးရေး အတွက် အသုံးပြုနိုင်မည်ရေပမာဏကို ရေထိန်းတံခါးမှတဆင့်ဘဲ ဖွင့်ပိတ်လုပ်ပေးနိုင်ပါတယ်…
ရေပြွန်ပေါက် ရေထိန်းတံခါးတွေကလည်း လျှပ်စစ် ဂျင်နရေတာတွေ လည်ပတ်ခံနိုင်ဝန်လောက်ကိုဘဲ တည်ဆောက်ပေးရပါတယ်..
စိုက်ပျိုးရေးအတွက် အသုံးပြုမည်ဆည်များကလည်း စိုက်ပျိုးရေးအတွက် တူးမြောင်းတွေနဲ့ လိုက်ဖက်ရုံလောက်ဘဲ တည်ဆောက်ပေးရပါတယ်။

ဆည် တမံများမှာ ဆည်အမြင့် ဆည်ရေပြည့်အမှတ် အောက်ဆုံး နူံးထုချန်၍ ရေထုတ်လွှတ်နိုင်မည့် အောက်ဆုံးရေအမှတ်ဆိုတာ တွက်ချက်ပြီးသားပါ။

ရေဘယ်လို ကြီးနိုင်သလဲ…
ကန်ရေပြည့်အမှတ် ရောက်ပြီဆိုရင်တော့ ပထမ ရေပိုလွှဲမှ ရေ စတင်ကျော်ပါမယ်
ကန်ရေပြည့်အမှတ် နဲ့ တမံအမြင့် တဝက်မှ ဒုတိယ ရေပိုလွှဲမှ ရေထပ်မံကျော်ပါမယ်
တမံအမြင့်နဲ့ Level မှာ တတိယရေပိုလွှဲထပ်မံကျော်ပါမယ် ဒါကတော့ နောက်ဆုံးအဆင့်ပါ။

ဆည်တွေ တမံတွေ ရေဖောက်ချဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့အချက်ကြီးပါလို့ ပြောပါရစေ…

ဆည်ဘောင်တွေ တည်ဆောက်ရမှာ အခိုင်အမာဖြစ်ဖို့ ကွန်ကရစ်ထုထည်ကြီးတွေနဲ့ ပထမဦးစွာ တည်ဆောက်ရပါတယ် ပြီးရင် သိပ်သဲတဲ့ မြေထုလွှာကို ထပ်ပိုးရပြန်ပါတယ်
ပြီးလျှင် ကွန်ကရစ် ချုပ်တန်းတွေနဲ့ ရေဆောင့်တိုးမှုဒဏ်ကို ခံနိုင်ဖို့ ကျောက်ကြီးတွေစီထည့်ရပါတယ် ပြီးလျှင် သဲကြမ်းနဲ့ အကြပ်ရိုက်ထည့်ရပါတယ်။
ဒီထက်မက ပိုမိုခိုင်ခံ့အောင်တည်ဆောက်ရပါတယ်။
ဆည်ဘောင်တွေရဲ့ အမြင့်ဆုံး အနံဟာ ပေ ၂၀ အထက်မှ ၃၀.၄၀ အထိရှိပါတယ် A ပုံစံအတိုင်းဆိုရင် အောက်ဆုံး ဆည်ဘောင်ရိုးဟာ ဘယ်လောက်အထိ ထုထည်ရှိမလဲ တွက်ဆကြည့်ပါ။
ကဲ ဆည် တမံ ရေဖောက်ချတယ်ဆိုတဲ့အချက် ဖြစ်နိုင်သလားဆိုတာ မိမိတို့ အတွေးအခေါ်နဲ့ သုံးသပ်နိုင်ပါတယ်။

မှတ်ချက် တစ်ခုပေးလိုတာကတော့ ဒေသသုံးဆည် ကျေးလတ်သုံးဆည်အသေးစားတွေမှာတော့ အထက်က ဆည် တမံအကြီးတွေလို စနစ်တကျ တည်ဆောက်ပေးတာမျိုးမရှိပါဘူး ဒါကလည်း မလိုအပ်ဘူးထင်လို့ပါ။
ကျနော် ကျေးလတ်ဒေသတစ်ခုက ဆည်လေ့လာရာမှာတော့ ချောင်းအသေးစားလေးကို ပိတ် မြေအထပ်ထပ်နဲ့ ဘောင်လုပ်ပေးပါတယ်
ဆည်ရဲ့ ခိုင်နိုင်ဝန် ရေအမှတ်မှာ ရေပိုလွှဲလုပ်ပါတယ် စိုက်ပျိုးရေး အတွက် ရေထိန်းတံခါးလည်းရှိပါတယ် ထူးခြားတာတစ်ခုကတော့ ဆည်ဘောင်မြေသားဟာ သဲနူံးဆန်ဆန်ဖြစ်နေတာပါ ဆည်ဘောင်ပေါ်မှာ ကြွက်တွင်း ထူးတွင်းတွေပါ တွေ့ခဲ့ရပါတယ်။

ကံဆိုးချင်တော့ တစ်ရက်မှာ အဲ့ဒီ ဆည်လေးရှိတဲ့လမ်းက ညနေမှာ ဖြတ်သန်းခဲ့ပါတယ်။
မိုးကလည်း သဲသဲမဲမဲရွာနေတာ ၃ နာရီလောက်ရှိပါပြီ အဲ့ဒီ ဆည်အောက်က ချောင်းကိုဖြတ်ရမှာပါ ကျနော်ကား ချောင်း​မြင်ရချိန်မှာ ရေဟာ ၂ ပေလောက်သာ ရှိပါသေးတယ် ကား ချောင်းနှခမ်း အရောက်မှာ ရေလုံး ဆောင့်တိုးလာတာ တွေ့လိုက်တော့ ကျနော် အရေးပေါ် ထိုးရပ်လိုက်ရပါတယ်။
ကားကို နောက်ပြန်ဆုက်ချိန်မှာ ချောင်းရေဟာ တဆတဆနဲ့ ချောင်းပြည့်လာပါတယ် ပြီးရင် ချောင်းပါ လျှံလာတယ် ကျနော်ကုန်းမြင့်တနေရာအထိဆုက်လိုက်ရပါတယ် နောက်ဆုံး ကျနော်နေတဲ့ ကုန်းမြင့်လေးကို ရေပတ်လည်ဝိုင်း၍ ထိည ဘုရားတ၍ ကားပေါ်အိပ်လိုက်ရပါတယ်။
မနက်လင်းတော့ ရေကျ ကားဖြတ်မောင်းတော့ ထိုဒေသဆည်အောက်က ချောင်းနဘေးရွာလေးထဲအထိ ရေဟာ ၆ပေ ၇ ပေ အထိ ရေလွှမ်းခဲ့ပါတယ် ။
တစ်ခု ကံကောင်းတာက ချောင်းရေ ပြည့်လာတာနဲ့ ရွာသူရွာသားတွေက ဒါဟာ ပုံမှန်ရေမဟုတ်တော့ဘူး အထက်ကဆည်ကျိုးပြီဆိုတာ ချက်ချင်းသိတာနဲ့ လူနွား တရိစ္ဆာန် ပစ္စည်းတွေ ကုန်းမြင့်ကို ချက်ချင်းရွှေ့ပြောင်းကြလို့ ဘာမှ ဆုံးရှူံးမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။

သဘာဝဘေးဆိုတာ ကြိုမသိနိုင်ပေမယ့် အခြေအနေနဲ့ အချိန်အခါကိုတော့ သတိဝရိယနဲ့ နေထိုင်တက်ဖို့တော့လိုပါတယ်။

တချို့ လူပိန်းတွေးသလို ဆည်ပေါက်တာလား ဆည်ဖောက်ချနိုင်သလားဆိုတာ သိစေချင်လို့ပါ။

ဆည် တမံများဟာ နိုင်ငံတကာမှာလည်းရှိကြပါတယ် ဆည် တမံများကို အမှီပြုပြီး လျှပ်စစ် စွမ်းအင်တွေ စိုက်ပျိုးရေ သုံးစွဲရေကို သုံးစွဲရပါတယ်။ ဆည်တွေ တမံတွေမရှိရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာလည်း တွေးတောကြပါ။

Aye chan min.

Flood by Nargis Cyclone in Myanmar in 2008 May 2

ရေကြီးရခြင်းအကြောင်းရင်း ဦးထွန်းလွင်