FLOODS In MYANMAR ( 11 -15 ) September. 2024 Aftermath of Super Typhon Yagi Flooding in VIETNAM 1 / 3

https://fb.watch/uH5RqTwnhd/?

1 – More than 100 people killed in Myanmar ,caused by remnants of Super Typhoon Yagi / CNA News 16 September 2024

၂- ရေမကြီးခင်နဲ့ ရေပြန်ကျချိန် လုပ်ရမဲ့ အချက်တွေ – BBC News မြန်မာ

အစွန်းရောက်ရာသီဥတုတွေ၊ ပြင်းထန်မုန်တိုင်းတွေနဲ့ တောတောင်ပြုန်းတီးတာကြောင့် ရေကြီးမှုနဲ့ တောင်ပြိုမှုတွေကို မကြာခဏကြုံတွေ့လာရပါတယ်။
သဘာဝဘေးထဲမှာ ရေဘေးနဲ့မြေပြိုမှုကြောင့်အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုက အဆိုးဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။

မြန်မာမှာ နှစ်စဉ်နှစ်တိုင်းရေကြီးမှုအန္တရာယ်ကိုကြုံရသလို ဒီနောက်ပိုင်းကာလတွေမှာတော့ တစ်နှစ်ထဲမှာတောင် အကြိမ်ကြိမ်ကြုံလာရပါတယ်။

ဒီရုပ်သံမှာ ရေဘေးအန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာနဲ့ ရေကြီးနစ်မြုပ်ပြီးနောက် ရေကျချိန်မှာ သတိထားရမယ့်ဆောင်ရန်၊ရှောင်ရန်တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ရဲ့အကြံပြုချက်တွေကို ကိုးကားပြီး ဘီဘီစီကရှင်းပြထားပါတယ်။

– ဘီဘီစီမြန်မာပိုင်း #ရေကြီးမှု #ရေဘေးအန္တရာယ် #ရာသီဥတု

၃ – နိုင်ငံတဝှမ်း စိုး၇ီမ်စရာရေကြီးနေ 12 -9-2024 ( You Tube video )

၄- တပ်ကုန်းရေကြီးနေမှု 11 September 2024 ( You Tube video )

– နေပြည် တော် တပ်ကုန်း ရေကြီးနေမှုကြီး Breaking News 11 -9-2024

၅- နေပြ ်တော်အနီး မကြုံစဘူးရေကြီးန 12။ September 2024 ( Myanmar Now M/N )

၆- ဖေါက်ပြန်ခါတဲ့ ရာသီဥတု နဲ့။ အားပြင်း လာတဲ့ Typhoon Yagi မုန်တိုင်း 7 September. 2024 ( You Tube video )

၇ – 12 September 2024 Floods / Yagi Typhoon / ဝမ်းတွင်းမြို့နယ် စမုံဆည် တမံ? ရေ အနက် ၈ ပေ ရေကြီး ။ ( RFA News )

၈- နေပြည်တော် တပ်ကုန်း ရေမြုပ် ၁၀- ၉ -၂၀၂၄ ရေကြီးနေပြီ ( You Tube video )

နေပြည်တော်တပ်ကုနိး 11 September 2024

တရုတ် ဗီယက်နမ် Yagi Typhoon မုန်တိုင်းအဖျားခတ်ပြီး တပ်ကုန်းရေကြီးနပြီ ၁၀-၉-၂၀၂၄

၉- မြစ်သားမြို့သွားတဲ့ လမ်းပေါ်မှာ ရေကြီးမှုကြောင့် ဆင်တွေ မနည်း ကူးနေရ ၁၂ -၉-၂၀၂၄ ( You Tube videos )

ဆင်သေချောင်းနားက ရွာတွေ ကို ရေ မတက်ခင် ကယ်ဆယ် ရေူ ပြုလုပ်နေ ၁၂ – ၉-၂၀၂၄ ( You Tube video )

၁၂ -၉-၂၀၂၄ ယနေ့ ည ၉ နဦရီ မြစ်သား မြို့ပေါ်မှာ ရေကြီးမှုကြောင့် ကြောက်စရာ မြင်ကွင်း

၁၃ – နေပြည်တော် ရေထပ်ကြီးအုနိးမည်. ( ၁၁-၉- ၂၀၂၄ ) You Tube video

၁၂ -၉-၂၀၂၄ နေပြည်တော် ရမည်းသင်း ၊မိတ္ထီလာ ၊မိတ္ထီလာ နဲ့ ကျောက်ဆည် ခရီုင် တွေ ရေဘေးကြုံနေရပြီး လူ ၁၀ ဦးသေဆုံး ။ ဝမိးတွင်း မြို့နယ် စမုံဆည် ? ကင်းတားဆည်

၁၁- ၉-၂၀၂၄ မိုးများ လို့ ပျော်ဘွယ်၊ ရ၎ည်းသင်း ၊ကျောက်ဆည် နဲ့ မြစ်သားနယ် ထဲ ရေကြီးနစ်မြုပ် နေ

၁၂ – ၉၂၀၂၄ နေပြည်တော်နားက ကျေးရွာ တွေမှာ အရမ်းဆိုး နေပြီ

၁၂ – ၉-၂၀၂၄ နေပြည် တော် / တပ်ကုန်း ရေကြီးသတင်း,

၁၀ – ကလော ရေဘေး

ကလောရေကြီး 14 September 2024လေးသောင်းတစ်ယောက်အလှုခံလိုက်အုံးမယ်။ကလောရေကြီးမှု့အခြေအနေကတော့မတွေးဝံ့စရာ၊အသေအပျောက်ကလဲးများ။ကယ်ဆယ်ရေစခန်းမှာလူတွေအစာရေစာနဲးပါးနေလို့လေးသောင်းမြရာပင်ဟော်တယ်ကနေ့စဉ်ထမင်းဘူး၊ရေသန့်ဘူး၁၀၀ပို့နေတယ်။လှုချင်တဲ့လူရှိရင်အသား၊ကြက်ဥကြော်၊ရေသန့်တဘူးနဲ့တရက်တစ်သိန်းလောက်ကျမယ်။ဒုက္ခရောက်နေတဲ့လူတွေဆီအရောက်ဝန်ထမ်းတေချက်ပြုတ်ပြီးလုပ်အားဒါနပါတယ်။တရက်စာလှုစာရင်းနဲ့တကွရေဘေးရှောင်စခန်းမှာကြေညာပေးမယ်။လေးသောင်းကိုယုံကြည်စွာနဲ့kpay 09795007060 ဦးသောင်းစိန်ကိုလွှဲးလိုက်။🙏🙏🙏ဆောင်ရွက်ပေးပါ့မယ်။kpay လွှဲးရင်အမည်နဲ့ရေဘေးလို့မှတ်ချက်ရေးလိုက်နော်။စာရင်းရှင်းတမ်းနောက်ပိုင်းပို့ပေးမယ်။လွှဲးမယ်ဆိုအပေါ်ဖုံးအတိုင်ဆက်အုံးနော်စစ်ပြီးပြန်ပြောမယ်☎️09795007060

၁၁ – ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွွှဲမှ ၁၁ ဒသမ ၅ ပေခန့် ရေကျော်စီးဆင်းနေဟုဆို

Eleven Media Group Co., Ltd NEWS

as explained by an Irrigation Department Engineer about the dams

PUBLISHED 13 SEPTEMBER 2024

ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွွှဲမှ  ၁၁ ဒသမ ၅ ပေခန့် ရေကျော်စီးဆင်းနေကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်း၏ ပြောကြားချက်အရ သိရသည်။

ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်နေသည့်အခြေအနေနှင့်စပ်လျဉ်း၍  စက်တင်ဘာ ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများဖော်ပြထားသည့် အင်တာဗျူးတွင် ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး၊  ပြည်နယများတွင်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရသည့် အဓိက အကြောင်းရင်းသည် စက်တင်ဘာ ၇ ရက်တွင်  ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသည့် လေပွေလှိုင်းများ၏ အကျိုးသက်ရောက်မှုနှင့် မိုးရေချိန်လက်မများစွာ ရွာသွန်းခဲ့၍ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

“လက်ရှိမှာ ရေပိုလှွဲက ရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခုရှိပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ရေလှောင်တမံတွေမှာ ကန်ရေပြည့်အမှတ်ဆိုတာရှိပါတယ်။ အဲဒီကန်ရေပြည့် အမှတ်ကိုကျော်ပြီး ရေစီးဝင်လာတဲ့အခါ ရေပိုလှွဲကနေစီးထွက်ပြီး မူလချောင်းထဲကို ပြန်ရောက်သွား တာဖြစ်ပါတယ်။ အဲဒီလိုရေပိုလှွဲက ရေကျော်စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခုရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်”

ထိုသို့ ရေကျော်စီးဆင်းသည့်အခါ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု စီမံချက်အရ ရေပိုလှွဲမှ ရေကျော်ပါက အရေးပေါ်အခြေအနေ အဆင့် (၁) အဖြစ်သတ်မှတ်ပြီး အစိမ်းရောင်အလံကို ရေလှောင်တမံနှင့် တမံအောက်က ဆက်စပ်တည်ရှိသည့် ကျေးရွာများတွင် စိုက်ထူပြီး ဒေသခံပြည်သူများ သိရှိနိုင်အောင်အသိပေးကြောင်း၊ အဆိုပါ အခြေအနေတွင် ဒေသခံများအနေဖြင့် စိုးရိမ်ရန်မရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ပြီဆိုသည်ကို သိရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အခြေအနေမှ ရေမှတ်ထပ်တက်လာပြီး ရေလှောင်တမံ၏ ရေကြီးမှတ်ကို ရောက်သည့်အခါ အရေးပေါ်အခြေအနေ အဆင့် (၂) အဖြစ်သတ်မှတ်ပြီး အဝါရောင်အလံကို လှွင့်ထူပါကြောင်း၊ ရေကြီးမှတ်ဆိုသည်မှာ ရေပိုလှွဲကိုတည်ဆောက်စဉ်က အများဆုံးလာနိုင်မည်ဟု တွက်ချက်ထားသည့် ဒီဇိုင်းအရရောက်နိုင်သည့် ရေအမှတ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် ဒေသခံပြည်သူများအနေဖြင့် သတိနှင့် စောင့်ကြည့်ဖို့လိုသည့် အခြေအနေဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်တက်၍ တမံထိပ်ပြင်သို့ ရေကျော်နိုင်သည့်အခြေအနေ ဖြစ်လာသည့်အခါ တမံကျိုးပေါက်နိုင်သည့် အခြေအနေရှိ၍ အရေးပေါ်ရှွေ့ပြောင်းခြင်းများ လုပ်ဆောင်နိုင်အောင် အနီရောင်အလံကို အရေးပေါ်အခြေအနေ အဆင့် (၃) အဖြစ် စိုက်ထူအသိပေးကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးကြောင်း ၎င်းကပြောကြားသည်။

“ဒါကြောင့် ရေကျော်စီးဆင်းနေတဲ့တမံတွေမှာ အရေးပေါ်အခြေအနေအဆင့် (၁) အနေနဲ့ အစိမ်းရောင် အလံများလှွင့်ထူထားပါကြောင်း အသိပေးလိုပါတယ်။ အဝါရောင်အလံစိုက်ထူထားတဲ့ တမံမရှိ သေးပါကြောင်းကိုလည်း အသိပေးလိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

နေပြည်တော်နယ်မြေတွင်ရှိသည့် အဓိကရေလှောင်တမံကြီးများထဲမှ  ပေါင်းလောင်း၊ ငလိုက် တမံနှစ်ခုသာ ရေကျော်ခြင်းရှိကြောင်း၊ ကျန်သည့် တမံများအနေဖြင့် ကန်ရေပြည့်အမှတ်ကို မရောက်သေးသည်ကိုတွေ့ရကြောင်း၊ နေပြည်တော်ဧရိယာအတွင်းမှ ချောင်းများကို ရှမ်းကုန်းပြင်မြင့်မှစပြီး စီးဆင်းသည့် ချောင်းများနှင့် အလယ်ရိုးမကိုအခြေခံသည့် ချောင်းများဆိုပြီး ခွဲခြားနိုင်ကြောင်း၊ လက်ရှိ မိုးရွာသွန်းခဲ့သည်မှာ ရှမ်းကုန်းပြင်မြင့်ကိုအခြေခံပြီး စံချိန်တင်မိုးရေချိန်များ ရွာသွန်းခဲ့ခြင်းကြောင့် ယင်းမှစီးဆင်းလာသည့်ရေများသည် နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်းမှ စုစည်းပြီး ဆင်သေချောင်းမှ တစ်ဆင့် နောက်ဆုံးပေါင်းလောင်းချောင်းထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာခဲ့၍ ချောင်းရေများ ရုတ်တရက်မြင့်တက်ပြီး ရေကြီးရေလျှံခြင်းများဖြစ်ခြင်းများ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

“အဓိကကတော့ နဝင်းချောင်းနဲ့ဆင်သေချောင်းက စီးလာတဲ့ရေတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်သေချောင်းရေကြီးလို့ တပ်ကုန်းနဲ့ နေပြည်တော်ထဲက အချို့ရပ်ကွက်တွေထဲကို ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဆင်သေချောင်းပေါ်မှာတည်ဆောက်ထားတဲ့ ဆင်သေဆည်ကတော့ ရေပြည့်ဖို့ ၁၂ ပေ တောင်လိုနေပါသေးတယ်။ အလားတူ ရေဆင်း၊ ချောင်းမငယ်၊ မဒန်း စတဲ့ တမံတွေဟာလည်း ရေပြည့်ဖို့လိုနေပါသေးတယ်။ ပေါင်းလောင်းရေလှောင်တမံအနေနဲ့ လက်ရှိမှာ ရေပိုလှွဲက ၁၁ ဒသမ ၅ ပေလောက် ရေကျော်စီးဆင်းနေပြီး ပေါင်းလောင်းချောင်းထဲကို ဝင်ရောက်နေပါတယ်။ ဒါ့အပြင် ဆင်သေချောင်းရေဟာလည်း ပေါင်းလောင်းချောင်းထဲကို စီးဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရေတွေပေါင်းပြီး ပေါင်းလောင်းချောင်းရေမြင့်လာကာ ပေါင်းလောင်းရေလှွဲဆည်မှာ ၁၁ ပေ လောက် ရေကျော်စီးဆင်းနေတာဖြစ်ပါတယ်။ အဲဒီရေတွေဟာ ဆက်လက်စီးဆင်းပြီး တောင်ငူမြို့ကို မကြာခင်ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်တောင်းမြစ်ရေဟာ မြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကြိုတင်အသိပေးကြေညာထားပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

အလားတူ နေပြည်တော်နှင့်ကပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးထဲမှ ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ဒေသများတွင်လည်း အရှေ့ဘက်တွင်ရှိသည့် ရှမ်းကုန်းပြင်မြင့်ဧရိယာတွင် စံချိန်တင်မိုးရေချိန်ရွာခဲ့သဖြင့် ရေများအလုံးအရင်းနှင့်စီးဆင်းလာပြီး ဒေသမှာရှိသည့် ဆည်ငယ်၊ ကန်ငယ်များထဲသို့ုစီးဝင်ပြီး တာပေါင်ပေါ်ရေကျော်ခြင်း၊ ရေတိုက်စားခြင်းများဖြစ်ခဲ့ကြောင်း၊ အဆိုပါရေများသည်  နေပြည်တော်ထဲကိုစီးသည့် နဝင်းချောင်းထဲသို့ ရောက်ရှိသလို မိတ္ထီလာလွင်ပြင်ထဲမှ စမုံမြစ်ထဲကို စီးဆင်းသွားခြင်းများရှိကြောင်း ၎င်းကဆိုသည်။

“ ဒီဒေသတွေမှာ တစ်နှစ် ပျမ်းမျှရွာတဲ့ မိုးရေချိန်က လက်မ ၃၀ ပတ်ဝန်းကျင်ပဲရှိပါတယ်။ အခုလိုမျိုး တစ်ရက်ထဲမှာ ၁၀ လက်မကျော် တစ်ပေနီးပါးလောက် ရွာတဲ့အခါမှာ ပုံမှန်စီးဆင်းနေတဲ့ ချောင်းတွေဟာ ရုတ်တရက်ဝင်လာတဲ့ ရေတွေကိုကောင်းကောင်းမသယ်နိုင်တော့ဘဲ ရေကြီးရေလျှံတာတွေ၊ အနိမ့်ပိုင်းနေရာတွေကို ဝင်တာတွေ ဖြစ်ပေါ်လာပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အဲဒီဒေသတွေမှာ မကြုံစဖူးရုတ်တရက်ရေကြီးတာတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုပဲ ရှမ်းကုန်းပြင်မြင့်က စီးဆင်းလာတဲ့ဇော်ဂျီမြစ်ရေဟာ အချိန်တိုအတွင်း မြင့်တက်လာတဲ့အတွက် ကျောက်ဆည်မြို့အပါအဝင် မြစ်ဘေးဝန်းကျင်မှာရှိတဲ့ ဒေသတွေ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

ထို့ပြင် ကျောက်ဆည်၊ မြစ်သား စသည့် ဒေသများတွင်လည်း ဇော်ဂျီမြစ်ရေမြင့်တက်လာနိုင်သည့် အခြေအနေ များရှိ၍ သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများနှင့်ပူးပေါင်းပြီး ဒေသခံများကို ကြိုတင်အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် ဇော်ဂျီမြစ်၏ အဖျားပိုင်းတွင် မိုးနည်းလာပြီး မြို့ကြီးရေလှွဲဆည်တွင်လည်း ရေလျော့ကျလာခြင်းကို တွေ့ရကြောင်း၊ သို့သော် စမုံမြစ်နှင့် ပန်းလောင် မြစ်ရေများသည် ဇော်ဂျီမြစ်ထဲကို စီးဆင်းနေပြီး ကျောက်ဆည်မြို့အောက်ပိုင်းတွင်  ရေတောင့်နေသည့်အတွက် မြို့ပတ်ဝန်းကျင်တွင် ရေမလျော့သေးကြောင်း၊ မြစ်အထက်ပိုင်းမှာရှိသည့်  ရေလှောင်တမံများကလည်း ရေကျော်စီးဆင်းမှု လျော့ကျလာသည့်အတွက် တစ်စုံတစ်ရာ စိုးရိမ်ရန်မရှိကြောင်း ၎င်းက ပြောကြားသည်။

“ပေါင်းလောင်းမြစ်အနေနဲ့ကတော့ ဆင်သေချောင်းရေနဲ့ ပေါင်းလောင်းချောင်းရေတွေပေါင်းပြီး စီးဆင်းနေလို့ ပေါင်းလောင်းရေလှွဲဆည်မှာ စံချိန်တင်ရေအမှတ်ကိုရောက်ခဲ့ပြီး လက်ရှိမှာတော့ ရေပြန်ကျနေပါတယ်။ ဒါပေမယ့် ဒီရေတွေဟာ အောက်ဘက်ကိုဆက်စီးသွားပြီး တောင်ငူမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ တောင်ငူမြို့မှာလည်း စစ်တောင်းမြစ်ရေဟာ မြင့်တက်နေတဲ့အတွက် လတ်တလောအနေနဲ့ ရေလျော့ကျဖို့မရှိသေးကြောင်းနဲ့ ဒေသခံများအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြဖို့ အသိပေးပြောကြားလိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

ထို့ပြင် မိမိတို့ဌာနအနေဖြင့် မိုးလေဝသသတင်းများအရ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများပြီး ရေဝင်ရောက်မှုမျာမည်ဟု ခန့်မှန်းရရှိသည့်အတွက် ဌာနဝန်ထမ်းများကို ကြိုတင် အသိပေးခြင်းများ၊ စဉ်ဆက်မပြတ် စောင့်ကြည့်သတင်းပေးပို့ရန်၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလုပ်ရန်၊ ညှွန်ကြားခြင်းများ ဆောင်ရွက်သလို ရေဝင်ရောက်မှုများကို စောင့်ကြည့်စီမံခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်

၁၂ – ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်ပေါင်း ၆၄ မြို့နယ်နှင့် ရပ်/ကျေး ၄၆၂ ခုတွင် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းများအရ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦး ရှိဟုဆို ( Eleven Media Group Co., Ltd )

NEWS

PUBLISHED 14 SEPTEMBER 2024

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်ပေါင်း ၆၄ မြို့နယ်နှင့် ရပ်/ကျေး ၄၆၂ ခုတွင် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းများအရ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦး ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၆၄ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၄၆၂ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက် ညပိုင်း အထိရရှိသောစာရင်းများအရ ပြည်သူ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့ပြင် အထက်ပါ ရပ်ကွက်၊ ကျေးရွာများ အတွင်း ရေကြီးရေလျှံခဲ့မှုကြောင့် လမ်းအရှည် ၃၂၆၄၅ ပေ၊ တံတား ၂၄ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် လူနေအိမ် ၆၅၇၅၉ လုံး ရေဝင်နစ်မြုပ်၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်လာမှုနှင့်အတူ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည်တို့ ဖြစ်ပွားခဲ့သည်။

ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ ယနေ့(စက်တင်ဘာ ၁၄ ရက်)တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်း/အဖွဲ့များက လိုအပ်သည့်ညကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



ထို့အပြင် ရေများပြန်လည်ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာ များအတွင်း၌ တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့(စက်တင်ဘာ ၁၄ ရက်)တွင် နေပြည်တော်ကောင်စီနယ်မြေရှိ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင်ဘေလီ အစားထိုးပြုပြင် ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ချဉ်းကပ်လမ်းပျက်စီးသွားသောနေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတား(ဆင်သေချောင်းကူး)အား ယာယီဘေလီတံတား အစားထိုးခြင်းကို ဆောင်ရွက်ခဲ့ရာ ယနေ့(စက်တင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းတွင် ပြီးစီးပြီဖြစ်၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။



ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၁၃ – မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးရှိ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာနှင့် ပန်းတောင်ကျေးရွာတွင် လူ ၂၅၀ ခန့် ပျောက်ဆုံးနေပြီး အလောင်းများ ထပ်မံတွေ့ရှိရကာ အကူအညီများ လိုအပ်နေ ( Eleven Media Group Co., Ltd )

NEWS

PUBLISHED 14 SEPTEMBER 2024

မိုးထိမိုးမိရွှေလုပ်ကွက်အနီးရှိ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာနှင့် ပန်းတောင်ကျေးရွာတွင် လူ ၂၅၀ ခန့် ပျောက်ဆုံးနေပြီး အလောင်းများ ထပ်မံတွေ့ရှိရကာ အကူအညီများ လိုအပ်နေကြောင်း ရမည်းသင်းဒေသခံတစ်ဦးက စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

” ဒီနေ့ သိရတဲ့သတင်းအရ သပြေပင်က လူ ၂၀၀ လောက်ပျောက်နေတယ်။ နောက်တခါ ပန်းတောင်မှာလည်း လူ ၅၀ လောက်ပျောက်နေတယ်” ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းအထိ ရရှိသည့်စာရင်းများအရ အလောင်း ၃၅ လောင်း တောင်ပေါ်မှ ရေများနှင့်အတူ ပါလာသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

” တောင်ပေါ်က ကျတဲ့ကန်ထဲကိုပေါ့ လူသေဝင်လာတာက တမြန်နေ့က ၂၈ ယောက်။ ဒီနေ့ ရှစ်ယောက်။ ပေါင်း ၃၆ ယောက်ပေါ့။ သပြေပင်မှာ လူထောင်နဲ့ချီ ရှိလောက်တယ်။ ရွှေတောလုပ်ကွက် တပိုင်တနိုင်လုပ်ကွက်လည်းရှိတော့ နေတဲ့သူများတယ်။ တော်တော်လည်း စည်စည်ကားကားကို ဖြစ်နေတာ။ ရွာကလည်း ရွှေလုပ်ကွက်နဲ့ဆိုတော့ နေနိုင် စားနိုင်တဲ့သူများတယ်။ အဆင်ပြေကြတယ်။ ကြေးနီကန်မကြီးမှာ ပေါ်လာတဲ့အလောင်းတွေလည်းတွေ့တယ်။ ကလေးအလောင်းလေးတွေလည်း တွေ့ရတယ်” ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းအထိ ရရှိထားသည့် သတင်းများအရ သေဆုံးသူနှင့် ပျောက်ဆုံးသူ ၇၅ ဦးရှိနေပြီး လက်ရှိတွင် သေဆုံးသူထပ်တိုးလာခြင်းဖြစ်ကာ တောင်ပေါ်သို့တက်ရသည့်လမ်းများ ပျက်စီးနေသဖြင့် သေဆုံးနှင့် ပျောက်ဆုံးအတိအကျရရှိရန် ခက်ခဲနေကာ အကူအညီများလည်း လိုအပ်နေသည်ဟု ရမည်းသင်းဒေသခံအချို့က ပြောကြားသည်။

” ရမည်းသင်းမှာ အခုထိ ကယ်ဆယ်ရေးမလုပ်နိုင်သေးပါဘူး။ မနက်က ၆ နာရီခွဲလောက်မှာ မြင်းနားက ညီမလေး ဖုန်းဆက်လာပါတယ်။ အခုထိ ရွာဘေးက လယ်ကွင်းတွေမှာ လာပြီးတင်နေတဲ့ DBတွေကို မရှင်းလင်းနိုင်သေးပါဘူးတဲ့။ သုံးညအိပ်လေးရက် ဖြစ်လာတဲ့အတွက် ပုပ်ပွနေပါပြီတဲ့။ ရွာသူရွာသားတွေ မှာလည်း ကိုယ့်ဒုက္ခနဲ့ကို ဖြစ်နေတော့ ဧည့်အဖြစ်ရောက်လာတဲ့ DB တွေကို ရှင်းဖို့ရာ မလုပ်နိုင်ကြသေးပါဘူး။ မနေ့ညကကို တောင်ပေါ်က ရေပြန်ကျလာလို့ ပြေးကြရသေးပါတယ်။( ရမည်းသင်းမှာလဲ အခြေအနေအရမ်းဆိုးတဲ့ နေရာတွေရှိပေမဲ့ လောလောဆယ် ကိုယ်နဲ့အဆက်သွယ်ရတဲ့ သွားလာလို့ အဆင်ပြေတဲ့မြင်းနားရွာကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်) အခု အရေးတကြီး လိုနေတာက ညညဆို ချမ်းလွန်းလို့ စောင်အပါးလေးတွေ လိုနေပါတယ်တဲ့။ အဝတ်ကတော့ အရှက်လုံရုံဆိုရင် ရပါပြီတဲ့” ဟု ရမည်းသင်းဒေသအချို့နှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

၁၄ – ■ ကလောမြို့တွင် ရေပြန်ကျနေပြီး အလောင်း ၁၂ လောင်းတွေ့ရှိ၊ အများစုမှာ မိသားစုလိုက် သေဆုံးမှုများဖြစ်နေ ( Eleven Media Group Co., Ltd )

NEWS

PUBLISHED 14 SEPTEMBER 2024

ကလောမြို့တွင် ရေပြန်ကျနေပြီး အလောင်း ၁၂ လောင်းတွေ့ရှိ၊ အများစုမှာ မိသားစုလိုက် သေဆုံးမှုများဖြစ်နေကြောင်း ကလောမြို့တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူအချို့က ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်အထိ ရရှိထားသည့် စာရင်းများအရ အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ဆယ်ကျော်သက်အမျိုးသားတစ်ဦးပါဝင်ကြောင်း ကလောမြို့တွင် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

” ဒီနေ့အထိ ၁၂ လောင်းတွေ့ပါတယ်။ ၁၁ လောင်းကတော့ ကျွန်တော်တို့ သဂြိုဟ်ပြီးသွားပြီ။ တစ်ယောက်ကတော့ မသဂြိုဟ်ရသေးပါဘူး။ကလေးက နှစ်ယောက်ပေါ့။ ရှစ်နှစ်တယောက်၊ ၁၈ နှစ်တစ်ယောက်ပါတယ်။ အခုဟာက  မိသားစုလိုက် ဖြစ်တာများတယ်။ ရပ်ကွက် ၃ က အများဆုံးပဲ။ အိမ်လိုက်ကျွတ်ပါသွားတာပေါ့။ အဖေတစ်ယောက်ပဲ ကျန်တယ်။ အမေနဲ့ သားတစ်ယောက်ဆုံးသွားတာရှိတယ်” ဟု ကလောမြို့ခံ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ကလောမြို့တွင် ထိခိုက်မှုအများဆုံး ခံစားခဲ့ရသည့်နေရာများမှာ ရပ်ကွက် ၂၊ ၃၊ ၄ တို့ဖြစ်ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာအချို့တွင် သေဆုံးမှုများနှင့် ပတ်သက်ပြီး မမှန်သတင်းများ တက်နေသဖြင့် ဖြေရှင်းနေရကြောင်း အဆိုပါကလောမြို့ခံက ပြောကြားသည်။

” လူရာကျော်သေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲ့ဒါတွေ တွေ့ရင် ကျွန်တော်တို့မှာ အချင်းချင်းပြန်မေးရတယ်။ ဘယ်နေရာမှာတွေ့တာလဲဆိုပြီးတော့။ အခုထိတော့ ကျွန်တော်တို့ရထားတဲ့စာရင်းက ကျန်တဲ့သူတွေကိုပါ မေးထားတာပါ။ ၁၂ ဆိုတာက ဒီနေ့(စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်း) အထိ ရရှိထားတဲ့စာရင်းပါ” ဟု ကလောမြို့တွင် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ကလောမြို့တွင် လတ်တလောအေနေဖြင့် တင်ကျန်ခဲ့သည့် ရွှံများကို ပြန်လည်သန့်ရှင်းရေးလုပ်နေပြီး ဆေးဝါး၊ ဆန်၊ ဆီ အစရှိသည်တို့ လိုအပ်လျက်ရှိသည်ဟု သိရသည်။

” ကျွန်တော်တို့ဆီကို လာမေးကြတာ သွေးချို၊ ဆီးချိုဆေးတွေ လာမေးကြတယ်။ ပြီးတော့ ဆန်၊ ဆီနဲ့ ချက်စရာပြုတ်စရာပေါ့။ နောက်ကျတော့မှ ပြန်လည် ထူထောင်ရေးအပိုင်းအတွက် လိုအပ်မယ်။ အခုကတော့ ခုနက ပြောတာတွေ လိုအပ်နေတယ်” ဟု ကလောမြို့ခံ ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

၁၅ – ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ရှစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိဟု နစက စာရင်းအရ သိရ ( Eleven Media Group Co., Ltd )

NEWS

PUBLISHED 15 SEPTEMBER 2024

ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် လူ ရှစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားခဲ့သော မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတိုနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီနေရာမှာ ပြည်သူလူထုကို ကျွန်တော် အသိပေးပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးလုပ်နေသူတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လှစ်လျူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်မှာ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲ့ဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီး ဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အချို့ ရှိပါတယ်။ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံဆေးခန်းများကို ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်ပြီး သတိပေးချက်များကို သြဂုတ် ၂၉ ရက်ကစပြီး ထုတ်ပြန်ခဲ့သလို တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် သတိပေး လှုံ့ဆော်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ဒီနေရာမှာ ပြည်သူလူထုကို ကျွန်တော် အသိပေးပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးလုပ်နေသူတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လှစ်လျှူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို  မှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်မှာ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲ့ဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီး ဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အချို့ ရှိပါတယ်။ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံဆေးခန်းများကို ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်ပြီး သတိပေးချက်များကို သြဂုတ် ၂၉ ရက်ကစပြီး ထုတ်ပြန်ခဲ့သလို တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် သတိပေး လှုံ့ဆော်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်နှင့်တ်သက်ပြီး နိုင်ငံတော်အစိုးရအနေနှင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဝန်ကြီးများအနေနှင့်လည်း သဘာဝဘေးဒဏ်သင့်ဒေသများကို ကိုယ်တိုင်ကွင်းဆင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(Disaster Management Committee- DMC)အနေနှင့်လည်း ၂၄ နာရီ အရေးပေါ်ဖွင့်လှစ်ပြီး အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်လျက်ရှိပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ NGO အဖွဲ့များ၊ စေတနာရှင်ပြည်သူများအနေနှင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို အားတတ်ဖွယ် တွေ့ရကြောင်း ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မနေ့က နေ့လယ် တစ်နာရီလောက်မျာ တောင်ငူဒေသ ဇရပ်ကြီး အနောက်ဘက် ရွာများကို ရွှေ့ပြောင်း ကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေး အဖွဲ့ထဲမှာ ပါတဲ့ တပ်မတော်သား တစ်ဦး၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး ရေထဲ မြောပါပြီး ကျဆုံး ခဲ့ရပါတယ်။ ဒီ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ သက်စွန့်ဆံဖြား ပါဝင်နေတဲ့ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ  အပါအဝင် Volunteer ပြည်သူလူထု ကယ်ဆယ်ရေး အဖွဲ့တွေ အားလုံးကို ဒီနေရာကနေ အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေနဲ့ ကူညီ ကယ်ဆယ်ရေး နောက်ဆက်တွဲ လုပ်ငန်းတွေ အဖြစ် ဆန် ရိက္ခာများအတွက် သက်မှတ် ငွေနှုန်းထားတွေနဲ့ သေဆုံး၊ ဒဏ်ရာ ရသူများကို ငွေကြေး ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။ အိမ် ဆုံးရှုံး သူများကို စာရင်း ကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ် မူတည်ပြီး သတ်မှတ်နှုန်းထားများအတိုင်းလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ် ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်း၌ နေထိုင်ချိန်တွင် စားသောက်မှုအတွက် စာသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွင် အလှူငွေများလည်း ပေးအပ်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မိမိတို့၏ စုစည်းအား၊ ညီညွတ်သည့်အင်အားကို ပြသရန်လိုပြီး မိမိတို့၏ ပြည်တွင်းအား၊ မိမိတို့၏ ပေါင်းစည်းအားနှင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၁၆ – လူပေါင်း ၇၀၀ လောက် မြေအောက် ထဲ ရောက် သွားရတဲ့ ၇မည်းသင်းက ရွာ ( You Tube Video )

၁၇ – Maung Nyi Fb post 15 September 2024

Flooded Myanmar –
This is only one of a great many scenes of hundreds/maybe thousands of flooded towns and villages in Myanmar.

The people are helpless –
There is no responsible or legitimate government to help alleviate the suffering the people, which is additional to widespread arsons, shelling and bombings. These abominable artworks are still going on as the flood areas spread.
Official aid is shamefully absent.

The climate victims are helpless – the whole country is in complete chaos. How can any body help anybody else?

And the junta will abuse and misuse any help that might come from the world community. so embarrassingly sad.

I think that the catastrophe will have to run its course, whatever the cost in human misery. So unashamedly sad!

၁၈ – U Aye Myint Facebook post

ရာသီဥတုတွေပြောင်းနေတာသိကြပါသလား

အင်ဂျင်နီယာ စာရေးဆရာကြီး ဦးကျော်ဦး၏
ပူးတွဲဖေါ်ပြပါ စာအုပ်များတွင်
လေ့လာဖတ်ရှု အသုံးချနိုင်ကြပါသည် ။

ယနေ့အလွန်အမင်း ထူးကဲရေကြီးဖြစ်စဉ်များ၏
အကြောင်းရင်းခံ သဘောသဘာဝများကို
ဖတ်ရှု ရှာဖွေ သိမြင်နိုင်ကြပါမည် ။

– Kyaw Oo Facebook post

မကြုံစဖူးရေဘေးနှင့်ပတ်သက်၍ အဖြစ်နိုင်ဆုံးအကြောင်းရင်းကို ပဋိလုံနည်းဖြင့် အောက်ပါအတိုင်း စဉ်းစားကြည့်ပါသည်။

ဘာ့ကြောင့် မကြုံစဖူးရေကြီး။
ရက်ဆက်မိုးသည်းထန်၍ ရေကြီး။

ဘာ့ကြောင့် ရက်ဆက်မိုးသည်းထန်။
လေထုထဲ ရေငွေ့တွေ ပိုရောက်၍ ရက်ဆက်မိုးသည်းထန်။

ဘာ့ကြောင့် လေထုထဲ ရေငွေ့တွေပိုရောက်။
လေထုရော၊ ရေထုပါ ပိုပူလာ၍ လေထုထဲ ရေငွေ့တွေပိုရောက်။ (ရေနွေးတည်သောအခါ ရေငွေ့တွေ ထွက်လာသလို)

ဘာ့ကြောင့် လေထုရော၊ ရေထုပါ ပိုပူလာ။
အပူကိုလှောင်ထားတတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ပိုရောက်လာ၍ လေထုရော၊ ရေထုပါ ပိုပူလာ။

ဘာ့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ပိုရောက်။
လူတို့က ရုပ်ကြွင်းလောင်စာများကို ပိုသုံး၍ ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ပိုရောက်။ (အဓိကအကြောင်း ဖြစ်သည်။ သစ်တောတွေ ခုတ်တာကြောင့်လည်း ပါသည်။)

သို့ဆိုလျှင် ဆက်မေးရမှာက –

ရုပ်ကြွင်းလောင်စာများကို ဘယ်သူတွေက ပိုသုံးခဲ့သလဲ။
ရုပ်ကြွင်းလောင်စာများကို စတင်သုံးစွဲခဲ့သူများ၊ ဆက်လက်၍ အလုံးအရင်းနှင့် သုံးစွဲခဲ့သူများမှာ ယနေ့သက်ရှိထင်ရှား လူသားတို့၏ ဘ ဘိုး ဘေး ဘီ ဘင်များ ဖြစ်ကြသည်။ ကျွန်တော်တို့ မျိုးဆက်လည်း အလုံးအရင်းနှင့် သုံးစွဲနေကြဆဲပင် ဖြစ်သည်။

ရုပ်ကြွင်းလောင်စာတွေ သုံးရင် ဒီလိုဖြစ်မယ်မှန်း မသိခဲ့ကြဘူးလား။
မသိခဲ့ပါ။ မသိခဲ့၍ သုံးခဲ့ကြခြင်း ဖြစ်ပါသည်။

ဒါဖြင့် ဘာဆက်လုပ်ကြမလဲ။
ဘာဆက်လုပ်ရမလဲ ဆိုသည်ကို ၂၀ဝ၉ ခုနှစ်က ကျွန်တော် ရေးသားထုတ်ဝေခဲ့သည့် “ဥတုရာသီ ပြောင်းခဲ့ပြီ” စာအုပ် ၂၀ဝ၉ ခုနှစ်ထုတ် စာမျက်နှာ ၂၇၄-၂၇၅ နှင့် ၂၀၁၈ ထုတ် စာမျက်နှာ ၁၂၀-၁၂၁ တို့တွင် ရေးခဲ့ပါသည်။ စာအုပ်လက်ဝယ်ရှိသူများ ပြန်ဖတ်နိုင်ကြပါသည်။ စာအုပ်လက်ဝယ်မရှိသူများအတွက် ဝေမျှရလျှင် –

လွန်လေခဲ့ပြီးသော မျိုးဆက်များသည် ရုပ်ကြွင်းလောင်စာဖြင့် လည်ပတ်သော စက်ကိရိယာများ၏ ကျေးဇူးကြောင့် တစ်ချိန်ထက်တစ်ချိန် ပို၍ပို၍ အဆင့်မြင့်စွာနေထိုင်ရခြင်း စသောကောင်းကျိုးများကို ”စံစား”ခဲ့ကြသည်။ သို့သော် ရုပ်ကြွင်းလောင်စာမှ ထွက်သည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ပေါ်ပေါက်သော ရာသီပြောင်းလဲမှု၏ ဆိုးကျိုးများကိုမူ ”မခံစား”ခဲ့ကြရဘဲ သေလွန်သွားခဲ့ကြပြီ။ လက်ရှိ မျိုးဆက်များသည် ကောင်းကျိုးအများအပြားကို စံစားနေကြရသကဲ့သို့ ဆိုးကျိုးများကိုလည်း စတင် ခံစားနေကြရပြီ။ နောင်လာမည့် မျိုးဆက်များမှာမူ မိမိတို့ကြောင့် ပေါ်ထွန်းလာခြင်း မဟုတ်သည့် ရာသီပြောင်းမှု၏ ဆိုးကျိုးကို ယခင်မျိုးဆက်များထက် ပို၍ ခံကြရတော့မည်။

လွန်လေပြီးသောမျိုးဆက်တို့မှာ သက်ရှိထင်ရှား မရှိတော့၍ မည်သို့မျှ မတတ်နိုင်တော့သော်လည်း လက်ရှိမျိုးဆက်များသည်မူ မိမိတို့ ကိုယ်တိုင်နှင့် အနာဂတ်မျိုးဆက်တို့ ရာသီဥတုပြောင်းမှု၏ ဆိုးကျိုးများကို အလွန်အမင်း မခံကြရအောင် လုပ်ဆောင်နိုင်ကြသေးသည်။

ရုပ်ကြွင်းလောင်စာ အကုန်များသည့် နေထိုင် သွားလာမှုစသည်တို့ကို ချွေတာခြင်းဖြင့် မိမိတို့၏ ”အဆင့်မြင့်”လူနေမှုပုံစံကို လျှော့ချ စွန့်လွှတ်ရမည်။ သုံးစွဲနေကျလည်း ဖြစ်သော၊ အလွယ်တကူလည်း ရနိုင်သော ရုပ်ကြွင်းလောင်စာများကို တတ်နိုင်သမျှ စွန့်လွှတ်ကာ နေစွမ်းအင်၊ လေစွမ်းအင်စသည့် အစားထိုးလောင်စာတို့ကို သုံးစွဲဖို့ ဦးတည်ကြရမည်။ ယင်းစွမ်းအင်တို့သည် ယခုအချိန်တွင် ကုန်ကျစရိတ် ကြီးမြင့်နေသေးသော်လည်း မဝေးလှသော အနာဂတ်တွင် လူတိုင်း လက်လှမ်းမီလာမည်မှာ သေချာနေသဖြင့် ယင်းစွမ်းအင်များကို သုံးရန် ပြင်ဆင်ထားကြရမည်။ မိမိတစ်ဦးချင်း၏ အကျိုးစီးပွား၊ မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိမခံနိုင်သည့်စိတ်ဓာတ်ကို ဤနေရာ၌ စွန့်လွှတ်ကာ ရုပ်ကြွင်းလောင်စာ လျှော့သုံးခြင်းသည် လူသားတစ်ရပ်လုံးနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ ရေရှည်အကျိုးအတွက်ဟု မှန်ကန်စွာ သဘောထားကြရမည်။ အသိတရားဖြင့် ဆင်ခြင်၍ ကာဘွန်ခြေရာ ငယ်အောင် နေသွားခဲ့ပါလျှင် ရာသီပြောင်းမှု၏ ဆိုးကျိုးများကို ကပ်ဘေးအဆင့်အထိ မရောက်အောင် ရှောင်ကွင်းနိုင်ကြလိမ့်မည်။

ထိုသို့ ရှောင်ကွင်းနိုင်သဖြင့် နောင်ဆယ်စုနှစ်အနည်းငယ် ကြာသောအခါ အဘိုးအဘွားအရွယ် ရောက်နေမည်ဖြစ်သော လက်ရှိမျိုးဆက်တို့အား မြေးမြစ်တို့က ကျေးဇူးစကားဆိုကာ ”သားသားတို့လည်း အနာဂတ်ကမ္ဘာကြီး သာယာနေအောင်လုပ်ဖို့ အတုယူချင်လို့ ကပ်ဘေးတွေ မဖြစ်အောင် ဘိုးဘိုး ဘွားဘွားတို့ ဘယ်လိုလုပ်ခဲ့သလဲ ဟင်” ဟု မေးကြလိမ့်မည်။

ထိုသို့ မဟုတ်ဘဲ လက်ရှိမျိုးဆက်တို့ နေမြဲအတိုင်း ဆက်နေသွားခဲ့ပါလျှင် အနာဂတ်တစ်ချိန်တွင် ကပ်ဘေးဆိုးကြီးများနှင့် ရင်ဆိုင်နေရသော မြေးမြစ်တို့က ”ဒီလိုဖြစ်လာမယ်မှန်းသိလျက်နဲ့၊ ဒီလောက်ကြီး ဆိုးမနေအောင် လုပ်လို့ရနိုင်ခဲ့လျက်သားနဲ့ ဘိုးဘိုးဘွားဘွားတို့က ဘာဖြစ်လို့ မလုပ်ခဲ့တာလဲဟင်”ဟု မေးခွန်းထုတ်ကြလိမ့်မည်။

မည်သည့်မေးခွန်းမျိုး အမေးခံလိုသနည်း ဆိုသည်ကို ရွေးချယ်ရန် အခွင့်အလမ်း ယခုအချိန်အထိ ရှိနေပါသေးသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် ဘေးဒုက္ခများ ကြီးကြီးမားမား ပေါ်ပေါက်နိုင်သည် ဆိုခြင်းကို မြန်မာတွင် မပြောနှင့်၊ ကမ္ဘာတွင်ပင် လက်မခံသူ အတော်များသေးသည့်အချိန်၊ လွန်ခဲ့သော ၁၅ နှစ်ကတည်းက ကျွန်တော် ရေးသားသတိပေးခဲ့သော စာများ ဖြစ်ပါသည်။

ယခုကော ရာသီဥတုပြောင်းလဲကာ ဘေးဒုက္ခများ ကြီးကြီးမားမား ပေါ်ပေါက်နိုင်သည် ဆိုခြင်းကို လက်ခံကြပြီလော။

သူရဲကောင်းဖခင် / ထူးဆန်းထွေလာ လု့လောာက Fb post 15 September 2024

မိုးရာသီမှာ မုန်တိုင်းမဝင်ဘူး ။ ဦးထွန်းလွင်

ရေကြီးရခြင်း အကြောင်းရင်း။ ဦးထွန်းလွင်

အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ် – (၆၈)

စိုက်ပျိုးမြေဧရိယာ ၂၄ ရာခိုင်နှုန်းနီးပါး ရေလွှမ်းမိုးခံခဲ့ရ
(၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ)

၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ သုံးလနီးပါးအတွင်း နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၁၄ မြို့နယ်၊ မြေဧက ၁၀ သန်းကျော် ရေလွှမ်းခံခဲ့ရသည်။ အဆိုပါပမာဏအနက် ဧကရှစ်သန်းကျော် (၈၀ ရာခိုင်နှုန်း)မှာ စိုက်ပျိုးမြေများဖြစ်ကာ မြို့နယ် ၃၀၀ ကျော်မှဖြစ်သည်။ နိုင်ငံအနှံ့ စိုက်ပျိုးမြေဧရိယာစုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းနီးပါး ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်။