ဆရာ ကြီး ဦး အောင်သင်း ( ၂ / ၂ ) ၏ ပညာ အကြောင်း နှင့် စာပေ ဟောပြော ပွဲ များ စုစည်းမှု

၁ ။ အချိန်ကို ဘယ် လောက် အသုံးချသလဲ ? အဲဒါ မင်းဘဝ ပဲ ။

၂ ။ Leadership ( ခေါင်းဆောင်မှု အရည်အချင်း)

၂ ။ ဆရာအောင်သင်း၏ တနိဘိုးရှိသောစကားများ ။

စာပေမင်းသားြကီး ဆရာအောင်သင်း ၏ ဇီးကုန်းမြို့ စာပေဟောပြောပွဲ

ဆရာကြီး အောင်သင်း ၏ စာပေထဲက လုငယ့်သမိုင်း မန္တလေးမြို့ ၁၆ /၁၂ ၁၉၉၄

ဆရာအောင်သင်းရြ့ ဘဝ အတွေ့အကြုံ စာပေဟောပြောပွဲ

ပညာရေးနှင့် ကျွန်တော်တို့နိုင်ငံ ဗမာပြည်

စာပေဟောပြောပွဲ – နည်းပညာ

ဆရာဦးအောင်သင်းပြောသော ဗုဒ္ဓဘာသာ ရဟန်း တော်များ ။ အချောင်သမား ဖြစ်နေပုံများနှင့် ပြု ပြင် ပြောင်းလဲအပ်သည်များ ။ ရဟန်းတော်များ၏ အခွင့်ထူးခံ နေမှုများ

သရက် ထောင် ဖေါက်ခဲ့စဉ်က အတွေ့အကြဒံများ

ရန်ကုန် / ၂၀၁၁ ကိုယ်ကျင့်ရင် ပညာ

လူငယ် တွေရဲ့ အနာဂတ်

ဆရာအောင်သင်း ၂

ဆရာမြသန်းတင့်၊ မန္တလေး စာပေဟောပြောပွဲ

Sharing Knowledge

စာပေထဲက လူငယ် သမိုင်း

မော်လမြိုင်စာပေဟောပြောပွဲ

လူနဲ့တိရစ္ဆာန် ဘယ်သူပိုအားသာခည်း

မျိုးဆက်သစ်တို့ ၊တိုးတက်ရစ်ဘို့ ၊ သတ္တိမွေးယူခြင်း

မင်းခေါင်းက အဖိုးတန် ခေါင်း အမှိုက်မထည့်နဲ့

ပညာမတတ်တဲ့ သူတွေလက်ထဲ တိုင်းပြည် ရောက်မှာ ကြောက်တယ် .

ဘဝဆိုတာ ဘာလဲ

လူငယ်နှင့် အနာဂတ်

လူငယ်နှင့် ပညာ

လက်ခံလိုက်စမ်းပါ

ဆရာမြသန်းတင့် ၏ လူငယ်ဘဝ ၊နိုင်ငံရေး ခံယူချက် , ထောင် တကျွန်းရောက် အဖြစ်အပျက် တစ်ချို့ ။ ရဲဘော် ဖိုးသံချောင်း ။

တာဝန်ယူခြင်းသည် သတ္တိ ၊ ကိုယ်ကျင့် ပညာ ။

ဘယ်တော့မှ အ၇ှဒံးမပေးနဲ့ ။

ဆရာကြီးကို လွမ်းဆွေးဖို့ ခင်ဗျားတို့ရဲ့အချိန်ကို ၅ မိနစ်လောက် ပေးနိုင်မလား။ ဒီစာဖတ်ဖို့ပါ။
(သားဖြစ်သူ အောင်မြိုင်သင်းက မိုးမခမဂ္ဂဇင်းမှာရေးသားခဲ့တာရှာဖွေတင်ဆက်လိုက်ပါတယ်)

” လူငယ်တွေ သိပ်ချစ်ကြတဲ့ဆရာဦးအောင်သင်း (၁+၂+၃) “

အပိုင်း (၁)

ဒီစာဟာ ကျွန်တော် မရေးချင်ဆုံးစာပါ။ ဒါပေမဲ့ ဒါဟာ သူ့ကို သိပ်ချစ်တဲ့၊ သူ့ကို သိပ်တန်ဖိုးထားတဲ့သူတွေအတွက် သိသင့် တယ် သိချင်ကြမယ်ထင်လို့ ပြန်ပြောပြမိတာပါဗျာ။ နားလည်နိုင်ကြလိမ့်မယ်ထင်ပါရဲ့။

၁၉၇၈ ခုနှစ်ရဲ့ ညတည ၁၀ နာရီခွဲလောက်မှာ ကျွန်တော်တို့ အိမ်ရှေ့မှာ လေးဘီးကားလေးတစင်း လာရပ်ပါတယ်။

“ဒေါ်တင်ကြိုင်ရေ… ဒေါ်တင်ကြိုင်ရေ.. လာကူပါဦးဗျ..” ဆိုတဲ့ ကျွန်တော်တို့ရင်းနှီးနေတဲ့ ဖေဖေ့အချစ်ဆုံးသူငယ်ချင်း ဦး လေး ကိုထွန်းမြင့် (တက္ကသိုလ်မင်းမော်) ရဲ့ အသံကို ကြားရပါတယ်။ (အဲဒီ့ခေတ်ရဲ့ ည ၁၀ နာရီခွဲဆိုတာ တိတ်ဆိတ်လွန်း လှပါတယ်။)

အမေလည်း ဘာဖြစ်မှန်းမသိဘဲ ထိတ်ဟန့်ဖြစ်ပြီး အိမ်ပြင် ပြေးထွက်သွားပါတယ်။ ခဏနေတော့ အမေရယ် ဦးလေး ကို ထွန်းမြင့်ရယ် ဇက်ကျိုးကျနေအောင်မူးနေတဲ့ အဖေ့ကို တွဲခေါ်လာပြီး မီးမှိန်မှိန်ရှိနေတဲ့ အိမ်ရှေ့ဧည့်ခန်းက ပက်လက် ကု လားထိုင်မှာ ထိုင်ခိုင်းလိုက်ပါတယ်။ အမေက အဖေ့ကပ်ရက်ဘေးက ခွေးခြေခုံလေးပေါ်မှာထိုင်ပြီး အဖေ့ကို ဖေးထားပါ တယ်။ ကျွန်တော်တို့ မောင်နှမ ၃ ယောက်က အိမ်အလည်ခန်းကနေ အဖေ့ကို အံသြစွာလှမ်းကြည့်နေကြပါတယ်။ ဒီလိုမျိုး အဖေ တခါမှဖြစ်တာ မတွေ့ဖူးခဲ့လို့ပါ။ စိတ်ထဲမှာ ကြောက်သလိုလို ရှိပါတယ်။ အဖေ့ပါးစပ်က ဗလုံးပထွေးနဲ့ ဘာမှန်းမသိတဲ့ စကားတွေ ဆက်ပြောနေပါတယ်။

အမေက “ကိုအောင်သင်း.. ရှင်ဘာဖြစ်လာတာလဲ၊ ဘယ်လိုဖြစ်တာလဲ” ဆိုတာ အကြိမ်ကြိမ်မေးတော့မှ၊ အဖေ့ပါးစပ်က လျှာလေး အာလေးကြီးနဲ့ “မတင်ကြိုင်ရေ၊ ကျုပ်တော့ အလုပ်ပြုတ်ခဲ့ပြီ မတင်ကြိုင်ရယ်၊ ကျုပ် အလုပ်ပြုတ်ခဲ့ပြီဗျ..” ဆိုပြီး တခါထဲ ဆက်တိုက်ချုံးပွဲချ ငိုပါတော့တယ်။

ခင်ဗျားတို့ ယောက်ျားကြီးတယောက် ရိူက်ကြီးတငင်ငိုတာ မြင်ဖူးလား။ မြင်ဖူးခဲ့ရင် ဘယ်လောက် စိတ်ထိခိုက်စရာကောင်း တယ်ဆိုတာဟာ ကျွန်တော်ရေးပြနိုင်တဲ့ စကားလုံးထက်ကျော်လွန်ပြီး စိတ်ထိခိုက်စရာ ကောင်းလှတယ်ဆိုတာလောက်ပဲ ပြောပြပါရစေတော့ဗျာ။

ကျွန်တော်တို့အတွက်တော့ အားကိုးယုံကြည်ရဆုံး အခိုင်မာဆုံး ကမ္ဘာမြေ သွက်သွက်ခါအောင် လှုပ်ရမ်းသွားသလိုပါပဲ။ ခို ကိုးရာမဲ့ဖြစ်ပြီး ကျွန်တော် စငိုပါတယ်။ (ကျွန်တော့် အသက် ၁၂ ပါ။) ပြီးတော့ အမ ကျွန်တော့်အကို ၃ ယောက်လုံး ငိုပါ တယ်။

အားကိုးအယုံကြည်ရဆုံး၊ အခိုင်မာဆုံးလို့ ယုံကြည်ထားတဲ့အဖေက ချုံးပွဲချငိုတဲ့နောက်တော့ သူ့ကို မှီခိုနေတဲ့ကလေးတွေ လန့်ပြီး ခိုကိုးရာမဲ့ ဆက်ပြီးငိုတာ ဆန်းသလားဗျာ။ ကျွန်တော်တို့ မိသားစုရဲ့ ကမ္ဘာပျက်တဲ့ညအစပါ။

ဦးလေးကိုထွန်းမြင့်က အမေ့ကို ဆက်ပြီးရှင်းပြနေပေမဲ့ ဘာတွေမှန်းသေချာနားမလည်ခဲ့ပါ။ သိပ်သတ္တိကောင်းတဲ့အမေဟာ (နောက်မှပြန်စဉ်းစားမိတာနော်) “ကိုအောင်သင်းရယ်… ကျွန်မတို့အစက ပြန်စကြတာပေါ့၊ ဘာကြောက်စရာလိုသလဲ၊ ဘာ မှ စိတ်ဓာတ်မကျနဲ့..” စကားတွေတွင်တွင်ပြောပြီး. မျက်ရည်စတွေနဲ့ အဖေ့ကို သူ့ရင်ခွင်ထဲမှာပွေ့ထားပါတယ်။ အဖေ အ ရမ်းမူးလို့ငြိမ်သွားပြီး ခဏကြာတော့မှ ဦးလေးကိုထွန်းမြင့်က နှုတ်ဆက်ပြီး လာခဲ့တဲ့ လေးဘီးကားလေးနဲ့ ပြန်သွားပါတယ်။

အမေကတော့ အဖေ့ကိုပွေ့လျက်ပါ။
±±±±±±±±±

အပိုင်း (၂)

ကျွန်တော် နောင်တချိန်မှာ နားလည်နိုင်ခဲ့ပါတယ်။ သူကျခဲ့တဲ့မျက်ရည်ဟာ သူအချစ်ဆုံး တက္ကသိုလ်ကျောင်းဆရာဘဝကို စွန့်လွှတ်လိုက်ရခြင်းနဲ့ သူ့ကို မှီခိုနေတဲ့ကလေး ၃ ယောက်အတွက် ယူကျုံးမရဖြစ်ခြင်းတို့ ရောယှက်ပြီး အရမ်းစိတ်ထိခိုက်သွားခဲ့တာဖြစ်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။ အဲ့ဒီ့နောက်ပိုင်း ၁ လလောက်ထိ အိမ်ရှေ့ဧည့်ခန်းမှာ ငူငူကြီး ထိုင်နေ တတ်တဲ့ အဖေ့ကိုမြင်ရပါတယ်။ မိသားစု ၅ ယောက်နေတဲ့အိမ်ကလေးဟာ လပိုင်းအတန်ကြာထိ ရယ်မောသံတွေ တိတ် ဆိတ်သွားပါတယ်။ အပြင်ကနေ ပြေးလွှားဆော့ပြီးပြန်လာတတ်တဲ့ကျွန်တော်ဟာ အိမ်အဝက အဖေ့ကိုမြင်ရင် သနားသ လိုလို အားနာသလိုလို ဖြစ်ခဲ့ဖူးတာကို မှတ်မိပါတယ်။

သူသိပ်ချစ်တဲ့ နေ့တိုင်း သူကျောင်းအပြန်မှာ အိမ်ကိုလိုက်လာတဲ့ သူ့တပည့်တွေလည်း အဲဒီနေ့ကစပြီး ပျောက်သွားပါတော့ တယ်။ တကယ်ပျောက်သွားတာပါဗျာ။ တယောက်မှကို မလာကြတော့တာ။ (လာနေကျ တပည့် ၂ ယောက်ကနေ ၇ ယောက်လောက်အထိ ရှိပါတယ်။ ကျမ်းပြုဖို့ ဖေဖေ့ဆီကို အကူညီတောင်းနေကြသူတွေပါ။ အမေက ညနေဆို အဲဒီကလေး တွေအတွက် ထမင်းတဇလုံကြီးနယ်ပြီး အမြဲကျွေးတာကို မှတ်မိပါတယ်။)

ကျွန်တော်က အဲဒီ့ သူတပည့်အထဲက ဦးလေး တယောက်ကို အရမ်းချစ်တော့ “အဖေ ဒီနေ့ ဦလေး ကို–တို့လာမှာလားဟင်..” လို့ ရက်တော်တော်ကြာကြာထိ မေးဖြစ်ပါတယ်။ အဖေဆီကတော့ “မလာဘူးသားရဲ့ .. သူတို့လည်း မအားကြလို့နေမှာပေါ့ လူလေးရယ်” ဆိုတဲ့၏အဖြေကို ပုံမှန်ရခဲ့ပါတယ်။

(အခု ဒီစာကို သူတို့ဖတ်မိနိုင်ပါတယ်။ အကုန်လုံး သက်ရှိ ထင်ရှားရှိကြပါသေးတယ်။) အိမ်ကို အရင်က ဝင်ထွက်နေတဲ့သူ တယောက်မှ မလာကြတော့တာကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ (သူ့ရင်ထဲမှာ ဘယ်လောက်ထိ စိတ် နာသွားသလဲဆိုတာ အလျဉ်းသင့်ရင် ရေးပါဦးမယ်။)

ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတယ်။ အဖေ့ရဲ့ဝင်ငွေ လုံးဝမရှိတော့ပါ။ အမေ့ရဲ့ အလယ် တန်းပြ ဆရာမလစာ ၂၅၀ လောက်ထဲနဲ့ ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အချိန်မှာ အမေက သူ့အတန်းက စာညံ့တဲ့ က လေးတွေကို အင်္ဂလိပ်စာနဲ့ သင်္ချာသင်ချင်ရင် အိမ်မှာ ကျူရှင်ဖွင့်ထားတယ်ဆိုတဲ့အကြောင်း စ ကြေညာပါတယ်။

(အမေက စိန့်ဂျွန်း ယောက်ျားလေးကျောင်းမှာ ၆ တန်း G ရဲ့ အတန်းပိုင်ဆရာမပါ။ သမိုင်းသင်ပါတယ်။ တကယ့် ဆိုးပေ့ ဆိုတဲ့ ကျောင်းသား၊ စာအညံ့ဆုံးကျောင်းသားတွေချည်းပါပဲ။ ဒါပေမဲ့ အမေ့ကို အရမ်းချစ်ကြတယ်ဆိုတာကိုတော့ မှတ်မိပါ တယ်။)

ရှိတဲ့ ရွှေငွေလေးထုခွဲပြီး ကျွန်တော်တို့အိမ်ဧည့်ခန်းကို ကျုရှင်ခန်းလုပ်၊ စာသင်ခုံတွေထည့်လိုက်ပါတယ်။ အဖေက အင်္ဂလိပ် စာသင်ပြီး အဲဒီနှစ်မှာ ၁၀ တန်းအောင်တဲ့ ကျွန်တော့်အမက သင်္ချာသင်ပါတယ်။

(သိပ်သနားစရာကောင်းတဲ့ ကျွန်တော့်အမပါ။ သူ့ရဲ့ တက္ကသိုလ်ကျောင်းသူဘဝဟာ ရင်မောခြင်းတွေနဲ့ ပြည့်နေခဲ့မှာ သိပ် သေချာပါတယ်။ သူ့ရဲ့တက္ကသိုလ်သက်တမ်းဟာ ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးကို ပေးဆပ်လိုက်ရတာမို့ပါ။ ကြုံမှ ကျွန် တော် သူ့အကြောင်းလည်း ပြောပြပါ့မယ်။)

တက္ကသိုလ်ဆရာတယောက်က ရုတ်တရက် ၆-၇-၈ တန်းတွေရဲ့ စာအညံ့ဆုံးသူတွေကို စာသင်ရတဲ့အခါ အဆင်မပြေမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ သူသိပ်စိတ်ပျက်သွားတဲ့မျက်နှာမျိုးတွေကို အကြိမ်ကြိမ် မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆရာစိတ်နဲ့ ပညာမတတ်တဲ့ ကလေးတွေကို သနားခြင်း၊ စာနာခြင်း၊ စိုးရိမ် ခြင်းစိတ်တွေဟာ အဲ့ဒီ့ အချိန်ကစပြီး အာရုံစိုက်မိလာစေတယ်လို့ ကျွန်တော်ထင်ပါတယ်။
±±±±±±±±±

အပိုင်း (၃)

သူ့အကြောင်းကို ဆက်မရေးခင် အလုပ်ပြုတ်တဲ့အကြောင်းကို သိပ်စိတ်ဝင်စားနေလို့ လာမေးသူတွေ အရမ်းများနေပါတယ်။ အဲ့ဒီ့အကြောင်း အရင်ပြောပြပါမယ်။

တောင်ငူဆောင်မှာ ဆရာဦးအောင်သင်းရဲ့အခန်းဟာ ကျောင်းသားတွေ တရုန်းရုန်းနဲ့ အမြဲရှိနေတဲ့အခန်းလို့ ဆိုစမှတ် ရှိ ကြပါတယ်။ ဟုတ်လောက်ပါတယ်။ သူက သူ့ကျောင်းသားတွေနဲ့လည်း သူငယ်ချင်းလိုပဲ ပေါင်းတာ။ သူနဲ့ အနီးကပ်နေခဲ့ဖူးတဲ့ တပည့်တိုင်းလိုလို သိပါတယ်။ သူစာသင်တဲ့အတန်းတိုင်း ကျောင်းသားတွေ ပြည့်နေခဲ့တာဟာ။ ကျန်တဲ့သူတွေအတွက် အတော်မျက်မုန်းကျိုးစရာ ဖြစ်နေခဲ့ဟန်တူပါတယ်။ သူကတော့ လူတိုင်းကို သူ့စိတ်လိုပဲ သဘောထားလေ့ရှိတဲ့အတွက် သိခဲ့ဟန်မတူပါ။

(အဲဒီ့အတွက်ကြောင့်လည်း သူအကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ဖူးပါတယ်။ ဆုံးသာသွားရော မှတ်ဟန်မတူပါ။ လူတိုင်းကို သူ့လို ရိုးသားတယ်လို့ပဲ ထင်လေ့ရှိပါတယ်။ သူ့တပည့်တွေရဲ့ အလိမ်ခံရတာလည်း အကြိမ်ကြိမ်ပါ။)

သူ့တပည့်တွေ ကျောင်းသားလေးတွေကို သိပ်ထွန်းပေါက်စေချင်တာ သူ့ရဲ့ စိတ်ရင်းအမှန်ပါ။ ကလေးတယောက်မေးတဲ့ မေးခွန်းကို သူလေးစားစွာ အာရုံစိုက်နားထောင်ပြီးမှ စိတ်ကျေနပ်စရာဖြစ်လောက်မယ့်အဖြေ၊ သူမသိခဲ့ရင်တောင်မှ ဖြစ် နိုင်ခြေရှိခြင်း၊ မရှိခြင်းတို့ကို အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြတတ်ပါတယ်။ ဒါ ဆရာအောင်သင်းပါပဲ။

စခဲ့တဲ့ ဇာတ်လမ်းကတော့ နံရံကပ်စာစောင်က စတယ်လို့ပဲဆိုရပါမယ်။ မြန်မာစာကျောင်းသားတွေရဲ့ နံရံကပ်စာစောင်ကို သူက အောင်မြင်စေချင်လွန်းလို့ ကိုယ်တိုင်ဦးစီးတယ်လို့သိရပါတယ်။ ကလေးတွေပေးတဲ့ ကဗျာတွေ၊ စာတို အပိုင်းအစ လေးတွေကို ကိုယ်တိုင်ဦးစီးပေး၊ တည်းဖြတ်ပေးပြီး အရမ်းအားထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုယ်တိုင်က ပန်းချီဆွဲတတ်တော့ (သူ ပန်းချီကို ကောင်းစွာဆွဲတတ်ပါတယ်) ကလေးတွေလိုတဲ့ ရုပ်ပုံတွေ၊ မဆွဲတတ်တဲ့ ရုပ်ပုံတွေကို ကိုယ်တိုင်ဝင်ဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။ နံရံကပ်စာစောင်ပြတဲ့အချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေ တ ဝုန်ဝုန်းနဲ့ အအောင်မြင်ဆုံး နံရံကပ်စာစောင် ဖြစ်သွားပါသတဲ့။ သို့သော် နံရံကပ်စာစောင်မဖွင့်မီ ကလေးတယောက်က “ဆရာ ဖားပုံမဆွဲတတ်လို့ ဆွဲပေးပါ” ဆိုပြီး အဖေ့အခန်းထဲအထိ လာအကူညီတောင်းတော့ အဖေက ဖားပုံလေးတပုံ ဆွဲ ပေးလိုက်ပါသတဲ့။ ဆေးယူတဲ့အချိန်မှာ ဆေးအနက်စက်ကလေးတစက်က ဖားပုံလေးရဲ့ ဘေးမှာကျသွားပါသတဲ့။ အဖေက ပုံဆွဲပေးပြီး၊ အဲ့ဒီ့ ကျောင်းသားကို ဒီဆေးစက်ကလေးဖျက်လိုက်ဦးဆိုတော့ ဟိုကလေးကလည်း “ဟုတ်ကဲ့ဆရာ” ဆိုပြီး အချိန်မရလို့ မဖျက်ဘဲ နံရံမှာကပ်လိုက်ပါသတဲ့။ အဲ့ဒီ့ပြစ်မှုကတော့ ဆရာဦးအောင်သင်းက မြန်မာနိုင်ငံကြီး အမှောင်ကျနေပြီ ဆိုပြီး နိမိတ်ပြခဲ့တာမဟုတ်လားဆိုတဲ့ ပြစ်မှုတစ် ဖြစ်သွားခဲ့ပါတယ်။

ဒုတိယပြစ်မှုကတော့ ကလေးတွေရေးထားတဲ့ ကဗျာတပုဒ်ရဲ့ ရှေ့ဆုံးစာလုံးတွေချည်းပဲဖတ်ရင် ၇ ရက် ဇူလိုင် ဖြစ်နေပါ သတဲ့။ အဲ့ဒီ့ ပြစ်မှု ၂ ခုကို ဆရာအချင်းချင်း ဝိုင်းကြပ်ပြီး အရောက်ပို့လိုက်ကြတာပါပဲခင်ဗျား။

(ကျွန်တော် အဲ့ဒီ့ဆရာတော်တော်များများရဲ့ နာမည်တွေ အခုထိမှတ်မိပါသေးတယ်။ ဘဝမှာ ဘာမှလည်း ဖြစ်မသွားရှာကြ တော့ပါ၊ သင်ခန်းစာယူစရာကောင်းလှပါတယ်။)

နောက်ဆုံး အကြီးဆုံးပြစ်မှုကတော့ ဒီကိစ္စအတွက် အထူးစုံစမ်းစစ်ဆေးဖို့ ပညာရေးဒုဝန်ကြီးက ခေါ်ပြီးစစ်တဲ့အချိန်မှာ ကျန်တဲ့ဆရာတွေ (အကုန်လုံး အဖေ့ထက်ကြီးတဲ့ ရာထူးတွေနဲ့ပါ) လည်းရှိပါသတဲ့။ စားပွဲ ဟိုဘက်ထိပ် ဒီဘက်ထိပ် ဝန်ကြီး နဲ့ သူတို့ တရားခံလို့ယူဆထားတဲ့ ဦးအောင်သင်းနဲ့ စကားပြောကြပါသတဲ့။

ဦးအောင်သင်း “ဒါဟာ ခင်ဗျား အဓိပ္ပာယ်ရှိရှိလုပ်တာ မဟုတ်လား” ဆိုပြီး ငါ့ကို ဒါပဲ အမှုစစ်သလို စစ်လာတော့၊ ကြာတော့ ငါလည်း အရမ်းဒေါသထွက်လာပြီး ထ မတ်တပ်ရပ်၊ စားပွဲကို လက်ဝါးနဲ့ ရိုက်လိုက်ပါသတဲ့။ ပြောလိုက်တဲ့စကားကတော့ “ဒီမှာ ဝန်ကြီး ကျုပ်အောင်သင်းက ယောက်ျားဗျ၊ ယောက်ျားစကားပဲ ပြောတယ်၊ ဒါတွေကို ကျုပ် တကယ် သိဘူးဆိုတာ အ မှန်ပဲ၊ မတော်တဆဖြစ်ခဲ့တယ်ဆိုတာလည်း အမှန်ပဲ၊ ကြိုက်သလို လုပ်လိုက်ကြတော့” လို့ ဆိုပြီး ထတွယ်ပစ်လိုက်ပါသတဲ့။

“ငါ့ကွာ.. ရယ်ရတာ ပြောဦးမယ်၊ အာ့လို ငါက မတ်တပ်ထပြီး ဒေါသတကြီးပြောလိုက်တဲ့အချိန်မှာ ဝန်ကြီးကလည်း သူ့ကို ဒီလိုမျိုးပြောခဲ့ဖူးတာ တယောက်မှရှိခဲ့ဖူးပုံမရတော့ ပါစပ်အဟောင်းသားကြီးဖြစ်သွားတာကိုးကွ..” တဲ့။ ဘေးက ဆရာကြီး တွေကလည်း “ဦးအောင်သင်း.. ဦးအောင်သင်း ဒီလိုမပြောရဘူးလေဆိုပြီး ငါ့ကို အတင်းဝင်တားကြပါလေရော၊ ငါလည်း ပြောပြီး ငုတ်ကနဲ ပြန်ထိုင်ချလိုက်ပါရောတဲ့။

ဝန်ကြီးလည်း ဘာပြောရမှန်းမသိ၊ အကုန်လုံး ကြောင်စီစီတွေဖြစ်ပြီး ငြိမ်ကုန်ကြရောတဲ့..။ ခဏနေတော့ ဦးအောင်သင်း ပြန်နိုင်ပါပြီဆိုတော့ ငါလည်း လွယ်အိတ်ကလေးယူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ပြန်ထွက်လာရင်း ငါတော့ ပြုတ်ပြီ ဆိုတာ သိလိုက်ပါရဲ့ကွာတဲ။ ရယ်ရင်းနဲ့ ကျွန်တော့်ကို ဆရာအောင်သင်းဆိုပြီး ဖြစ်လာတဲ့အချိန်မှာမှ ပြန်ပြောပြခဲ့တာပါ ခင် ဗျား။ အဲ့ဒီ့နောက် ၅ ရက်လောက်အကြာမှာ “Dismiss” ဆိုတဲ့ အော်ဒါထွက်ပြီး အာမထိ လျှာမထိပြုတ်ခဲ့တာပဲ လူလေးရေတဲ့။

ထွန်းမြင့် (တက္ကသိုလ် မင်းမော်) ကတော့ ငါ့ကို “ခင်ဗျား အသနားခံစာတင်ကြည့်ပါ့လား၊ ပင်စင်လေး ဘာလေး ရလိုရငြား” ဆိုပြီး အကြံပေးသေးတယ်ကွ၊ ငါလည်း. “ရီးတောင် မတင်ဘူးကွာ” ဆြိုပီးနေလိုက်တာ မြန်မာစာဌာနနဲ့ ရေစက်ကုန်သွားတာ ခုထိပဲတဲ့။ ၁၉၉၀ နောက်ပိုင်း ကျွန်တော်လူလားမြောက်ပြီးမှ အဖေပြောပြခဲ့တာလေးပါ။

အောင်မြိုင်သင်း

မိုးမခ၊ ဇွန်၊ ၂၀၁၅