မြစ်ဆုံကြောင့် ဘာတွေဖြစ်လာမလဲ https://youtu.be/uq0R3X1Nuv4?si=5uFEiyOUq8vvRTT5
မြစ်ဆုံကြေ ာင့် ဘာတွေဖြစ်လာ မလဲ
BBC နှင့်ဦးစိုးသိန်း 2019 April 27.
ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံ စီမံကိန်းကို ဆန္ဒပြကန့်ကွက်မှုတွေ၊ စီမံကိန်း ပယ်ဖျက်ရေး လှုပ်ရှားမှုတွေ ဆက်ရှိနေပေမယ့် မြစ်ဆုံစီမံကိန်း ဆက်ဆောက်မဆောက်ဆိုတာ အန်အယ်လ်ဒီအစိုးရက ယတိပြတ် မပြောသေးပါဘူး။
ဒီစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရကတော့ သူ့လက်ထက်မှာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းကို ပြန်စချင်တယ်လို့ တရုတ်ဘက်က ပြောနေပါတယ်။
ဒီစီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရတွေက ဘယ်လို သဘောတူလက်မှတ်ရေးထိုးခဲ့လဲ၊ လက်ရှိ ဒီစီမံကိန်းကို ဘယ်လို ဆက်လက်လုပ်ဆောင်သင့်လဲဆိုတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ စစ်အစိုးရလက်ထက်မှာ စက်မှုဝန်ကြီး၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးအဖြစ် အဆင့်မြင့်ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသိန်းကို ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက မေးမြန်းထားပါ. https://youtu.be/sHyLTHoIyhE?si=Yl81iv4nwKobi_7K
တရုတ်ရဲ့ မြစ်ဆုံ စီမံကိန်းကို ဒေါ် အောင်ဆန်းစုကြည် ခွင့်ပြုမလား – BBC News မြန်မာ ၊ ဒေါ်အောင်ဆန်းစုကြည် – “မှန်တယ်ထင်လို့ရှိရင် အမုန်းခံပြီး လုပ်ရဲရမယ်” မြစ်ဆုံစီမံကိန်း အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။ မတ်လ ၁၄ ရက်နေ့ ပြည်မြို့ လူထု တွေ့ဆုံပွဲမှာ မြစ်ဆုံ စီမံကိန်း အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို အပြည့်အစုံ ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/sHyLTHoIyhE?si=pCEP79CVsj3SU0jz
2023 August 24 Irrawaddy News
မြစ်ဆုံစီမံကိန်း နိုင်ငံရေး အရ ဆုံး ဖြတ်ချက်ပေးဖို့ လိုပြီလို့ ဆို
ဧရာဝတီ၊ သြဂုတ် ၂၆၊ ၂၀၂၀
စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့ စည်းတဲ့ အဆင့်မှာပဲ ရပ်ထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ အနေနဲ့ ဆက်လုပ်၊ မလုပ် ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပြီလို့ ကချင် တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာ တူးဂျာက ပြောပါတယ်။
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်ကတော့ ဒီစီမံကိန်းကို ရပ်တန့်ပေးမယ်လို့ မပြောသေးဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ သုံးသပ်အကြံပြုချက်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို နေပြည်တော်မှာ ပြောဆိုခဲ့ပါတယ်။
သတင်းတင်ဆက် – ထက်နိုင်ဇော်
တည်းဖြတ် – သီဟလွ
The Urrawaddy News မြစ်ဆုံစီမွကိန်း ပြန်စရင် ဘာတွေဖြစ်လာနိုင်သလဲ
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေရှိ လာတာကြောင့် စီမံကိန်း ပြန်စမှာကို စိုးရိမ်မှုတွေ ရှိလာကြပြန်ပါတယ်။
နိုင်ငံအတွင်း လျှပ်စစ်မီးမလုံလောက်မှုတွေ ကြုံတွေ့နေရတာဟာ မြစ်ဆုံစီလို စီမံကိန်း အကောင်အထည်မဖော်နိုင်လို့ဆိုပြီး မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ရင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ကျော် ရရှိမှာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်လက်ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်စနိုင်သလား၊ ပြန်စခဲ့ရင် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ၊ ဧရာဝတီမြစ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေး လုပ်ဆောင်နေသူ ဦးဇုန်းသိန်း ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ ကတွေ့ဆုံမေးမြန်းထားပါတယ်။
This story was produced with support of the Internews Earth Journalism
မြန်မာနိုင်င့ကို ရေမြုပ်ပစ် လိုက်နိုင်တဲ့ တရုတ်ရဲ့ သုံးဆင့်ဆည် ကြီးအန္တရာယ် https://youtu.be/hiaIihN0kj8?si=mJn3RrjlrgO_nWjz 10 June 2025 မြန်မာနိုင်ငံကိုရေမြုပ်ပစ်လိုက်နိုင်တဲ့ တရုတ်ရဲ့ သုံးဆင့်ဆည်ကြီးအန္တရာယ်. အားလုံးပဲ ဒီဗီဒီယိုလေးကနေ ဗဟုသုတတစ်ခုခုရသွားစေဖို့ မျှော်လင့်ပါတယ်
ကြည့်ရှုအားပေးကြတဲ့ ပရိတ်သတ်များကို ကျေးဇူးအထူးတင်ပါတယ်ခဗျာ
