VIOLINIST တက္ကသိုလ် မောင်ဌေးအောင် ၊ တယော မယ်ဒလင် ဆရာ ၂ / ၂

ကဲ တယောတလက်ထဲနဲ့ မဆိုရဲပါဘူးဆိုလာတဲ့ အိမ်သူဇနီးသည်က အတော်ဖျောင်းဖျယူမှ သူအင်မတန်နှစ်သက်တဲ့ သီချင်းဖြစ်နေလို့ ဒို့များစည်းရုံးရေးအောင်မြင်သွားပါလေရဲ့ ချစ်သူငယ်ချင်းတို့ရေ
တေးပြုစာဆို မောင်မျိုးနွယ်ရဲ့လက်ရာတေးကို အဆိုတော် နီနီ သီဆိုအောင်မြင်ခဲ့တဲ့
( မောင်ရောက်လာမယ့်အချိန် )
သီချင်းစာသားကိုတဆက်တည်းထပ်တင်ပေးလိုက်ပါ့မယ်
( အခုလိုတယောတလက်တည်းနဲ့ ရဲရဲထိုးနိုင် ထိုးဝံ့အောင် အစစကူညီပံ့ပိုးဖြည့်ဆည်းပေးခဲ့တဲ့ အမေရိကန် နယူးယောက်မြို့က မြန်မာ့ဂီတသံကို မြတ်နိုးတန်ဘိုးထားလွန်းတဲ့ တူမောင် ကိုမြင့်ထွေးကို သိပ် သိပ်ကျေးဇူးတင်ရပါကြောင်း )

https://www.facebook.com/story.php?story_fbid=842749329461483&id=100011792704491

( တရံတခါမလွှဲသာ ခွဲရတဲ့ရက်များဝယ် အချိန်နဲ့အမျှ သတိရလျက်ပါကွယ် ဒါပေမယ့်လည်း ချစ်သဲ ဦးရယ် နဖူးစာမင်ရေကျဲ အခက်အခဲကမမှန်းဆနိုင်ပြန်တယ် ) အဲဒီလောက်လွမ်းတဲ့သီချင်းတွေက ဓါတ်ပြားရဖို့ခက်တယ်ကိုဌေးအောင်ရဲ့
ဂီတစာဆိုကိုမြတ်လင်းကတော့ စေတနာနဲ့ပြောတာပါ ကျွန်တော်ကလည်း ဝတ္ထုစာအုပ်မို့ ဖတ်လိုက်ရင် ဆရာတက္ကသိုလ်ဘုန်းနိုင် မောင်စိန်ဝင်း ( ပုတီးကုန်း ) တို့လိုစာအုပ်တွေ
လွမ်းလွန်းလို့ တခါထဲနဲ့ဓါတ်ပြားမရရင် ၂ခါထပ်တင် ၂ခါနဲ့မရသေးရင် ၃ခါထပ်တင်နေတော့ ကိုမြတ်လင်းလည်း လက်လျှော့သွားပါတယ်
ဂါဝန်ဝတ်နေဆဲအရွယ် ပွင့်စပယ် တီု့ငယ်သေးလို့ အချစ်ခံစားချက်မရှိသေးခါမှနေရော ကျွန်တော်က သူဆိုခါနီးရင် သမီးကိုယ်တိုင်ခံစားနေရသလိုဆိုနော် လို့ အထပ်ထပ်မှာကြားလေ့ရှိတဲ့အတိုင်း ၃ကြိမ်တင်အပြီးမှာ ဒီသီချင်းလေး မြန်မာ့အသံဓါတ်ပြားဖြစ်သွားပါတယ်ချစ်သူငယ်ချင်းတို့ရေ
{ အလေးအနက်တွေးချင့်ပါကွယ် }
တေးသံရှင် ပွင့်စပယ်
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး ထပ်ဆင့်အကယ်ဒမီစန္ဒယားတင်ဝင်းလှိုင်

https://www.facebook.com/story.php?story_fbid=1174197392983340&id=100011792704491

( ပြောပြချင်တယ်ငယ်ချစ်ထွေး ကျောင်းနေစဥ်ခလေးဘဝ မှန်းဆမျှော်တွေး အတွက်အချက်ပုစ္ဆာမည်မျှနက်နဲ မောင့်မှာမခက်ခဲဝန်မလေး အများတကာထက် ရှေ့မှာပြေး ဆရာဆရာမများပင် မြှောက်စားခြီးမြှင့်အစဥ်အရေးပေး ငေးမှိုင်ချိန်မရှိမောင့်ဘဝပျော်စရာလေး )
မသိသေးရင်ဖတ်ကြည့်ပြီး အထင်ကြီးနေကြပါဦးမယ် ပဲခူးအထက ၁ ကသင်္ချာဆရာကြီး ဦးမြဆွေက ၇မိုင်ဝေးတဲ့ သနပ္ပင်မြို့ကတပည့်တွေကို ပိတ်ရက်မှာ အခမဲ့လာသင်ပေးတာတောင် ၁၀တန်းအောင်တော့ တခြားသိပ္ပံဘာသာရပ်သာအမှတ်၈၀ ရတာ အဲဒီသင်္ချာမှာ ၆၇ မှတ်ထဲရခဲ့တာပါ
အခုက ခလေးများလို ကလေးကလားနဲ့ အတွေးများရင်း ရေးသားဖြစ်တဲ့ တေးသွားတခုက မြန်မာ့အသံဓါတ်ပြားတေးလေးဖြစ်သွားတာပါ ချစ်သူငယ်ချင်းတို့ရေ
{ ၁ – ၂ -၃ -၄ အစဥ်လိုက်တွေး }
တေးသံရှင် ကိုတင်လင်း
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး မြန်မာ့အသံစန္ဒယားခွန်တင်ကြွယ်

https://www.facebook.com/story.php?story_fbid=1172230539846692&id=100011792704491

( ရေကန်တွင်းကိုပြန်မဆင်း ရင်တွင်းမချိသမျှ တမိခင်ခြေဖဝါး မြေသားတွင်အပင်ဖြစ်အမြစ်တွယ် ချစ်စဖွယ်မျက်နှာဝိုင်းဝိုင်းလေးခမျာ နေကြာပန်းလေးဖြစ်သွားရှာသတဲ့ကွယ် )
အစေ့အတော်များများဟာ လူတွေရဲ့ကျန်းမာရေးကိုယ်ခံအားအတွက် အတော်များများလက်ခံထားကြရာမှာ ဒီနေ့ခေတ်စားနေတဲ့ သစ်ကြားသီးအစေ့ အပါအဝင် ရန်ကုန်မြို့လည်ခေါင်မှာရောင်းနေတဲ့ စျေးမပေါ့လှတဲ့ ဘန္ဓာစေ့ ရွှေဖရုံစေ့ ကွာစိ(ဖရဲစေ့)စျေးသက်သက်သာသာနဲ့ရတဲ့ နေကြာစေ့ စတဲ့ အစေ့မျိုးစုံထဲမှာ ကျွန်တော်က နေကြာစေ့ကို မက်မက်မောမောစားတတ်သူပါ
ကား ရထား နဲ့သွားတဲ့လမ်းတလျောက် ညီညီညာညာပေါက်နေတဲ့ နေကြာပင်တွေရဲ့ ပန်းပွင့်လေးတွေဟာ ဘာဖြစ်လို့ နေထွက်ရာကိုပဲ လိုက်ပြီးမျက်နှာမူနေသလဲဆိုတာ ဟိုတုန်းကတည်းကစိတ်ဝင်စားနေခဲ့တာပါ
သီချင်းရေးသမားပီပီ စာအုပ်အစုံအလင် ကုန်စင်အောင်ဖတ်ချင်လို့လည်း ပုံပြင်စာအုပ်တအုပ်မှာ နေကြာပန်းပုံပြင် သွားလည်းမြင်ရော ဒီ မြန်မာ့အသံဓါတ်ပြားတေးလေးတပုဒ် မွေးထုတ်ဖြစ်ခဲ့တာပါချစ်သူငယ်ချင်းတို့ရေ
{ ကျမဘဝပန်းအလှနေကြာ }
တေးသံရှင် တင်စန္ဒာအေး
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး မြန်မာ့အသံစန္ဒယားခွန်တင်ကြွယ်

https://www.facebook.com/story.php?story_fbid=1169701463432933&id=100011792704491

မဟာဂီတ နဲ့ မြန်မာမှူတေး နယ်ပယ်တကြောအတွက် နှမြောတသလျက်ပါ ကိုသန့်စင်ရေ
ရခိုင်ပြည်နယ် ရမ်းဗြဲသား သီချင်းကြီးဓါတ်ပြားတွေကမနည်း စိတ်ထဲစွဲထင်ယောင်နေတာ လက်ပံတန်းဦးလှမောင်သီချင်းကြီးအဖွဲ့ရဲ့ ပင်တိုင်တေးသံရှင်လို့ထင်ပါတယ်
ကျွန်တော်ရေးဖွဲ့တဲ့တေးတွေထဲမှာ သီချင်းကြီးဟန်လေးတွေသာ သူကရွေးပါတယ်
သူ့ဆိုပေါက်ဆိုဟန်လှပပုံကို အတန်ငယ်နားဆင်ကြည့်ရုံနဲ့အကဲခတ်နိုင်မှာပါ အဲဒါကြောင့်လည်းကျွန်တော်သူ့ကိုသိပ်နှမြောမိတာပါ
အသက်၃၀ ကျော်မှာတင် ငှက်ဖျားလိုလို ဆာလဖါနဲ့မတည့်တာလိုလိုနဲ့ သူသိပ်မြတ်နိုးတဲ့ မြန်မာ့ဂီတလောကကြီးကိုစွန့်ခွာသွားရရှာသူ ပင်စင်ဦးစီးဌာနက အရာရှိလူပျိုကြီးကိုသန့်စင်ရဲ့ မြန်မာ့အသံဓါတ်ပြားတေး
{ ချန်မဆိုင်းပါနဲ့ }
တေးသံရှင် ကိုသန့်စင်
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး မြန်မာ့အသံစန္ဒယားခွန်တင်ကြွယ်

https://www.facebook.com/story.php?story_fbid=1167438430325903&id=100011792704491

( ကျေးဇူးများဆပ်မဝဧကံ ကျွေးမွေးမပျက်ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်မကျန်စေ နားရေလည်တဲ့သမီးပါမေမေ ဒါကြောင့်သာထာဝစဥ်အမြဲတစေ သမီးငယ်ကိုယ်စွမ်းရှိသမျှ ကျွေးမွေးပြုစုပါရစေ မွေးမေမေ မွေးမေမေ )
ကျွန်တော်ဘယ်လိုပဲအချစ်အလွမ်းသီချင်းတွေအရေးသန်သန် လောကကိုအလှဆင်အကျိုးပြုရေး ဒီလိုမျိုးအခုလိုတေးတွေရေးဖွဲ့ရကျိုးနပ်ခဲ့ပါတယ် ညီမငယ်နဲ့အတူနေတဲ့အဖေနဲ့အမေ့ဆီကို မြန်မာ့အသံအတွက်အသံသွင်းပြီးတာနဲ့ ကက်ဆက်ခွေလေးယူသွားပြီးဖွင့်အပြမှာ (အဖေ့ကိုကျေးဇူးဆပ်ဦးမယ်)(၂၁-၁၁-၂၀၂၀မှာတင်ပြပြီးသားပါ)သီချင်းနားထောင်ရင်း အဖေက ပြုံးပြီး ကောင်းတယ်ကွာလူလေးရေ တဲ့ အခုတင်ပြတဲ့ အမေ သီချင်းကိုလည်း အမေက လောကကြီးအတွက်သိပ်အကျိုးရှိတာပေါ့သားရယ် တဲ့
{ အမေ }
တေးသံရှင် မြင့်မြင့်အုန်း(ခင်မွန်ရွာသူ)
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး စန္ဒယား ဘိုတာထွန်းညွန့်

https://www.facebook.com/story.php?story_fbid=1164938597242553&id=100011792704491

( ရာဇဝင်ကျမ်းပြအလာ နရသီဟပတေ့မင်း၏ ချစ်မိဖုရားစောလုံဥပမာ တနေ့သောသင်္ကြန်ရက်အခါ ဧရာမြစ်ကမ်းပါးမှာ ရေကစားရင်းအရှက်ရခဲ့သော စောလုံလေးခမျာ အသက်ပေးချစ်ခဲ့သော်လည်း ပွဲတော်အုပ်ကိုဆေးခပ်မိရှာ )
မြန်မာ့အသံဓါတ်ပြား
{ သုံးပါးရတနာကျေးဇူး }
တေးသံရှင် ဥဿာမြင့်ကျော်လေး
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး ထပ်ဆင့်အကယ်ဒမီစန္ဒယားတင်ဝင်းလှိုင်

https://www.facebook.com/story.php?story_fbid=1163230670746679&id=100011792704491

( မဟာသုတသောမဇာတ်အလာ လောကအရပ်ရပ်မှာ သစ္စာတရားကို အချိုမြိန်ဆုံးအရသာတဲ့မောင်ရယ် ငါးစိမ်းမြင်ငါးကင်ပစ်ရက်တယ် မောင် အတွက်လွဲလေသမျှ အခုမှဝန်ချတောင်းပန် ခလေးမဆံလွန်းပေဘူးလားကွယ် )
သစ္စာယွင်းပျက် ထားရက်ခဲ့သူအပေါ် အမျက်တော်မဝင်မရှနိုင်ရှာသူ ခင်နှမငယ်ချစ်ရဲ့ ခွင့်လွှတ်ပြီး တသက်တာအပြစ်မပေးလိုတဲ့ အချစ်ရေးရာခံစားချက် မြန်မာ့အသံဓါတ်ပြားတေးလေးပါ
{ အဆင်အသွေးလှနိုင်ပါသေးတယ် }
တေးသံရှင် ဝါဝါမိုး
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး မြန်မာ့အသံစန္ဒယားခွန်တင်ကြွယ်

https://www.facebook.com/story.php?story_fbid=1160637881005958&id=100011792704491

ခလေးပီပီ ဆရာရေ ဟိုသီချင်းလေးကို ဒီသီချင်းလေးကို သူများပေးမဆိုပါနဲ့ သူ့ရဲ့ရွာကနေ လှမ်းလှမ်းရေးတဲ့ မင်းရဲ့စာလေးတွေ ပြန်ပြန်တွေ့နေသရွေ့ မင်းမရှိတော့တဲ့တိုင် ဘယ်လိုမှမမေ့နိုင် စန်းနိုင်လေးရေ
ပဲခူးခရိုင် သနပ္ပင်မြို့နယ် ကမာစဲရွာက စံနစ်တကျဆိုတတ်တဲ့ ၇တန်းကျောင်းသားကလေးတယောက်ဟာ ကျွန်တော့ရဲ့မရီး သီချင်းဝါသနာအိုးနဲ့နှီးနွယ်ပြီး သူ့မိဘတွေနဲ့ ကျွန်တော့ဆီ ပေါက်ချလာပါတယ် စမ်းသပ်ကြည့်လိုက်တော့ စန္ဒယားကိုတင်ကြွယ်ကလည်းသဘောကျတာနဲ့ ဒီသီချင်းလေးကို ဘုတ်မှာ ၂ကြိမ်ပြန်တင်အပြီးမှာ ဓါတ်ပြားရခဲ့ ဇာတ်အဖွဲ့တခုက သူ့ကို အညာဒေသ ဘုရားပွဲတခုဆီ ဇာတ်အပြိုင်တွေရှိလို့ဆိုပြီးခေါ်သွားရာက သူ့ရွာကိုပြန်မရောက်လာတော့ပါ စန္ဒယားခွန်တင်ကြွယ်ကအဲဒီကလေးအတွက် သီချင်းတွေရေးထားလို့ လှမ်းစုံစမ်းကြည့်မှ
ဆွေမျိုးသားချင်းတွေပြောစကားအရ အဲဒီပွဲမှာတင် အောင့်တယ် အောင့်တယ်ဆိုပြီး အသက်ပါ ပါသွားရှာတယ် တဲ့
မောင်စန်းနိုင်လေးရေ အချိန်မရွေး မင်းအသံလေး မင်းကြားနိုင်ပါစေကွာ
အဖွဲ့ကဝိုင်းသူဝိုင်းသားများရဲ့ ချစ်စနိုးနဲ့ခေါ်တဲ့ (ဖလတက်) လို့နာမည်ရထားသူရဲ့ တပုဒ်တည်းသော မြန်မာ့အသံဓါတ်ပြားတေးလေး
{ လာလည်စမ်းပါသူငယ်ချင်း }
တေးသံရှင် စန်းနိုင်လေး
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး မြန်မာ့အသံစန္ဒယားခွန်တင်ကြွယ်

https://www.facebook.com/story.php?story_fbid=1158765021193244&id=100011792704491

( ပန်ဆင်ပေးချင်ထာဝစဥ် ပန်းသဇင်တခက်လဲ လှမ်းပင်မဆက်ရဲ စွဲလန်းစိတ်အိပ်မက်ထဲ အမြဲလာတတ်သူအချစ်ဆုံးရယ် နှလုံးသားအတွက်ဝေဒနာလေးတခု ချစ်ဆုပေးခဲ့လေသလားကွယ် )
မောင်ဘိုတာရေ မင်းဖေဖေ ဆရာစန္ဒယားဦးထွန်းညွန့်လို အတီးပိုဒ်မှာ လက်စွမ်းလေးပြပေးသွားပါဦးလို့အပြောမှာ ခေါင်းငြိတ်ပြီးချက်ချင်း ကောက်တီးပေးလိုက်တဲ့
မြန်မာ့အသံဓါတ်ပြားတေးတပုဒ်
{ ဝေဒနာတခု ချစ်ဆုလားကွယ် }
တေးသံရှင် ဥဿာမြင့်ကျော်လေး
ဂီတစာဆို တက္ကသိုလ်မောင်ဌေးအောင်
ဂီတမှူး စန္ဒယားဘိုတာထွန်းညွန့်

https://www.facebook.com/story.php?story_fbid=1156376928098720&id=100011792704491