တွေးမိတွေးရာ ရေးမိရေးရာ
ဖတ်စရာ မှတ်စရာ ( ၁၆၄ )
ပညာရေးရာ
စာပဒေသာ
တစ် ချိန်တုန်းက တက္ကသိုလ်
ခေတ်တစ်ခေတ်က
ငယ်စဉ် ကျောင်းတုန်းက သူငယ်ချင်းတွေ ။
နဲ့
ရှေး ခေတ်
တစ်ချိန်တုန်းက တက္ကသိုလ် ကျောင်းသားလူငယ် တွေ
ညောင်တုန်းမှာ ငယ်စဉ်က ဆုံခဲ့ကြတဲ့
ကျောင်းနေဖက် ငယ် သူငယ်ချင်း
ကိုဌေးအောင်
https://www.facebook.com/573223149/posts/10161408949833150/?
5
သူ့ဖခင်က ညောင်တုန်းမှာ မြို့ နယ် ပညာအုပ် တာဝန်ဖြင့်
ညောင်တုန်း လာလုပ်ခဲ့သူ ပညာအုပ်ကြီး ဦးထွန်းကြိုင်၊
သူငယ်ချင်းဖြစ်သူကို
နောင်မှာ မယ်ဒလင်ဌေးအောင် ဟု
ဂီတလောကသားတွေသိကြသူများတယ်.
ကိုဗစ် လှိုင်းမှာ သူငယ်ချင်းဖြစ်သူ ဌေးအောင် (ကျောင်းတုန်းက ဌေးဝင်း) ကွယ်လွန်သွားခဲ့ရရှာတယ်.
သူမဆုံးခင် သူနဲ့တွေ့ခဲ့စဉ်
တယောမယ်ဒလင်အကြောင်း ပြော လို့ သမိုင်း သူ့အိမ် လာခဲ့
သူသင်ပေးမယ် လို့ မကွယ်လွန်မီပြောခဲ့တဲ့မိတ်ဆွေသူငယ်ချင်း ။
သူ့အိမ်ကိုလဲရောက်ခဲ့ဘူးတယ်.။
ရန်ကုန် ညောင်တုန်းအသင်း ကို ညောင်တုန်း အထက ကျောင်းတုန်းက ရင်းနှိးသူ သူငယ်ချင်းမိတ်ဆွေတွေဖြစ်ကြတဲ့
မာလစ်အောင်သန်းနဲ့ ကိုဌေးအောင်တို့နဲ့ဆုံကြပြီး ေ၇ွှတိဂုံဘုရားအနီးက ညောင်တုန်းအသင်းအစည်းအဝေးကို အတူသွားတက်ခဲ့ကြဘူးတယ်.
အပြန်မှာ လူချင်းမခွဲကြသေးဘဲ ကန်တော်ကြီးသွားပြီးကန်စောင်းမှာ နေ့လည်ခင်းမှ ညနေထိ နေကြပြီး ငယ်ဘဝ ရှေးဖြစ်ဟောင်းတွေပြောမဆုံးပေါင် ဖြစ်ခဲ့ကြတယ်. နေညိုချိန် လူခွဲပြီးအိမ်ပြန်ကြတယ်.
အောင်ချက် အလွန်နည်းပါးချိန် ခေတ် ၊
၁၉၆၆ ခုနှစ်မှာ ၁၀ တန်းအတူအောင်ခဲ့ကြသူ ကျွန် တော်တို့ သူငယ်ချင်းတွေ၃ ယောက်စလုံး တက္ကသိုလ် ဝင်တန်း ၁၀ တန်း စာမေးပွဲ ကို အတူ အောင်ခဲ့ကြတယ် ။
၁ ။ မာလစ် အောင်သန်း က စီပွါရေးတက္ကသုလ် ရောက်သွား တယ်
ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုနှစ် ၁၉၇၀ မှာ ကျောင်းပြီးတယ်. ။စီးပွါရေးပညာရှင် ဖြစ်သွားတယ်။ အစိုး၇ဌာနတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ ပြီးပင်စင်ယူခဲ့တယ်. ။ယနေ့မှာ ပြင်ပမှာ သူ့ပညာနဲ့အလုပ်တွေဆက်လုပ်နေတုန်းပါ။
၂ ။ကိုဌေးအောင်က ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဘူမိဗေဒ အဓိကယူတက်တယ်.။၁၉၇၀ မှာ ကျောင်းပြီးတယ်။ ဘူမိပညာရှင် ဖြစ်သွားပြီး စင်ကာပူမှာ အလုပ် သွားလုပ်ခဲ့သေးတယ်.။ မြန်မာပြည် ပြန်လာခဲ့ ပြီး နောက် အလုပ်မှ အနားယူပြီးနောက် မှာ တယောမယ်ဒလင် အတီးဝါသနာပါသူပြီပြီ တယောမယ်ဒလင် အတီးသင်တန်းတွေသူ့အိမ်မှာ ဖွင့်တယ်.။ မယ်ဒလင်ဌေးအောင်ဟု ဂီတ လေကမှာ သူ့ကိုသိကြတယ်။
တယောမယ်ဒလင် တီးသင်တန်းတွေ ဖွင့်ပေးနေရုံ သာမက မြန်မာ သီချင်းတွေလဲရေး တီး နေခဲ့တာ နောင်မှ သိခဲ့ရပါတယ်။ းီတလူ့ဘဝတွေနေဝင်ချိန်ကာလမှာ သူဝါသနာပါရာ တယောမယ်ဒလင် အနုပညာ ဂီတ အလုပ်တွေနဲ့ ပျော်မွေ့နေတုန်း ကွယ်လွန်သွားခဲ့ရရှာတယ်။ နိုင်ငံ ခေတ် ပြောင်းချိန် ၂၀၂၁ ခုနှစ် ခန့်မှာဖြစ်တယ်။ ကျွန်တော်နဲ့သက်တန်းတူခဲ့လျင ၊သူကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ကျော် ၇၃ အတွင်းဖြစ်ပါမယ်.
၃။ ကျွန် တော်က ရန်ကုန်စက်မှုတက္ကသိုလ် ကို ၁၉၆၆ /၆၇ ပညာသင် နီစ်မှာ ရောက်ခဲ့ပြီး ၁၉၇၂ မှာမြို့ပြအင်ဂျင်နီယာနဲ့ BE ဘွဲ့ရခဲ့ပြီးနောက် ၁၉၇၄ မှာ ဆည် မြောင်းအင်ဂျင်နီယာဖြစ်သွား
တယ်။ ၂၀၀၉ မှာ ပင်စင်ယူပြီးနောက် နယ်သာလန်နိုင်ငံIHE Delft ကျောင်းမှာ နိုင်ငံခြားပညာရေအားအလုပ် နည်းပညာတွေ အတူပညာသွားသင်ခဲ့သူ မိတ်ဆွေကြီး ဦးချိုချို တည် ထောင်ထားတဲ့ NEPS အင်ဂျင်နီယာ Co မှာ သဘာဝပတ်ဝန်းကျင် ရေးရာအလုပ် တွေ ကို ယခုတိုင် လုပ် နေပြီး ၊ တွေးမိတွေးရာရေးမိရေးရာ ၊
မှတ်ဖွယ်မှတ်ရာ ၊ ဖတ်စရာမှတ်စရာ တွေ နဲ့ မှတ်ဖွယ်မှတ်ရာ ဆည် မြောင်းရေးရာ စာပဒေသာတွေ၊ တွေးချင်ရာတွေး၊ ရေးချင်ရာ ရေး နေမိပါတယ် ။
ငယ်သူငယ်ချင်းများကို သတိရလျက်
အေးမြင့် ( ညောင်တုန်း )
၂ ၊၉ ၊ ၂၀၂၄
ရည်ညွှန်း
သူငယ်ချင်းမကွယ်လွန်မီရေးခဲ့တဲ့
U Htay Aung Facebook post 1 September 2017
တနေကုန်တနေခန်း…ပင်ပန်းနွမ်းလျဘွယ်…ပိုက်ကွန်ဖြန့်ပါလို့……..
ကျွန်တော့ကိုဂီတအသိ..အတတ်..အထပ်ထပ်ပေးလာခဲ့သူ…ဆရာရင်းတဆူဖြစ်တဲ့,ဆရာကြီးဂီတနက်သန်ဦးအုန်းလွင်ရဲ့,.ဂန္တဝင်ြေ်မာက်လက်ရာတေးကို…ပြည်သူချစ်တေးသံရှင်..တွံတေးသိန်းတန်သီဆိုအောင်မြင်ခဲ့တဲ့သီချင်းပါ..
ရွှေလည်မော့မော့,………..တဲ့
စန္ဒယား……ခွန်တင်ကြွယ်
တယော…..တက္ကသိုလ်မောင်ဌေးအောင်
စည်းဝါး…..မောင်နေအောင်မိုး
အတီးသက်သက်ပါ
https://www.facebook.com/573223149/posts/10161408949833150/?
0:58 / 4:45
https://www.facebook.com/story.php?story_fbid=621215349648435&id=100011792704491
U Htay Aung
June 22, 2017 ·
တွေးတောမှုများ…လှုပ်ရှားသက်ဝင်…နှစ်ဦးဂဟေဆက်ရန်ပင်…အော်..ဖူးရွှေလက်တံတင်….
‘ကိုမျိုးဆက်ရဲ့သိမ်မွေ့လှပတဲ့လက်ရာတေးကို..အဆိုတော်အေဝမ်းတင်တင်လှသီဆိုပြီးဂန္တဝင်တေးတပုဒ်အသွင်..အောင်မြင်ခဲ့တဲ့
ဖူးရွှေလက်တင်……..ပါ
မြန်မာ့အသံရေဒီယိုဓာတ်ပြားရတေးသံရှင်..အေးအေးမြတ်ကပြန်လည်ခံစားသီဆိုတင်ပြထားပါတယ်ခင်
https://www.facebook.com/story.php?story_fbid=360381081031646&id=100011792704491

တက္ကသိုလ်ကျောင်းကငွေလမင်း……..
ဂီတစာဆိုမောင်ဆွေနွယ်ရဲ့လက်ရာတေးကို..အဆိုတော်ချိုပြုံးသီဆိုပြီးလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့သီချင်းပါ…
အမျိုးသမီးအရွယ်မရွေးသီဆိုန်ိင်မယ့်ကီးအနေအထားနဲ့အတီးသက်သက်တင်ပြပေးလိုက်ပါတယ်..အဆင်ပြေပြေသီဆိုန်ိုင်ကြပါစေ…
တက္ကသိုလိမောင်ဌေးအောင်
ဘူမိဗေဒ..ပဲခူးဆောင်
(မယ်ဒလင်လေးတလက်ထဲနဲ့မို့ သည်းခံနားဆင်ပေးကြပါတော့ စတူရီယိုမှာအပီအပြင်သွင်းရင်လည်း ပစ္စည်းစုံနဲ့ ၂သိန်းလောက်ကုန်သွားမှာမို့ မတတ်နိုင်ဘူးလေ သွင်းဖို့လည်းထွက်လို့မရတဲ့အတူတူ) ကဲ အိမ်ထဲမှာတချိန်လုံးအောင်းနေရတုန်း အကျိုးရှိရှိအချိန်သုံးရင်း ပညာပေးတေးလေးတပုဒ် ရေးထုတ်တင်ဆက် ဝင်ထွက်သွားလာမလွယ်တာမို့ အနားကကိုယ့်သမီးအဆိုကျော် အပူတပြင်းသီချင်းခေါ်တိုက်ရင်း ဒီသီချင်းလေး မိတ်ဆက်ပေးလိုက်ပါတယ် ချစ်သူငယ်ချင်းတို့ရေ နည်းနည်းလေးပဲအကျိုးရှိရှိပေါ့ { ကပ်ရောဂါဘေး ဒို့ကင်းဝေး }တေးရေး တက္ကသိုလ်မောင်ဌေးအောင်တေးဆို သမီး နွယ်နီနီအောင်သီချင်းစာသားလေးတဆက်တည်းတင်ပေးလိုက်ပါမယ်
အလှူပွဲတွေကို တီးဝိုင်းနဲ့လိုက်သွားသမျှ တယောကိုဘေးမှာချထားပြီး မယ်ဒလင်နဲ့ တီးဆိုလေ့ရှိတဲ့ သီချင်းလေးပါ
အလှူမှာတွေ့ရင်မခေါ်နဲ့ကွယ်
အလှူ..မင်္ဂလာပွဲရာသီမရောက်သေးပေမယ့်..မြန်မာ့ဂီတရဲ့ရှေ့တန်းတိုက်စစ်မှူး..မီးရှူးတန်ဆောင်တဦးအဖြစ်..အမွှန်းတင်ရမယ့်..ဟင်္သာတထွန်းရင်..ဂီတစာဆိုကိုမြတ်လင်းရဲ့လက်ရာတေးနဲ့..သိပ်ကျော်ကြားခဲ့ပါတယ်..
https://www.facebook.com/share/v/U4TtzJUWarE5GpcK/
သမီးဖြစ်သူရြံအတွေး ။ အဖေ့ရဲ့ တူရိယာပစ္စည်းလေးတွေ ရောင်းမယ်ဆိုတော့ လိုချင်တဲ့သူတွေ ဆက်သွယ်ကြပါတယ်
အဖေ့ကိုချစ်လို့ ခင်လို့ လေးစားလို့
တူရိယာလေးတွေကိုလဲ မြတ်နိုးတန်ဖိုးထားကြလို့ လိုချင်တဲ့သူတွေရှိသလို
မတီးခတ်တတ်ပဲ အမှတ်တယ ဝယ်သိမ်းထားချင်ကြတဲ့သူတွေလဲပါပါတယ်
အဖေ့ပစ္စည်းတွေရောင်းမယ်ဆိုလို့ စိတ်မကောင်းဖြစ်ပြီး မရောင်းပစ်ဖို့ သိမ်းထားဖို့ လှမ်းပြောကြတဲ့ အဖေ့ရဲ့မိတ်ဆွေတွေလဲအများကြီးတွေ့ရပါတယ်….အဖေမရှိတော့တာ တနှစ်ကျော်နေပေမယ့် သမီးတို့တွေအဖေ့ကိုတနေ့မှမမေ့သလို ခုချိန်ထိအဖေ့ကို တန်ဖိုးထားချစ်ခင်သတိရပေးကြသူအားလုံးကို
ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်

(အားလုံးရောင်းပစ်တာမဟုတ်လို့ စိတ်မကောင်းမဖြစ်ကြပါနဲ့နော် အဖေအမြဲတီးခတ်တဲ့ မယ်ဒလင်အပါအဝင် တယောတွေလဲ သေချာသိမ်းထားပါတယ်
https://www.facebook.com/share/v/ap7yF8UtmD6MEA1Y/
(မယ်ဒလင်လေးတလက်ထဲနဲ့မို့ သည်းခံနားဆင်ပေးကြပါတော့ စတူရီယိုမှာအပီအပြင်သွင်းရင်လည်း ပစ္စည်းစုံနဲ့ ၂သိန်းလောက်ကုန်သွားမှာမို့ မတတ်နိုင်ဘူးလေ သွင်းဖို့လည်းထွက်လို့မရတဲ့အတူတူ) ကဲ အိမ်ထဲမှာတချိန်လုံးအောင်းနေရတုန်း အကျိုးရှိရှိအချိန်သုံးရင်း ပညာပေးတေးလေးတပုဒ် ရေးထုတ်တင်ဆက် ဝင်ထွက်သွားလာမလွယ်တာမို့ အနားကကိုယ့်သမီးအဆိုကျော် အပူတပြင်းသီချင်းခေါ်တိုက်ရင်း ဒီသီချင်းလေး မိတ်ဆက်ပေးလိုက်ပါတယ် ချစ်သူငယ်ချင်းတို့ရေ နည်းနည်းလေးပဲအကျိုးရှိရှိပေါ့
{ ကပ်ရောဂါဘေး ဒို့ကင်းဝေး }
တေးရေး တက္ကသိုလ်မောင်ဌေးအောင်
တေးဆို သမီး နွယ်နီနီအောင်
သီချင်းစာသားလေးတဆက်တည်းတင်ပေးလိုက်ပါမယ်


