တစ် ချိန်တုန်းက တက္ကသိုလ် ကျောင်းသား လူငယ် တွေ

တွေးမိတွေးရာ ရေးမိရေးရာ

ဖတ်စရာ မှတ်စရာ ( )

ပညာရေးရာ

စာပဒေသာ

တစ် ချိန်တုန်းက တက္ကသိုလ်

ခေတ်တစ်ခေတ်က

ငယ်စဉ် ကျောင်းတုန်းက သူငယ်ချင်းတွေ ။

နဲ့

ရှေး ခေတ်

တစ်ချိန်တုန်းက တက္ကသိုလ် ကျောင်းသားလူငယ် တွေ

ညောင်တုန်းမှာ ငယ်စဉ်က ဆုံခဲ့ကြတဲ့

ကျောင်းနေဖက် ငယ် သူငယ်ချင်း

ကိုဌေးအောင်

သူ့ဖခင်က ညောင်တုန်းမှာ မြို့ နယ် ပညာအုပ် တာဝန်ဖြင့်

ညောင်တုန်း လာလုပ်ခဲ့သူ ပညာအုပ်ကြီး ဦးထွန်းကြိုင်၊

သူငယ်ချင်းဖြစ်သူကို

နောင်မှာ မယ်ဒလင်ဌေးအောင် ဟု

ဂီတလောကသားတွေသိကြသူများတယ်.

ကိုဗစ် လှိုင်းမှာ သူငယ်ချင်းဖြစ်သူ ဌေးအောင် (ကျောင်းတုန်းက ဌေးဝင်း) ကွယ်လွန်သွားခဲ့ရရှာတယ်.

သူမဆုံးခင် သူနဲ့တွေ့ခဲ့စဉ်

တယောမယ်ဒလင်အကြောင်း ပြော လို့ သမိုင်း သူ့အိမ် လာခဲ့

သူသင်ပေးမယ် လို့ မကွယ်လွန်မီပြောခဲ့တဲ့မိတ်ဆွေသူငယ်ချင်း ။

သူ့အိမ်ကိုလဲရောက်ခဲ့ဘူးတယ်.။

ရန်ကုန် ညောင်တုန်းအသင်း ကို ညောင်တုန်း အထက ကျောင်းတုန်းက ရင်းနှိးသူ သူငယ်ချင်းမိတ်ဆွေတွေဖြစ်ကြတဲ့

မာလစ်အောင်သန်းနဲ့ ကိုဌေးအောင်တို့နဲ့ဆုံကြပြီး ေ၇ွှတိဂုံဘုရားအနီးက ညောင်တုန်းအသင်းအစည်းအဝေးကို အတူသွားတက်ခဲ့ကြဘူးတယ်.

အပြန်မှာ လူချင်းမခွဲကြသေးဘဲ ကန်တော်ကြီးသွားပြီးကန်စောင်းမှာ နေ့လည်ခင်းမှ ညနေထိ နေကြပြီး ငယ်ဘဝ ရှေးဖြစ်ဟောင်းတွေပြောမဆုံးပေါင် ဖြစ်ခဲ့ကြတယ်. နေညိုချိန် လူခွဲပြီးအိမ်ပြန်ကြတယ်.

အောင်ချက် အလွန်နည်းပါးချိန် ခေတ် ၊

၁၉၆၆ ခုနှစ်မှာ ၁၀ တန်းအတူအောင်ခဲ့ကြသူ ကျွန် တော်တို့ သူငယ်ချင်းတွေ၃ ယောက်စလုံး တက္ကသိုလ် ဝင်တန်း ၁၀ တန်း စာမေးပွဲ ကို အတူ အောင်ခဲ့ကြတယ် ။

၁ ။ မာလစ် အောင်သန်း က စီပွါရေးတက္ကသုလ် ရောက်သွား တယ်

ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုနှစ် ၁၉၇၀ မှာ ကျောင်းပြီးတယ်. ။စီးပွါရေးပညာရှင် ဖြစ်သွားတယ်။ အစိုး၇ဌာနတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ ပြီးပင်စင်ယူခဲ့တယ်. ။ယနေ့မှာ ပြင်ပမှာ သူ့ပညာနဲ့အလုပ်တွေဆက်လုပ်နေတုန်းပါ။

၂ ။ကိုဌေးအောင်က ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဘူမိဗေဒ အဓိကယူတက်တယ်.။၁၉၇၀ မှာ ကျောင်းပြီးတယ်။ ဘူမိပညာရှင် ဖြစ်သွားပြီး စင်ကာပူမှာ အလုပ် သွားလုပ်ခဲ့သေးတယ်.။ မြန်မာပြည် ပြန်လာခဲ့ ပြီး နောက် အလုပ်မှ အနားယူပြီးနောက် မှာ တယောမယ်ဒလင် အတီးဝါသနာပါသူပြီပြီ တယောမယ်ဒလင် အတီးသင်တန်းတွေသူ့အိမ်မှာ ဖွင့်တယ်.။ မယ်ဒလင်ဌေးအောင်ဟု ဂီတ လေကမှာ သူ့ကိုသိကြတယ်။

တယောမယ်ဒလင် တီးသင်တန်းတွေ ဖွင့်ပေးနေရုံ သာမက မြန်မာ သီချင်းတွေလဲရေး တီး နေခဲ့တာ နောင်မှ သိခဲ့ရပါတယ်။ းီတလူ့ဘဝတွေနေဝင်ချိန်ကာလမှာ သူဝါသနာပါရာ တယောမယ်ဒလင် အနုပညာ ဂီတ အလုပ်တွေနဲ့ ပျော်မွေ့နေတုန်း ကွယ်လွန်သွားခဲ့ရရှာတယ်။ နိုင်ငံ ခေတ် ပြောင်းချိန် ၂၀၂၁ ခုနှစ် ခန့်မှာဖြစ်တယ်။ ကျွန်တော်နဲ့သက်တန်းတူခဲ့လျင ၊သူကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ကျော် ၇၃ အတွင်းဖြစ်ပါမယ်.

၃။ ကျွန် တော်က ရန်ကုန်စက်မှုတက္ကသိုလ် ကို ၁၉၆၆ /၆၇ ပညာသင် နီစ်မှာ ရောက်ခဲ့ပြီး ၁၉၇၂ မှာမြို့ပြအင်ဂျင်နီယာနဲ့ BE ဘွဲ့ရခဲ့ပြီးနောက် ၁၉၇၄ မှာ ဆည် မြောင်းအင်ဂျင်နီယာဖြစ်သွား

တယ်။ ၂၀၀၉ မှာ ပင်စင်ယူပြီးနောက် နယ်သာလန်နိုင်ငံIHE Delft ကျောင်းမှာ နိုင်ငံခြားပညာရေအားအလုပ် နည်းပညာတွေ အတူပညာသွားသင်ခဲ့သူ မိတ်ဆွေကြီး ဦးချိုချို တည် ထောင်ထားတဲ့ NEPS အင်ဂျင်နီယာ Co မှာ သဘာဝပတ်ဝန်းကျင် ရေးရာအလုပ် တွေ ကို ယခုတိုင် လုပ် နေပြီး ၊ တွေးမိတွေးရာရေးမိရေးရာ ၊

မှတ်ဖွယ်မှတ်ရာ ၊ ဖတ်စရာမှတ်စရာ တွေ နဲ့ မှတ်ဖွယ်မှတ်ရာ ဆည် မြောင်းရေးရာ စာပဒေသာတွေ၊ တွေးချင်ရာတွေး၊ ရေးချင်ရာ ရေး နေမိပါတယ် ။

ငယ်သူငယ်ချင်းများကို သတိရလျက်

အေးမြင့် ( ညောင်တုန်း )

၂ ၊၉ ၊ ၂၀၂၄

ရည်ညွှန်း

သူငယ်ချင်းမကွယ်လွန်မီရေးခဲ့တဲ့

U Htay Aung Facebook post 1 September 2017

တနေကုန်တနေခန်း…ပင်ပန်းနွမ်းလျဘွယ်…ပိုက်ကွန်ဖြန့်ပါလို့……..

ကျွန်တော့ကိုဂီတအသိ..အတတ်..အထပ်ထပ်ပေးလာခဲ့သူ…ဆရာရင်းတဆူဖြစ်တဲ့,ဆရာကြီးဂီတနက်သန်ဦးအုန်းလွင်ရဲ့,.ဂန္တဝင်ြေ်မာက်လက်ရာတေးကို…ပြည်သူချစ်တေးသံရှင်..တွံတေးသိန်းတန်သီဆိုအောင်မြင်ခဲ့တဲ့သီချင်းပါ..

ရွှေလည်မော့မော့,………..တဲ့

စန္ဒယား……ခွန်တင်ကြွယ်

တယော…..တက္ကသိုလ်မောင်ဌေးအောင်

စည်းဝါး…..မောင်နေအောင်မိုး

အတီးသက်သက်ပါ