ဖတ်စရာ မှတ်စရာ ( ၁၆၁ )
ဆည် မြောင်းရေးရာ
စာပဒေသာ
မြန်မာတို့ရဲ့ဆည် မြောင်း
ညောင်တုန်းကျွန်း ရေ အောက် ရတနာမြေ /လယ် ယာမြေ ဖေါ် ထုတ် ရေးစီမံကိန်းကို
တာဝန်ယူ ဖေါ် ဆောင်ပေး ခဲ့သူ ဆည် မြောင်း ဆရာသမားကြီး ဦးထွေးမြင့် သို့အမှတ်တရ။
ညောင်တုန်းကျွန်းစီမံကိန်းကြီးကို ၁၀နှစ်ခန့်ကာလအတွင်း
ကြံဆ ကြိုးစားအားထုတ် အကောင်အထည် ဖေါ်ဆောင်ရွက် ခဲ့သူ
ကွယ် လွန်သူ ဆည်မြောင်းဆရာသမား
စီနီယာဝါရငိ့ အင်ဂျင်နီယာကြီးဖြစ်သူ ၊
ဆည်မြောင်းမှ ပင်စင်အနားယူပြီးသည့် တိုင်
လယ်ယာနှင့်ဆည် မြောင်း ဝနိကြီး ဌာန ၊
ဝန်ကြီး များ အဆက်ဆက်တွင်
ဝန်ကြီးအကြံပေး လုပ် ဆောင်ပေး ခဲ့သူ
မြစ်ဝကျွန်းပေါ် ဆည် မြောင်း အင်ဂျင်နီယာကြီး
ဦးထွေးမြင့်အကြောင်း တစ်စေ့တစ်စောင်း ။
၁၉၇၇မှ ၁၉၈၇ ကာလအတွင်း ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်ခဲ့သော
အောက်မြန်မာပြည် စပါးစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအပိုင်း(၁)
LowerBurma Paddyland Development Project ,Phase (1 ) တွင်
စပါး စီမံကိန်း(၁) ဒါရိုက်တာ ဆည်မြောင်းစီနီ ယာအင်ဂျင်နီယာကြီး ဦး စောလှိုင် ( ကွယ် လွန်) လက် အောက် တွင်
ဆည် မြောင်းလက် ဦးဆရာ သမား ဦးစဝ်အောင်မြင့် ( ကွ ယ် လွန်) ၏ စပါးစီမံကိန်း (၁) ဒီဇိုင်းနှင့်ပုံထုတ်ရေးရုံးတွင်
ကျွန် တော် တာဝနိကျ ဆောင် ရွက်နေစဉ်တွင်
ဆရာသမားကြီး ဦးထွေးမြင့်က စပါးစီမံကိန်း (၂ ) တွင် စီမံကိန်းဒါရိုက်တာအဖြစ်
အောက်မြန်မာပြည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ စီမံကိန်းအလုပ်များကို လုပ်ငန်းများပြီးစီးချိန် ၁၉၉၂ ခန့်အထိ
တာဝန် ယူ ဆောင်ရွက် နေခဲ့ သူ ဆရာသမားတစ်ဦးဖြစ်ပါသည် ။
ဆရာသမားကြီးဦးထွးမြင့် က
စပါးစီမံကိန်းဒါရိုက်တာအဖြစ် ဆောင်ရွက်နေစဉ်မှာပင်
ဆရာသမားကြီးစိတ်ဝင်စားသည့် ညောင်တုန်းကျွန် ရေနက်ကွင်းလယ် ယာမြေ ဖေါ်ထုတ်ရေးလုပ်ငန်းစီမံကိန်းအတွက်
Feasibility Report ဖြစ်မြောက်နိုင်စွမိးအစီရင်ခ့စာကြီးကိုရေးသားခဲ့ပြီး
သက်ဆိုင်ရာ လယ်ယာဆည် မြောင်းတန်ကြီးဌာနနှင့်
ဆည် မြောင်းဌာန တို့ထံ ရှေးဦးစွာတင်ပြခဲ့သူဖြစ်သည် ။
၁၉၉၀ ခုနှစ် ခန့်တွင်
မြန်မာပြည် တစ်နိုင်ငံလုံးတွင်
ရေ မြေ အနေအထားပေးသော ဒေသများ၊
စိုက်ပျိုးရေကောင်းစွာရရှိနိုင်ဿော စပါးစိုက် လယ် မြေများတွင် စပါးသီးထပ် / နွေစပါး စိုက်ပျိုးရေး ကို
ပထမဆုံး စတင် ဆောင်ရွက်ကြရန်အတွက်
ထိုအချိန်က လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးက
တွန်းအားပေး စိုက်ပျိုးစေခဲ့ရာတွင်
ဝန်ကြီးဌာနတွင် လယ် ယာဆည် မြောင်း ဝန်ကြီး၏အကြံပေး
လုပ် နေသူ ဆရာသမားဦးထွေးမြင့် က
ညောင်တုန်းကျွန်းစီံကိန်းကြီး.လက်ငင်းလက် တွေ့ အကောင် အထည် ဖေါ် ဆောင် ရွက်နိုင်ရေးနှင့်အတူ
အောက်မြန်မာပြည်တစ်လွှား တွင် နွေစပါး,ဧက ၄ သိန်း စိုက်ပျိုးနိုင်ရေး လုပ်ငန်းအစီရင်ခံစာကြီး တစ် အုပ်ကို ပါ
ဆက်လက် ပြုစုခဲ့ပြီး
သက်ဆိုင်ရာ ဝန်ကြီး ဌာနင့် ဆည် မြောင်း ဌာနတို့ထံ
ရေးသားတင်ပြ အဆိုပြု တင်ပြခဲ့ပါသည်။
နောင်တွင် ဆရာသမားကြီး အကြံပြုခဲ့သော နွေစပါးစိုက်ပျိုးရေး တွင်ပါဝင်ခဲ့သည့် ညောင် တုန်းကျွန်းလယ်ယာမြေဖေါ်ထုတ်ရေး စီမံကိန်းအလုပ်များကို
ထိုအချိန်က လယ်ယာနှင့်ဈည် မြောင်း ကြီးမှလည်း
အားပေးခဲ့သဖြင့်
ရေအောက် လယ် ယာမြေ ဖေါ်ထုတ်ရေးလုပ်ငန်းဖြစ်သော ညောင်တုန်းကျွန်း စီမံကိန်းလုပ်ငန်း ကြိးကို
မည်သညိ့နိုင်ငံခြားသားအကူအညီမျှမပါဘဲ ၊
မည်သည့်နိုင်ငံခြား ငွေ အကူအညီမျှမပါဘဲ
ဆည် မြောင်း၏ ဝါရင့် ဆ၇ာသမား အင်ဂျင်နီယာာကြီး၏ လက်အောက် တွင် ကျွန်တော်တို့တစ်တွ၊ ၂၀ရာစု မြန်မာ မျိုးဆက်သစ် အင်နီယာများ၏ စုပေါင်း အားဖြင့်
လုပ်ငန်းများပြီးဆုံးသည်အထိ
၁၀နှစ်ခနိ့အတွင်း ဆောင်ရွက်နိုင်ခဲ့ကြပါသည်. ။
ယနေ့အခါတွင် ညောင်တုန်းကျွန်းလယ်ယာမြေ ဖေါ် ထုတ်ရေးလုပ်ငန်းစီမံကိန်းကြီးတွင်ပါဝင်ခဲ့သော
စပါးနှင့်ငါး စိုက်ပျိုး /မွေးမြူရေး လုပ်ငန်း များ၏
အသီးအပွင့်ရလဒ်များကို
မြန်မာပြည်သူများနှင့် ညောင်တုန်းကျွန်း ဒေသ နေပြည်သူများလက်ငင်း လက် တွေ့ ကောင်း, စွာ ခံ စား စံစား နေကြရပြီဖြစ်ကြောင်း မျက်မြင် တွေ့ နေ သီရှိနေရပါသည် ။
အောက်မြန်မာပြည် စပါးစီမံကိန်း(၁ ) နှင့် ( ၂ ) တို့တွင်
တာဝန်ယူထမ်းဆောင်ခဲကြပြီးနောက်
ကွယ်လွန်ခဲ့ကြသူ ဆရာသမားကြီးများ နှင့်
ရောင်းရင်းလုပ်ဖေါ်ကိုဘက် ဆည် မြောင်း အင်ဂျင်နီယာ
မီတ်ဆွေများ ၊တပည့်များကို
အမှတ်ရစွာဖြင့် ……………
ပြန်လည် ဖေါ်ပြပါသည် ။
အေးမြင့် ( ညောင်တုန်း )
27 August 2024 ( London )
ရည် ညွှန်း ပူးတွဲစာ
မြန်မာတို့ရဲ့ဆည် ေမြာင်းမှ
အင်ဂျင်နီယာ ဆရာသမားကြီး တစ်ယောက် ။




