
၂၀၁၇
2017 August 14
နှလုံးရောဂါ ခွဲစိတ် ပြီစ ရှိသေးတဲ့ မောင်ကျေးရေ
စာတွေရေးနေ
သူသိတာတွေ မျှဝေပေးနေပြန်ပြီ
Myint Thein Facebook post 14 Aug 2017
စက်ရေတွင်း၊လက်တူးတွင်း၊များကရေကိုမိမိတို့နေအိမ်များတွင်
သောက်သုံးရေအဖြစ်ထုတ်ယူသုံးစွဲသူများ အတွက် …….
မြေအောက်ရေနှင့်ရေတွင်း၊စက်ရေတွင်းကိုအစဉ်ထိမ်းသိမ်းကာကွယ်
စောင့်ရှောက်ရန်သိထားသင့်သည်များ။
မြေအောက်ရေကိုစက်ရေတွင်းမှတဆင့်ထုတ်ယူသုံးစွဲကြသည့်ပြည်သူများသည်ရေထုတ်ယူရရှိရေးသည်သာအထိကဖြစ်သည်ဟုနားလည်ကြ၏။မြေအောက်ရေနှင့်စက်ရေတွင်းအကြောင်းထိုထက်ပိုပြီးသိနားလည်သည့်သူနည်းပါသည်။မြေအောက်ရေနှင့်စက်ရေတွင်းများကိုသုံးစွဲသူများကို့စက်ရေတွင်းပြုပြင်ထိမ်းသိမ်းနည်း၊မြေအောက်ရေကိုမညစ်နွမ်းအောင်ကာကွယ်နည်း၊ထိမ်းသိမ်းနည်းများကိုပညာပေးလက်ကမ်းစာစောင်များဖြင့်သော်လည်းကောင်း၊ရပ်ကွက်မြို့နယ်အလိုက်ပညာပေးဟောပြောပွဲများဖြင့်သော်လည်းကောင်း၊ပညာရှင်များကဦးဆောင်၊ဆောင်ရွက်ပေးခြင်းဖြင့်မြေအောက်ရေနှင့်စက်ရေတွင်းအကြောင်းပိုသိရှိနားလည်နှိင်မည်ဖြစ်ပါသည်။
မြေအောက်ရေဆိုတာဘာလဲ၊မြေအောက်ရေဘယ်ကလာသလဲ။
မြေအောက်ရေ၊ဆိုသည်မှာကမ္ဘာမြေမျက်နှာပြင်အောက်တွင်မြေလွှာ(သဲကျောက်စရစ်)အတွင်း၌သော်လည်းကောင်း၊ကျောက်လွှာကြားများအတွင်း၌သော်လည်းကောင်း၊စိမ့်၀င်ခိုအောင်းနေသောရေဖြစ်ပါသည်။
မိုးရေများမြစ်ချောင်းအင်းအိုင်သို့စီး၀င်သကဲ့သို့မြေအောက်သို့လည်းမြေလွှာမှတဆင့်မိုးရေများစိမ့်၀င်စီးဆင်းခြင်းဖြင့်မြေအောက်ရေကိုအဓိက ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပါသည် ။
သို့ပါ၍မြေအောက်ရေကိုပြန်လည်ဖြည့်တင်းပေးသည့်မူလအရင်းအမြစ်မှာမိုးရေပင်ဖြစ်ပါသည်။ထိုရေများကမြေအောက်တွင်ခိုအောင်းနေပါသည်။ထိုရေကိုစက်ရေတွင်းများ၊လက်တူးတွင်းများကတဆင့်ထုတ်ယူသုံးစွဲခြင်းဖြစ်ပါသည်။
မြေအောက်ရေနှင့်မြေပေါ်ရေ(မြစ်ချောင်းအင်းအိုင်)ဆက်စပ်နေမူ့။
မြစ်ချောင်းအင်းအိုင်များမှတဆင့်မြေအောက်သို့စိမ့်၀င်စီးဆင်းသကဲ့သို့၊ မြေအောက်ရေမှမြစ်ချောင်းအင်းအိုင်များသို့စိမ့်၀င်စီးဆင်းသည်များလည်းနေရာဒေသအလိုက်ရှိပါသည်။အချို့နေရာများတွင်မြေအောက်ရေသည်မြေပေါ်သို့ပေါ်ထွက်လာသည့်နေရာကိုစိမ့်စမ်းရေဟုခေါ်ပါသည်။
မြေအောက်ရေဘယ်လောက်များသလဲ။
မြေအောက်ရေသည်ပေါများစွာရှိပါသည်။တကမ္ဘာလုံးရှိသောက်သုံးရန်သင့်လျော်သောရေ(၉၈%)ကိုမြေအောက်ကရရှိပါသည်။ရေတွင်းသုံးစွဲသူများသည်မြေအောက်ရေကိုအစဉ်ထိမ်းသိမ်းစောင့် ရှောက်သင့်ပါသည်။
လူအများစုထင်ထားတာကမြေအောက်ရေသည်မြေကြီးအောက်ထဲတွင်ရှိသဖြင့်ရေအရည်အသွေးသန့်စင်အောင်မည်သို့ပြုလုပ်နှိင်မည်လဲ။
ထိုသို့မဟုတ်ပါ။ရှိပြီးသားရေအရည်အသွေးကိုမပျက်စီးအောင်ထိမ်းသိမ်းခြင်းဖြစ်ပါသည်။
စက်ရေတွင်း၊ရေတွင်းပိုင်ရှင်တစ်ဦးအအနေနှင့်မြေအောက်ရေကိုအကောင်းဆုံးကာကွယ်စောင်ရှောက်နည်းကဘာလဲ၊
ပဌမဦးဆုံးရေတွင်းများကတဆင့်မြေအောက်ရေအရည်အသွေး(ဘက်တီးရီးယားပိုးမွာများ ၊ ရုပ်ပိုင်းဆိုင်ရာဓာတုပစ္စည်းများ)ကိုအစဉ်မပြတ်လေ့လာသုံးသပ်နေရန်တတ်ကျွမ်းနားလည်သူများနှင့်တိုင်ပင်ဆွေးနွှေးရန်တို့ကိုတစ်နှစ်တခါဆောင်ရွက်သင့်ပါသည်။စက်ရေတွင်း၊ရေတွင်းများကိုမြေပေါ်ပြင်ပမှရေဆိုးရေညစ်များစိမ့်မ၀င်အောင်ဘိလပ်မြေအုတ်သဲတို့ဖြင့်၀န်းရံထားရှိရန်။အိမ်တစ်အိမ်သုံးရေသန့်စဉ်ခြင်းလုပ်ငန်းများကိုသင့်လျော်သောရိုးရာနည်းများဖြင့်ပြုလုပ်ဆောင်ရွက်ရန်။ထိုသို့ပြုပြင်၍မရပါမှသာအဆင့်မြင့်နည်းပညာများကိုအသုံးပြုသန်စဉ်ရန်။နိုက်ဒရိပ်ဓါတ်လျောနည်းအောင်၊အိမ်၏အိမ်သာရေဆိုးရေညစ်များကိုနှစ်နှစ်တခါဆေးကြောခြင်းဖြင့်မလိုအပ်သောဓါတ်ပစ္စည်းများစိမ့်မ၀င်နှိင်ပေ။ထိုအပြင်ဥယဉ်ခြံမြေသုံးဓါတ်မြေသြစာများ၊ရေတွင်းအနီးအနားရှိမြေလွာအတွင်းသို့စိမ့်၀င်မသွားအောင်တားဆီးထိမ်းသိမ်းရန်။ထို့အပြင်ဓါတ်ဆီ၊အင်ဂျင်ဝိုင်စသည့်လောင်စာဆီများ ရေတွင်းအနီးပတ်၀န်းကျင်တွင်ပြန့်နှံမနေအောင်ဆောင်ရွက်ရန်။
မိမိအိမ်ရှိစက်ရေတွင်း၊ရေတွင်းရေသည်ရေအရည်အသွေးပိုမိုဆိုးဝါးလာပါကတတ်ကျွမ်းနားလည်သည့်ဇလဘူမိဗေဒပညာရှင်များနှင့်တိုင်ပင်ဆွေးနွှေးရန်၊တို့ဖြစ်ပါသည်။
———————————————————————————
