ဖတ်စရာ မှတ်စရာ ( ၁၆၀ ) က
ဘဝသံသရာ ရေးရာ
တွေးမိတွေးရာ
ရေးမိရေးရာ
စာပဒေသာ
အိပ်ယာဝင် ပုံပြင်မဟုတ်
အိပ်ယာထ စဉ် ပေါ်လာတဲ့
နိုးထလာတဲ့ အတွေး အရေး
Facebook ဖွင့်ကြည့်လိုက်တာနဲ့
တွေ့ရတဲ့ပုံ post
ချက်ခြင်း မြင်တွေးမိလိုက်တာက
တစ်ဦးက ဝဋ်ကြွေး
ဝဋ်ကြွေးမကုန်သရွေ့
ရုနိးကန်နေရတယ်
တစ်ဘက်သား တစ်ဥိးက
ရောက်လာတဲ့ သူ့ဘဝမှာ
မညှာမတာ
အ ခိုင်းရက်စက်လိုက်တာ
ကိုယ်ချင်းမစာတတ်သူ
လူ
ပါချုပ်ဆရာတော်ကြီးက
ဘာဟောကြား
တရားပြထားသလဲ
ဆုံးအောင်ဆက်ကြည့်
ဆက်နားထောင်လိုက်တေ့မှ
ကြွေးဆိုတာ
ဘာလဲ
ကြွေးဆိုတာ
ပြန်ဆပ်ရတယ်
ကံကြမ္မာ ဝဋ်ကြွေး ဆိုတာရှိတယ်
ကံကြမ္မာ ဝဋ်ကြွေး ဆိုတာဘာလဲ
သံသရာ ဝဋ် ကြွေးလို့လဲ ပြောနိုင်တယ်.
ကံ မိမိအလုပ်
နှင့်
ဘဝသံသရာမှာ
မိမိ အလုပ်ကြောင့်
ကြမ္မာ ငင် ဝဋ်ကြွေး တင်ပြီး
တန်ပြန် ကြမ္မာငင်တတ်ကြရပေတယ်
အချုပ်မှာ
ကိုယ်ပြုသောကံ
ကိုယ့်ထံပြန်
ကိုယ့်ပဲ့တင်သံ
ကိုယ်ထံပြန်လာ တယ်
မှန်လွန်းသောတရား
ကိုယ်လုပ် ကိုယ်ဖြစ်
ကောင်းတာလုပ် ကောင်းတာဖြစ်
ဆိုးတာမကောင်းတာလုပ် မကောင်းတာဖြစ်
ဘယ်သူမပြု မိမိမှုတွေချည်း ပါဘဲ
အမှန်တရားတွေ
ကောင်းတာ မကောင်းတာ
အကောင်းအဆိုးတွေကိုတော့
သိကြဘို့ လိုတယ် .
ဝေဖန် ဆန်းစစ်တတ်ကြဘို့လိုတယ် ။
မကောာင်းတာတွေ။ ကိုယ်ပြုကိုယ်ခံ
ကောင်းတာ တွေ ကိုယ်လုပ် ကိုယ်စံ
အသက် ၇၅ နှစ်ကျော်
ဘဝသက်တမ်း
တစ်လျောက်လုံးမှာ
ပတ်ဝန်းကျင်မှာ
ကောင်းဆိုးနှစ်တန် ဖြစ်နေ ပျက်နေ တာတွေကို
ကိုယ်တိုင် မြင်တွေ့သိခဲ့ရုံသာမက
ကိုယ်တွေ့ ကျင့်ကြံ လုပ်ကိုင်
ခဲစားခဲ့ရတာတွေပါ ရှိခဲ့တယ်.
ပစ္စုပ္ပန်မှာ လူ့ ဘဝတွေရဲ့
ကောင်းကျိုး
ဆိုးကျိုးတွေ
လူ့ဘဝရောက်လာစဉ် ကိုယ်လုပ်ခဲ့တဲ့
ကောင်းတာ ဆိုးတာ
ကောင်းဆိုး၂ တန် အကျိုးဆက်တွေ
အလုပ်တွေ မျိုးစုံ
ဆိုင်ရာဆိုင်ရာ ဘဝပေး အကျိုးဆက်တွေက
ပစ္စုပ္ပန်မှာသာမက
နောင်တစ်ဘဝ
ဘဝသံသရာခရီးကို ပါ
သယ်ဆောင်သွားလိမ့်မယ် တဲ့
ဒါက
ဘာသာတရားအဆုံးအမ
ဗုဒ္ဓဘာသာဝင်တို့ရဲ့
မြတ် ဗုဒ္ဓ ဘုရားရဲ့အဆုံးအမတွေ
ဟုတ်ကြပါသလား
အေးမြင့် (ညောင်တုန်း)
၂၂ ၊ ၈ ၊၂၀၂၄
၂၅ ၊* ၊၂၀၂၄ ( added )
ရည် ညွှန်းစာ
၁ ။ မေမင်းမြတ် Fashion Shop ၏
Facebook post 17 July 2024
ကြောက်လွန်းလို့ပါ ၊
(ပါ/ချုပ် ဆရာတော် ကြီး၏ တရား )
၂ ။ လူတွေဘာကြောင့် ကံဆိုးကံကောင်းမတူဉီကြတာလဲ ။ အကြောင်းတရားတော် ( ပါ/ ချုပ် ဆရာတော်ကြီး )’
