ရေတံခါးကြီးများ တည်ဆောက် ခဲ့ကြတဲ့ မြန်မာ့ ဆည် မြောင်း

ဖတ်စရာမှတ်စရာ ( ၁၅၉ )

ကြည့်စရာသိစရာ

ဆည် မြောင်းရေးရာ

စာပဒေသာ

အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ် မြေနိမ့်ပိုင်းဒေသ ရေတံခါးကြီးများ

နှင့်

ဆည်မြောင်းဌာန မှာ အနုပညာ ဝါသနာပါကြတဲ့

အင်ဂျင် နီယာ တွေ ။ ဝန်ထမ်းတွေ ။

တစ်ချိန် တစ်ခေတိက မြန်မာပြည် ဆည် မြောင်း မှာ

အောက်မြန်မာပြည် ပဲခူးတိုင်းထဲက ပဲခူးမြို့နယ်အတွင်း ပဲခူးစစ်တောင်းတူးမြောင်း ကြီးရဲ့ ထိပ် အဖျားပိုင်း

ပဲခူးမြစ်မှ တူးေမြောင်းထဲဝင်/ထွက် ရာနေရာ ပဲခူးမြစ်ဘေး တာဝ ရွာဘေးမှာ

ရှေးယခင် နှစ်ပေါင်း ၁၀၀ ကျော် ကာလ

အင်္ဂလိပ် ကိုလိုနီခေတ်က တည် ဆောက်ထားခဲ့တဲ့

Tarwa Lock Gate တာဝ ရေယဉ်ဝင်ထွက်ရန် ရေပြင် ညှိ အဆောက်အဦး တာဝ ရေတံခါး ဟောင်း ကြီး ဘေးမှာ

တည် ဆောက် ထားခဲ့တဲ့ တာဝရေတံခါးဘေး

အနားမှာကပ်လျက်

၂၁ ရာစုရဲ့အာရုဏ် ဦးကာလမှာ ၂၀ရာစုမြန်မာ ဆည် မြော င်းအင်ဂျင်နီယာ ပညာရှင် တွေ ကိုယ်တိုင်

ဘယ် နိုင်ငံခြားသားအကူအညီ မျှမပါ၊

ဘယ် နိုင်ငံခြားငွေ မျှမသုံး ရဘဲ

ကိုယ်ထူကိုယ် ထ တည် ဆောက် ထား နိုင် ခဲ့ ကြတဲ့

တာဝ ရွာအနီး ပဲခူးမြစ် ဘေး မှာ ကပ်လျက် တာဝ ရေတံ ခါးအသစ်ကြီး တစ်ခုရှိပါတယ်။

အင်္ဂလိပ်တွေ အသစ် တူး ဖေါ် ဖေါက် လုပ် တည် ဆောက် ထားပေးခဲ့တဲ့ ပဲခူးစစ်တောင်းတူးမြောင်းကြီးရဲ့

မူလရည်ရွယ် ရင်းက

အထက်အညာပျဉ်းမနား ၊ တောင်ငူ စတဲ့ အညာေဒသက သစ်မာတွေဖြစ်တဲ့ ကျွန်း၊ပျဉ်း ကတိုးနဲ့ သစ်ယာ ,အင်ကြင်း ပိတောက် စတဲ့ သစ် တောထွက် သစ်လုံးတွေကို

အင်္ဂလိပ်တွေက က တစ်ဘက် တစ်လမ်းနိုင်ငံခြားဝင်ငွေရအောင်

အညာဒေသက ခုတ်ယူရရှိတဲ့သစ်လုံးတွေကို ပဲခုးစစ်တောင်းတူးမြောင်းနဲ့ပဲခူးမြစ်ကြောင်းအတိုင်း

ရန်ကုန်ကို ဖေါင်ဖွဲ့ ပို့ ပြီး နောက် ၊

ရန်ကုန်မှတစ်ဆင့် နိုင်ငံခြားပင်လယ်ကူးသင်္ယောကြီးတွေပေါ် ပြန် တင်ကာ

စူးအက် တူးမြောင်းကြီး ကိုဖြတ်ပြီး ရောက်လာတဲ့

အင်္ဂလန်နိုင်ငံမှတစ်ဆင့် နိုင်ငံငံခြားတိုင်းပြည်တွေကို သစ် လုံးတွေကို

ရောင်းချ ဝင် ငွေ ရှာခဲ့ကြတာဇြစ်တယ်.

မြန်မာပြည်လွ တ် လပ်ရေးရ ပြီး နောက် မှာ ကုန်း လမ်းဆက်သွယ် ရေး တွေ ကောင်းလာလို့

ပဲ ခူးနယ်က ပဲခူးစစ်တောင်းတူးမြောင်း ကြီးကို သစ် ဖေါင် တွေ ဖြတ်သန်းတာ မရှိသလောက်နည်းပါးသွားခဲ့ပါတယ်။.

,

ကျွန်တော် တို့ ခေတ် ၂၀ ရာစု ဆည်မြောင်းမှာ ယခင် သစ် ဖေါင် တွေ မျှောဘို့ အင်္ဂလိပ်တွေ တူးထားခဲ့တဲ့ ၃၇ မိုင်ရှည် ပဲခူးစစ်တောင်း တူးမြောင်းကြီးဟာ ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ကို ဆက်သွယ် ပေးထားတဲ့ တူးမြောင်းချောင်းကြီး တစ်ခု ဖြစ်နေပါပြီ ။

ယနေ့မှာ ပဲခူးစစ်တောင်းတူးမြောင်းကြီးဟာ မိုးရာသီမှာ မိုးများလို့ ဖြစ်လာတဲ့ တူးမြောင်းရဲ့ လက်ဝဲ လက်ျာ လယ်မြေတွေနဲ့ ကွင်း တွေ ထဲမှာ မိုးရာသီ ရေကြီးလို့ ဖြစ်လာ တဲ့ ပိုလျံ ရေတွေ ကို

ပဲခူးမြစ်နဲ့စစ်တောင်းမြစ်ထဲကို ထုတ်နုတ်ပေးတဲ့အလုပ်တွေ လုပ်ပေး နေ ပါတယ်. ။

နွေရာသီမှာ တူးမြောင်းထိပ်က ရေတံခါးကြီး ၂ ခုကို ကိုပိတ်ပြီး ပဲခူးစစ်တောင်းတူးမြောင်းထဲ ဝင် လာ ခဲ့ တဲ့

ရေချို တွေကို သို လှောင်ပြီး စိုက်ပျိုးေရး အတွက် နဲ့ တူးမြောင်းဘေးက မြို့ရွာ တွေ သုံး ရေအတွက် အသုံးချနေကြပါတယ် ။ တူးမြောင်းဘေးက ကျေးရွာ တွေ မြို့တွေ မှာ လှေ သင်္ဘော တွေနဲ့ ဆက်သွယ် သွားလာရေးအတွက် နွေရောမိုးပါ အသုံး ပြုနေကြပါတယ်။

ဆည် မြောင်းဌာနမှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မတိုင်မီမှာ အောက်မြန်မာပြည် နဲ့မြစ်ဝကျွန်းပေါ် ဒေသတွေအတွက် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲ ရေးအလုပ် တစ်ခုဖြစ်တဲ့ မြေနိမ့် ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အောက်ပြည် အောက် ရွာ က စပါး စိုက် လယ် ယာမြေ တွေမှာ မိုး ရာသီမှာ ရေမကြီးစေရေးနဲ့ နွေခေါင်ခေါင် နွေရာသီမှာ အခြေအနေပေးတဲ့ လယ် ယာမြေေ တွေ မှာ နွေစပါးစိုက်ပျိုးဘို့ ရေချို သွင်းပေးနိုင်ရေး စတဲ့ ရေစီမံမှုအလုပ် တွေအတွက် ရေ ထုတ် /ရေ နုတ် နိုင်ရုံသာမက ၊ ရေသွင်း ပြီး သွင်းတဲ့ရေတွေ ရေပြန် ထိန်း ထားနိုင်တဲ့ ဘက်စုံသုံး ရေတံခါး ကြီးတွေ များစွာကို မြစ် ဝကျွန်းပေါ်နေရာအနှံ မှာ တည်ဆောက် ပေး ထားခဲ့ပါတယ်.

မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ်မှာ ဘက်စုံ ရေစီမံမှု လုပ်ငန်းတွေအတွက် ဆည် မြောင်းဌာနမှာ

အောက်မြန်မာပြည် တည် ဆောက်ရေးရုံတစ်ရုံး ပေါ်ပေါက်လာခဲ့ ပါတယ်.

ဆည် မြောင်းဆရာသမားကြီးတစ်ဦးဖြစ်သူ ဦးထွေးမြင့် ( ကွယ်လွန် ) က ပင်လယ်ရေမျက်နှာ ပြင် အောက် မြေနိမ့် ပိုင်းဒေသ တွေ မှာ လူတွေနေလို့ ရအောင် တီထွင်ကြံဆ ဖန်တီးနေထိုင်နေကြတဲ့ ဒပ်လူမျိုးတွေနေကြတဲ့ နယ်သာလန် နိုင်ငံမှာ ၁၉၅၃ ခန့်မှာ စတင် ဖွင့် လှစ်ခဲ့တဲ့ IHE ( International Institute for Hydraulic and Environmental Engineering ရေအား ဟိုက်ဒရောလစ် ရေစီမံမှု နည်းပညာတက္ကသိုလ်ကြီး ဖွင့်စမှာ မြန်မာပြည်မှ ပထမဆုံးသွားရောက် တက် ရောက် ပညာသင်ခွင့်ရရှိ ခဲ့သူ ဆည် မြောင်း မှ ဝါရင့် အင်ဂျင် နီယာကြီးတစ် ယောက်ဖြစ်တယ်။

ကျွန် တော်ကလဲ ဆည် မြာင်း ဆရာသမားကြီး ဦးထွေးမြင့် က နယ်သာလန် ပညာတော်သင် မှ ပြန်လာခဲ့ ပြီးနောက် နှစ်ပါင်းများစွာ ၊နှစ် ပေါင်း ၃၀ ကျော် ခန့် အကြာ ၁၉၈၂ / ၈၃ ပညာသင်နှစ်မှာ IHE ရေအားနည်းပညာ တက္ကသိုလ်ကြီးမှာ Hydraulic Works in Lowland Deltaic Areas မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေအတွက် ဟိုက်ဒရောလစ် နည်းပညာ ရေအားအဆောက်အအုံ တည် ဆောက် ရေး နည်းပညာ လုပ်ငန်းများ ဆိုင်ရာ ပညာရပ်ကို အဓိ က ဘာသာ ယူ သင်ကြားခဲ့ ပြီး ကျောင်းဆင်း လာခဲ့ သူဖြစ်တယ်.။

ဆရာသမား ကြီးဦးထွေးမြင့်က ဆည် မြောင်းမှာ အသက် ၆၀ ပြည့်လို့ ပင်စင် အနားယူ ပြီး နေချိန်ဖြစ်သော်လဲ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနနဲ့ ဆည် မြောင်းဌာနအတွက် သူ နောက်ဆုံး ကွယ်လွန်ချိန်အထိ အကြံပေး အရာရှိအဖြစ် ဆက် လုပ် နေခဲ့ ပြီး ဆည် မြောင်း အလုပ် တွေ အတွက် နည်းပေး လမ်း ပြ အကြံပေးလုပ်ပေးနေခဲ့ သူဖြစ်တယ် ။

တစ်ချိန်မှာ ဆရာသမား ကသူ ကိုယ်တိုင် လုပ် ချင်နေတဲ့ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်အလုပ် တွေ နဲ့

ညောင်တုန်းကျွန် းရေအောက် လယ် ယာမြေတွေဖေါ် ထုတ်ရေး အလုပ် တွေ ၊ လုပ်ဘို့ သူ နဲ့အတူ တွဲလုပ် စေလို့တဲ့ IHE ကျောင်းဆင်း ကျွန်တော့်ကို ချင်းတောင်ပေါ်မှာ ချင်းပြည်နယ် တာ ဝန်ကျ နေစဉ် အလုပ်လု ပ် ကောင်းနေစဉ် မှာ အောက်ပြည်အောက်ရွာက တည် ဆောက်ရေး ရုံးကိုဆွဲခေါ်ချ ခဲ့ပါ တယ်။ သူအကြံပေးလုပ်နေတဲ့ ဝန်ကြီး နဲ့တိုင်ပင်ပြောပြီး ကျွန်တော့်ကို ရန်ကုန်က မြစ်ဝကျွန်းပေါ် တည်ဆောက်ရေးရုံး ကို ပြောင်းေရွှ့ပေး စေခဲ့ပါတယ်။ ထိုအချိန်က ဆည် မြောင်း ညွှန်ကြားရေးမှုးချုပ်လုပ် နေသူ ဆည် မြောင်း ဆရာသမားကြီး ဦးအုန်းမြင့် ( ကွယ်လွန်) ကလဲ ကျွန် တော်နဲ့အကြောင်းသိ ရင်းနှီးသူ လဲဖြစ် နေလို့ ဆရာသမားညွှန်ချုပ်ကြီးက ကျွန်တော့်ကို ချင်းတောင်မှ ရန်ကုန်သို့ လိုလိုလားလား ပြောင်း ေရွှ့ ပေးခဲ့ပါတယ်. ။

တတ်တဲ့ပညာ မနေသာ ဆိုတဲ့အတိုင်း ၊ လူမှန် နေရာမှန် အလုပ် မှန်တွေကို မိခင်ဌာနအတွက် နိုင်ငံအတွက် ဆရာသမားကြီးဦထွေးမြင့်နဲ့အတူ တကွပူးတွဲပြီး လုပ်ပေး နိုင်ခဲ့ကြပါတယ်.

ဆည် မြောင်း တည် ဆောက် ရေး ၆ ရုံးမှာ ၆ နှစ်တာ မျှ တာဝန် ကျနေစဉ်ကာလအတွင်း မြစ်ဝကျွနိးပေါ်အင်ဂျင်နီယာ ဆရာသမားကြီး ဝန်ကြီးအကြံပေး ဦး ထွေး မြင့်လက်အောက်မှာ သူ့ရဲ့နည်း ပေး လမ်းပြ လမ်းညွှန်မှုတွေအောက်မှာ ဆရာသမားကြီးနဲ့ ၆ နှစ် ၆ မိုး လက်ပွန်းတစ်တီး နဲ့ အောက်ပိုင်းဒေသ ဆည် မြောင်းအလုပ် တွေ ကို လက်တွဲလုပ်ခဲ့ရပါတယ်.။

ကျွန်တော်နဲ့ အတူ ပူးတွဲ လုပ်ခဲ့ ကြတဲ့ မျိုးဆက်သစ် လူငယ် အင် ဂျင် နီယာ တွေလဲ ၊ကျွန်တော်နဲ့အတူ ကံကောင်းခဲ့ကြတယ်။ ဆရာသမားကြီးထံက မြစ်ဝကျွန်းပေါ် အ င် ဂျင်နီယာ နည်းပညာ တွေရခဲ့ ကြပါတယ်။ အင်ဂျင် နီယာ စိတ်ကူးစိတ်သန်းသစ် နည်းပညာတွေများစွာရခဲ့ကြ တယ် ။ ဆရာသမားကြီးနဲ့တွေ့ပြီး နောက် ၊ အောက်မြန်မာပြည် မြစ် ဝကျွန်းပေါ်ဒေသမှာ တည် ဆောက်အသုံးချနေတဲ့ ရေသွင်း /ရေထုတ်/ ရေထိန်း ၊ ဘက်စုံသုံး ရေတံခါးကြီးတွေကို ကိုယ် တိုင် ဒီဇိုင်းပုံထုတ်နိုင်ခဲ့ကြ ပြီး၊ ကိုယ် ယ်တိုင် တာဝန်ခဲ တည် ဆောက် နိုင်ခဲ့ ကြ ပါတယ်။

ဆည် မြောင်း တဆရ ၆ ရုံးမှာ အထက်အောက် အတူ လက်တွဲ လုပ်နေကြသူ လူငယ် အင်ဂျင် နီယာ ၃ /၄ ဦးထဲက မကြာမီ ကာလမှာ ကွယ်လွန်သွားခဲ့လေ သူ ဆည် မြောင်းအင် ဂျင်နီ ယာ ကိုတင် ထွန်းက ကျွန်တော်နဲ့အတူ ပဲခူး မြို့ နယ် က တာဝ ရေတံခါးကြီးကို တည် ဆောက် ခဲ့ သူဖြစ်ပါတယ်။

တာဝမှာ ဘာကြောင့်ရေတံခါးသစ်ကြီး ဖြည့်စွက် တည် ဆောက် ခဲ့ကြတာလဲ

ပဲခူးစစ်တောင်းတူးမြောင်းရဲ့ ပဲခူး မြစ်အထွက်မှာ ရေယဉ် ဝင်ထွက် ရေတံခါး တစ်ခုရှိနေပါလျက် မိုးရာသီမှာ ပဲခူးမြစ်ဘကိိုရေထုတ်နိုင်ပါလျက် ဘာကြောင့် တာဝရေတံခါးသစ် ကြီး တည် ဆောက်ခဲ့ ကြတာလဲ ။

မူလတည် ဆောက်ထားခဲ့တဲ့ ရေတံခါးအဟောင်း ရဲ့ အဓိက မူလ ရည် ရွယ်ချက်က က သစ် ဖေါင် တွေကို ပဲခူးမြစ်ထဲ မျောထုတ်ဘို့သာ အဓိက ရည် ရွ ယ် တည် ဆောက် ခဲ့ကြတာဖြစ်တယ်.။မိုးရာသီမှာ တူးမြောင်းထဲရေဝင်များလာရင် မိုးရေတွေကို ပဲခူးမြစ်ထဲ ကို ရေတံခါးတွေမတင်ပြီးထုတ် ထား ဘို့အထိုက်အလျောက် သာ ရည် ရွယ် ပါလိမ့်မယ် ။

ကျွန် တော် တို့ အသစ် ဒီဇိုင်းပုံထုတ် တည် ဆောက်ထား တဲ့ ရေတံ ခါးရဲ့ ရည် ရွ ယ်ချက်က ယခင် ခေတွေ တွေ ၊ နှစ် တွေ၊ စနစ် တွေ နဲ့မတူ တော့ ဘဲ မိုးရာသီကာလမှာ မိုးရွာသွန်းမှု ထူးကဲများလာလျင် တူးမြောင်းထဲကို မိုးရေတွေ အဆမတန်ဝင်လာလျင် ပဲခုးမြစ်ရေ နိမ့်နေချိန် မှာ အလိုအလျောက် သူ့အလိုလို ေရထုတ် နိုင်အောင် စီမံထားတယ်. ။ လိုအပ်မဲ့ ရေတံခါး ပေါက် ခုရေ အရေ တွက်ကို တွက်ချက်ပြီး၊ ရေထုတ်ရဲ့သက်သက် သာမစုတ် ဘဲ ၊ ရေထုတ် နေ စဉ် ပဲခူးမြစ်ဘက်မှာ မြစ် ရေပြန်တက်လာခဲ့သော် ပြန်မဝင် ရအောင်ကိုလဲ ရေတံခါး ရွက် ကြီးတွေ ရေအားနဲ့ အလိုအလျောက်ပိတ်နိုင်ရန် ခူကပိတ်စရာမလိုအောင် စီစဉ် ဒီဇိုင်းပုံစံထုတ် တည် ဆောက်ထားပါတယ် ။ နွေရာသီမှာလဲ ပဲခူးမြစ် ရေ မငံဘဲ ရေလျိုဝင်နေချိန် ကာလ မှာ ရေတံခါးရွက် တွေ မှာ ပဲခူးမြစ် ရေဝင် အားနဲ့ အလိုအလျောက် ပွင့်ပြီး ရေချိုတွေကို

တူးမြောင်းထဲ မှာ စုထားနိုင်ပြီး ပဲခူးမြစ် ရေပြန်ကျသွားတဲ့အခါ တူးမြောင်းထဲကရေတွေပြန်မထွက်ညသွာအောင် စီမံတည် ဆောက်ထားပါတယ်.

အနီးက ပေ ၃၀ ခန့်အကျယ် ရှိတဲ့ တာဝ ရေယဉ် ဝင်ထွက်ရေတံခါးမှာတော့ ၊ သစ်ဖေါင် တွေ မျှောဘို့ နဲ့ လှေ သဗ္ဗန် သင်္ဘောတွေ ဝင်ထွက် ဘို့ အတွက် ရေတံခါးရွက် တွေကို ဖွင့်တင်ဘို့ ၊ချပိတ်ဘို့ ,ရှေးယခင်က လူအာ.းနဲ့ ၊၊နောင်မှာ ဒီ ဇယ် အင်ဂျင်အား၊ လျှပ်စစ် အင် ဂျင် င်အားတွေနဲ့ ရေတံခါးရွက်ကြီးကို မ-တင်/ မ-ချ ။ ဖွင့် ပိတ် လုပ် နေရပါတယ် ။

၎င်းပြင် နွေရာသီမှာ တူးမြောင်းထဲမှာ စိုက်ပျိုးရေနဲ့သုံးရေအတွက် ရေသိုလှောင် တဲ့အချိန်မှာ ၊ပဲခူးမြစ်ရေကျလို့တူးမြောင်းထဲက သိုလှောင်ရေတွေပြန် ထွက်မသွား ရ အောင် ရေတံခါးမှာတပ်ဆင်ထားတဲ့ရေတံခါးရွက် တွေ သူ့အလို လို အလိုအလျောက် ပြန်ပိတ်သွားအောင်လဲ စီစဉ် တည် ဆောက်ထားပါတယ်.

ပဲခူးမြစ်က ပင်လယ် ဒီရေအတက်အကျ က ပင်လယ် ဒီ ရေ ေ၇ထရက် တွေမှာ တာဝ ရွာအထိ ရောက် ခါတတ်ပါတယ်. ။ နွေ အခါ ရေထရက်မှာ တာဝကို ရောက် လာ နိုင် တတ်တဲ့ ရေတရေကျ အချက်အလက် တွေပေါ် အခြေခံပြီး တူးမြောင်းထဲရေပြန်ဝင်ကာ သိုလှောင်လိုတဲ့ရေပမာဏအရ ရေတံခါူအတွက် လိုအပ်ဘမဲ့တည် ဆောက်ရမဲ့ ရေတံခါးပေါက်ညအရါယ်အစား ၊အထူးသဖြင့် ရေတံခါးပေါက် အကျယ် နဲ့ ၊အမြင့်တို့ကို တွက်ချက် ဒီဇိုင်းပုံစံထုတ်ကြပါတယ်.

ဤနည်းအားဖြင့် တာဝရေတံခါးကြီး,အသစ် တစ်ခုကို မိမိတို့ ဆည် မြောင်း အ င်ဂျင်နီယာအဖွဲ့ သားတွေက ဒီဇိုင်းပုံစံထုတ် တည် ဆောက် ထားခဲ့ကြတာဖြစ်ပါတယ်. ။

အောက်မြန်မာပြည် မြေနိမ့်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ ,ဆည် မြောင်းကတည်ဆောက် ပေးထား ခဲ့ တဲ့ ဘက်စုံသုံးရေတံခါးကြီးတွေအများစုဟာ နှစ်ပေါင်း ၂၀ ကျော် အကြာ ၂၁ ရာစု နှစ်ဦးပိုင်းကာလ ယနေ့ ထိ တိုင် ရေတံခါးအလုပ် တွေ ကောင်းစွာ လုပ် နေကြဆဲ ဖြစ်တာ မြင် တွေ့ သိ နေရပါတယ် ။

အောက်မြန်မာပြည် မြစ်ဝကျွန်း ပေါ် ဆည် မြောင်း တည် ဆောက်ရေး ရုံး မှာ တာဝန်ကျစဉ် ဆရာသမားကြီးဦးထွေးမြင့်လက်အောက် မှာ ဆရာတပည့်တွေ တည် ဆောက်ခဲ့ကြတဲ့ ရေတံခါးကြီးတွေ ပြီးတိုင်း ကျွန်တော်တို့တစ်တွေ တစ်နှစ်တစ်ခါနီးပါး ဖွင့်ပွဲတွေ လုပ်ပေး နို င်ခဲ့ကြပါတယ် ။

ရေတံခါးကြီးတွေအများစုကို ပွင့်လင်းရာသီ ၂ ရာသီအတွင်း တစ်နှစ်ကျော် ကျော် တည် ဆောက်ချိန်အတွင်းမှာ ပြီးခဲ့တာများခဲ့ ကြတယ် ။

တည် ဆောက်ခဲ့တဲ့ ရေတံ ခါး ကြီးတွေထဲက တည် ဆောက်ပြီးစီးလို့ ဖွင့်ပွဲ လုပ် ခဲ့ တဲ့ရေတံခါးတွေထဲက တာ ဝ ရေတံခါး ဖွင့်ပွဲံအကြောင်းနဲ့ ဖွင့်ပွဲအမှတ်တရ MRTV မြန်မာ့ ရုပ်.သံ မှ ထုတိလွှင့် ပြသခဲ့တဲ့ တာဝရေတံခါးသီးချင်းဖြစ်တဲ့ သာစွ တာဝ ဥဿာအလှ သီချင်း အကြောင်း ပြ န်လည် ဖေါ်ပြလိုက်ပါတယ်။

ကွယ်လွန် သွားကြပြီ ဖြစ် ကြသော

နိုင်ငံတည် ဆောက်ရေးမှာ ၊ မြစ်ဝကျွန်းပေါ် မှာ ရေစီမံမှုအရေးတွေအတွက် ရေတံခါးများ တည် ဆောက်ရေးမှာ ဦးဆောင် ခဲ့သူ ဆရာသမားကြီး ဦးထွေးမြင့်နဲ့ အတူ ပဲခူးက တာဝရေတံခါးကို ကိုယ်တိုင် တည် ဆောက်ခဲ့သူ တပည့်ကျော် ကိုတင်ထွန်းတို့ကို သတိတရ အမှတ်ရစွာဖြင့် –

အမှတ်တရ-

အေးမြင့် (ညောင်တုန်း )

၂ ၁ ၊ ၈၊ ၂၀၂၄

( ခေတ္တ လန်ဒန် )

ရည် ညွှန်း

ပဲခူး က တာဝရေတံခါးတည် ဆောက်ရေး အပြီးမှာ

MRTV မှ ထုတ်လွှင့်ပြသခဲ့သော

ရေတံခါးဖွငိ့ပွဲသီချင်းhttps://youtu.be/yrTuj4Yy8Sk?si=-dRD88LY8naKL6V6