– https://fb.watch/u1MATR_pDo/?
၁- https://fb.watch/u1MxLSUoBB/?
၂ – https://fb.watch/u1MzxZFnDJ/?
၂ – https://fb.watch/u1Mwj7zSf8/?
၃ – https://fb.watch/u1MvrD_6Fl/?
၄ – https://fb.watch/u1MuBDe5Kp/?
၄ – https://fb.watch/u1Mt53VnW6/?
၆ – https://fb.watch/u1MrPDygZE/?
၁၁ – https://fb.watch/u1Mmj-91r-/?
၁၂ – https://fb.watch/u1MkffBuNX/?
၁၂ – https://fb.watch/u1Mlq4GClf/?
– https://fb.watch/u1Mhny49lK/?
၁၃ – https://fb.watch/u1MdXwpmep/?
၁၄- https://fb.watch/u1Mayu-3aw/?
၁၄ – https://fb.watch/u1Mg0BcTSh/?
၁၅ – https://fb.watch/u1Mayu-3aw/?
၁၆။ – https://fb.watch/u1M9texswa/?
၁၇- https://fb.watch/u1M8zGZLAp/?
၁၈- https://fb.watch/u1M65pgrAN/?
၁၉ – https://fb.watch/u1M58Yqxqe/?
၂၀ – https://fb.watch/u1M4gfu8d8/?
၂၁- https://fb.watch/u1M35-ZhNL/?
၂၂ – https://fb.watch/u1M2b1X2ai/?
၂၅ – https://fb.watch/u1M0P0PMeU/?
၂၆ – https://fb.watch/u1L-SWlxT7/?
၂၇ – https://fb.watch/u1L_Q1xaQj/?
၂၈- https://fb.watch/u1LZE7y8s0/?
၃၁- https://fb.watch/u1LWUczRbf/?
၃၄ – https://fb.watch/u1LTpb5ofl/?
၃၅ – https://fb.watch/u1LRYqHmw6/?
၃၆ – https://fb.watch/u1LQKsbRnU/?
၃၇ – https://fb.watch/u1LOIlpYGY/?
၃၈- https://fb.watch/u1LECbn0Gw/?
၄၀ – https://fb.watch/u1LA-N6ygy/?
၄၁ – https://fb.watch/u1KaygefiL/?
ဒီကားကိုကြိုက်ရတဲ့ အကြောင်းရင်းက ကိုယ်တိုင်က Music နဲ့ အသက်မွေးဝမ်းကြောင်းသူဖြစ်တာရယ် ပန်းချီကားထဲမှာ နောက်ထပ်ပန်းချီကားတချပ်ထပ်ပါနေတာရယ် (နှစ်ကားရတယ်လေ😁) ပန်းချီကားထဲက အမျိုးသမီးတီးခတ်နေတဲ့တူရိယာက အပြင်မှာမရှိတဲ့ ဆရာဦးဝင်းဖေ ဖန်တီးထားတဲ့ တူရိယာဖြစ်နေတာရယ် ကြောင့်ပဲဆိုပါတော့။
Musicians
Artist – Win Pe
Acrylic
အပြင်မှာကြည့်ချင်ရင် မြန်မာ့အလှ Gallery မှာ the Eyes ဆိုတဲ့ ဆရာဦးဝင်းဖေ Solo ပွဲ ၁၈.၈.၂၀၂၄ ထိရှိပါကြောင်း။

၂၀၁၅ ကုန်ခါနီး မှာ မမီ(မီမီဝင်းဖေ) ကဖုန်းဆက်လာတယ်။ ” ဂျီလတ်ရေ ဖေဖေ Mindscape တွေဆွဲနေတာသိလား။ ဂျီလတ်ကဖေဖေ့ပန်းချီကားလိုချင်တယ် ပြောထားတော့ မမီသတိရလို့လှမ်းပြောတာ” ဆို ဖုန်းဆက်ပါတယ်။ အဲ့လိုနဲ့ ၂၀၁၆ – ၁၇ -၁၈ သုံးနှစ်လုံး ဆရာအိမ်အမြဲလိုလိုရောက်ဖြစ်ခဲ့တယ်။ တပတ်ကို လေးရက် ငါးရက်လောက်ကိုရောက်တာ။ ပန်းချီကားဝယ်ဖို့ထက် ဆရာနဲ့တွေ့ချင်တာ၊ ပန်းချီရေးတာကြည့်ချင်တာ၊ ဆရာနဲ့စကားပြောချင်တာကြောင့် ဆိုပိုမှန်ပါလိမ့်မယ်။ အဲ့တုန်းက ဆရာနားမှာ ဆရာ့တပည့် k2k ရယ်၊ ဆရာတို့ကိုကားလိုက်မောင်းပေးတဲ့ မင်းမင်းဆိုတာရယ်ရှိတယ်။ သူတို့နဲ့လည်းဘော်ဒါတွေဖြစ်တာပေါ့။
နေ့တိုင်းနီးပါးရောက်နေတော့ ဆရာ့ရဲ့တနေ့တာ အစီအစဉ်ကိုအလွတ်ရနေပြီ။ မနက်စာစားပြီးတာနဲ့ဆရာက ပန်းချီရေး၊ နေ့လည်စာစားမှနားတယ်။။ နေ့လည်စာစားပြီးရင် ခဏအိပ်။ နှစ်ခွဲ သုံးနာရီဆို လက်ဘက်ရည် / ကော်ဖီသောက် မုန့်စားတယ် ပြီးရင် ငါးနာရီ ခြောက်နာရီထိ ဆက်ရေးတယ် အဲ့တာပုံမှန်ပဲ။ ဧည့်သည်လာတဲ့နေ့ဆိုရင်တော့ မရေးဖြစ်ဘူး။ တခါတခါ ကျနော့်နဲ့စကားကောင်းနေရင်လည်း မရေးဖြစ်တာမျိုးရှိတတ်တယ်။
ကျနော်က နေ့လည် ၁ နာရီလောက်သွားတာများတယ်။ မင်းမင်းတို့ကေတူးတို့နဲ့စကားပြော ဆရာ့ဆေးခွက်တွေစုတ်တံတွေရေဆေးပေး၊ အသင့်ပြင်ထားပေးတယ်။ အဓိကသွားရတဲ့အကြောင်းရင်းက ခံဆေးရေးချင်တာ။ ကျနော်ကအဲ့တာရေးရတာပျော်တယ်။ ပြီးတော့ ဆရာနဲ့ကော်ဖီ/ လက်ဘက်ရည်သောက်ပြီး ဆရာပြောတာနားထောင်ချင်တာလည်းပါတယ်။ ဆရာက စကားပြော သိပ်ကောင်းတယ်။ ပြီးတော့ အမှတ်သညာလည်းသိပ်ကောင်းတယ်။ သူငယ်ငယ်ကအကြောင်းတွေ အတိအကျပြန်ပြောနိုင်တယ်။ သူ့ဆီက ဆရာဦးဘသက် ၊ ဆရာမြို့မငြိမ်းတို့ရဲ့စာအုပ်တွေထဲမပါတဲ့အကြောင်းအရာတွေအများကြီးသိရတယ်။
ဆရာဦးဝင်းဖေက သိပ်အေးဆေးတယ်။ ဒေါသထွက်တာရယ်လို့မတွေ့ဖူးဘူးရယ်။ တခါက Group Show ပန်းချီပြပွဲတခုမှာ အခြားပန်းချီဆရာတွေရဲ့ ကားအောက်မှာရေးထားတဲ့ information တွေက ကွန်ပျုတာနဲ့စာစီထားပြီး ဆရာ့ကားတွေက လက်ရေးတွေနဲ့ရေးထားတယ်။ ဖြစ်ချင်တော့ လက်ရေးတွေကလည်းအတော်ဆိုးတယ်။ ဖြစ်နိုင်တာ စာရွက်ကို နံရံမှာကပ်ပြီးမှရေးလို့ မလှမပဖြစ်နေတာဖြစ်မယ်။ ဆရာက ကေတူးကိုခေါ်မေးတယ်။
“ကေတူးကေ ဒါတွေက ဘယ်လိုတွေဖြစ်နေတာတုန်းဟ”
ကေတူးက တောင်တောင်အီအီတွေလျှောက်ပြောရော ကွန်ပျုတာဆိုင်မဖွင့်တာလိုလို ဘာလိုလိုတွေပြောပြီး ကျနော်လက်ရေးနဲ့ရေးလိုက်တာဆိုပြောတယ်။ တကယ်ဆို အတော်စိတ်ဆိုးရမှာ။ သူ့caption တွေမှ အဲ့လိုဖြစ်နေတာလေ။ ဒါပေမယ့်ဆရာက ကေတူးကို တခွန်းပဲ ပြုံးပြီးပြောတယ်။
“မင်းကွာ ညံ့ဖို့တောင်အတော်ကြိုးစားရဦးမယ်”
ဆို ချစ်စနိုးနဲ့ပြောရှာတယ်။ ကျနော်ကခုထိ ဆရာ့ရဲ့စကားကို မှတ်မိနေတယ်။ အဲ့လိုအသုံးကို ဆရာ့ဆီကမှကြားဖူးတာလေ။
ဆရာ့အိမ်အမြဲရောက်ပေမဲ့ ဆရာ့ပန်းချီကားတွေက စုဆောင်းသူများတော့ ကိုယ့်အလှည့်ရောက်ဖို့ကိုတော်တော်စောင့်ရပါတယ်။ ဒါပေမဲ့ ကောင်းတာတခုက ကိုယ်က အိမ်မှာအမြဲလိုရှိသူမို့ ကိုယ့်အလှည့်ရောက်ရင် ကားရွေးထားလို့ရတာရယ်။ ဆရာရေးခဲတဲ့ကားအမျိုးအစားကို သိတော့ ဘယ်လိုကားလေးတွေကြရင် စုထားသင့်တယ်လို့ ဆုံးဖြတ်ရလွယ်တာပေါ့။ မောင်ကေတူး ကျေးဇူးလည်းပါတယ်။ ဟေ့ရောင် ဂျီ ဒါတော့ယူထား ဆရာဒါမျိုးသိပ်မရေးဘူးဟ ဆို ကပ်ပြောပေးတာမျိုးပေါ့။ ခုဆရာပွဲလုပ်ကြတော့ အားလုံး ကိုသတိရမိပါတယ်။ ဒီကားဆိုလည်း မောင်ကေတူးက ယူလိုက် ယူလိုက် ဆိုတဲ့ကားထဲကပေါ့။
Dance With Tiger
Artist – Win Pe
Acrylic

THE EYES
ဦးဝင်းဖေရဲ့ပန်းချီကားများ (၁၀.၈.၂၀၂၄)ကစလို့ပြသတော့မှာဖြစ်ပါတယ်။
၁၉၆၀ မှ ၂၀၂၄ ထိ ရေးထားသောပန်ချီကားများကိုမြင်တွေ့နိုင်ပါတယ်။

