တွေးမိတွေးရာ ရေးမိရေးရာ
အတိတ်သမိုင်းထဲက
ဖတ်စရာမှတ်စရာ
စာပဒေသာ (၄၂ )
တစ်ခေတ် တစ်ချိန်က
မြန်မာတို့ရဲ့ ကာတွန်း လောက
သူ့ခေတ် က မြန်မာ့ သတင်းလောက ကိုရုပ်ပြောင် ကာတွန်း နဲ့
သရုပ်ဖေါ် ပြောပြ ထောက်ပြ သွားခဲ့တဲ့
ကာတွန်းဆရာ ပဂေးကြီး ကာတွန်း ဦး ဘဂျမ်း
ရဲ့
သူ့ခေတ်သမိုင်းကို ပြောပြသွားတဲ့
လက် ရာမြောက် ခေတ်ရှေ့ပြေး ကာတွန်း
ယနေ့ထိ မှန်နေသေးသလား မပြောနိုင်
နိုင်ငံမှာ ခေတ် တွေ စနစ် တွေ အမျိုးမျိုး ပြောင်းလာခဲ့ရာမှာ
တစ်ခေတ် တစ်ခါက
သည်လို
သူ့ပညာရပ် နယ်ပယ် အလိုက်
လူတော် တွေ အများ အပြား ပေါ်ထွနိးခဲ့ပါတယ်
သူတို့ ဖန်တီးခဲ့ ကြ လုပ်ခဲ့ကြ တဲ့ အလုပ်တွေက
နှောင်းခေတ်လူတွေ မျိုးဆက်သစ်တွေအတွက်
အတုယူဆရာ နမူနာယူစရာတွေ သတိထားစရာတွေ အဖြစ်
သမိုင်း သက်သေတွေကျန်ခဲ့တယ်
သူ့အလုပ် သူလုပ်
ကိုယ့် အလုပ်ကိုယ်လုပ်
ကိုယ့်တာဝန် ကိုယ် ကျေ ခဲ့ကြတဲ့
အတိတ် သမိုင်းထဲက
ခေတ် စနစ် တွေ ၊ အဖြစ် သနစ်တွေ ပါဘဲ
အေးမြင့် ( ညောင်တုန်း)
၁၇/၂/၂၀၂၄
၃၁ ဇူလိုင် ၂၀၂၄ ( edited and added )
ဆက်စပ် ရည် ညွှန်း ဖြည့်စွက် စာ
သူ့ခေတ်နဲ့သူ
ဒီမို ကရေစီ ခေတ် ကိုထင်ဟပ်စေ ရုံသာမက
ရင်ကိုလဲ ထိ စေသော ကာတွန်း များ။
တော်လိုက်တဲ့ ရှေး ခေတ်က ညောင်တုန်းသား
ကာတွန်းဆရာ ပဂေးကြီး
ခေတ် ရှေ့ပြေး ကာတွန်း များ ရေးဆွဲ ခဲ့သူ
ကာတွန်း (ဦး)#ဘဂျမ်း
နိုင်ငံတော် ပြည်အရေးအတွက်
ခေတ်ကိုမြင်တတ် ကာတွန်းတွေနဲ့ သရြပ်ဖေါ် သရော်တတ် ခဲ့သူ
ရှေးက ပေါ်ထွက်ခဲ့တဲ့ ကာတွန်းဆရာကြီး တစ်ဦး။
သူ့ခေတ် က အမြင်မတော်တာတွေကို ပြည်သူတွေနဲ့ အတူ
သက်ဆိုင်ရာ တာဝန် ရှိ လူ ကြီးလုပ်နေကြသူတွေလဲ သိရအောင်
နေ့စဉ် ထုတ် သတင်းစာကြီးတွေမှာ လက်ရာမြောက် ကာတွန်းတွေ နဲ့
အားမနာတမ်း ရေးပြ ထောက်ပြ ခဲ့ သူ
တစ်ခေတ်မှာတစ်ယောက်သာ ပေါ်ထွန်းခဲ့သော
ပညာတတ် ကာတွန်းဆရာ လူတော်ကြီး တစ်ယောက် ။
ကာတွန်း ဆရာကြီးရဲ့ ကာတွန်းလက်ရာများကလဲ တစ်ကွက် ကာတွန်း ၊ ၂ ကွက်ကာတွန်း ၊၄ ကွက် ကာတွန်းပုံများဖြင့် ကာတွန်းပုံများကို တစ်ကွက်နှင့်တစ်ကွက် အချိတ်အဆက်မိမိ ရေးဆွဲပြနိုင်ခဲံရုံသာမက
ပူးတွဲ ရေးသားဖေါ်ပြထား သည့်ကာတွန်း ပြောစကား စာသားများကလည်း
အီဓိပ္ပါယ်ရှိရှိ ပညာသားပါပါဖြင့် ဂ ရုပြု ပြောဆိုရေးသားထားသည်ကို
သတိပြုမိရပါသည်။
အများစုသောကာတွန်းများသည် ဘယ်အချိန်ပြန်ကြည့်ကြည့် မရီုးနိုင်ဘဲ
ကာတွန်း ကြည့်ရှုသူများ၏ ဟဒယ နှလုံးနှင့် ရင် ကိုထိ စေသော ကာတွန်းများချည်း ဖြစ်နေခဲ့ပါသည်.
ရည်ညွှန်း
ဒီမို ခေတ်ကို ထင်ဟပ်သော ကာတွန်းများ
Aung Htet Facebook post
