FLOODS DISASTERS In Myanmar and Mitigation Measures. မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ ( ကျော်ဦး )

kyawoo.com မှ ဦးကျော်ဦး၏ ဆောင်းပါးကို ကူးယူဖေါ်ပြပါသည်။

ON  BY UKYAWOO

ရေကြီးရေလျှံခြင်း သို့မဟုတ် ရေလွှမ်းမိုးခြင်း ဆိုသည်မှာ ပုံမှန်အချိန်၌ ခြောက်သွေ့နေသည့် မြေပြင်ပေါ်သို့ မြစ် သို့မဟုတ် မိုးရေ၊ ဆီးနှင်း၊ ရေခဲကဲ့သို့သော ဇာစ်မြစ်တစ်ခုခုမှ ရေများရောက်ရှိလာကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်နေခြင်းဟု ဖွင့်ဆိုသည်။ ရေကြီးရေလျှံခြင်း၏ အကြောင်းရင်းများမှာ မိုးသည်းထန်စွာ သုံးရက်နှင့်အထက် ဆက်တိုက်ရွာသွန်းခြင်း၊ မြစ်ချောင်းများနှင့်ရေထုတ်စနစ်များ အနည်ထိုင် ပိတ်ဆို့ခြင်း၊ ဒီရေတောစသည့် ရေနှင့်ဆက်စပ်သော သဘာဝအခြင်းအရာများ အရည်အသွေး ကျဆင်းခြင်းနှင့် လျော့နည်းပျောက်ကွယ်ခြင်း၊ မိုးသည်းထန်ချိန်နှင့် ရေထရက် ဆုံစည်းမိခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။

ခရိုင်အလိုက်ရေလွှမ်းမိုးနိုင်ခြေ (Source: SEVIR-Mekong HFA Tool and MIMU)

မြန်မာနိုင်ငံတွင် ရေကြီးမှုအန္တရာယ်များကို တစ်နှစ်လျှင် သုံးကြိမ်ခန့်အထိ အများဆုံးကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် မိုးနှောင်းပိုင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဖြစ်လေ့ရှိကာ မိုးအများဆုံး ရွာသွန်းသော သြဂုတ်တွင် အဆိုးရွားဆုံး ရေဘေးအန္တရာယ်များ ဖြစ်ပေါ်သည်။ ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရသည့် လူပေါင်း ၁၀ဝ နှင့်အထက် ထိခိုက်ခဲ့သော သဘာဝဘေးအန္တရာယ် အရေအတွက် စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းခန့်သည် ရေဘေး အန္တရာယ်များ ဖြစ်ကြသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့သည် ရေကြီးခြင်းကြောင့် ဘေးဖြစ်နိုင်သော လူဦးရေ အများဆုံး ရှိသော ဒေသများ ဖြစ်ပြီး ယင်းတို့၏ နောက်တွင် မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ရှိသည်။ မြန်မာ့လူဦးရေထက်ဝက်ခန့်နှင့်ညီမျှသော လူ ၂၈ သန်းတို့သည် ရေလွှမ်းမိုးမှု အန္တရာယ် မြင့်မားသော ဒေသများတွင် နေထိုင်လျက် ရှိသည်။

မြန်မာနိုင်ငံ ရေကြီးမှုဖြစ်စဉ်များကို လေ့လာလျှင် ၁ – မြစ်ကြီးများ၏ မြစ်ဖျား(မြစ်ညာ)ပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီးနောက် မြစ်အောက်ပိုင်း(မြစ်ကြေ)ဒေသ အများအပြား၌ ဖြစ်ပေါ်သော ရေကြီးခြင်း၊ ၂ – ဒေသတွင်း ရေကြီးခြင်း၊ ၃ – မုန်တိုင်းနှင့်အတူပါလာသော လှိုင်းနှင့်ဒီရေကြောင့် ရေကြီးခြင်းဟူ၍ အဓိက သုံးမျိုး တွေ့နိုင်သည်။

၁။ မြစ်ကြီးများ၏ မြစ်ဖျားပိုင်းနှင့် အလယ်ပိုင်း ရေဝေဒေသများတွင် မိုးသည်းထန်မှုကြောင့် မြစ်အောက်ပိုင်း ဒေသအများအပြား၌ ရေကြီးခြင်းများ

အများဆုံးတွေ့ရသည့် ရေကြီးမှုမျိုး ဖြစ်သည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ အစပိုင်း ရေဝေ ဒေသများတွင် အနည်းဆုံးသုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းပါက မြစ်အောက်ပိုင်းတွင် ရေကြီးမှုများ ဖြစ်ပေါ်သည်။ ဧရာဝတီမြစ်၏ ရေဝေဒေသသည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့် ကျယ်ပြန့်ရာ ဧရာဝတီမြစ်နှင့် ယင်း၏လက်တက်များ ဖြတ်သန်းစီးဆင်းရာ ကချင်၊ စစ်ကိုင်း၊ ရှမ်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သည် ရေကြီးမှုဒဏ် အများဆုံးခံရသည်။ စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် ပဲခူးမြစ်များတွင်လည်း ယင်းဖြစ်စဉ်ကို ကြုံရသည်။ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့တွင် အများအားဖြင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်သော တိုင်ဖွန်း မုန်တိုင်းတို့ကြောင့် ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းနှင့်အတူ မိုးရွာသွန်းမှု ပုံမှန်ထက် များပြားသည့်အခါတွင် အများအားဖြင့် ရေကြီးခြင်း ဖြစ်လေ့ရှိသည်။

မြစ်ညာမှ ထုနှင့်ထည်နှင့် စီးဆင်းလာသောရေများသည် မြစ်များ၏ ဘေးတဖက်တချက်ရှိ ရေလွှမ်းလွင်ပြင်များ၊ မြေနိမ့်ပိုင်းများသို့ စီးဆင်းဝင်ရောက်ကြသဖြင့် ရေမြုပ်ဧရိယာ ကျယ်ပြန့်သည်။ ရေမြုပ်ချိန် ကြာမြင့်သည်။ အဆိုပါရေကြီးခြင်းမျိုးကို ငါးနှစ်တစ်ကြိမ်၊ ဆယ်နှစ်တစ်ကြိမ် စသဖြင့် ကြုံရလေ့ရှိသည်။ ရုတ်တရက် ဖြစ်ပေါ်ခြင်းမဟုတ်သဖြင့် မြစ်ညာတွင် ရေကြီးနေလျှင် မြစ်အောက်ပိုင်း ရေကြီးနိုင်ချေကို ကြိုတင်ခန့်မှန်းနိုင်သည်။ ၁၉၇၄၊ ၁၉၉၇၊ ၂၀ဝ၄၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များ၌ အားကောင်းကျယ်ပြန့်သော ရေကြီးရေလျှံမှုများနှင့် တွေ့ကြုံခဲ့ရသည်။

မြန်မာနိုင်ငံ၌ ယနေ့အထိ ဖြစ်ပွားခဲ့သော ရေကြီးခြင်းများတွင် ၁၉၇၄ ခုနှစ် သြဂုတ်လ ရေဘေးကို တိုင်းနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၁၃၃ ခုတွင် ပေါ်ပေါက်ခံစားခဲ့ရသည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် အပါအဝင် မြစ်များ၏ ရေဝေဒေသများ၌ သည်းထန်စွာ ရွာသွန်းသော မိုးများကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ အဆောက်အအုံများ ပျက်စီးခြင်း၊ လမ်းပန်း အဆက်အသွယ် ပြတ်တောက်ခြင်း၊ ကျွဲနွား တိရစ္ဆာန်များသေကြေခြင်း၊ စိုက်ပျိုးသီးနှံများ ဆုံးရှုံးခြင်းတို့နှင့် ရင်ဆိုင်ခဲ့ကြရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ တာအချို့ ကျိုးပေါက်ခဲ့ပြီး ဒေသတစ်ခုလုံး၏ ၁၅ ရာခိုင်နှုန်းခန့် ရေအလွှမ်းခံရကာ စပါးစိုက်ဧက ၂၂၀၅၃၇ မျှ ရေအောက်ရောက်ခဲ့သည်။ ပြည်မြို့တွင် ရွှေဆံတော်ဘုရားခြေရင်းအထိ လှေများ ဝင်ရောက်နိုင်ခဲ့သည်။

အထက်ပါဖြစ်စဉ်နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်ကြောင့်ဟု ယူဆနိုင်သော လွန်ကဲသည့် ရေကြီးမှုများ ကမ္ဘာအနှံ့ ပေါ်ပေါက်နေရာ မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်က ကြုံတွေ့ခဲ့ရသော ရေကြီးခြင်းသည်လည်း အဆိုပါ ဖြစ်စဉ်ကြောင့်ဟု ယူဆနိုင်သည်။ ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များအနက် တစ်ခုမှာ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီသည် တိုတောင်းလာခဲ့ပြီး အချိန်တိုအတွင်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းလာခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းသို့ ပြောင်းလဲခဲ့သော မိုးရွာသွန်းမှုပုံစံအပြင် ကိုမန်မုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဒေသအများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

၂၀၁၅ ခုနှစ် ရေကြီးခြင်း၏ ဖြစ်စဉ်များအနက် အချို့မှာ ယင်းနှစ် ဇူလိုင်လ ဒုတိယပတ်မှစ၍ အချိန်တိုအတွင်း ပြင်းထန်စွာ ရွာသွန်းသောမိုးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး သဖန်းဆိပ်ရေလှောင်တမံနှင့် ကင်းတပ်ရေထိန်းတမံတို့တွင် စီးဝင်ရေ ပုံမှန်ထက် များပြားခဲ့သဖြင့် ရေပိုလွှဲ ရေထုတ်ပြွန်နှင့် ရေတံခါးများမှ ရေကြိုတင် ထုတ်နှုတ်ခဲ့ရသည်။ ကန့်ဘလူမြို့နယ် မင်းမြင်ရေလှောင်တမံတွင် ရေလှောင်တမံတွင် တမံပေါ်မှ ရေကျော် စီးဆင်းခဲ့သည်။ တမံ၏ မိုးရေချိန်စခန်းရှိ တစ်လအတွင်း အများဆုံးမိုးရေချိန်သည် ၂၀၁၃ ခုနှစ်က ၁၅ ဒသမ ၆၇ လက်မ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှ ၁၉ ရက်အတွင်း ၃၀ ဒသမ ၁၇ လက်မ စံချိန်တင်ရွာသွန်းခဲ့သည်။ မင်းမြင်ရေလှောင်တမံပေါ်မှ ရေကျော်ရေလျှံကျမှုသည် မြန်မာ့ဆည်မြောင်း သမိုင်းတွင် အလွန်စိုးရိမ်ခဲ့ရသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ရေကျော်ပြီး တမံကျိုးပေါက်ပျက်စီးခဲ့လျှင် ကြုံတွေ့ရမည့် ဆည်အောက်စိုက်ပျိုးမြေများ၊ လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးမှုအပြင် လူပေါင်းများစွာ သေဆုံးသည်အထိ ဖြစ်နိုင်သော်လည်း ယင်းအဖြစ်ကို ရှောင်ကွင်းနိုင်ခဲ့သည်။

(Source: UNOCHA Myanmar)

ယင်းမျှ မိုးသည်းထန်မှုကို ပေါ်ပေါက်စေ၊ ထပ်ဆင့်ဆိုးရွားစေခဲ့သည်မှာ ကိုမန်မုန်တိုင်း ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် အတွင်း၌ ဖြစ်ပေါ်ခဲ့ကာ မြန်မာနှင့်ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံကြားမှတစ်ဆင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်ကုန်းပိုင်းသို့ ဝင်ရောက်ခဲ့သည့် ကိုမန်မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ချင်းတောင်တန်းနှင့် ဆက်စပ်ပြီး မင်းဘူးခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မုံးချောင်းပေါ်တွင် မုံးတမံနှင့် ကြီးအုံကြီးဝတမံ၊ မန်းချောင်းပေါ်တွင် မန်းတမံ၊ စလင်းချောင်းပေါ်တွင် စလင်းတမံတို့သည် ကန်ရေပြည့် ရေလှောင်ပမာဏထက် များစွာကျော်လွန်ပြီး ရေပိုလွှဲအသီးသီးမှ မျှော်မှန်း မထားသော ရေထုထည်ဖြင့် ကျော်ကျစီးဆင်းခဲ့၍ တမံကြီးများ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကိုပါ ခြိမ်းချောက်ခံခဲ့ရသည်။

ကိုမန်မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မြစ်သာမြစ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ စံချိန်တင်ရေကြီးခဲ့သည်။ အကြောင်းရင်းမှာ ကလေးဝအနီး ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ပေါင်းဆုံသည့် နေရာသည် ပုလင်းလည်ပင်းကဲ့သို့ဖြစ်နေ၍ မြစ်ရေပြင်မြင့်တက်လာသောအခါ ရေထွက်ရန် ကြာရှည်သဖြင့် မြစ်ရေတွင် ပါလာသော နုန်းများထိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။

ကလေးမြို့အနီးရှိ ရာဇဂြိုဟ်ဆည်တွင် ဆည်အထက်ပိုင်း ရေဝေဧရိယာမှ မိုးရေနှင့်အတူ ပြိုကျ စီးဆင်းလာသော နုန်းများ သစ်ကိုင်းသစ်ခက်များ ရေလှောင်ကန်အတွင်းသို့ မြောက်မြားစွာ ဝင်ရောက်ခဲ့ရာမှ ရေပိုလွှဲပိတ်ဆို့ခဲ့ပြီး ဆည်တမံအတွက် သတ်မှတ်ထားသော ရေအမြင့်ထက် ကျော်လွန်ကာ စိုးရိမ်ရသော အခြေအနေ ဖြစ်ခဲ့ရသည်။

၂၀၁၅ ခုနှစ် ရေဘေးကြောင့် မကွေးတိုင်းဒေသကြီး တစ်ခုတည်းမှာပင် လယ်ယာစိုက်ပျိုးမြေဧက စုစုပေါင်း ကိုးသောင်းကျော် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၁၃၇၀ဝ ကျော်အထိရှိသည်။ ရေဘေးသည် မိုးသည်းထန်သော မြစ်ဖျားများနှင့် ဝေးရာ မြစ်ဝကျွန်းပေါ်ကိုပင် အလွတ်မပေးခဲ့ချေ။ ပုသိမ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတတို့တွင် ရေဘေးဒုက္ခသည်စခန်းများ ဖွင့်ခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးဒဏ်ခံနေရသူ လူပေါင်းလေးသိန်းခန့် ရှိပြီး လယ်ဧကလေးသိန်းနီးပါး ရေမြုပ်ခဲ့ကာ ခုနစ်သောင်းကျော် လုံးဝပျက်စီးခဲ့သည်။

မြန်မာ တစ်နိုင်ငံလုံးတွင် လယ်မြေဧကပေါင်း ၁ ဒသမ ၅ သန်း ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး စပါးစိုက်ဧက ၁ သန်းခန့် လုံးဝ ပျက်စီးခဲ့သည်။ လူပေါင်း ၁ ဒသမ ၆ သန်း ကျော် ထိခိုက်ပြီး အိမ်ထောင်စု ၅ သိန်းခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လူဦးရေ ၁၀ဝ ကျော် အသက် ဆုံးရှုံးသည်။ စိုက်ပျိုးဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရာ စိုက်ပျိုးကဏ္ဍဂျီဒီပီ၏ ၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ရေဘေးကြောင့် နိုင်ငံတစ်ဝန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၆၅ ဘီလီယံထိ ရှိခဲ့သည်။ ၂၀ဝ၈ နာဂစ်မုန်တိုင်းအပြီး မြန်မာ့သမိုင်းတွင် ဒုတိယအကြီးဆုံးကြုံတွေ့ရသည့် သဘာဝ ဘေးအန္တရာယ်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့က လွဲပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခု ရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။

၂၀၁၅ ခုနှစ် ရေဘေးကဲ့သို့ မကျယ်ပြန့် မပြင်းထန်သော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ယင်းဒေသတွင် နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံးဟု ဆိုနိုင်သော ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ပဲခူးမြို့ပေါ် ရပ်ကွက်အများစုတွင် လူတစ်ရပ်နှင့်အထက် ရေမြုပ်ခဲ့ကာ အချို့နေရာများ၌ အိမ်ခေါင်မိုးအထိ မြုပ်ခဲ့သည်။ ပုံမှန်ရေကြီးလေ့မရှိသည့် မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနှင့် သွန်းဘုရားဝန်းရပ်ကွက်များအထိ ရေပြင်မြင့်တက်ခဲ့ပြီး တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်သည်အထိ ဆိုးရွားခဲ့သည်။ ပဲခူးနှင့်ဆက်နေသော အမြန်လမ်း ၃၉ မိုင်တွင်လည်း အောက်တိုဘာလ ၈ ရက်နေ့က လမ်းမပေါ်ကို ရေကျော်ခဲ့သည်။

(Source: xinhuamyanmar.com)

၂၀၁၅ ခု ရေဘေးသည် မိုးသည်းထန်ခြင်းကြောင့် ဖြစ်သကဲ့သို့ ၂၀၂၃ ခုနှစ် ပဲခူးရေကြီးသည့် အကြောင်းရင်းများအနက် တစ်ခုမှာ မိုးသည်းထန်မှုပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော ၅၉ နှစ်အတွင်း စံချိန်တင်မိုး ဖြစ်သည်။ မိုးများလွန်းသည့်အတွက် တောင်ကျချောင်းရေများ တရဟောစီးဆင်းလာချိန်နှင့် ပင်လယ်ဒီရေက သန်လျင်ဘက်က ပဲခူးဘက်ကို ထိုးတက်လာချိန် ဆုံမိသွားသဖြင့် ခါတိုင်းထက် အခြေအနေ ပိုဆိုးသွားခဲ့သည်။

ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းခြင်း၊ ဇောင်းတူဆည်နှင့် ကိုဒူကွဲဆည်များ၏ ရေပိုလွှဲမှ ရေများ ပုံမှန်ထက် ကျော်ကျစီးဆင်းခြင်းများကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရေကျော်ခဲ့ပြီး ရထားခရီးစဉ်လေးခု ယာယီ ရပ်နားခဲ့ရသည်ဟု ပါရှိသည်။

၂။ ဒေသတွင်း လျှပ်တစ်ပြက် ရေကြီးခြင်း

အလျားများစွာ မရှည်သော မြစ်ငယ်ချောင်းငယ်များ၏ အဖျားပိုင်း ကုန်းမြင့်များတွင် မိုးသည်းထန်စွာ ရွာသောအခါ ရေများ တဟုန်ထိုးဆင်းလာပြီး မြစ်ချောင်းများထဲ၌ လျှပ်တစ်ပြက်ရေကြီးကာ ဒေသတွင်း ရေလွှမ်းမိုးမှု ဖြစ်ပေါ်သည်။ အဆိုပါရေကြီးခြင်းမျိုးကို အညာဒေသများတွင် တွေ့ရသကဲ့သို့ တောင်တန်းဒေသများဖြစ်သော ကရင်၊ ကချင်၊ ရှမ်း၊ မွန်နှင့် ချင်းပြည်နယ်တို့တွင် တောင်ကျရေများကြောင့် လျှပ်တစ်ပြက် ရေကြီးတတ်သည်။ ကချင်ပြည်နယ် မေခနှင့် မလိခမြစ်ဆုံရာ ဧရာဝတီမြစ်အစပိုင်းတွင် နွေဦးရာသီ၌ ဆီးနှင်းတောင်များရှိ ရေခဲများ စတင်အရည်ပျော်ရာမှ လျှပ်တစ်ပြက်ရေကြီးခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ဒေသတွင်း လျှပ်တစ်ပြက်ရေကြီးခြင်းကြောင့် ရေမြုပ်ချိန် မကြာလှသော်လည်း မြစ်ဖျား ချောင်းဖျား၌ မိုးရွာပြီး မကြာမီ အချိန်တိုအတွင်း ရေများ ဆင်းလာသောကြောင့် ကြိုတင်သိရှိပြင်ဆင်ရန် မလွယ်သဖြင့် အဆုံးအရှုံး များတတ်သည်။ အထူးသဖြင့် မိုးခေါင်သည့်နှစ်များ၌ ဒေသတွင်း မြေသားများ နူးညံ့နေရာ ယင်းနောက်ပိုင်း လျှပ်တစ်ပြက်ရေကြီးသောအခါ မြေသား တိုက်စားခံရမှု များပြားသည့်အတွက် မြေဆီလွှာ ဆုံးရှုံးသည်။ အစားခံရသည့် မြေသားများသည် မြစ်ချောင်းများ၏ ကြမ်းပြင်၌ စုပုံနေကာ ရေကြီးမှုကို ပိုမိုဆိုးရွားစေသည်။

လျှပ်တပြက် ရေကြီးခြင်းကြောင့် အပျက်အစီး များပြားတတ်ပုံကို ပခုက္ကူခရိုင်၌ ၂၀၁၁ ခုနှစ်က ကြုံ တွေ့ခဲ့ရသည့် ဖြစ်ရပ်ကို ပြဆိုနိုင်သည်။ ယင်းနှစ် အောက်တိုဘာ ၁၈ ရက်နှင့် ၂၀ ရက်ကြား ပခုက္ကူ၌ မိုးရေချိန် ၆ ဒသမ ၆၅ လက်မ၊ ဂန့်ဂေါ၌ ၅ ဒသမ ၉၅ လက်မ၊ ညောင်ဦး၌ ၉ ဒသမ ၃၄ လက်မ စသဖြင့် အသီးသီး ရွာသွန်းခဲ့ရာ လူ ၁၀၂ ဦးနှင့် တိရစ္ဆာန်ကောင် ရေ ၃၃၈၄ သေဆုံး၊ အိမ် ၂၆၀ဝ ခန့်ပျက်စီး၊ တံတား ခုနစ်စင်းကျိုးကာ လူဦးရေ ၃၀ဝဝဝ ခန့်ကို ထိခိုက် သက်ရောက်ခဲ့ကာ ဆုံးရှုံးမှု ပမာဏ သန်း ၁၅၀ဝ ကျော်မျှ ရှိသည်။

မြန်မာနိုင်ငံ အထက်ပိုင်း၌ လျှပ်တစ်ပြက်ရေကြီးသကဲ့သို့ နိုင်ငံ အောက်ပိုင်း မွန်ပြည်နယ် ဘီးလင်းမြို့သည် ဒေသတွင်း လျှပ်တစ်ပြက်ရေကြီးခြင်းကို မကြာခဏ ခံရလေ့ရှိသောမြို့ ဖြစ်သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လ ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူဦးရေ ၈၃၃၅ ကျော် ရေဘေးသင့်ခဲ့ကာ ရန်ကုန် – မော်လမြိုင်ကားလမ်း လေးနေရာတွင် ရေကျော်သဖြင့် ယာဉ်အသွားအလာ ယာယီပြတ်တောက်ခဲ့သည်။

၃။ မုန်တိုင်းကြောင့်ရေကြီးခြင်း

ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ကြုံတွေ့ရသော ရေကြီးမှုအမျိုးအစား ဖြစ်သည်။ မုန်တိုင်းတိုက်သောအခါ ခါတိုင်းထက် မိုးပိုမိုရွာသွန်းသည့်အပြင် လေသည် ရေထုအား ပင်လယ်ဘက်မှ ကုန်းတွင်းဘက်သို့ ဖိ၍ တွန်းသဖြင့် ကမ်းခြေတလျှောက် ရေပြင် မြင့်တက်လာတတ်သည်။ ယင်းဖြစ်စဉ်ကြောင့် ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်နိုင်သည်။ လေတိုက်အား အလွန်အားကောင်းသောအခါ ရေပြင်သည် ပေ ၂၀ ကျော်၊ ပေ ၃၀ ခန့်အထိ မြင့်တက်လာနိုင်သည်။ အမေရိကန်နိုင်ငံ၌ ၂၀ဝ၅ ခုနှစ်က ကက်ထရီနာမုန်တိုင်းတိုက်စဉ် မြင့်တက်လာသည့် ကမ်းခြေရေပြင် လွှမ်းမိုးမှုကြောင့် လူ ၁၅၀ဝ ခန့် သေဆုံးခဲ့သည်။

မုန်တိုင်းကြောင့် ကမ်းခြေရေပြင် မြင့်တက်ခြင်းနှင့် ပုံမှန်ဒီရေတက်ခြင်းတို့ အချိန်ကိုက် ဖြစ်ပေါ်သည့်အခါ မုန်တိုင်းဒီရေ ထူးကဲစွာ တက်သည်။ မုန်တိုင်းဒီရေသည် ဖော်ပြပါ အားနှစ်မျိုး ပေါင်းစပ်ပေါ်ပေါက်ခြင်း ဖြစ်၍ အားပြင်းပြီး ကုန်းတွင်းသို့ ပိုမိုထိုးဖောက် ဝင်ရောက်ကာ အပျက်အစီး ပိုမိုဖြစ်ပေါ်စေသည်။ မုန်တိုင်းကြောင့် ကမ်းခြေရေပြင် မြင့်တက်ခြင်း ရှိမရှိသည် မုန်တိုင်း၏ ပြင်းအား၊ အရွယ်အစား၊ လမ်းကြောင်း၊ မုန်တိုင်းဝင်သော ကမ်းခြေ မြစ်ဝနှင့် ပင်လယ်အော်တို့၏ မြေပြင်အနေအထားတို့ပေါ် မူတည်သည်။ ယခုအခါ ကမ္ဘာနှင့်အဝန်း မြင့်တက်လာနေသည့် ပင်လယ်ရေပြင်ကြောင့် ကမ်းခြေရေပြင် လွှမ်းမိုးမှုသည် အနာဂတ်တွင် ပို၍ ဆိုးရွားလာရန် ရှိသည်။

၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့ကာ တစ်နာရီမိုင် ၁၃၀ ခန့်မျှ ပြင်းထန်သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အများစု ဖြစ်သည့် မြို့နယ်ပေါင်း ၅၀ ကျော်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ ၃၇ ရာခိုင်နှုန်းခန့်ကို သက်ရောက်ပြီး လူပေါင်း ၁၃၈၀ဝ၀ ခန့် အသက် ဆုံးရှုံးခဲ့ရကာ လယ်ယာမြေဧက ငါးသိန်းခွဲ ပျက်စီးသည်။ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၁ ဒသမ ၈ ထရီလီယံအထိ ရှိခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းထန်စွာ တိုက်ခတ်ခြင်း၊ မုန်တိုင်းဒီရေ ၁၂ ပေခန့်အထိ မြင့်တက်ပြီး အလုံးအရင်းဖြင့် ဝင်ရောက်ခြင်း၊ ကုန်းတွင်းပိုင်းအထိ ရေကြီးခြင်းစသည့် အဖျက်စွမ်းအားများကြောင့် ထိုမျှ ထိခိုက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များအနက် အဆိုးရွားဆုံးဖြစ်သည်။

၂၀၂၁ သံတွဲရေကြီးစဉ်က (Source: peoplemediamyanmar.com)

မုန်တိုင်းများအပြင် လေဖိအားနည်းရပ်ဝန်းများသည်လည်း ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လက ဆိုးရွားသော ရေလွှမ်းမိုးမှု ဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ် တတိယပတ်မှ စ၍ မိုးအများအပြား ရွာသွန်းခဲ့ကာ ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ စတင်ရေကြီးခဲ့သည်။ မြန်မာလနှင့် ပြောလျှင် လဆန်း ၃ ရက်နှင့် လဆုတ် ၃ ရက်များသည် ဒီရေအတက်ဆုံး ရက်များ ဖြစ်ကြရာ သံတွဲ၌ စတင်ရေကြီးသော ဇူလိုင်လ ၂၆ ရက်သည် မြန်မာလဆုတ် ၃ ရက် ဖြစ်သည်။ တဖန် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် သံတွဲမြို့ဝန်းကျင်၌ မိုးရေချိန် ၁၅ ဒသမ ၂၈ လက်မမျှ စံချိန်တင် ရွာသွန်းခဲ့သည်။ ယင်းသည်းထန်သောမိုးကြောင့် ရခိုင်ရိုးမတွင် မြစ်ဖျားခံသော သံတွဲချောင်း၌ ရေအလုံးအရင်းနှင့် စီးဆင်းလာသည်။ သံတွဲမြို့တွင်း ရေအကြီးအကျယ် လွှမ်းမိုးခဲ့သည်။

နာဂစ်ကဲ့သို့ ပျက်စီးဆုံးရှုံးမှု မများသော်လည်း အလွန်အင်အားပြင်းထန်သော မိုခါမုန်တိုင်းသည် ၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အား ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် အဆင့် ၅ သို့ ရောက်ရှိလာခဲ့ပြီး လေတိုက်နှုန်း တစ်နာရီ ၁၇၅ မိုင်အထိ ရောက်ခဲ့သည်။ လူအနည်းဆုံး ၈၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။ ခန့်မှန်း ၁၁ ပေခန့် မြင့်သော မုန်တိုင်းဒီလှိုင်းများကြောင့် စစ်တွေမြို့နေရာအနှံ့အပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်များ၊ လမ်းများ ရေနစ်မြုပ်ခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်တစ်ခုအဖြစ် မြင့်တက်လာနေသော ပင်လယ်ရေပြင်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးမှု ပိုမိုများပြားလာရန် ရှိသည်။

ရေလှောင်တမံနှင့်ရေဘေး

ရေလှောင်တမံ ရှိသောဒေသများတွင် ရေကြီးခြင်းနှင့် ကြုံရသည့်အခါတိုင်း အဆိုပါ အဆောက်အအုံများကြောင့် ရေကြီးသည်၊ သို့မဟုတ် ရေကြီးမှု ပိုမိုဆိုးရ္ဂွားသည်ဟု အချို့က လွဲမှားစွာ ထင်မြင်ယူဆနေကြသည်။ ယင်းယူဆချက် မှားယွင်းကြောင်း ၂၀၁၅ ခုနှစ် မုန်းချောင်းဖြစ်စဉ်ကို လေ့လာလျှင် သိနိုင်သည်။ မုန်းချောင်း တမံတွင် ၃၁ . ၇ . ၂၀၁၅ နေ့က အများဆုံး ရေဝင်ရောက်မှုမှာ တစ်စက္ကန့်လျှင် ၄၅၃၅၆၇ ကုဗပေ ဖြစ်ပြီး ရေပိုလွှဲမှ ထွက်ရေမှာ တစ်စက္ကန့်လျှင် ၂၃၂၄၁၀ ကုဗပေ ဖြစ်သည်။ ဝင်ရေ၏ ထက်ဝက်ခန့်ကို တမံက လျှော့ချနိုင်ပြီး ဆက်လက်၍ ၇ နာရီခန့် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တွေ့ရရာ တမံ အောက်ဘက်တွင် နေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် အချိန်ရရှိသည်။ အကယ်၍သာ တမံမရှိပါက ပြင်ဆင်ချိန် ရနိုင်ဖွယ်ရာ မရှိသဖြင့် အခြေအနေ ပိုဆိုးမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်က ပဲခူးတွင် စိုးရိမ်ရေမှတ်ထက် သုံးပေကျော်သည်အထိ ရေကြီးခဲ့စဉ်က ပဲခူးမြို့အနီး မဇင်းဆည်နှင့် ဇလက်ထော်ဆည်များ ထိခိုက်ကျိုးပေါက်မှု မဖြစ်စေရန် နွေရာသီ ဆည်ရေပေးသည့် တမံအောက် စိုက်ပျိုးရေပေးသည့် ရေလွှဲပေါက်မှ လွှတ်ချလိုက်သောကြောင့်ဟု ကောလာဟာလများ ထွက်ပေါ်ခဲ့သည်။ သို့သော် ဆည်တမံ ရေပိုလွှဲများကြောင့် ဆိုသည့်အချက်သည် ပဲခူးရေကြီးမှုတွင် အဓိက ပြဿနာ မဟုတ်ဟု အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ အကြံပေးအဖြစ် ၁၀ နှစ်ကျော် တာဝန်ယူခဲ့သည့် ဆည်မြောင်းအင်ဂျင်နီယာ တစ်ဦးက ပြောသည်။ ဆည်တမံများသည် သောက်သုံးရေ၊ စိုက်ပျိုးရေ သိုလှောင်ပေးသည့်အပြင် မိုးဦးကျတွင် ရေကြီးရေလျှံမှုကို ထိန်းသိမ်းပေးသည်။ သို့သော် မိုးအလွန်သည်းထန်စွာ ရွာသွန်းလျှင် ရေလှောင်ကန်ကြီးများတွင် ကြိုတင်စီမံတည်ဆောက်ထားသော ရေပိုလွှဲများမှ ရေလျှံလာသည်ကို ဒေသတိုင်း၌ ပုံမှန်ကြုံတွေ့နေကျ ဖြစ်သည်။ ဆည်တမံများ မရှိလျှင် ပဲခူးဒေသ၌ မိုးဦးလေဦးကာလတွင်ပင် ရေကြီးသည့် ပြဿနာများ ကြုံလာရနိုင်သည်ဟု သူက ဆိုသည်။

အလားတူ ၂၀၂၁ ခုနှစ် ဇူလိုင်လက သံတွဲမြို့ လွှမ်းမိုးခဲ့ရခြင်းသည် တည်ဆောက်ဆဲ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖြစ်သည်ဟူသော မဟုတ်မမှန် သတင်းများ ထွက်ပေါ်ခဲ့သည်။ သံတွဲမြို့ ရေကြီးမှုကို ဖြစ်ပေါ်စေသည့် သံတွဲချောင်းနှင့် သူဌေးချောင်းတို့သည် ရခိုင်ရိုးမပေါ်မှ မြစ်ဖျားခံ စီးဆင်းလာသည်ခြင်း တူသော်လည်း ယင်းချောင်းနှစ်ခုတို့ကြား၌ တောင်တန်းတစ်ခုက ခြားထားသဖြင့် ရေဝေဒေသချင်း မတူ၊ ရေလွှမ်းမိုးမှု ပေါ်ပေါက်စေသော ဒေသချင်း မတူချေ။ သူဌေးချောင်းရေ များလွန်းသောအခါ ယခင်က ရေကြီးတတ်သော ရွှေလှေ၊ မန်ကြီးချောင်၊ လင်းသီစသော ရွာများသည် တည်ဆောက်ဆဲ သူဌေးရေအားလျှပ်စစ်စီမံကိန်းရှိ ရေထိန်းတမံများက ရေများကို ကြိုတင်ထိန်းသိမ်းလွှဲထုတ်နိုင်ခဲ့သဖြင့် နောက်ပိုင်း ရေကြီးမှုနှင့် မကြုံကြရတော့ချေ။

ကျေးလက်ဒေသ မြစ်ချောင်းများပေါ်တွင် ဒေသခံများက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ရေလှောင်တမံငယ်များ ကျိုးပေါက် ပျက်စီးခြင်းအချို့ ရှိသော်လည်း ရေလှောင်တမံကြီးများ ကျိုးပေါက်ပျက်စီးခြင်းကြောင့် ရေကြီးခြင်း၊ သို့မဟုတ် ရေကြီးမှု ပိုမိုဆိုးရွားခြင်း မြန်မာနိုင်ငံ၌ မရှိခဲ့ပေ။

အင်ဂျင်နီယာပိုင်းဆောင်ရွက်သင့်သည်များ

သို့သော် အတိတ်က ရေလွှမ်းလျှင် အများအားဖြင့် ကန့်သတ်ဧရိယာဘောင်အတွင်း၌သာ လွှမ်းသည်၊ ထိုထက် ပို၍ မလွှမ်း။ မိုးခေါင်လျှင်လည်း အများအားဖြင့် ဘောင်အတွင်း၌သာ ခေါင်သည်၊ ထို့ထက်ပို၍ မခေါင်ခဲ့သော်လည်း ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ရေသံသရာလည်မှုသည် ရှေးကနှင့် မတူတော့ဘဲ ဘောင်ကျော်နေ၊ အပြောင်းအလဲ များနေသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၌ မုတ်သုံကာလနှင့် မိုးဥတုတိုတောင်းသွားကာ မိုးရွာရက် နည်းသွားသော်လည်း ရွာသည့်အခါ ပိုမိုသည်းထန်လာသည်။ ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်မှု နည်းသွားသော်လည်း မုန်တိုင်းဖြစ်သောအခါ အရင်ကထက် ပိုမိုပြင်းထန်အားကောင်းလာသည်။ ရေကြီးရေလျှံခြင်းသည်လည်း ပို၍ ဆိုးရွားလာ ပြင်းထန်လာသည်။

ထို့ကြောင့် အင်ဂျင်နီယာတို့က ရေလှောင်တမံအပါအဝင် ရေဘက်ဆိုင်ရာအဆောက်အအုံများကို တွက်ချက် ပုံစံ ထုတ်ရာတွင် အတိတ်က အချက်အလက်များ၊ သီဝရီများကိုသာ မှီငြမ်း အားကိုးမနေသင့်တော့ဘဲ ပြောင်းလဲလာသည့် အခြေအနေနှင့်အချက်အလက်များကို ရယူ၍ ထည့်သွင်း တွက်ချက် တည်ဆောက်ဖို့ လိုလာသည်။ မြင့်မားပြီး သိုလှောင်ရေ များပြားသည့် ရေလှောင်တမံကြီးများ၏ အောက်ဘက်တွင် လူနေ ထူထပ်သည့် မြို့ရွာများ၊ လမ်းတံတားများ တည်ရှိသဖြင့် ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်ကြောင့် တမံ၏ ခိုင်ခံ့မှုနှင့် လုံခြုံစိတ်ချရမှုတို့ကို ခြိမ်းချောက်သည့် ချို့ယွင်းပျက်စီးမှု ဖြစ်ပေါ်ပါက ဆုံးရှုံးမှု များပြားနိုင်သဖြင့် တမံများ၏ ဒီဇိုင်းများကို ပြန်လည် စစ်ဆေးစိစစ်ကာ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည်။ ရေပိုလွှဲဒီဇိုင်းကို ပြန်လည်စိစစ်ပြီး လိုအပ်သောနေရာများတွင် အကူရေပိုလွှဲများ၊ အရေးပေါ်ရေပိုလွှဲများကို တွက်ချက် ထည့်သွင်း တည်ဆောက်သွားရန် လိုအပ်နေသည်။

တချိန်တည်းတွင် အနာဂတ်ရေကြီးမှုများ၏ဒဏ်မှ သက်သာရာရစေရန် နည်းလမ်းများကို ယခုကပင် ကြိုတင် စဉ်းစား လုပ်ဆောင်သင့်သည်။ ဥပမာ ကလေးမြို့တွင် ၂၀၁၅ ခုနှစ် ရေကြီးမှုမျိုး ထပ်မံ မဖြစ်ပေါ်စေရန် မြစ်သာမြစ်ရှိ အဆီးအတား ကျောက်ဆောင်များကို ဖယ်ရှားခြင်း၊ မြစ်သာ ရေလှောင်တမံ စီမံကိန်း၊ မဏိပူရ ရေလှောင်တမံစီမံကိန်းနှင့် ချင်းတောင်မှ မြစ်ဖျားခံပြီး မြစ်သာမြစ်အတွင်းစီးဝင်သော အခြား ချောင်းမြောင်းများပေါ်တွင် တည်ဆောက်ရန်ရှိသည့်စီမံကိန်းများကို အလျင်အမြန်ပြီးစီးအောင် လုပ်ဆောင်သင့်သည်။ သို့မှသာ ကလေးမြို့သည် စိတ်ချရမည် ဖြစ်သည်။

ပဲခူးရိုးမကို မြစ်ဖျားခံစီးလာသော ပဲခူးမြစ်သည် ပဲခူးမြို့ကို ဖြတ်သန်းကာ သန်လျင်မြို့အနီးတွင် ရန်ကုန်မြစ်နှင့် ဆုံတွေ့ပြီး ပင်လယ်ထဲကို စီးဝင်ရာ လမ်းတလျှောက်၌ အနည်ထိုင်ခြင်း၊ သောင်ထွန်းခြင်းများ ဖြစ်ပေါ်နေသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ပဲခူးမြစ်သည် ပဲခူးတစ်ဝိုက်၌ ယခင်ကထက် ပိုပြီးကျဉ်းလာသည်ဟု ဒေသခံများက ပြောသည်။ ပဲခူးမြစ်ကို ဖြတ်၍ ဆောက်လုပ်ထားသော ရန်ကုန်-သန်လျင် မြစ်ကူးတံတားများကြောင့် ပဲခူးမြစ်ဝ သန်လျင်မြို့အနီးတွင် သောင်ထွန်းလာနိုင်သည့်အတွက် ရေစီးရေလာကို အနှောင့်အယှက် ဖြစ်နိုင်သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းကြောင့် သည်းထန်သော မိုးများ ပိုမိုရွာကျလာမည့် အလားအလာ ရှိနေရာ ရေထုတ်ရေနုတ်လမ်းကြောင်းများကို စနစ်တကျ စီမံတည်ဆောက်ထိန်းသိမ်းနိုင်မှသာ ပဲခူးရေကြီးခြင်းကို လျော့ပါးသက်သာရာရစေလိမ့်မည်။

သံတွဲချောင်း၌ ရေများလွန်းသောအခါ ရေကြီးတတ်သော သံတွဲမြို့အတွက် မြို့၏ အထက်ပိုင်း သံတွဲချောင်းတစ်နေရာတွင် ရေလွှဲတမံတည်ဆောက်လျှင် ရေကြီးခြင်းမှ ကင်းဝေးမည် ဖြစ်သည်။

ရေကြီးရေလျှံမှုကို ကာကွယ်ရန် မြစ်ဝှမ်းများ၏ ဘေး တဖက်တချက်တွင် ရေထိန်းကန်များ တည်ဆောက်ထားရှိခြင်းဖြင့် ရေကြီးချိန်တွင် ယင်းကန်များထဲတွင် ယာယီထိန်းသိမ်းထားပြီး မြစ်ရေလျော့ချိန်၌ ပြန်လည်ထုတ်လွှတ်နိုင်သည်။ ရေထိန်းကန်တွင် ရေအမြဲ ပြည့်နေသောကန်နှင့် ရေကြီးချိန်တွင်သာ ရေပြည့်သောကန်ဟူ၍ ရှိရာ ဒေသအခြေအနေကို လိုက်ပြီး ကန်အမျိုးအစား၊ အရွယ်အစားစသည်တို့ကို ကျွမ်းကျင်သောအင်ဂျင်နီယာတို့က ဒီဇိုင်းထုတ် တည်ဆောက်ပေးနိုင်သည်။ အလားတူ မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသများရှိ တာများတွင် ရေထိန်းတံခါးများ မရှိသေးလျှင် ရေထိန်းတံခါး တပ်ဆင်ခြင်းဖြင့် လျှံတက်လာသောရေချိုများကို ထိန်းသိမ်းအသုံးချနိုင်ရုံတင်မက ရေငန်မဝင်အောင်လည်း ထိန်းသိမ်းရာ ရောက်သည်။

ရေလွှမ်းလွင်ပြင်စသော ရေနှင့်ဆက်စပ်သည့် သဘာဝအခြင်းအရာများကို ထိန်းသိမ်းခြင်း

ရေကြီးရေလျှံရခြင်းပြဿနာကို ဖြေရှင်းရာတွင် ရေထုတ်ရေနုတ်လမ်းကြောင်းများကို အတတ်နိုင်ဆုံး ရှင်းလင်းထားဖို့ လိုသကဲ့သို့ မြစ်များ၏ ရေလွှမ်းလွင်ပြင်များ၏ ကဏ္ဍကလည်း အရေးပါသည်။ မြစ်ထဲသို့ စီးဆင်းလာသောရေပမာဏသည် မြစ်က လက်ခံသယ်ဆောင်နိုင်သောပမာဏထက် များသောအခါ မြစ်ကြောင်းဘေးတဖက်တချက်ရှိ မြေပြန့်များ၊ အနိမ့်ပိုင်းများထဲသို့ ဝင်ရောက်ခိုအောင်းပြီး မြစ်ရေ ကျသွားသောအခါမှ မြစ်ထဲသို့ ပြန်လည်စီးဝင်ကြသည်။ ရေလွှမ်းလွင်ပြင်ဟု ခေါ်သည့် ယင်းမြေပြန့်များ၊ အနိမ့်ပိုင်းများသည် မြစ်ရိုးတလျှောက် အခြားနေရာများ၌ ရေကြီးရေလျှံမှု မဖြစ်စေရန် အထိုက်အလျောက် ထိန်းပေးသော သဘာဝအခြင်းအရာများ ဖြစ်သည်။ ဥပမာ – ဧရာဝတီမြစ်၏ ရေလွှမ်းလွင်ပြင်များသည် အချို့နေရာများတွင် တစ်မိုင်၊ အကျယ်ဆုံးနေရာတွင် လေးမိုင်ခန့်အထိ ရှိရာ အဆိုပါ ရေလွှမ်းလွင်ပြင်များကြောင့် အနီးအနားဒေသများ ရေအလွှမ်းခံရမှုမှ သက်သာရာရသည်။ ထို့ကြောင့် ရေလွှမ်းလွင်ပြင်များ၌ လူနေမြို့ရွာများ၊ အဆောက်အအုံများ မထားရှိ မဆောက်လုပ်ခြင်းဖြင့် ရေကြီးရေလျှံမှုကို အတန်အသင့် ရှောင်ရှားနိုင်ကြသည်။

ရေကြီးချိန်များ၌ သဘာဝမြေနိမ့်ပိုင်းများ၊ အင်းအိုင်များအတွင်းသို့ ရေများ ဝင်ရောက်စေကာ ယာယီထိန်းသိမ်းထားပြီး ရေကျချိန်တွင် ပြန်လည်လွှတ်ထုတ်ခြင်းဖြင့် ရေကြီးရေလျှံမှုကို အထိုက်အလျောက် လျော့ပါးစေသည့်အပြင် သွေ့ခြောက်ရာသီတွင် ရေသွင်းစပါးစိုက်ရန်အတွက် အထောက်အကူ ဖြစ်နိုင်သည်။ ထို့အပြင် သင့်တော်သောနေရာများတွင် ရေလွှမ်းလွင်ပြင်များကို ဘေးသို့ချဲ့ထုတ်ကာ လျှံထွက်လာသောရေကို နေရာပိုပေး၍ ယာယီထိန်းသိမ်းထားခြင်းဖြင့် ရေကြီးရေလျှံမှုကို ကာကွယ်သည့် လုပ်ဆောင်ခြင်းမျိုးကို အကောင်အထည်ဖော်ရန် စဉ်းစားသင့်သည်။ ယင်းအစီအစဉ်မျိုးကို နယ်သာလန်အပါအဝင် နိုင်ငံအချို့တွင် အောင်မြင်စွာ အကောင်အထည်ဖော်ထားကြသည်။

မြစ်ချောင်းများ၏ ရေဝေဒေသအတွင်းရှိ သစ်တောများကို ထိန်းသိမ်းခြင်းသည်လည်း ရေကြီးရေလျှံမှုကို လျော့နည်းစေရာ၌ ကောင်းစွာ အထောက်အကူပြုသည်။ သစ်ပင်သစ်တောများကရွာကျလာသော မိုးရေများအနက် အချို့ကို ယာယီတားဆီးထိန်းသိမ်းထားပြီး မိုးတိတ်သောအခါ ဖြည်းဖြည်းချင်း ပြန်လည် ထုတ်လွှတ်ပေးခြင်းဖြင့် အောက်ပိုင်းဒေသများ၌ ရေမကြီးစေရန် လုပ်ဆောင်ပေးသည်။ သစ်ပင်သစ်တောများ မရှိလျှင် မိုးရေများ တရဟောစီးဆင်းကာ ရေကြီးမှုကို အလွယ်တကူ ဖြစ်စေသည်။ ထို့အပြင် အရှိန်ဖြင့် စီးဆင်းသွားသောရေများသည် မြေဆီလွှာများကို တပါတည်းတိုက်စားသဖြင့် ဒေသတွင်း မြေဆီ ခန်းခြောက်သည်သာမက မြစ်အောက်ပိုင်းတွင် အနည်များစုပုံလာကာ ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွားစေသည်။ မြစ်ညာဒေသများမှ ရေနှင့်အတူပါလာသော အနည်နှင့် နုံးများတွင် စိုက်ပျိုးပင်တို့အတွက် သဘာဝ မြေဆီ မြေနှစ်များ ပါလာခြင်း၊ ရေထဲတွင် ငါးစသော ရေသတ္တဝါတို့အတွက် အာဟာရများ ပါဝင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိသော်လည်း မြစ်ကြီးများတွင် အနည်ကျ နုန်းတင်ပြီး ရေလမ်းတိမ်ကောခြင်း ဆိုးကျိုးလည်း ဖြစ်ပေါ်သည်။ ယင်းဖြစ်စဉ်ကြောင့် မြစ်ကြီးများတလျှောက် နေရာအများအပြားတွင် ရေကြီးမှု အကြိမ် များလာသည်သာမက ပမာဏလည်း ကြီးထွားလာနေသည်။ ဥပမာ ဧရာဝတီမြစ်ရေထဲတွင် နုန်းများစွာ ပါဝင်စီးဆင်းနေရာ မြစ်ဝအရောက်တွင် တစ်နှစ်လျှင် တန်ချိန် သန်းပေါင်း ၃၀ဝ နှင့်အထက် ရှိသည်ဟု ခန့်မှန်းရသည်။ ဧရာဝတီမြစ်ရေ စီးဆင်းလာရာ လမ်းတလျှောက် နုန်းများ အနည်ထိုင် ကျန်ရစ်ခြင်းကြောင့် ရေကြီးမှု ပိုမိုဆိုးရွားလာနေသည်။

ရေဝေဒေသနည်းတူ ရေတိမ်ဒေသများအား ကောင်းစွာ ထိန်းသိမ်းခြင်းဖြင့် ရေကြီးရေလျှံမှုကို တဖက် တလမ်းမှ အကာအကွယ်ပေးနိုင်သည်။ ရေတိမ်ဒေသဆိုသည်မှာ နှစ်တစ်နှစ်တွင် အနည်းဆုံး လအနည်းငယ်မျှ ရေဖုံးလွှမ်းသော မြေနှင့် ရေဖြင့်ပြည့်ဝစိုစွတ်နေသော မြေများကို ခေါ်သည်။ ရေတိမ်ဒေသများသည် ရေအရင်းအမြစ်များနှင့် ဆက်စပ်ဂေဟစနစ်များ တည်မြဲရေး အတွက် ထိန်းညှိပေးခြင်း၊ ရေကောင်းရေသန့်များ ကို ထိန်းသိမ်းပေးခြင်း၊ မြေအောက်ရေကို ပြန်လည် ဖြည့်တင်းပေးခြင်း၊ ရေတွင်ပျော်ဝင်နေသည့် အညစ်အကြေးများကို သန့်စင်ပေးခြင်း၊ ဖန်လုံအိမ် ဓာတ်ငွေ့များကို စုပ်ယူ၍ ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုလျှော့ချပေးခြင်း၊ ရေကြီးရေလျှံမှုမှ ကာကွယ် ပေးခြင်း၊ သားငှက် တိရစ္ဆာန်များ၏ နေရင်းဒေသများ ဖြစ်ခြင်း၊ ရွှေ့ပြောင်း ရေပျော်ငှက်များ၏ နားခို ကျက်စားရာဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ပေးနိုင်သည်။

ပိုးသတ်ဆေး၊ မြေသြဇာနှင့် တိရစ္ဆာန်အညစ်အကြေးများ ဝင်ရောက်လာခြင်း၊ အမှိုက်များ မဆင်မခြင် စွန့်ပစ်ခြင်း၊ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ရေအလွန်အကျွံထုတ်ယူ အသုံးပြုခြင်း၊ ထင်းအလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ မြို့ရွာနှင့် ဆည်များ တည်ဆောက်ခြင်း စသည်တို့ကြောင့် ရေတိမ်ဒေသများအား ထိခိုက်မှု ရှိလာသည်။ အထက်ပါ အကြောင်းများအပြင် ပူနွေးလာသောအခြေအနေ၊ မိုးရွာသွန်းမှု မူမမှန်ခြင်း၊ ပင်လယ်ရေပြင် မြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာပေါ်ရှိ ရေတိမ်ဒေသများ၏ သုံးပုံတစ်ပုံသည် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် ပျက်စီးခဲ့သည်။

ရေတိမ်ဒေသများကဲ့သို့ ဒီရေတောများသည် ရေကြီးမှုကို ကာကွယ်ပေးနိုင်သော သဘာဝအခြင်းအရာများ ဖြစ်ကြသည်။ ဒီရေတောများသည် အပူပိုင်းဒေသ၊ အပူပိုင်းနှင့် သမပိုင်းကြား ဒေသများ၏ ဒီရေရောက်ရာ အရပ်များ၌ ပေါက်ရောက်နေသည့် အပင်နိမ့်များဖြစ်သည်။ မုန်တိုင်း ဒီရေနှင့် ဆူနာမီလှိုင်းများကို ဒီရေတောများက ကြံ့ကြံ့ခံပြီး အရှိန်လျှော့ချပေးနိုင်သည်။ ကမ်းရိုးတန်း ရေလွှမ်းမှုများကို ကာကွယ်သည်။ ဒီရေတောများက ရေလွှမ်းမိုးမှုကို အကာအကွယ် ပေးထားခြင်းကြောင့် ကမ္ဘာတွင် တစ်နှစ် အမေရိကန် ဒေါ်လာဘီလျံ ၈၀ မျှအဆုံးအရှုံး သက်သာရာရကြောင်း သိရသည်။ ရေလွှမ်းမိုးမှုကို ကာကွယ်ရာ၌ ဒီရေတောစိုက်ခြင်းသည် အချို့နေရာများတွင် ရေတားတမံများဆောက်ခြင်းထက် အကုန်အကျ များစွာသက်သာသည့်အပြင် ရေအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေသည်။

မြန်မာနိုင်ငံ၌ ဒီရေတောများကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အများဆုံး တွေ့ကြရသည်။ ဒီရေတောများသည် ၂၀ဝ၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် အခါက ကမ်းရိုးတန်းနေ ဒေသခံ ပြည်သူများ၏ ဘဝရှင်သန် ရပ်တည်ရေးအတွက် အရေးပါကြောင်း ပြသခဲ့သည်။ သို့သော် ယင်းတို့ကို တန်ဖိုးထား ထိန်းသိမ်းခြင်း အားနည်းသဖြင့် မြန်မာ့ဒီရေတောများ ပျက်စီးလျက်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတောပျက်စီးပြုန်းတီးမှု အများဆုံး ဖြစ်ပြီး ရခိုင်တွင် ဒုတိယအများဆုံး နှင့် တနင်္သာရီ ဒီရေတောများသည် တတိယ အများဆုံး ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ဒီရေတောများ၏ ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်စွမ်းသည် လျော့နည်းလာနေသည်။

ကြိုတင်လုပ်ဆောင်ကာကွယ်မှသာ

မြန်မာနိုင်ငံ၌ ရေဘေးအန္တရာယ်အမျိုးမျိုး မပေါ်ပေါက်မီ မိုးဇလစသည့် ဌာနများက တတ်နိုင်သမျှ ကြိုတင် သတိပေးချက်များ ထုတ်ပြန်ကြသဖြင့် အပျက်အစီး နည်းပါးစေရန် ရှောင်ရှားနိုင်ကြသည်။ သို့သော် ရေဘေးအန္တရာယ် ပေါ်ပေါက်ပြီးသောအခါ ပျက်စီးဆုံးရှုံးခဲ့သူတို့ကို အကူအညီများ ပေးအပ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှု ပမာဏ မည်မျှရှိကြောင်း၊ အပျက်အစီးများကို ပြင်ဆင်ပြီး သို့မဟုတ် ပြင်ဆင်နေကြောင်း စသဖြင့်သာ ကြားသိခဲ့ရပြီး နောင်ပေါ်ပေါက်လာနိုင်သေးသည့် ရေဘေးအန္တရာယ်အမျိုးမျိုး၏ သက်ရောက်မှုများ လျော့နည်းသွားစေရန် မည်သို့ဆောင်ရွက်မည်ဆိုသည်ကိုမူ ကြားသိရမှု နည်းပါးသည်။

ဆန်းစစ်ချက်တစ်ခုအရ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်ကြား၊ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာတွင် ရေဘေးအပါအဝင် ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်ပေါင်း ၁၁၀ဝ၀ ကြောင့် လူပေါင်း ၄၇၅၀ဝ၀ သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုပမာဏမှာ ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၄ ထရီလျံမျှ ရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ဝ အထိနှင့် ၂၀၅၀ ပြည့်နှစ်တွင် တစ်နှစ် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ဝ အထိ ရောက်လာနိုင်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မကြာမီကာလအထိ သဘာဝ ဘေးအန္တရာယ် အခံရဆုံး နိုင်ငံများထဲတွင် ပါဝင်ခဲ့သကဲ့သို့ အနာဂတ်တွင်လည်း သဘာဝ ဘေးအန္တရာယ်များကြောင့် အထိခိုက် အလွယ်ဆုံးနိုင်ငံထဲတွင် ဆက်လက်ပါဝင်နေဦးမည်။ တချိန်တည်းတွင် မိုးပိုမိုသည်းထန်ခြင်း၊ မုန်တိုင်းပြင်းအား ပိုလာခြင်းတို့ကို မြန်မာနိုင်ငံ ကြုံတွေ့ရဦးမည် ဖြစ်၍ ရေနစ်သူ ဝါးကူအထိုးခံရမည့် အခြေအနေပင် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၅ ခုနှစ် ရေဘေးကြောင့် လူဦးရေ ၁၀ဝ ကျော် အသက်ဆုံးရှုံးကာ နိုင်ငံ တစ်ဝန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၆၅ ဘီလီယံထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေတိုအတွက်သာ ဖြစ်ကြောင်း သတိပြုဖို့ လိုသည်။ ရေဘေး အပါအဝင် သဘာဝ ဘေးအန္တရာယ်များ၏ ရေရှည်အကျိုးဆက်သည် ရေတိုသက်ရောက်မှုများထက် သိသိသာသာ ကြီးမားသည်။ ၂၀၁၅ ခုနှစ် ရေကြီးခြင်းတစ်ခုတည်းကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၁၆ ရာခိုင်နှုန်း တိုးမြင့်လာပြီး ပို့ကုန် ၁၂ ရာခိုင်နှုန်း ကျဆင်းကာ ကုန်သွယ်မှုလိုငွေ များပြားလာခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုရာ ယခုအချိန်အထိ ကြုံတွေ့ခဲ့ရသည့် ရေဘေးများအားလုံးကြောင့် မြန်မာနိုင်ငံ၏ ရေတို ရေရှည် ပျက်စီးဆုံးရှုံးမှု စုစုပေါင်းကို တွက်ချက်ကြည့်နိုင်ပါက ကြောက်ခမန်းလိလိ များပြားမည် ဖြစ်ကြောင်း သိနိုင်သည်။

လေ့လာချက်များအရ ရေဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို ဖြစ်နိုင်သမျှ လျှော့ချရန် ကြိုတင်လုပ်ဆောင်ခြင်းသည် ဖြစ်ပြီးမှ ပြန်လည်ပြင်ဆင်ထူထောင်ခြင်းထက် ငွေကုန်ကြေးကျ သက်သာကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးမှုကို လျှော့ချရန် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ရေနှင့်ဆက်စပ်သည့် သဘာဝအခြင်းအရာများကို ထိန်းသိမ်းခြင်း စသည်တို့အတွက် ၁၉၆၀ ပြည့်နှစ်နှင့် ၂၀ဝ၀ ပြည့်နှစ်ကြားတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ သုံးစွဲခဲ့သဖြင့် ရေဘေးအန္တရာယ်နှင့် တကယ်ကြုံတွေ့လာသောအခါ အပျက်အစီး အဆုံးအရှုံး ၁၂ ဘီလျံဒေါ်လာဖိုးခန့် သက်သာလျော့နည်းသွားခဲ့သည်။

ထို့ကြောင့် ဤဆောင်းပါးပါ အချက်များဖြစ်သော တမံများ၏ ဒီဇိုင်းများကို ပြန်လည် စစ်ဆေးစိစစ်ကာ လိုအပ်သလို ပြင်ဆင်ခြင်း၊ ရေပိုလွှဲဒီဇိုင်းကို ပြန်လည်စိစစ်ပြီး လိုအပ်သော နေရာများတွင် အကူရေပိုလွှဲများ၊ အရေးပေါ်ရေပိုလွှဲများကို တွက်ချက် ထည့်သွင်း တည်ဆောက်ခြင်း၊ ရေစီးလမ်းကြောင်းများအတွက် အဆီးအတားများ ဖြစ်ကြသည့် အနည်ထိုင်ခြင်း၊ သောင်ထွန်းခြင်းများ၊ ကျောက်ဆောင်များကို ဖယ်ရှားခြင်း၊ သစ်ပင်သစ်တော၊ ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်၊ ရေတိမ်ဒေသ၊ ဒီရေတော စသည့် ရေနှင့်ဆက်စပ်သည့် သဘာဝအခြင်းအရာများကို မပျက်စီးအောင် ထိန်းသိမ်းခြင်းတို့ဖြင့် ရေဘေးအန္တရာယ်များ၏ သက်ရောက်မှုကို ဖြစ်နိုင်သမျှ လျှော့ချရန် ကြိုတင်လုပ်ဆောင်ထားကာ လူ့အသက်များနှင့် နိုင်ငံ၏ဓနအင်အား မလိုအပ်ဘဲ ပြုန်းတီးဆုံးရှုံးခြင်းကို အထိုက်အလျောက် ကာကွယ်တားဆီးသင့်သည်။

ထိုသို့ ကြိုတင်လုပ်ဆောင်ရင်း ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်များ၏ ရေဝေဒေသများ၌ ရေအရင်းအမြစ်ရေးရာ ပေါင်းစည်းစီမံမှုကို အခြေအနေပေးသည့်အလျောက် တစ်ဆင့်ချင်း သုတေသနပြု အစီအမံ ရေးဆွဲ အကောင်အထည် ဖော်နိုင်လျှင် ရေကြီးရေလျှံခြင်း တစ်မျိုးတည်းကိုသာ မဟုတ်ဘဲ ရေကြောင်းသွားလာရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ အများပြည်သူ အနားယူ အပန်းဖြေရေး စသည်တို့တွင်ပါ ရေရှည်အကျိုးဖြစ်ထွန်းပြီး တစ်နိုင်ငံလုံး ဘက်စုံတိုးတက်မှုကို ကောင်းစွာ အထောက်အကူပြုလိမ့်မည်။

ကိုးကား –

၁။ ဧရာဝတီမြစ်ဝကျွန်းပေါ်ရေကြီးမှုအစီရင်ခံစာ (ဒေါက်တာအုန်းမြင့်) ၁၉၇၆ ခုနှစ် မတ်လ

၂။ မြန်မာနိုင်ငံရှိ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ် MIMU ဆန်းစစ်လေ့လာမှုအကျဉ်း (မေလ ၂၀၂၂)

၃။ Notes on Flood Water Management Projects by Dr. Ohn Myint

၄။ ၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ။ ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၆

၅။ ပါမောက္ခ ဦးမောင်မောင်အေးအား မြန်မာနိုင်ငံပထဝီဝင်အသင်းက ၂၀၁၈ ခုနှစ်က တွေ့ဆုံမေးမြန်းချက်

၆။ ဦးအေးမြင့်၊ ညွှန်မှူး(ငြိမ်း) ဆည်မြောင်း၏ မှတ်ချက်များ

၇။ စန်းဝေ (ရေအားလျှပ်စစ်)၏ သံတွဲမြို့တွင် ရေကြီးခြင်း (၂၀၂၁)

၈။ ရေလွှမ်းမိုးခြင်းဘေးအန္တရာယ်လက်စွဲ၊ အကြောင်းရင်း၊ ဆိုးကျိုးများနှင့် ကြိုတင်ပြင်ဆင်ရေး UN Habitat

၉။ Country Report: Floods and Flood Forecasting System in Myanmar
Ms. Tin Yi, Director, Department of Meteorology and Hydrology, Myanmar

Share this:

Related

February 6, 2022

In “Awareness”

October 4, 2021

In “Awareness”

January 22, 2024

In “Floods”MYANMARRIVERS

Post navigation

PREVIOUS၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း ညီလာခံ

NEXTဧရာဝတီတိုင်း၊ ပင်လယ်ဘေးနားက ရေငတ်နေတဲ့ရွာ ‘ဂေါ်ဒူ’

One thought on “မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ”

  1. Pingback: ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ) – Water Security and the Changing Climate

မှတ်ဖွယ် မှတ် ရာ
ဆည် မြောင်းရေးရာ
စာပဒေသာ ( ၄၅ -က )

ရေကြီးပြဿနာ
အဖြေရှာ

Bago Floods and Me

ပဲခူး ရေကြီး မှုများနှင့် ကျွန် တော်

( ပူးတွဲ နောက်ဆက်တွဲပါ မိမိ၏ မူရင်း English Article ၏
ကွန်ပြူတာ စက် မြန်မာ ဘာသာပြန် ကို
ပြန်လည် တည်းဖြတ် ပြင်ဆင် ထား သည့်
Google Translation မြန်မာဘာသာပြန် စာ မူ ဖြစ်ပါသည်။ )

ပြီးခဲ့ပါပြီ ။
ကြာပါပြီ

၂၀၁၄ ဩ ဂုတ်လ ဝါဆိုဝါခေါင် ရေဖေါင်ဖေါင် လမှာ
ပဲခူးတိုင်းထဲမှာ ဖြစ်ခဲ့တဲ့ ရေကြိးဖြစ်စဉ်တစ်ခု ပါ။
သမိုင်းသင်ခန်းစာတွေယူတတ်ရင်ရပါတယ်။

သမိုင်းထဲကဖြစ်ခဲဘူးတာတွေထပ်မဖြစ် အောင်
ဘယ် လိုလုပ်ကြမလဲ

အင်ဂျင်နီယာတွေ ဆည် မြောင်း ပညာရှင် တွေ
နိုင်ငံအရေး ဘေး တွေထဲက
ရေဘေးနဲ့ပတ်သက်လို့ နောင် မဖြစ် အောင်
ရေ ဘေးအန္တရာယ် အသွယ် သွယ် တွေက လျော့ပါးအောင်
ဘာ တွေ လုပ် သင့်ကြသလဲ
ဘာတွေကြိုတင် ပြင်ဆင်ထားသင့်ကြသလဲ ။

နိုင်ငံအတွက် မိမိတို့ဆည် မြောင်းအရေးတွေအတွက်
သမိုင်းသင်ခန်းစာတွေယူပြီး
ကောင်းအောင်နဲ့ပိုကောင်းအောင်
တွေး ကြံဆ ကြပြီး
အဖြေ တွေ ရှာ နိုင်ကြရင် မကောင်းလား။

Floods and Me

ရေကြီးခြင်းများနှင့် ကျွန် တော်
( ပဲခူးတိုင်းဒေသကြီးတွင် ရှိ ဆည် တမံ များနှင့်
ရေကြီးခြင်း များ။ )

ဒီနေ့ အကြီးတန်း အင်ဂျင်နီယာ ဝါရင့် ဆည် မြောင်း ဆရာသမားကြီး, တစ်ဦးထံ မှ ပေး ပို့လာ တဲ့ သတင်းတစ်ခု ရှိတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်ဧရိယာများထဲမှ တစ်ခုဖြစ်သော လယ်မြေများအတွင်းသို့ ရေလွှမ်းမိုးနေတဲ့ သတင်းတစ်ပုဒ်ပါ။

ကျွန်တော့်မှာ မေးခွန်းများ ပေါ် လာသည်:

ပဲခူးတိုင်းဒေသကြီးမှာ ဘာတွေဖြစ် နေတာ လဲ။ (၂၀၁၄ က ဖြစ်စဉ် ရေကြီးသတင်းတစ်ပုဒ် )
လယ်ယာမြေတွေ ရေကြီးတာ ဘာကြောင့်ဖြစ်တာလဲ?
ဆည် ရေလျှံကျလို့ လယ်တွေ ရေကြီးတာလို့ သတင်းက ပြောတယ်.
ဆည်က ဘယ်မှာလဲ
ဆည်က ဘယ်လောက်ဝေးလဲ။
မိခင် ဌာနမှာရှိတဲ့ ဆည်မြောင်းအင်ဂျင်နီယာတွေ၊ ဆည်မြောင်းဦးစီးဌာနက ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘာတွေလုပ်နေလဲ။

မိမိအနေဖြင့် လည်း အကြီးတန်း ဆည် မြောင်း အင်ဂျင်နီယာ တစ်ဦး အနေဖြင့် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်း ဦးစီးဌာနတွင် ၅ နှစ်ခန့် တာဝန်ထမ်းဆောင် ခဲ့ပြီး ပဲခူးတိုင်းတွင် ညွှန်ကြားရေးမှူး တစ်ဦး အဖြစ် လွန်ခဲ့သည့် (၂၀၀၄-၂၀၀၈) ခုနှစ် က တာဝန်ယူ လုပ်ခဲ့သူတစ်ဥိးအနေဖြင့် ဤမေးခွန်း များ၏ အဖြေကို ကို သိရှိရန် လိုအပ်လာပါ သည် ။

ပဲခူးတိုင်းဒေသကြီးကဲ့သို့ မိုးသည်းထန်စွာရွာသွန်း လေ့ ရှိ သော ဒေသများတွင် ဆည်တမံ ရေလှောင်ကန်ကြီးများ တည် ဆောက်ထားရာတွင် တမံ ရေပိုလွှဲ များ မှ ရေလျံ ခြင်း ဖြစ်စဉ် များသည် အချို့ ပဲခူးတိုင်းအထက်ပိုင်း ဆည် ကန် များတွင် တစ်ခါတရံဖြစ်ပြီး ၊ ပဲခူးတိုင်းအောက်ပိုင်း အချို့ သော ရေ လှောင်တမံများတွင် ရံဖန်ရံခါ ပုံမှန်ဖြစ်လေ့ရှိပါသည်။

အထူးသဖြင့် ပဲခူးတိုင်းဒေသကြီး အောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး အလယ်ပိုင်းတို့တွင် တစ်ခါတစ်ရံတွင် ပဲခူးတောင်တန်း(ပဲခူးရိုးမ) နှစ်ဖက် တွင် တည် ဆောက်ထားသော ရေလှောင်တမံများတွင် ပုံမှန်အားဖြင့် ရေပိုလွှဲ များမှတစ်ဆင့် ရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။

(ပဲခူးမြစ်အထက်ပိုင်း ဇောင်းတူ ရေလှောင်တမံမှ ရေလျှံ ပါက ပဲခူးမြစ်ထဲစီးဝင်ခါ ပဲခူးမြစ်ကမ်း တွင် ရေကြီး ရေလျံ သည့်အချိန်နှင့် ပဲခူး မြို့ တစ်ဝိုက် တွင် မိုးဆက်တိုက်ရွာသွန်း နေချိန် တို့ တိုက်ဆိုင် နေပါက ပဲခူးရေကြီးမှုများဖြစ်လေ့ရှိခဲ့ ပါသည်.။

ပဲခူးမြစ်နှင့် အထက်ဘက်တွင် တည်ဆောက်ထားသော ဇောင်း တူ ရေလှောင်တမံတွင် ရေဝင်များပြီး အမြင့်ဆုံးသောရေ လျှံ ကျ ဆင်း မှု နှင့်အတူ၊ ပဲခူးမြစ်၏ အောက်ပိုင်း ပဲခူးမြို့အထက်နား တွင် တည် ဆောက်ထားသော ဇောင်းတူ ရေလွှဲ ဆည် တွင် ပါ ရေကျော် ရေလျှံခါ၊ ပဲခူးမြို့တစ်ဝိုက်တွင်လည်း မိုးသည်းထန်စွာ ရွာ သွန်းမှုများ နှင့်ပါတိုက်ဆိုင် သွားပါက ပဲခူးမြို့ပတ်ဝန်းကျင် တွင် ရေကြီး မှုများ မလွှဲမသွေ ဖြစ်လေ့ရှိကြောင်း ပဲခူးတွင် တာဝန်ထမ်း ခဲ့သော ကျွန်ုပ်၏ ဆည် မြောင်း အတွေ့အကြုံ များ အရ ပဲခူးမြို့၌ တစ်ခါတစ်ရံ ရေကြီးတတ် ကြောင်း တွေ့ရှိ ခဲ့ ရပါသည်. ။

ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနသည် ပဲခူးတိုင်းဒေသကြီးအတွက် ရေကြီးရေလျှံမှု ကာကွယ် ထိန်းချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် စောင့်ကြည့်ရေးစနစ်ဆိုင်ရာ အတွေ့အကြုံများ နှစ်ပေါင်းများစွာ ကောင်းစွာ ရှိကြပါသည်. ၊

ယခုဖြစ်စဉ်တွင် ပဲခူးရိုးမအနောက်ခြမ်း၊
ဆည်က ဘယ်မှာလဲ၊ နာမည်က အဲဒီဒေသမှာ ဝဲကြီးဆည် ဒါမှမဟုတ် တောင်ညိုဆည်လား။ ပြည်လမ်း အနောက်ဘက်ခြမ်းလား ၊ အရှေ့ဘက်ခြမ်းလား ၊ သို့မဟုတ် မြေနိမ့်ပိုင်း တွေလား ။
သတင်းတွေအရ ပဲခူးတိုင်းအနောက်ဘက်ခြမ်းက ဆည် ရေသောက် ဒေသ အဖျားမှာ ဖြစ်နေပုံရတယ်. ။

ရေလွှမ်းမိုးရာသီအတွင်း လယ်မြေများ အတွင်း ဖြတ်သန်းစီးဆင်းနေသည့် အဆိုပါရေလျှံ စီးဆင်းလာဿော မိုးရေများ အတွက် သင့်လျော်သော ရေနုတ်မြောင်းများ ကော ရှိပါသလား။ ?

ရေစီးရေလာ ရေနုတ် ကောင်း မွန် ရေး အတွက် သင့်တော်တဲ့ ရေနုတ်မြောင်း စနစ် တွေ မရှိ သေး ၊ မလုံလောက် သေး ဘူးလို့ ကျွန်တော်ထင်မြင် မိပါတယ်။ .

(မြန်မာနိုင်ငံအောက်ပိုင်း၌ တည်ဆောက်ထားသော ရေ လှောင် တမံ၊ ဆည် တမံ များ,၏ ဆည်မြောင်းရေနုတ် မြောင်းစနစ် ကွန်ရက်များကို အကဲဖြတ်ရန် လိုအပ်ပြီး၊ မြေနိမ့်ပိုင်းဒေသများရှိ လယ်မြေများတွင် ရေကြီးရေလျှံမှု ပြဿနာများကို သက်သာစေရန် ရေထုတ် ရေနုတ် ရေမြောင်းများ လုံလောက်မှု ရှိ၊ မရှိ အကဲဖြတ် စစ်ဆေး ရန် လိုအပ်ပါသည်။)

မြန်မာနိုင်ငံမှာ ဆည်ရေသောက်လယ်မြေတွေနဲ့အတူ ၊ ဆည်မြောင်းဦးစီးဌာနက စီမံခန့်ခွဲတဲ့ တခြားဒေသတွေမှာ ရေနုတ်မြောင်းပြဿနာတွေ ၊ဆည် ရေသောက် လယ် ယာမြေတွေမှာ ရေကြီးတာတွေနဲ့ ပတ်သက် ပြီး ရေနုတ်မြောင်းစနစ်လိုအပ်ပုံတွေကို ကျွန် တော်က ရင်းနှိးခင်မင်တဲ့ မိတ်ဆွေတွေနဲ့ နီးစပ်ရာ မိတ်ဆွေတွေကို ဆွေးနွေး ပြော ပြ ထောက်ပြ လေ့ ရှိခဲ့ တယ်။

ကျွန်တော့်ရဲ့မိခင်ဌာနကို ပြန်ကြည့်တဲ့အခါ ၊ ကျွန်တော့်အမြင်ကတော့ “ကျွန်တော်တို့ဌာနကို Irrigatopn Department ဆည်မြောင်းဦးစီးဌာနလို့သာ အမည်ပေးထားတာဖြစ် ပြီး၊ ကျွန်တော်တို့ဌာနရဲ့ သမိုင်းကြောင်းအရ အကြီးတန်းအင်ဂျင်နီယာတွေနဲ့ ဒီဇိုင်နာ ခေါ် ဆည် မြောင်း ဒီဇိုင်းပုံထုတ် နေသူတွေ အများစုဟာ မြန်မာနိုင်ငံ အထက်ပိုင်း ကုန်းမြင့်ပိုင်း မြေမြင့်တွေမှာရှိတဲ့ စိုက်ပျိုးမြေတွေကိုသာ အလေးထားပြီး ဆည် ေ၇ဿောက် စနစ် တွေ ရေးဆွဲ ပုံစံထုတ်နေခဲ့ကြတာ များ ကြတယ်.
မိုးနည်းတဲ့အညာဒေသ ဆိုတာ က ရေကြီးပြသနာနည်းတယ်. . ရေလိုတဲ့ပြသနာသာများတယ်။ ဒါကြောင့် အညာဆည် မြေ င်းအလုပ်သာ အားသန် ကြတဲ့ဆည် မြောင်းအင်ဂျင် နီယာအချို့က ဆည် ရေပေးမြောင်းစနစ်ကိုသာ စနစ်တကျ ပုံစံ ထုတ်တာအားသန်ကြပြီး ဆည် ရေပေးစနစ်ထဲမှာ လိုအပ်တဲ့ ရေနုတ်မြောင်းစနစ် ကိုပါ ကောင်းကောင်း ထည့်ဘို့ လုပ်ဘို့ လိုအပ်တာ အလေးမထားတတ်ကြဘဲ , အများစုက အားနည်းကြတယ် မှတ် ပါတယ်.

ဒါကြောင့် ဆည် ရေပေး စနစ်တွေထဲမှာ ရေ နုတ် မြောင်းစနစ်တွေကိုလဲ စနစ်တကျ ရေးဆွဲထည့်သွင်းဘို့လိုတာပါ၊ မိုးနည်းတဲ့အညာဒေသ အတွက် ဆည် ရေသောက် စနစ်တွေလယ် ယာမြေေ တွေ အတွက် အရေးမကြီးပေမဲ့၊ အထူးသဖြင့် မိုးများလေ့ရှိတတ်တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့အောက်ပိုင်းမှာတည် ဆောက်ထားတဲ့ ဆည် မြောင်းဌာန ရဲ့ ဆည် တမံ ၊ ဆည် ရေသောက် စနစ် တွေမှာ တော့၊ ရေထုတ် ရေနုတ်နိုင်မဲ့
ရေနု တ် မြောင်းစနစ် လဲ ၊ ကောင်းကောင်း, လိုအပ်နေတာ တွေ တွေ့ နေ ရတတ်ပါတယ်,

ကျွန်ုပ်တို့၏ ဆည်မြောင်း အင်ဂျင်နီယာများသည် ကျွမ်းကျင်သော ဆည်မြောင်း အင်ဂျင်နီယာများ အရည်အချင်းပြည့်မီသော အင်ဂျင်နီယာများဖြစ်ကြပေရာ ၊ ဆည်မြောင်း ဆည် ရေသောက်စနစ်များအတွက် ဒီဇိုင်းပုံစံများ,ရေးဆွဲကြရာတွင် မြန်မာနိုင်ငံ အညာဒေသ ကုန်းမြင့်ပိုင်းဒေသ များနှင့် အတူ မြေနိမ့်ပိုင်း အောက် မြန်မာပြည် ဒေသ များအတွက် ဆည် ရေသောက် စနစ်များ ရေးဆွဲ ပုံဖေါ်ကြရာ တွင် ရေပေးစနစ်သာမက ရေနုတ်စနစစ်ကိုပါ တပါတည်း ညီတူမျှတူ အလေးထား, ထည့် သွင်းရေးဆွဲ ကြရန် အထူး လိုအပ် နေပါတယ်. ။

တခါတရံမှာ ကျွန် တော် ကိုယ် တိုင်ပင်လျင် မိမိ၏ မိခင်ဌာနကို ဆည်မြောင်းနှင့် ရေနုတ်မြောင်းဌာန (DID) Department of Irrigation and Drainage ဆည် ရေပေး နှင့် ရေ နုတ် မြောင်း ဌာန အဖြစ် အမည်ပြောင်းသင့်ကြောင်း ကျွမ်းကျင်လုပ်ဖော်ကိုင်ဖက်များအား ထောက်ပြခဲ့ဖူးပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေမြောင်းပြဿနာများနှင့် စိန်ခေါ်မှုများကိုဆည် ရေပေးစနစ်များနည်းတူ ညီတူညီမျှ ထည့်သွင်းစဉ်းစားနိုင်စေရန်အတွက် မိမိတို့၏ ခေတ် အဆက်ဆက် ဆည်မြောင်းဦးစီးဌာနကို ဆည်မြောင်းနှင့် ရေနုတ်မြောင်းဌာန (DID) အမည် အဖြစ် ပြောင်းလဲသတ်မှတ်သင့် ကြောင်း ကျွန် တော် ထောက်ပြ ခဲ့ ပါသည် ။

ကိုလိုနီခေတ်ကတည်းက စတင်ခါ ကျွန်ုပ်တို့၏ ကျွမ်းကျင်သော အင်ဂျင်နီယာများက အောက်မြန်မာပြည် ရေဘေးကာကွယ် ရေး လုပ်ငများ မျိုးစုံ အောင် လုပ်ဆောင်ခဲ့သည်။ (ကိုလိုနီခေတ်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေဘေးကာကွယ် ရေး, တာတမံ တစ်မျိုး တည်းဖြင့် ရေလွှမ်းမိုးခြင်းကို ထိန်းချုပ်ခြင်းမှာ အဓိကကျသော လုပ်ငန်းဖြစ် ခဲ့သည် ။)

မလေးရှား နိုင်ငံ တွင် အလားတူ ဆည်မြောင်းနှင့် ရေနုတ်မြောင်းဌာန (DID) ဟု အမည်ပေးထားသည့် ဌာနရှိ နေပြီး ၊ လုပ်ငန်းနှစ်ခုကို ညီတူညီမျှ အလေးပေး ဆောင်ရွက်လျက် ရှိ နေ ကြောင်း တွေ့နေရပါသည်။

ဆည်မြောင်းဦးစီးဌာနမှာ အရင်ကနဲ့ ယှဉ်ရင် အခုအချိန်က ပြောင်းသွားပြီ။
ယနေ့ကျွန်ုပ်တို့၏ ID ဆည် မြောင်း, ဌာနတွင် အလုပ်အမျိုးအစားပေါင်း များစွာ ပြီးမြောက် အောင် မြင် နေကြ ပြီဖြစ်သည်။
ရာသီဥတုဖောက်ပြန်တဲ့ကာလမှာ ရေကြီးရေလျှံမှုတွေ မကြာခဏဆိုသလို ကြုံတွေ့ခဲ့ကြရပါတယ်။
IWRM Integrated Water Resources Management ရေအရင်းအမြစ် ရေးရာ ဘက်စဲ့ ရေစီံခန့်ခွဲမှု တွေ ကို ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံတွင်လည်း မိတ်ဆ က် ဆောင် ရွက် နေကြ ပါသည်။
ရေ ၊ အစားအစာ ၊ စွမ်းအင် နှင့် ရာသီဥတု ဆိုင်ရာ တစ်ခုနှင့်တစ်ခု ဆက်စပ် နေပုံများ Nexus သည် မတူညီသော ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမျိုးစုံ တွင် လုံး၀ ပေါင်းစပ်ထည့်သွင်းစဉ်းစားကြရန် လိုအပ် ကြောင်း ရေအရင်းအမြစ် ပညာရှင်များ သိရှိလာနေကြပါပြီ.

အထူးသဖြင့် မြန်မာနိုင်ငံနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြေနိမ့်ပိုင်းရှိ လယ်မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွါးလေ့ရှိ နေပါသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အဆိုးအကောင်း, အကျိုးအကြောင်း,သက်ရောက်မှုများ ထိခိုက်မှု များ,ကလည်း, ယနေ့ကျွန်ုပ်တို့၏ ထွန်းသစ်စမြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအများအပြားအပြားလုပ် ဆောင် နေကြရာ တွင် နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့ကို စိန်ခေါ်နေသော အဓိက ရင်ဆိုင် တွေ့ကြုံ နေကြရသော ပြဿနာတစ်ရပ်လည်းဖြစ် နေပါသည်. ။

ဒါတွေအပြင်
ယနေ့ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့
ကျွန် တော် တို့တစ်တွေ ယခု အခါ မှာ ဘာတွေလုပ်နိုင်နေ ကြ ပြီလဲ။

ရေကြီးပြဿနာ ဘယ် လို ဖြေရှင်ကြမလဲ မှ
မိမိ စိတ်ကူးထဲမှာပေါ်လာတဲ့
အတွေးမျှင်စများဖြစ်ပါတယ်.

အေးမြင့် (ညောင်တုန်း)

သြဂုတ် ၁ ရက်၊ ၂၀၁၄၊ ၁၂း၀၂ နာရီ
( စင်ကာပူမှာ ရေးခဲ့သော စာတစ်ပုဒ် )

Facebook မှ ပြန်လည်ကူးယူဖေါ်ပြပါသည်။

ဦးအေးမြင့်
NEPS

  • Senior Water Resources Engineer Environmentalist (NEPS Co.Ltd)၊
    ( National Engineering and Planning Private Company Ltd.)
    အငြိမ်းစား ဆည်မြောင်းဦးစီးဌာန အကြီးတန်း ရေအရင်းအမြစ် အင်ဂျင်နီယာ။
  • Formr Advisory Group member to Myanmar National Water Resources Committee
    ယခင် မြန်မာနိုင်ငံ-အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဝင်
    -ဆည် မြောင်း ဝန်ထမ်းဟောင်းများအသင်း ဝင်၊
    ယခင် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဝင်.၊
    မြန်မာနိုင်ငံတမံကြီးများအသင်းဝင် ၊ ( 4-i8-2023 ပြန်လည် ဖြည့် စွက် တည်းဖြတ် ပါသည်. )

ရည် ညွှန်း မူရင်း စာ

Original Facebook post

Floods and Me ( continued ) :
Dams and Flood in Bago Region of Myanmar .

A former frequent flood cases in Bago in the past-

There was a news sent to me by my senior engineer U Tin Maung today .
flooded water was passing through the farmlands in one of the , possibly, irrigated area in Bago region .

My Questions arises :

What happened in Bago Region ?
Why it happened ?
Where is the dam ?
How far away the dam is ?
What my irrigation engineers in my mother department ,Irrigation Department were doing to tackle these problems ?

As a senior engineer and as a director served in Irrigation Department in that Bago region for about 5 years ( 2004-2008 ) in my past ,I need to know these questions to see where ,how and why it happened .

Overflow of spillway was sometimes normal in those areas of heavy rain where dams were built, like in Bago region .
Spill of flood water normally occurred on our spillways of dams especially located in lower Bago Region and sometimes in middle Bago region ,on both sides of Bago mountain range( Bago Yoma ) .

( In my experiences in Bago ,flood sometimes happened in Bago town whenever spill of Zaungtu Dam built on the upper reach of Bago river and consecutive heavy rain in Bago coincided , together with the highest spill of Zaungtu weir built on Bago river near and upstream of Bago .
Irrigation Department of Bago had a long time experiences of flood control ,management and monitoring system for Bago )

In this case of the western side of Bago Yoma ,
where is the dam and it’s name ? Wegyi dam or Taung Nyo Dam in that area? Upland,eastern or low land western side of Pyay road ?

Are there any other proper drainage for these overflow water passing the farmlands during flood season. ?

It seems that there may not be proper drainage canals in the area for the flow of flood water ,if I am right .
( We may need to assess our irrigation networks of our dams built in lower Myanmar whether there were sufficient drainage networks to alleviate the flood problems on the farmlands of low lying areas .)

I normally pointed out to my dear and near friends of mine about my view on drainage problems in irrigated farmlands of Myanmar and in other areas managed by my Irrigation Department .

My view to my mother department is that ” since we named our department as Irrigation Department ,our senior engineers through the history of our department and most of our designers generally emphasize only the irrigation of crop land in high land upper Myanmar and lacked or missed Proper drainage design to our dams and irrigation projects .

It became really true when dams and irrigation works in low lying areas of lowland Myanmar were introduced , established and implemented in later years of our department ‘s history while our professional irrigation engineers were competent ,expert ,used to and efficient enough in irrigation design of highland areas of upland Myanmar .

I sometimes pointed out to my professional colleagues that our mother department ,Irrigation Department should be renamed as Department of of Irrigation and Drainage ( DID ) so that my department can equally take into account the drainage problems and challenges all over myanmar not only irrigation works normally performed by our expert engineers since colonial days back. ( Flood control by embankments alone was a major works in Ayeyarwady delta in colonial periods ) .

Malaysia has a similarly named Department of Irrigation and Drainage (DID) which performed and emphasize equally the two works .

Time had changed now compared to our past at Irrigation Department .
Many different types of works had already accomplished in our ID department today .
We had many flood and drainage problems encountered frequently in our time of climate change .
IWRM Integrated Water Resources Management was introduced around the world and also in Myanmar.
Water ,Food ,Energy and Climate Nexus had considered altogether combined in different water resources development works .
Floods frequently occurred throughout Myanmar ,especially in low lying farmlands of lowland Myanmar and Ayeyarwady delta .
Environmental and Social impact is also a major issues challenging us daily in many development works in our emerging country Myanmar today

Then ,

What we can do to tackle for these and also the flood and drainage problems in Myanmar now ?

Inspired by

U Aye Myint
NEPS

in Singapore
( 1 August 2014, 12 :02 pm )

Facebook မှ ပြန်လည် ကူးယူဖေါ်ပြပါသည် .