29 July 2024
နောက်ဆုံးရသတင်း များ
@MyanmarCele9 အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ပဲခူး ရေဘေး
ပဲခူးမှာ မိုးရွာသွန်းနေပြီး မြစ်ရေတွေဆက်တိုးနေတာကြောင့် အရေးပေါ်ကူညီရေးတွေ လုပ်နေရပြီး ပဲခူးတိုးဂိတ် လည်းပိတ်ထားသလို ပဲခူးတံတားကနေလည်းသွားလာခွင့်ပိတ်လိုက်ပြီလို့သိရပါတယ်။
လက်ရှိပဲခူးမြစ်ရေဟာ ၉၈၂ စင်တီမီတာအထိရှိလာနေတာကြောင့် မနှစ်က အဆိုးဝါးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့စိုးရိမ်ရေမှတ် ၁၀၀၄ စင်တီမီတာကို ရောက်ရှိဖို့ ၁ ပေ လောက်သာလိုတော့တဲ့အတွက် ဒေသခံတွေကစိုးရိမ်နေကြပါ
ကြီးရေလျှံမှုတွေကြောင့် ပဲခူးမြို့မှာ ဆိုးဆိုးရွားရွားရေကြီးမှုများဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးပေါ်ဆောင်ရွက်နေရတာမြင်တွေ့ရပါတယ်။ ပဲခူးမြို့တစ်မြို့လုံး အကူအညီတွေလိုအပ်နေတာကြောင့် နီးစပ်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ကူညီပေးနိုင်ကြောင်း နှိုးဆော်တင်ပြအပ်ပါသည်။
အနုပညာသတင်းထူးများကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့ Sunday Mediaရဲ့သတင်းထူးများကို ကြည့်ချင်ရင်တော့ Subscribeလုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့
28 July 2024
27 July 2024
29 July 2024
မိုးဇလ သတင်း
ဖတ်စရာ မှတ်စရာ ( ၁၅၇ )
မှတ်ဖွယ်မှတ်ရာ
ဆည် မြောင်းရေးရာ
စာပဒေသာ
ရေကြီးပြဿနာ အဖြေရှာ
ရေတွေ ဘယ်ကလာ

ရှေးနှစ်ပါင်းများစွာ ခေတ်ဟောင်းကာလ
မဆလ ခေတ်မှာ
ပဂိုင်တာကျိုး ပဲခူးရေကြီးခဲ့ဘူးတယ်
မှူးသမိန်က ရှေ့သို့စာစောင်မှာ ဆောင်းပါးရှည်ကြီး တစ်ပုဒ် ရေးခဲ့ဘူးတယ်
နောင်မှာ ပဲခူးဒေသ ဆည်မြောင်းမှာ ပဂိုင်တာ ကျိုးတာ တွေ ကို မတွေ့ မမြင် ကြရတော့ဘူး။
မတွေ့ခဲ့ရတော့သလောက်ပါ။

တစ်ခေတ် တစ် ချိန် မှာ လဲ ပဲခူးဒေသမှာ ရေကြီးခဲ့ ဘူး တာ ပဲခူးစစ်တောင်းတံတားအထီ အဝေးပြေး ကားလမ်းမကြီးပေါ်မှာ ရေကျော်ကျိုးပေါက်ပြီး ကားလမ်းတံတားအချို့ပျက်စီးခဲ့တယ် လမ်းပြတ်ခဲ့တဲ့နေရာက်ု လှေသဗ္ဗာန်တွေနဲ့ကူးတို့လုပ်ပြီး ပဲခူးမော်လမြိုင်သွားခရီးသွားတွေကို ကားလမ်းခရီးဆက်ပေးခဲ့ရဘူးတယ် ။ ကားလမ်းနဲ့စစ်တောင်းမြစ်ကြား က ရွာတွေ ရေနစ်မြုပ်နေခဲ့တာ ရက်ပေါင်းများစွာကြာခဲ့ဘူးတယ် ။
ကားလမ်းအောက်ဘက်က ညောင်ခါးရှည် ရွာကြီရေနစ် မြုပ်ခဲ့ဘူးတယ်. ။
၂၀၂၃ မနှစ်က မကြုံစဘူး ဖြစ်ခဲ့တဲ့ ပဲခူးမြို့ရေကြီးခဲ့ပုံမျိုးက
ယခင်မတွေ့ခဲ့ဘူးတာ
မကြားမသိခဲ့ဘူး တာတွေဖြစ်တယ်. ။

ပဲခူးတိုင်း အနောက်ခြမ်း မှာတော့ ၁၉၇၄ ခုနှစ်မှာ ပြည် မြို့ မှာ ဘူတာရုံမှာ သင်္ဘေကြီးတွေ လှေ သဗ္ဗာန် တွေ ဆိုက်ကပ် ခဲ့ဘူးတဲ့အထိ ဧရာဝတီမြစ် ရေကြီးခဲ့ ၊ ရေတက်ခဲ့ .မြစ်ဘေးက ရေဘေးကာ တာတွေကျိုးပေါက် ကာ ပြည် မြို့ထဲ မြစ် ရေတွေ ဝင်ခဲ့ဘူးတယ် ။.
၁၉၇၄ ဧရာဝတီရေကြီးမှု က မိမိတို့ ဆည် မြောင်း ဌာနကြီးရဲ့ ရေဘေးကာကွယ်ရေးသမိုင်းမှာ မြစ်ဝကျွန်းပေါ်မှာ ရေကြီးစံချိန်
တင်ခဲ့ဘူး တဲ့နှစ် ဖြစ်ခဲ့ပါတယ် ။
ယခုတစ်ဖန်
၂၀၂၄ ဇူလိုင်လ နောက်ဆုံအပတ်အတွင်း ယနေ့ မှာ
ပံခူးအထွက်ဘုရားကြီး အထီ
ကားလမ်းရေကျော်နေတယ်ကြားတယ်

ရှေးက ကားလမ်းဘေးမှာကားလမ်းရေမကျော်အောင်ကာရံတည် ဆောက် ထားတဲ့ ကလိတာကြီးရှိခဲ့တယ်
ယခုပျောက်ကုန်ပြီကြားတယ် ။
ရှေး ကာလကတည်းက ကားလမ်းဘေးမြောက်
ဘက်ခြမ်းမှာ ရေဝပ် ဧရိယာ ကွင်းပြင်ကွက်လပ်ကြီးရှိခဲ့တယ်
ရေအလွန်အမင်းကြီးလို့ ကလိတာရေကျော်ရင် ကား လမ်း ရေမြုပ်ရေကျော် မဲဲဘေး တွေ့ရင်
ကလိတာ ပဲ့ခူးလမ်း ၅၂ မိုင်ကျော်မယင်းရွာနားမှာတရားဝင်တာချိုးပြီးရေလွှတ်ဘို့နေရာ Breaching Section ကို ရှေးခေတ်တွေက ဆည် မြောင်းရေဘေးကာကွယ် ရေး လမ်းညွှန်ချက်တွေထဲမှာ တရားဝင်သတ်မှတ်ပေးထားတာ ရှိခဲ့ပြီး ဖြစ်ခဲ့တယ်
ယနေ့ မှာ တာဘေးက Retension Basin ရေဝပ်ရေထိန်းရန် ခေတ္တရေလှောင်ရာ နေရာ ကွက်လပ် ကွင်းကြီးထဲမှာ လူနေအိမ်ယာတွေနဲ့ပြည့်နေပြီကြား တယ် ။

ခေတ်မီရေနိုင်ငံကြီးဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာတော့ ၁၉၅၃ ခန့် မှာ သူ့နိုင်ငံရဲ့ ရိုတာဒမ် ပင်လယ် ကမ်းခြေ မြစ်ဝကျွနိးပေါ်မှာ ရေကြီးပြီး ရေဘေးကာကွယ် ရေးတာတွေ ကျိုးပေါက် ပျက်စီဲ့းခဲ့ရုံသာမက လူအသေအပျောက် တွေပါ ရှိခဲ့ကြတယ်. ပြည်သူတွေထောင်ချီ ဆုံးပါးခဲ့ပြီးနောက်မှာ မြစ်တို့ရဲ့အခွင့်အရေးအတွက် မြစ်ရေတွေ အတွက် ရေသွားလမ်းကြောင်းပေးဘို့ ရေစီးလမိးကြောင်း ပေးဘို့အတွက် ဆောက်ပြီးတာတွေဖျက်ပြီး လုံလောက်တဲ့အကွာအဝေးအထိ တာသစ်တွေကို နောက်ဆုပ် ပြီး ရေဘေးကာကွယ်ရေးတာ တွေပြန် လည် တည် ဆောက်ကာ ခေတ္တ ရေအောင်းဘို့ ရေလွှမ်းလွင်ပြင်အ သစ် တွေဖန်တီးပေးခဲ့ကြပါတယ်. ။သူများနိုင်ငံတွေမှာပါ။ ရေကြီးပြီး တာကျိုးပေါက် ပျက်စီးတာတွေ မကြားရတော့ပါဘူး ။
ပဲခူးမြို့ အလွန် အထက် နား က ကားလမ်း ဘေးက ဘုရားကြီးရွာ အထိနီးပါးတည်ဆောက်ထားခဲ့တဲ့ ကလိတာအတွင်း မှာ
ရှေးအခါကတော့ မိုးရာသီမှာ အဆိုပါကွင်းထဲမှာ ရေဝပ် ရေပြည့်ရေလျံနေလို့ စပါးမစိုက်နိုင်ခဲ့ကြတာကြောင့် မိုးအကုန် ရေကျမှသာ ေ၇ကျနောက်စိုက်စပါး ဇြစ်တဲ့မယင်းစပါးမျိုးကို စိုက်ခဲ့ကြတဲ့စနစ်ရှိခဲ့ပါတယ်.

ကားလမ်းမကြီးဘေးက ရေကျနောက်စိုက် မယင်းစပါးစိုက် လေ့ရှိခဲ့တဲ့ ရွာကို ပင်လျင် မယင်း ရွာဟု ယနေ့တိုင် ခေါ်တွင်နေဆဲပါ။
ပဲခူးမှာ မနှစ်ကလို ဘဲ ယနေ့မှာ ရေထပ်ကြီးနေပြန်ပါပြီ ။
ရေကြီးပြဿနာ အဖြေရှာ
ရေတွေ ဘယ်က လာတာလဲ ။
ဘာဆက်လုပ်ကြမလဲ ။

ဆည်မြောင်း အင်ဂျင်နီယာ ၊ ရေအင်ဂျင်နီယာတွေ ကတော့
လယယာမြေတွေရေမကြီးအောင် မြန်မာပြည်အရပ်ရပ်မှာ လယ်မြေ ဧက တွေ ထောင်သောင်းများစွာ အတွက် ရေဘေးကာကယ်ရေးအလုပ်တွေ ကို ရှေးနှစ်ပေါင်းများစွာကတည်းက
ရေဘေးကာကွယ်ရေး အလုပ်မျိုးစုံကို ကောင်းစွာ လုပ်လာခဲ့ကြတဲ့ ရေအင်ဂျင်နီယာတွေ ဖြစ်ကြပြီး ၊
ဆည်မြောင်းဌာနကြီးရဲ့ အဓိက ရေဘေးကာကွယ် ရေး ပင်မ အင်အားစုကြီးတွေလဲ ဖြစ် ခဲ့ကြပါတယ် ။

သက်ဆိုင်ရာ လူကြီးလုပ်သူတွေ အဘို့ မိမိတို့နယ်မြေ တွေမှာ
ရေရှည်မှာ ရေဘေး မကြုံရအောင် နဲ့၊ ကြုံခဲ့ရင်လဲ လျော့ပါးသက်သာအောင် ရေဘေးကာကွယ်ရေး အလုပ် တွေအပေါ် အရေးယူ ၊အလေး ထား ၊ စိတ်ဝင်စားကြဘို့ သာ လိုနေ ကြတာပါ ။

အေးမြင့် ( ညောင်တုန်း)
၃၀ ၊ ဇူလိုင်လ ၊၂၀၂၄
( ပဲခူးမှာ ရေထပ်ကြီးနေတဲ့ နှစ် ကာလ )

ရည် ည္ညွှန်း
Bago Thu Facebook post
( 29.7.2024 ) နံနက်ခင်း ဆုတောင်းပြည့် ေ၇ွှမော်ဓေါ ဘဒရား လမိးမကြီး # crd
ဆုတောင်းပြည့် ေ၇ွှမော်ဓေါ ဘဒရား လမိးမကြီး # crd

ပဲခူး ဘုရားကြီးလမ်းမပေါ် ရေတော်တော်တက်လာပီ ကားလေးတောင်မနည်းဖြတ်နေရပီ ရေချက်ချင်းတက် လမ်းပေါ်🥲Shwe Sin Fb post 29 July 2024








