အောက် မြန်မာပြည် မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေ မှာ ဆည် မြောင်းမှ တည် ဆောက်ထားတဲ့ အလိုအလျောက် ရေထုတ် ရေသွင်း ရေထိန်းနိုင်တဲ့ ဘက်စုံသုံး ရေတံခါးကြီးများ ။
ဖတ်စရာမှတ် စရာ ( ၁၅၈ )
လေ့လာစရာ
မှတ် ဖွယ် မှတ်ရာ
ဆည် မြောင်းရေးရာ
စာပဒေသာ
အောက် မြန်မာပြည် မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေ မှာ
ဆည် မြောင်းမှ တည် ဆောက်ထားတဲ့
အလိုအလျောက် ရေထုတ် ရေသွင်း ရေထိန်းနိုင်တဲ့ ဘက်စုံသုံး ရေတံခါးကြီးများ ။
ပဲခူးတိုင်း ပဲခူးခရိုင်အတွင်း ကဝ မြိုနယ်မှာ ပဲ့ခူးမြစ်အောက်ပိုင်း ပဲခူးမြစ်ဘေးမှာ အောက်မြန်မာပြည် ဆည်မြောင်း လုပ်ငန်းများ တည်ဆောက်ရေးရုံး မှ ၂၁ ရာစု နှစ်ဆန်း အာရုဏ်ဦးကာလမှာ တာဝန်ယူတည်ဆောက်ခဲ့သော ရေတံခါး ကြီး တစ်ခု ရှိခဲ့ပါတယ်။ ပဲခူးတိုင်း ကဝမြို့နယ်ထဲက ရွှေလှေ ရေ တံခါးပါ။
အောက်မြန်မာပြည် တည်ဆောက်ရေးရုံးမှာ တစ်ရုံးတည်းအတူ လက်တွဲ အလုပ်လုပ်ခဲ့သူ ဆည် မြောင်းအင်ဂျင်နီယာ တေးရေးဆရာ နမ္မတူ စံသွင် မှ သီကုံးရေးစပ်ခဲ့ပြီး ခေတ် အဆိုတော် ကော်နီမှ ဂုဏ်ပြု သီဆို ခဲ့သော ရေတံခါးအမှတ်တရ သီချင်း တစ်ပုဒ် ရှိခဲ့ ပါတယ်။
ဆည် မြောင်းရုံးမှာ တစ်ရုံးထဲအတူ လက်တွဲ လုပ် ခဲ့ ဘူးသူ ဆည် မြောင်းရေတံခါး သီချင်းများနာမည် အပေးကောင်းသူ ရုံး အုပ်ကြီးကို ဇော် မင်းအောင်က ပဲခူးတိုင်း ဆည်ဖွင့်ပွဲ ဂုဏ်ပြုတေးအဖြစ်
“ ရွှေလှေရေတံခါး ပြည်ကျက်သရေပွား“ ဟု အမည် ပေးထားတဲ့ ဆည် မြောင်း ရဲ့ ေရွှ လှေ ရေတံခါးသီချင်းဖြစ်တယ်။
ရှေး ယခင်က ခေတ်တွေမှာ ဆည် မြောင်း ဟု ပြောလိုက်တာနဲ့ ပြည်သူအများ စု အဓီက သိနေတာက အထက်အညာဒေသက လယ်ယာတွေသီး နှံ တွေအတွက် ဆည်ရေပေးစိုက်ပျိုးရေး အတွက် ဆည် မြောင်းဌာနမှ မြောက်များစွာ တည် ဆောက်ခဲ့ကြတဲ့ ဆည် ကြီးတမံကြီးရေလှောင်ကန်ကြီးတွေကိုသာ ချက်ချင်း ပြေးမြင်တတ်ကြပါတယ် ။
သက္ကရာဇ် ၂၀၀၀ ဝန်း ကျင် ကာလ ၂၀ ရာစုကုန်ခါနီး ၂၁ ရာစုနှစ်ဆန်းပိုင်း ကာလတွေတစ်လျောက်မှာ ဆည် မြောင်း ရဲ့ခေတ်တစ်ခေတ်မှာ အောက်မြန်မာပြည် မြေနိမိ့ပိုင်းဒေသ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ရန်ကုန် ၊ပဲခူး ဧရာတတီတိုင်း ဒေသတွေအနှံ့ မှာ လယ်ယာ မြေများအတွက် မိုးရာသီ ရေဘေးကာကွယ် ရေးနဲ့အတူ ပင်လယ်ပိုင်း ရေချိုရေငန်စပ် သ ဒေသ တွေရဲ့ လယ်မြေတွေမှာ နွေရာသီ နွေစပါးစိုက်ပျိုးနိုင်ဘို့ ရေချို သွင်းပေးနိုင်တဲ့ ရေသွင်း၊ရေထုတ် ၊ရေထိန်းနိုင်တဲ့ ဘက်စုံသုံး အကြီးစား ရေတံကြီးတွေကို မြန်မာ အင်ဂျင်နီယာများက ဘယ်နိုင်ငံခြားအကူအညီမျှမပါဝင်ဘဲ ကိုယ် တိုင် တီထွင်ကြံဆ ဒီဇိုင်းပုံစံထုတ်ကြကာ ကိုယ်ထူကိုယ်ထ တည် ဆောက် နိုင်ခဲံကြပါတယ် ။
ဆည် မြောင်းက စီနီ ယာဝါရင့်ဆရာသမားကြီး ၊ မြေနိမိ့ပိုင်းမြစ်ဝကျွန်းပေါ် ဆည် မြောင်းအလုပ်တွေကို တစ်စိုက်မတ်မတ် တီထွင်ကြံဆ နေခဲ့သူ ကွယ်လွန်သူ ဆရာသမားကြီး ဦးထွေးမြင့်က နည်းပေးလမ်းပြ ပြုပေးခဲ့ပြီး ဆည် မြောင်းက တပည့်ကျော် အင်ဂျင်နီယာမျိုးဆက်သစ်တွေက ဘက်စုံသုံ’ ရေတံခါး ကြီးတွေကို မြစ်ဝကျွန်းပေါ်နဲ့ အောက်မြန်မာပြည် မြေနိမ့်ပိုင်း နေရာစုံ အနှံ့ မှာ ဘက်စုံသုံး ရေတံခါး တည် ဆောက်ရေးတွေကို နွေရာသီ ကာလ ၂ ရာသီအတွင်း တည် ဆာက်ချိနိ တစ်နှစ်ကျော်အတွင်းမှာ အ ပြီး တည် ဆောက် ပေးနိုင်ခဲ့ကြပါတယ်. ။
မြန်မာ့ ဆည် မြာင်း အင်ဂျင်နီယာများ ကိုယ်တိုင် တီထွင်ကြံဆ ဒီဇိုင်း ပု့ စံထုတ် တည် ဆောက်ခဲ့ကြတဲ့ရေတံခါးကြီးတွေရဲ့ မြန်မာပြည်ဆည် မြောင်းမှာ ဘယ်တုန်းကမျှ မလုပ်ခဲ့မရှိခဲ့ဘူး တဲ့ ထူး ခြားချက်က
ဧရာဝတိမြစ်ဝကျွန်းပေါ် ရဲ့ ပင်လယ်ပိုင်းရေငန်ဒေသတွေမှာ မိုး ရာသီ ရေထုတ် ရေနုတ်ကြ ရာမှာ သော် ၎င်း၊ ဧရာဝတီ အလယ်ပိုင်းဒေသတွေမှာ နွေရာသီမှာ စပါးစိုက်လယ် ယာ မြေတွေကို ရေချိုသွင်းပေးရာမှာ၎င်း ။ သွင်းပေးထားတဲ့ ရေချိုတွေ ရေတံခါးအပြင် မြစ်ချောင်ထဲကိုပြန် ထွက်မသွား စေရန် ကိုသော် ၎င်း၊ ရေတံခါးရွက် များကို အဖွင့်အပိတ် လုပ် ပေးရာမှာ ဘာဒီဇယ် အင်ဂျင်စက်မျမလို၊ ဘာလျှပ်စစ် အားမှ မလိုဘံ သူအလိုလို ၊ ရေတံခါးတွေအလိုအလျောက် ဖွင့်ခြင်းပိတ်ခြင်း င်း ရေထိနိးခြင်းအလုပ် တွေ အားလုံးကို ကို လူ ခုပ်အား မလို၊ လူဆေါဝင်ခုပ်ပေးစရာမလိုဘဲ ၊လူ မပါဘဲ လုပ် ေပး နိုင်တဲ့ Automatic multipurpose Sluice Gate Barrage ရေတံခါးကြီးများဖြစ်ကြပါတယ်. ။
အဓိက အသုံချတဲ့စွမိးအားက နေ့စဉ် အလိုအလျောက် တက်ကျနေတဲ့ ပင်လယ် ဘ်ဒီရရဲ့ နေ့စဉ် ရေတက် ရေကျ ရေစီး အားကို ယူပြီး ေ၇ဝံခါးရွက် တွေအလိုအလျောက်သူအလိုလို ဖွင့်ပိတ်နိုင် အောင် ပင်ဠယ် ဒီရေကို အသုံးချခဲ့တာဖြစ်ပါတယ်.။
နယ်သာလန်က ဒပ် ချ္လူမျိုးတွေက ရေမြုပ်ကွင်းတွေက ပိုရေတေါထုတ်ဘို့ သဘာဝ လေကို အသုံးချပြီး ဠေ၇စတ်ကြီးတွေနဲ့ အသုံးချပြီး နေ့ရောညပါ နေ့စဉ် အလိုအလျောက် ရေထုတ် ေ၇နုတ် လုပ်နိုင်ခဲ့ကြတယ်. ။သူုကညသဘာဝလေစီးကြောင်းကို ယူ အသုံးချ ကြတယ် ။
ကျွန် တော် ဆို့ဆမြန်မာ ပြည်က နယ်သာလန် ပညာတော်သင် ပြန် ဆည် မြောင်းအင်ဂျင်နီယာတွေက သဘာဝ ပင်လယ် ဒီရေအတက်အကျ ရေစီးအာူကိုဘ၌ြီး ရေသွ၍်းရေနု၂် ရေထိန်းအတွက် သဘာဝ ပင် လယ် ဒီ ရေအတက်အကျ ရေကို ယူပြီးအသဒံးချတယ်.
လိုလျင်ကြံဆ နည်ူ လမ်းရခဲ့တယ် ။ ဝွရင့်ည. ဆရာသမားကြီး,ဦးထွေးမြင့်ရဲ့တီထွင်ကြံဆ နည်ူပေူလမ်းပြပေးခဲ့တာတွေပါ။
ဆည် မြောင်း မှာတာဝန်ထမ်း ဆောင်ခဲ့ စဉ် အသက် ၆၀ ပင်စင်အနားမယူခင် ၊ ၃၅ နှစ်တာ ကာလ တစ်လျောက် လုံးမှာ သော်၎င်း၊ ပင်စင် အနားယူ ပြီးနောက်မှာ ယနေ့အတိ ၁၅ နှစ်တာ ကာလအတွင်း မှာ သော်၎င်း
နိုင်ငံတကာမှာ ကျဉ်းပနေတဲ့ ကမ္ဘာ့ရေအစည်းအကြီးတွေ ၊ စာတမ်းဖတ်ပွဲကြီး တွေ ၊ကို မကြာမကြာသွားရောက်တက်ခဲ့ လေ့လာ ခဲ့သူ ကျွန် တော် ကိုယ်တိုင်ပင်လျင် –
ကျွန်တော် တို့ ဆည်မြောင်းအင်ဂျင် နီ ယာ တွေ တည် ဆောက် နေကြတဲ့ ဘက်စုံသုံးရေတံခါး ကြီး မျိုး တွေ ကမ္ဘာပေါ် မှာ ဘယ်နရာမှာရှိသလဲသိလိုတာနဲ့ မေးမြန်းလေ့လာ စဲုစမ်း စပ်စုာ ကြည့်တာလဲ မသိခဲ့ရ ၊ကြုံလို့လေ့လာ ခဲ့ ရာ မှာလဲမတွေ့ခဲ့ရဘူး ပါဘူး။
ကျွန် တော် မရောက်ဘူးတဲ့နေရာတွေမှာ ရှိ ကောင်းရှိနေနိုင်မလား တော့မသိပါ။
သီရှိသူများ သတင်းပေးစေလိုပါတယ်. ။
ပင်လယ် ရေမျက်နှာပြင် အောက် ရေမြပ် နေတဲ့ မြေပြင် ပေါ် မှာ လူတွေ နေ လို့ ရအောင် ရှေးလူကြီးများကစတင်လျက် တီထွင်ကြံဆ နေထိုင်လာ ကြတဲ့ နယ်သာလန် နိုင်ငံ ဟော်လန် မှာ ဖွင့်လှစ်ထားတဲ့ IHE International Institute for Hydraulic and Environmental Engineering နိုင်ငံတကာ မြစ် ဝကျွန်းပေါ် ရေအားဟိုက် ရောလစ် နည်း ပညာ တက္ကသိုလ်ကြီး ကို ၁၉၅၃ aန့်မှာ စတင်ဖွင့် လှစ်ခဲ့စဉ်က မြန်မာ ပြည်မှ ပထမဆုံးသွားရောက် တက် ရောက် ပညာသင်ကြားခွင့်ရခဲ့ သူ ဆရာသမားကြီး ဦးထွေးမြင့်အပြင် ၊ နောင်မှာ ၁၉၈၃ မှာ သွား ရောက် ပညာသ င်ကြားခွင့်ရခဲ့ဘူးသူ ကျွန်တော် ကိုယ် တိုင်ပင်လျင် ယခုမြန်မာပြမြေနိမိ့ပိုင်းမြစ်ဝကျွန်းပေါ် ဒေသေ မှာ တည် ဆောက်ထားပြီး အလိုအလျောက် ဖွင့်ပိတ်လျက် ရေ ထုတ် ရေနုတ် ၊ ေရသွင်း ရေထိန်း နိုင်တဲ့ ရေတံခါးမျိုးတွေကို နယ်သာလန် နိုင်ငံ ထဲမှာ အပြင် ဥရောပ လေ့လာရေးခရီးစဉ်တွေမှာလဲ စုံစမ်းလျုျ့မရတဲ့အပြင် ၊ မတွေ့မမြင်ခဲ့ရ ဘူး ပါ။
ကမ္ဘာပေါ်က နယ်သာလန် နိုင်ငံ ဟာ အင်္ဂလန် ကျွ န်း အရှေ့ဘက် ပင်လယ် ကမ်း ဘေးက မြောက်ပင်လယ်ကြီးရဲ့ အရှေ့ဘက်ခြမ်း တစ်ဖက်ကမ်းမှာရှိနေပြီး ပင်လယ် ရေပတ် လည် ဝိုင်းနေတဲ့ မြေနိမိ့ပိုင်းနိုင်ငံ ငယ် လေး ဖြစ်ပါ တယ် ။
နယ် သာလန် နိုင်ငံတည် ထောင်စ ရှေး အခါ မှာ တော့ ပင်လယ် ပြင် အထက်က ကုန်းမြေအနည်းငယ်နဲ့အတူ ။ နိုင်ငံထဲ က နေ ရာအများမှာ ရေမျက်နှာပြင် အောက် မှာ ရေ အမြဲ ဝပ် နေ ၊ ရေတွေ ရှိနေ လို့ လူနေလို့မရတဲ့ နေရာတွေရှိနေတော့ သူတို့နိုင်ငံမှာ တိုးပွါးလာ နေမဲ့ လူတွေနေ ထိုင် နိုင်ဘို့အတွက် သူတို့ ဒပ်ချိ လူမျိုးတွေက ရှေး အခါက ကြံဆခဲ့ကြတယ် ။ ရေတွေထုတိပြီးလူတွေနေနိုင်ညဘို့ နည်းမျိုးစုံ တွေးခေါ်။ ကြံဆခဲ့ကြ ပုံရပါတယ် ။
ကမ္ဘာကြီးမျာ ဥရောပမှာပေါ်ခဲ့တဲ့ Renaissance ခေါ် နိုင်ငံတွေ တိုးတက် ရေး တွေး ခေါ်ကြံဆနေ ကြတဲ့အချိန်ကာလ ခေတ် တွေ ထက်ပင် နယိသာလန် နိုင်ငံ က တွေးခေါ် ရှင် ပညာရှင် တွကေ သူ့ နိုင်ငံထဲတင် ထွေက်နေတဲ့ ပင်လယ် ရေတွေ ကို ရေ ထုတ်ဘို့ တွေး ခေါ်ကြံဆပြီး လေရဟတ်ကြီးတွေ နဲ့ ရေထုတ်ဘို့ ခုလုပ် ကြ ၊အောင်မြင်ခဲ့ကြ တာ ပို၍ပင် စော နေ မလား မသိ ။
ဒပ်ချ္လူမျိုူတွေရဲ့ ရေအရေးအတွက် မလိုတဲ့ပိုနေတဲ့ သူ့တစ်နျုင်ငံခုံးထဲက ေရပို တွေ ရေထုတ်ဘို့ တွေးခေါ်ကြံဆ လုပ် ခဲ့ ကြပုံက အံ့မခန်းလောက် စရာ ။
လေတို က်အားကိုအသုံးချပြီး၊ ဘာလျှပ် စစ် ၊ဘာဒီဇယ် ဆိမှမသုံးဘဲ ဘာစက်ယန္ထယားမှ မသုံးဘဲ သဘာဝ လေစီး အားနဲ့ လည်ပတ် တဲ့ အလို အလျောက် လေ ရဟတ် တွေ နဲ့ အလို အလျောက် Automatic လည်ပတ် ပြီး ရေမြောင်းတွေထဲကို ေ၇တွေ ရေတွေ စုတ် တင် နိုင်ခဲ့ကြတယ်.
၊ ပင်လယ်မျက် နှာပြင်အောက် ရောက်နေတဲ့မြေနိမိ့ပိုင်း ထဲက ရေတွေကို လူတွေနေထိုင်လို့ရအောင် လေရဟတ်ကြီးတွေ နဲ့ အလိုအလျောက် ရေတင် ပြီး အနီးကပ်မှာ တည်ဆောက်ထားတဲ့ ရေ နုတ် မြောင်းထဲကို လေရဟတ်နဲ့ ရေတင်ထည့်ပြီး ရေပိုတွေကို ရှေးခေတ် တွေမှာ အလိုအလျောက် ရေထုတ် ရေနုတ် လုပ် နေ နိုင် ခဲ့ကြပါတယ်. ။
နိုင်ငံတွင်းမှာ မြေနိမိ့ပိုင်းရေဝပ် ဒေသ ေရမြုပ် ဒေသ တွေမှာ လေရဟတ် ကြီးတွေများစွာကိုအသုံးချပြီး လူနေလို့မရတဲ့ရေပြင် တွေကို လူနေထိုင် လို့ရအောင် ဒပါချ္လူမျိုးတွေက လုပ်ခဲ့ကြတယ်,
ရှေးက ခေတ် တွေမှာ နယ်သာလန်နိုင် ငံ အနှံံအပြားမှာ သူတိ့ နည်း ပညာရှင် တွေလုပ်ခဲ့ကြတဲ့ နိုင်ငံထဲဝင်နေတဲ့ပင်လယ် ရေတွေကုန်အောင်။ လေရဟတ်ကြီးတွေနဲ့ အလိုအလျောက် ေ၇ထုတ် နေကြပုံကို ဆရာသမားဦးထွေးမြင့်နဲ့ ကျွန် တော် တို့ တွေ နယ် သာလန် နိုင်ငံကို တစ်နှစ်တာစီ ပညာသင် ရောက်နေခဲ့ကြစဉ် ကာလ မှာ လေ့လာ တွေ့ ရှိ ခဲ့ ရဘူးပါတယ်။
ယခုအခါ အောက်မြန်မာပြည် မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ဆည် မြောင်း လုပ်ငန်းများပညာရှင် ဝါရင့်ဆည် မြောင်း အင်ဂျင်နီယာ ဆရာသမားကြီး ဦးထွေးမြင့် ဆုံးပါး သွား ခဲ့တာ ကွယ် လွန်ခဲ့တာကြာခဲံ့ ပြီ. ။
မကြာသောလများမှာလဲ ဆည် မြောင်း လုပ် ငန်းများတည် ဆောက်ရေးရုံး ရနိကုန်ရုံး မှာ
ရှေး ယခင်က ဆရာသမားကြီး ဦးထွေးမြင့် နဲ့အတူ ဆရာသမားကြီးရဲ့နည်းပေးလမ်းပြမှုဖြင့် မြစ်ဝကျွန်းေပါ် ရေတံခါးတွေကို ကိုယ်တိုင် ဒီ ဇိုင်းပုံထုတ် တည် ဆောက် နိုင်ခဲ့သူ ၂၁ ရာစု မျိုးဆက်သစ် လူလတ်တန်း ဆည် မြောင်း အင် ဂျင်နီယာငယ် ကိုတင်ထွန်း မှာလဲ နာမကျန်းရောဂါ ဖြင့် မမျော် လင့်ဘဲ ဆုံးပါးကွယ်လွနိ ပျောက်ကွယ်သွားခဲ့ရတာ စိတ် မကောင်း ဖြစ်ခဲ့ ရပါတယ်.
ဆည် မြောင်းမှာ ဝါရင့် ရေတံခါး ဆည် မြောင်း ပညာရှင် တစ်ဦးဆုံးရှုံးသွားခဲ့ရတယ်။
ပဲခူးတိုင်း ဆည် မြောင်း ဌာနမှ ပဲခူးတိုင်း ထဲမှာ တည် ဆောက်ခဲ့တဲ့ ရေတံခါးတွေထဲက သူကိုယ်တိုင် ဒီ ဇိုင်း ပုံထုတ် တည် ဆောက် ခဲ့ တဲ့ ရေတံခါး ကြီးတစ်ခုရှိခဲ့တယ်.
ဆည် မြောင်းအင်ဂျင်နီယာ ဦး, တင်ထွန်းတည် ဆောက် ခဲ့တဲ့ ၊ ကဝမြို့နယ်ထဲက ရွှေလှေ ချောင်း အောက်ပိုင်း ထိပ် ၊ ပဲခူးမြစ် ဘေးမှာ တည် ဆောက် ခဲံတဲ့ စက်လှေတွေ လေဿဗ္ဗာန် တွေပါ ဝင်ထွက်သွားလာနိုင်င်တဲ့ Navigational Lock gate ရေယာဉ် ဝင်ထွက် ရေပြင်ညှိ ရေတံခါးနဲ့ပါ တွဲ ဆက်လျက် တည် ဆောက်ထားတဲ့ အလိုအလျောက် ရေနုတ် ရေထုတ် ရေချို ထိန်းထားနိုင်တဲ့၊ ရွှေ လှေ ရေတံခါးတစ်ခုရှိခဲ့ပါတယ်. ။
ရေတံခါးတည် ဆောက် ရာနေရာပဲခူးမြစ် အောက်ပိုင်း ဟာ ရနိကုန် မြစ် နဲ့မဝေးတော့ လို့ ပင်လယ် ရေငန် တွေ ဝင်ထွက် ဆင်းတက် နေတဲ့ ရေငန် ဒေသလဲ ဖြစ်ပါတယ်.
ရေငန်ပိုင်း ပဲခူးမြစ် ဘေး မှာ ရေငန်တားပေးထားတဲ့ ရေတံခါးတည် ဆောက် ထားနိုင်ခဲ့လို့ ေ၇ွှလှေ ရွာ အတွင်းမှာ ရေငန် မဝင် တော့ဘဲ ရေချိုတွေဖြစ်တဲ့ , အထက်ပိုင်းကွင်းထဲကဆင်းလာတဲ့ရေချိုတွေကိုပဲခူးမြစ်ထဲပေးမဆင်းတော့ဘဲရေတံခါးကြီးနဲ့ ရေချို တွေ ထိန်းထားနိုင်ပြီမို့ ယခင် ရေငန် တွေ နေ့စဉ် အမြဲ ဝင်ထွက် နေလေ့ရှိခဲ့တဲ့ ကဝမြိုနယ် က ရွာ တွေမှာ ရေချိုတွေသာရှိနေတော့တာမို့ စပါးစိုက်ပျိုးရေးနဲ့အခြားသီး နှ့ တွေကောင်းကောင်းစိုက် ပျိုး နေနိုင်ကြပါပြီ ။
အိမ်တွေမှာ နေ့စဉ် သုံး ရေ အတွက် ရေချိုတွေလဲရနေကြပါပြီ ။
ဆည် မြောင်းရဲ့ ဘက်စုံ သုံးေရေတံခါး ကြီးတွေပါ။
ပဲခူးခရိုင်အတွင်းမှာ ဆည် မြောင်းရေတံခါးတွေကို သက္ကရာဇ် ၂၀၀၀ ပြည့်နောက်ပိုင်မှာ ဆရာသမား ဝါရင့် အ င် ဂျင် နီယာကြီးဦး ထွေးမြင့်ရှိစဉ် သူနဲ့ ပါ တို င်ပင်လျက် မိမိကို ယ်တိုင်တာဝန်ယူတည် ဆောက်ခဲ့၇ာမှာ ရေတံခါူကြီး ၃ ခုဖြစ်တဲ့ ဝေါ မြို့နယ်က ရှမ်းကိုင်းရေတံခါး၊ ပဲခူးမြို့နယ်ထဲက ပိုင်ကျုံရေတံခါးကြီးနဲ့ တာဝရေတံခါးကြီးများတည် ဆောက် ပြီးစီးခဲ့ကြရာမှာ သနပ္ပင် မြို့ အောက် ပိုင်း ပဲခူးစစ်တောင်းတူးမြောင်းမကြီးထိပ် ၊ပဲခူးမြစ်အထွက်မှာ တည် ဆောက် ထားခဲ့တဲ့ တာဝ ရေတံခါး ကိူ ၊ ကွယ်လွန်သွားလေသူ ဆည် မြောင်းအင်ဂျင်နီယာ ကိုတင်ထွန်းက တည် ဆောက် ပေးခဲ့တာ ဖြစ်ပါတယ်.။
အောက်မြန်မာပြည် ဆည် မြောင်း ရေတံခါးအလုပ် တွေကိုမြန်မာပြည်ကလူတွေ ၊လူ ကြီးတွေအသိနည်းကြပါတယ်။ ခေတ်အဆက်ဆက်မှာ ဆည် တမံတွေကိုသာ လူသိများခဲ့ကြပြီး သိ၇ှိသူများကြပါတယ် ။
ဆည် တမံ တည် ဆောက်သူဆည် မြောင်းအင်ဂျင်နီယာတွေသာများခဲ့ပြီး ရေတံခါး တည် ဆောက်သူ ဆည် မြောင်း,အင်ဂျင်နီ ယာတွေ ရှားခဲ့ပါတယ်.။
အထက်မြန်မာပြည် မှာ တည် ဆောက် လေ့ ရှိတဲ့ ဧရာမ ဆည် တမံကြီး တွေ လို မဟုတ်ဘဲ ငွေကုန်ကြေးကျ လဲ ဆည်ကြီးတမံကြီးတွေလော က် အကုန်အကျ မ များပါယူး။ တည် ဆောက်ချိန် မှာ လဲအချိနိတိုအတွင်းမှာ ကုန် ကျစရိတ် ကျဉ်းကျဉ်း နဲ့ တည် ဆာက် ပြီး စီးနိုင်ခဲံတဲ့ ရေတံခါးကြီးတွေရဲ့ တနိဘိုးကို သိကြသူ နည်းပါးပြီး၊ လူကြီးတွေကအစ အ လေး ထားအားပေးမှုမှာပါ ဆည် ကြီးတမံ ကြိးတွေလောက် မရှိတာ ကို သတိပြူမိ ရပါတယ်.
ဒါ ကြောင့်လဲ မြန်မာသီချင်းတစ်ပုဒ်ထဲ က စာသားလို လတွေ သိလေ ပိုကောင်း လေ ဖြစ် စေလိုတဲ့ရည်ရွယ် ချက်နဲ့ ဆည် မြောင်းမှာ မိမိ တာဝန်ကျစဉ် ကာလမှာ ရေတံခါးတည် ဆောက် ရေးအလုပ် တွေ အအပြင် ပြည်သူတွေရေတံခါးအကြောင်းသိရအောင် ရေတံခါးသီချင်းတွေ ကို ၊ ကိုယ်တိုင် တာဝန်ယူခေါင်းစားပြီး အလေး ပေး စတင် လုပ်ဖြစ်ခဲ့ပါတယ်.။
အောက် မြန်မာပြည် မြေနိမ့်ပိုင်း မြစ် ဝကျွန်း ပေါ် ဒေသတွေမှာ မြစ် ဝကျွန်းပေါ် ဆည် မြောင်းအလုပ် တွေကို အထက်အောက် ဆရာတပည့်တွေ အဖြစ် အတူ လက်တွဲ လုပ်ခဲကြသူ
ကွယ်လွန် သူ ရေတံခါးပညာရှင် ဆရာသမားကြီး ဦး ထွေးမြင့်နှင့်
မကြာမီကမှ ကွယိလွန်သွားခဲ့ သော ဆည် မြောင်း ရေတံခါး အင်ဂျင်နီယာ ဦးတင်ထွန်းတို့အား
သတိ ရစွာဖြင့် –
–
ဆည် မြောင်းရဲ့ ရွှေလှေ ရေတံခါး သီချင်း ရုပ်သံ ဗီဒီယို။
“ ရွှေလှေရေတံခါး ပြည်ကျက်သရေပွား“ သီချင်း ဗိဒီယိုကို
ကူးယူဖေါ်ပြပေးလိုက်ပါတယ်.
အေးမြင့် ( ညောင်တုန်း )
၃၀ ဇူလိုင်လ ၂၀၂၄
