ကျော်ဦးစာ ( ၁ / ၂ ) ရာသီဥတု ပြောင်းလဲမှု ကြောင့် ကမ္ဘာ နှင့်မြန်မာ လူမှု သဘာဝ ပတ်ဝန်း ကျင် အပေါ် သက်ရောက်မှုများ

Spaces Media က အင်ဂျင်နီယာ စာရေးဆရာ ဦးကျော်ဦး ကို သွား ရောက်အင်တာဗျူးမေးမြန်း၍ နှစ်ပိုင်းခွဲ လွှင့်ထုတ်ခဲ့သော ဗီဒီယိုလင့်ခ်များကို ကူးယူ မျှဝေပါသည်။

အပိုင်း (၁) ကြာချိန် ၇ မိနစ်

ပညာရှင်ဆိုသည်မှာ၊ ငယ်စဉ်ဘဝ ဝါသနာ၊ ရေဘာသာရပ်ကို စိတ်ဝင်စားလာပုံ၊ ရေအင်ဂျင်နီယာပညာ သင်ကြားခဲ့ပုံနှင့် အတွေ့အကြုံ၊ ရေအကြောင်း သဘာဝပတ်ဝန်းကျင်အကြောင်း ရာသီဥတုအကြောင်း ရေးဖြစ်ခဲ့ပုံ။ အရာရာတိုင်းသည် ရေ၊ ကာဘွန်တို့နှင့် မကင်းပုံ။

အပိုင်း (၂) ကြာချိန် ၈ မိနစ်

ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာနှင့်မြန်မာကို မည်သို့သက်ရောက်သနည်း၊ ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုကို ခံရမှု မြို့နှင့်ကျေးလက် ကွာခြားသလား၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် အစားအစာ ထုတ်လုပ်မှုအပေါ် သက်ရောက်မှု၊ ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုကို လျှော့ချရေး၌ အလေးအနက်ထား ဆောင်ရွက်ဖို့လို၊ မိမိ၏ တနိုင်တပိုင် အားထုတ်မှု။

Myae Latt Athan

၂၀၂၃ မှာ ပဲခူး မြို့မျာ ထူးကဲ ရေကြီးခဲ့ပြီး နောက် ၊ ယခုတဖန် ၂၀၂၄ ပဲခူးမြို့မှာ ထပ်မံရေကြီးနေပြန်ပြီ ။ ရေကြီး မှု သတင်း ( 3 August 2024 မြေလတ် အသံ သတင်း ။ )

ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

Kyaw Gyi in သတင်း | သတင်းတို | သဘာဝဘေး03 Aug 2024 • 57 views

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်နေတာ ရက်ရှည်လာတဲ့အတွက် ရေဘေးသင့်ပြည်သူတွေ သောက်သုံးရေလိုအပ်ချက်မြင့်နေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံလို့ ပဲခူးမြို့ပေါ် ရပ်ကွက်တွေက ရေတွင်းရေကန်တွေပါ ရေနစ်မြုပ်သွားတဲ့အပြင် လျှပ်စစ်မီးဖြတ်တောက်ခံထားရလို့ ရေတင်မရတဲ့အခက်ခဲတွေကြောင့် ပဲခူးမြို့ခံတွေဟာ သောက်သုံးရေလိုအပ်ချက် မြင့်မားနေတာဖြစ်တယ်လို့ သိရပါတယ်။ 

” ရေကြီးနေပေမယ့် မပြောင်းဘဲ နေအိမ်မှာ နေနေတဲ့သူတွေအတွက် (သောက်သုံးရေ) ပိုလိုနေတယ်။ သူတို့ အတွက်ကျတော့လည်း ကူညီရေးအဖွဲ့တွေဘက်က ခဏခဏ မရောက်တာလည်းပါတယ်။” လို့ ရေဘေးကူညီရေးတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ ပဲခူးမြို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

သောက်သုံးရေ အလွယ်တကူမရတာကြောင့် ဒေသခံတွေမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်ပေးတဲ့ သောက်ရေတွေကို ချွေတာသောက်သုံးနေရသလို မိုးရေခံပြီး ကြိုချက်သောက်နေရတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရေကြီးရေလျှံမှုတွေရှိနေတဲ့ ကျွန်းသာယာ၊ ဇိုင်းဂနိုင်မြောက်ရပ်ကွက်တွေအပါအဝင် ရပ်ကွက် ၅ ခုထက်မနည်းမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တပတ်ကျော်ခန့်ရှိနေပြီလို့ သိရပါတယ်။

ဩဂုတ် ၃ ရက် မနက် ၆ နာရီခွဲမှာ မိုးဇလရဲ့ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက်မှာ ဆက်ရှိနေသေးတာကြောင့် ရေပြန်မကျသေးဘဲရှိနေရာ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်နိုင်ကြသေးပါဘူး။

မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာလို့ ဇူလိုင် ၂၆ ရက်မှစတင်ကာ ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ် ၊ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီ ရပ်ကွက်တွေအပါအဝင် ကျေးရွာ၊ ရပ်ကွက် ၃၀ ခန့်မှာ ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေလို့ ပဲခူးမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၂၇ ခုထိ ဆက်ဖွင့်ထားရပြီး ရေဘေးသင့်ပြည်သူကလည်း ၃၀,၀၀၀ ဝန်းကျင်ခန့်ထိ ရှိနေပါသေးတယ်။

ပဲခူးမြို့တွင်းလမ်းတွေမှာ ရေကျော်နေသေးတာကြောင့် မြို့တွင်းလမ်းကနေ ကားတွေဖြတ်သန်းသွားလာလို့ အဆင်မပြေသေးဘဲ  မြို့ရှောင်လမ်းကနေသာ သွားလာနေကြရပါသေးတယ်။

၂၀၂၃ ကလည်း ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးရေကြီးတဲ့ အောက်တိုဘာလ အတွင်းမှာ နှစ်ပေါင်း ၆၀ အတွင်းရေကြီးမှုစံချိန်တင်ခဲ့ကာ ဒေသခံ တသိန်းခွဲကျော်ရေဘေးသင့်ခဲ့ပြီး ရေကြီးတာရက်ရှည်လို့ ပျက်စီးဆုံးရှုံးမှုလည်း များခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေကြီး #ရေဘေး #သောက်သုံးရေ #သဘာဝဘေးအန္တရာယ်   

နောက်ဆုံးရ သတင်းများ

01

ဝါးရွက်စိမ်းများကို ခံစားခြင်း (အက်ဆေး)

Lynn Ze in အက်ဆေး03 Aug 2024 • 59 views

02

အထက်တန်းကျောင်းသူ ၁ ဦးကို အဓမ္မပြုကျင့်သူကို ဖမ်းဆီးအမှုဖွင့်ထား

ခန့်အောင် in သတင်း | သတင်းတို03 Aug 2024 • 123 views

03

မုံရွာ – မန္တလေး လမ်းပေါ်က စစ်အုပ်စုတပ်စွဲနေတဲ့ နတ်ရေကန်စခန်း ဒရုန်းနဲ့ဗုံးကြဲခံရလို့  ၃ ဦးသေဆုံး (ရုပ်/သံ)

အောင်ကောင်းလင်း in သတင်း | သတင်းတို | တိုက်ပွဲ | ရုပ်သံ03 Aug 2024 • 39 views

04

၃ နှစ်ကြာ စစ်ရှောင်နေရသူတွေ ရိက္ခာခက်ခဲနေလို့ ဆန်တင်း ၉၀ ကျော် မျှဝေပေး (ရုပ်/သံ)

စောကျော်ငြိမ်း in သတင်း | သတင်းတို | စစ်ရှောင် | ရုပ်သံ03 Aug 2024 • 26 views

05

မကွေးမှာ စက်သုံးဆီဆိုင်တွေပိတ်ထားရပြီး Denko တဆိုင်တည်းမှာသာ အကန့်အသတ်နဲ့ဝယ်ယူရ

Kyaw Gyi in သတင်း | သတင်းတို03 Aug 2024 • 39 views

06

အသက်နဲ့ ပိုင်ဆိုင်သမျှရင်းပြီး ရပ်တည်နေကြတဲ့ အညာက LPDF တွေရဲ့ တော်လှန်ရေးခရီးရှည် (ဆောင်းပါး)

Cherry in ဆောင်းပါး | သတင်းဆောင်းပါး03 Aug 2024 • 316 views

07

ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

Kyaw Gyi in သတင်း | သတင်းတို | သဘာဝဘေး03 Aug 2024 • 56 views

08

တပတ်အတွင်း မြေလတ်သတင်း

MLAT in ရုပ်သံ | တပတ်အတွင်း မြေလတ်သတင်း02 Aug 2024 • 36 views

09

မှော်ဘီလေတပ်မှာ ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး လေတပ်ဗိုလ်ချုပ် ၁ ဦးအပါ ၂ ဦး သေဆုံး

MLAT in သတင်း | သတင်းတို02 Aug 2024 • 172 views

10

21 BAGAN-PDF ရဲ့ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ (ရုပ်/သံ)

အောင်ကောင်းလင်း in သတင်း | သတင်းတို | ရုပ်သံ02