လယ်ယာနဲ့ဆည် ေမြောင်းတန်းကြီးဌာနမှာ ဒုတိယဝနိကြီးအဖြစ် အထက်က တန်ကြီး ၃ ဆက်တျုင် နျုင်င့တာဝန် ကျေပွန်စွာထမ်းရွွက် ခဲ့ဿူ ၊၊ နနိုင်ငံ အစိုရ ခေတ်အဆက်ဆက် လုပ်သက် တစ်လျောက်ခုံးမှာ မိမိ ဆည် မြောင်း ပညာရပ် အလုပ် ကိုသာပဓာ န ထားလုပ်ခဲံသူ ကွယ်လွန်ချိန်နောက်ဆုံအချိန်အထိ စာရေးစားပွဲပေါ်မှာ မြစ်ဆုံအရေးစာရေးနေရင်းဆုံးပါးသွားခဲ့သူ ၊ဆဆဆည် မြာင်းဆရာသမား ပညာတတ် လူတော် လူကောင်းကြီးတစ်ဦး မမျော်လင့်ဘဲ နိုင့်အတွက် ဆုံးပါးသွားခဲ့ရတယ်.
ဆည် မြောင်း ဌာန ၏ စီနိယာ ဝါရင့် ဆရာသမားကြီး ညွှန်ကြာရေူမှူးချုပ်မှ ဒုဝန်ကြီး ရာထူးတိုး ဖြင့် အငြိမ်းစားယူခဲ့ပြိး မြန်မာနိုင်ငံရေအရင်းအမြစ်ကော်မဝီအကြိပေးအဖွဲ ဥက္ကဌ လုပ် နေစဉ် အိမ် တွင် စာရေးနေစဉ် စားပွဲ တွင် စာရေးရင်း အသက် ဆု့းပါးသွားခဲ့ရပါသည် ။ 14 July 2017 ခုနှစ် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ် ရှိပါပြီ ။

မြတ်ဆရာ
၁။ ကြီးမှုငယ်စေ ငယ်သော်ပျောက်စေ
ပြည့်စုံလှပ ခြောက်ပါးနာယက
လက်အောက်ဝန်ထမ်း ဆွေရင်းပမာ
စောင့်ရှောက်ခဲ့တာ နှလုံးလှတဲ့
အို…မြတ်ဆရာ။
၂။ သံလွင် စစ်တောင်း ချင်းတွင်း ဧရာ
တောကြားတောင်ကြား ချောင်းကြိုချောင်းကြား
မြန်ပြည်အနှံ့ ခြေရာချင်းထပ်
မပြတ်လှည့်လည် ကွင်းဆင်းခဲ့တာ
အို…မြတ်ဆရာ။
၃။ ဒီဇိုင်းပုံထုတ် တည်ဆောက်ပညာ
လိုအပ်တာကို ဘယ်ခါကြုံတိုင်း
ချိန်မဆိုင်းဘဲ မားမားရပ်တည်
ဖြေရှင်းဆောင်ရွက် ပြည်သူ့အတွက်
ဝန်ထမ်းခဲ့တာ အို…မြတ်ဆရာ။
၄။ မြန်ပြည်တစ်ဝှမ်း စိမ်းလန်းပါစေ
စိုက်ရေပျိုးရေ ပြည့်စုံပါစေ
ရေကြီးမှုလည်း သက်သာပါစေ
လျှပ်စစ်စွမ်းအား ပြည်ထွန်းပါစေ
မိခင်ဌာန ဂုဏ်တင့်စေဖို့
ပြည်သူပြည်သား အကျိုးများဖို့
မိမြန်မာပြည် ဖွံ့ဖြိုးစေဖို့
နှလုံးသားထဲ သံမှိုစွဲသို့
ဝန်ထမ်းခဲ့တာ အို…မြတ်ဆရာ။
၅။ မြန်ပြည်မြောက်ဖျား သွေးကြောများကို
အမှားမရှိ လွန်ကျိုးရှိဖို့
ဇရာဖိစီး အားအင်ချိလည်း
တတ်စွမ်းသမျှ အားထုတ်ကြိုးပမ်း
တို့…ဆရာ့အစွမ်း။
၆။ ခရစ်သက္ကရာဇ် တွက်ဆကြည့်သော်
နှစ်ထောင့်ဆယ့်ခွန် ဇူလိုင်ဆယ့်လေး
ညနေလေးမှာ….
မြစ်ဆုံ’ရီပို့’ ရေးကာပြုဆဲ
ကလောင်လွတ်ကျ ထိုခဏမှာ
ဘဝတစ်ပါး ကူးပြောင်းခဲ့တာ
တို့…မြတ်ဆရာ။
၇။ ဆရာ့ကျေးဇူး ဆရာ့ပညာ
ဆရာ့စေတနာ အဖြာဖြာသည်
ကျေးဇူးလုံးစုံ ဆပ်မကုန်သို့
သတိတရ ရှိကြဦးမည်
မှတ်ယူပါသည်…
ဆရာ…ကောင်းရာသုဂတိလားပါးစေသောဝ်။
-မြန်ပြည်မြောက်ဖျားသွေးကြောများ = ထမံသီ/မြစ်ဆုံ ဘက်စုံစီမံကိန်းများ စသည်….
-ရီပို့ = Report
(ကွယ်လွန်သူ ၊ ဒုတိယဝန်ကြီး ၊ငြိမ်း၊ ဦးအုန်းမြင့် အား ဂါရဝပြု ကန်တော့လျက် ဤစာစုအား ရေးဖွဲ့အပ်ပါသည်။)
Credit- UToe Utoe ( ASE U Toe Aung )who also passed away later
ဆည်မြောင်းတပည့် အချို့၏ မှတ် ချက် –
Myint Thein – သူတော်ကောင်း၊စေတနာ ကောင်းသောဆရာ ကောင်းရာနေရာဌာန ရောက်နေမှာပါ။
Na Su – အမြဲ သတိတရ တင်ပေးတာ ကျေးဇူးတင်ပါတယ် SE ။ ၁၄ ရက် ဇူလိုင် ၂၀၂၄ နေ့ က ၇နှစ်ပြည့် ပါတယ် SE။
Maw Maw Aung – ကျွန်မတို့ကဲ့သို့သော အောက်ခြေဝန်ထမ်းလေးတွေကိုလဲ ရင်ဝယ်သားကဲ့သို့ နွေးထွေးစွာမေတ္တာပေးနိုင်သောဆရာတစ်ဆူပါ။
Aung Thu Kywe – မြင့်မြတ်တဲ့ဘုံ ရောက်ပါစေ…
ရောက်နေပါပြီ…….
ဖတ်စရာ မှတ်စရာ ( ၁၅၅ )
ဆည် မြောင်းရေးရာ
စာပဒေသာ
ဆည် မြောင်း စီမံကိန်းများ အလိုက်
ဆည် မြောင်း ဒု – ဝန်ကြီး၏
ကွင်းဆင်းတွေ့ရှိချက်များ
လမ်းညွှန်ချက်များ
( ၂၀၀၈-၂၀၀၉ ကာလ )
ကွယ်လွ န်သူ ဆရာသမားကြီးဖြစ်သူ
လယ်ယာနှင့် ဆည် မြာင်း ဒု ဝန် ကြီး ဟောင်း ဦးအုန်းမြင့်၏
ဆည်မြောင်း လုပ်င န်းများဆိုင်ရာ လမ်းညွှန်ချက်များ ။
၂၀၀၉ မှာ ကျွန်တော် ဆည်မြောင်း ပင်စင်မယူခင် ကာလမှာ
ဆည်မြောင်း ရုံးချုပ် စီမံကိန်းနှင့်လုပ်ငန်း ဌာနစိတ်မှာ တာဝန်ကျခဲ့ စဉ် အချိန် က အောက်မြန်မာပြည် ဧရာတိတိုင်း ဆည် မြောင်း စပါး စီမံကိန်း ပုံထုတ်၇ဒံမှာ တစ်ရုံးထဲ အတူ လုပ်ခဲ့ဘူးသူ ဆည် မြောင်း ဝါရင် စီနီယာအင်ဂျင်နီယာ ပညာရှင် ကြီး ဖြစ်တဲ့ (ကွယ်လွန် သူ) ဆရာသမား ဒုဝန်ကြီးဦးအုန်းမြင့်က တစ်တိုင်းပြည်လုံး ဆည်မြောင်းလုပ်ငန်းတွေစစ်ဆေးဘို့ ဆရာသမားရဲ့ဒုဝန်ကြီးကာလ တစ်လျှောက်လုံးမှာ ကွင်းဆင်းခရီးစဉ်တွေ များစွာ မနား၇အောင် အမြဲ သွားခဲ့ပြီး ဝန်ကြီးရုံးရောက်တာနဲ့ ခရီးသွားမှတ်တမ်း တွေ လမ်းညျွန်ချက်တွေ ဆရာက ရေးထုတ်တော့တာပါဘဲ။
ဆည်မြောင်းရုံးချုပ်မှာကျွန်တော်က ဆည်မြောင်းညွှန်ကြားရေးမှူးချုပ်ကို အထောက်အကူပေးနေရတဲ့ တစ်နိုင်ငံ လုံး ဆည်မြောင်းရဲ့ စီမံကိန်းနဲ့လုပ်ငန်းဌာနစိတ်တာဝန်ခံဖြစ်နေတော့ ဆရာသမား ဒုဝန်ကြီးရဲ့ ခရီးစဉ် လမ်းညွှန်ချက် တွေ ကို တစ်နိုင်ငံ လုံးက တိုင်းနဲ့ပြည်နယ် တာဝန်ခံ ဆည် မြောင်း ရုံးတွေ အားလုံးကို တာဝန်ယူပြီး ဖြန့် ဖိးဖြန်ဝေပေးခဲ့ရပါတယ်။
လုပ်စရာအလု်လုပ် ဟူသမျှကို စိကာစဉ်ကာ တစ်ခုပြီးတစ်ခု ကိုချက်ခြင်းလုပ်တတ်တဲ့ ဆရာသမားဒုဝန်ကြီး ဦးအုန်းမြင့် ( မာစတာ အုန်း) ရဲ့ အလေ့အကျင့်ကို နှစ်သက် သဘောတွေ့ပြီး နမူနာယူကာ ကျွန် တော် ကလဲ ဆရာသမားရဲ့ဆည် မြောင်းလမ်းညွှန်ချက် ရုံးစာတွေကို ချက်ခြင်းထွက်အောင် အောက်ကရုံးတွေကို မဆိုင်းမတွ ချက်ခြင်း ထုတ်ပြန်ပေးခဲ့ပါတယ် အကြွေး မထားခဲ့ပါဘူး။
ဆရာသမား ဆည်မြောင်း ပညာရှင် ပညာတတ် လူတော် ကြီးဖြစ်သူ ဒုဝန်ကြီးဦး အုန်းမြင့်ရဲ့ ဆည်မြောင်းလမ်းညွှန်ချက်စာတွေကို မိမိကိုယ်တိုင် နည်းယူစရာဆည်မြောင်းအလုပ်စာတွေမို့ ရုံးစာတွေ အားလုံး ကို ကိုယ်ပိုင် စုပေါင်းသိမ်းဆည်းထားခဲ့ပါတယ်
ပျဉ်းမနားတဆရ ၅ ရုံး ဆည်မြောင်းတည်ဆဆောက်ရေးတာဝနခံ စီနီယာကြီး ဦးမြင့်သန်းကလဲဆည်မြောင်းပညာရှင်တစ်ဦးမို့ ညွှန်ကြားရေး မှူး SE ဦးမြင့်သန်းက လဲ ဆရာသမားဦး အုန်း မြင့် ရဲ့ ဆည်မြောင်း ညွှန်ကြားချက်စာတွေကိုစုစည်း ပြီး A4 စာရွက်နဲ့ ကူးယူကာ စာအုပ်ချုပ်ခဲ့ဘူးတယ် ။သူ့ရုံးကတပည့်တွေမိတ်ဆွေတွေကိုဦးမြင့်သန်းက ပေး ဝေခဲ့ဘူးပါတယ်။
ယခု ဆည်မြောင်းဦးကြည်စိုးကာ pdf copy လုပ်ပြဖိး email နဲ့ ဖြန့် ဝေပေး မယ်သိရလို့ လွန်စွာဝမ်းသာ မိရပါတယ်
မှတ်သားစရာ ဆည်မြောင်းအကြောင်း ဆရာသမားရဲ့ နည်းပေးလမ်းပြ လမ်းညွှန်ချက်တွေက ဆည် မြောင်းအင်ဂျင်နီယာတိုင် သိထား သင့်တဲ့အကြောင်းအရာ တွေ ပါ။
မိမိဆည် မြောင်းလုပ်သက် ၃၅ နှစ်စ် ကာလ အတွင်းမှာ ဆည်မြောင်းမှာ ဘယ်သူမှ ဆရာသမားကဲ့သို့ သူ့လိုမရေးနိုင် မလုပ်နိုင်ခဲ့ကြပါ။
ပုံ တွေနဲ့ဆရာ့လက်ရေး ပုံကြမ်းတွေနဲ့အတူ ဆရသမားသွားခဲ့တဲ့ သက်ဆိုင်ရာ ဆည်တမံ တွေ ရေတံခါးကြီးတွေ ဓာတ်ပု့တွေ ဝေဝေဆာဆာ နဲ့ တူတူတန်တန် စာအုပ်ကြီး တစ်အုပ် ကျွန် တော် ဖြစ်စေချင် ၊လုပ်ချင်နေတဲတာကြာပါပြီ. ။
အကြောင်းအရာ တွေ တူရာစု အခန်းတွေခွဲပြီး စာအုပ်ဖြစ်အောင်လုပ်ဘို့ကောင်းတယ်။
ယခု ဆည်မြောင်းဦးကြည်စိုး က တိုင်းနဲ့ပြည်နယ်အလိုက် တူရာစု လုထားပုံ ရလို့ အားရကျေနပ် ဝမ်းသာမိရပါတယ်
ကွယ်လွန်သူဆရာသမားကြီး ဒုဝန်ကြီး ဦးအုန်းမြင့်သို့ အမှတ်ရစွာ ဖြင့်
အေးမြင့် ( ညောင်တုန်း)
၂၅ ဇုလိုင်လ ၂၀၂၄
မှတ်ချက် ။ ဆရာသမားကြီးကို ကဗျာဖြင့် ရေးသားဂုဏ် ပြုခဲ့သည့် ပင်စင်စား ဆည် မြောင်းအင်ဂျင်နီယာ ဦးတိုးအောင်မှာလည်း ကွယ် လွန် သွား ခဲ့ပြီ ဖြစ်ပါတယ်.
ရည်ညွှန်း
ဆည် မြောင်း ဦး ကြည်စိုး၏ Facebook post 15 August 2019
ဒု ဝန်ကြီး ဦးအုန်းမြင့် စီမံကိန်း အလိုက် လမ်းညွှန်မှာကြားချက် စုစည်းမှု
လေ့လာလိုလျှင် email address ပို့ထားပေးပါ
အချိန်ရသလို ပို့ထားပေးပါမယ်

