IRRIGATION DRAINAGE မြန်မာတို့ရဲ့ဆည် မြောင်း စာအုပ်များ ။ ရှေးမြန်မာ ဘုရင်များတည်ဆောက်ခဲ့သည့် ဆည် မြောင်းများ ၊ အပိုင်း (၄) တောင်ပြန်းခရိုင် ဆည် မြောင်း သမိုင်း ။ (ကန်ကြီးများအခြေပြု မြန်မာ့ လူမှုအဖွဲ့အစည်း )

ရှေး ပျူခေတ် ပုဂံ ခေတ်တွေကတည်းက ရေရရှိရေး ဆည် ကန် တွေ တည် ဆောက် ခဲ့ကြတဲ့ ဆည် မြောင်းသမိုင်းကြောင်းကောင်းခဲ့တဲ့ . မြန် မာတို့ရဲ့ဆည် မြောင်း။

မှတ်ဖွယ်မှတ်ရာ

ဆည် မြောင်းရေးရာ

စာပဒေသာ( ၃၉ )

သမိုင်းအစဉ်အလာ ကောင်းခဲ့တဲ့

မြန်မာတို့ရဲ့ ဆည် မြောင်း

ပုဂံခေတ် မှာကတည်းက ရေစုနိုင်မဲ့ နည်းလမ်းတွေ

ရှာဖွေခဲ့ကြ

ကျောက်ဆည် ဒေသ လယ်တွင်းကိုးခရိုင်မှာ

ရေလွှဲဆည်တွေ ဆောက် ပြီး

လယ်ယာမြေတွေရေပေး

ပြည်သူတွေ အတွက် ရိက္ခါ

စားရေး သောက်ရေး အတွက် ဆန်ရေစပါး တွေ စိုက်ခဲ့ကြ၊

မင်းဘူး ၆ ခရိုင် ဒေသမှာလည်း

ရေလွှဲဆည်ကန်တွေ ဆောက်ခဲ့ကြ ၊

ယနေ့မန္တလးဒေသ ယခင် တောင်ပြုန်း ခရိုင် ဒေသမှာလဲ

လယ်ယာမြေတွေရေသွင်းစပါးစိုက်ဘို့

ဆည်မြောင်းကန်ချောင်းတွေ မှာ

ရေအရင်းအမြစ်စီမံခန့်ခွဲမှုအလုပ် တွေ ကို

ရှေးဘုရင် မင်းကောင်းမင်းမြတ်များရဲ့

တီထွင်ကြံဆ ဦးဆောင်မှုနဲ့

တိုင်းရင်းသားပြည်သူတွေကလဲ

လူကြီးလုပ်သူတွေရဲ့နည်းပေးလမ်းပြကောင်းလို့

လိုက်လုပ်ခဲ့လာခဲ့ လိုက်ကြတာ

ရှေးခေတ် ဘုရင်များခေတ် တွေ အဆက်ဆက် မှာ

လူဦးရေလဲ အတန်အသင့်

တစ်တစ်တစ တိုးပွားလာနေနိုင်မှာ ဖြစ် ပြီး

မြန်မာမင်းနေပြည်တော်ကြီးက

ဆန်ရေစပါးပေါကြွယ်ဝလို့

မြန်မာ့ ရှေးခေတ် သမိုင်း တွေ မှာ

ငတ်မွတ်ခေါင်းပါး ဘေး တွေအကြောင်း ရေးထားခဲ့တာ

မကြားမိမတွေ့မိ မမြင်မိခဲ့ပါဘူး

အနော်ရထာခေတ် ၁၁ ရာစုခေတ် ကာလ တွေမှာ

ရှေး ပုဂံ ခေတ် ကတည်းက ဆောက်ထားခဲ့ တဲ့ မြကန်ကို

၂၀ ရာစုခေတ်မှာ ဆည်မြောင်း ဌာန က

ပြန်လည် ပြုပြင် ထိန်းသိမ်း ပေးခဲ့ဘူးပါတယ်

မျိုးနဲ့ရိုးနဲ့ ရှေးရှေး ကတည်းက ဆည်မြောင်းကန်ချောင်းတွေ တည်ဆောက် တတ်ခဲ့ကြတဲ့

ဆည်မြောင်းသမိုင်းကောင်းခဲ့ကြတဲ့

မြန်မာ လူမျိုး တွေ ရဲ့ ဆည် မြောင်း တွေပါ

ဆည် မြောင်းကန်ချောင်းသမိုင်းကောင်းရှိခဲ့ဘူးတယ် ဆိုတဲ့

ရှေး ခေတ် ကမ္ဘောဒီးယားနိုင်ငံ အန်ကော ဝပ် ခေတ်

လယ်စိုက်ပျိုးရေး အတွက် ရေသွင်းစိုက်ပျိုးရေး စနစ်တွေနဲ့

ယှဉ် နိုင်မယ် ယူဆပါတယ်

သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ က

မြန်မာနိုင်ငံဆည် မြောင်းဌာနအတွက်

ရှေးမြန်မာဘုရင်များခေတ်အဆက်ဆက် ဆည် မြောင်း သမိုင်း အကြောင်း စာအုပ်များ ကို

အချိန်ပေး ရေးပေးထားခဲ့ တဲ့

ရှေးဘုရင်များခေတ်အဆက်ဆက် ဆည် မြောင်းသမိုင်း

စာအုပ် ၄ အုပ်ရှိ ခဲ့ပါတယ်

၂၀၀၉ ခုနှစ်မှာ ကျွန် တော် ဆည် မြောင်းပင်စင်ယူပြီး နောက် ဆရာကြီးနဲ့ တွေ့ပြီး

ကျွန် တော် စာအုပ် တွေ လုပ်ခဲ့ထုတ်ခဲ့ပါတ ယ်..

မျိုး ရိုးစဉ်လာ မြန်မာ ဆည် မြောင်းတွေနဲ့ပတ်သက်လို့

အစဉ်အလာစကားအချို့ ကို

ဆရာကြီးက ကျွန့်တော့်ကိုပြောပြတယ်

မြန်မာ ဆည်မြောင်းသမိုင်း အကြောင်း ပြောကြရင်

ဆည် မြောင်း ခရိုင်ကြီး၃ ခရိုင်

တွင်းကြီး ၃ တွင်းရှိခဲ့ ကြောင်းကို

ဆရာကြီး တို့သမိုင်းပညာရှင်တွေက

အမှတ်အသား လုပ် ထားတာကိုရှင်း ပြခဲ့ဘူးပါတယ်

မြန်မာပြည်ရှေးဘုရင်များခေတ် အဆက်ဆက် မှာ

ဆည်မြောင်း အလုပ် တွေ လုပ်ခဲ့ ကြတာ တွေ နဲ့ပတ်သက်လို့ မှတ်သားစရာက

ဆည်မြောင်း ခရိုင်ကြီး ၃ ခု ရှိခဲ့ရာမှာ

၁- က ပုဂံခေတ် မှာကျောက်ဆည်ဒေသက လယ်တွင်းကိုးခရိုင်

၂- ပုဂံပင်းယအင်းဝခေတ်တွေမှာ မင်းဘူးဒေသ စလင်း ၆ ခရိုင် နဲ့

၃- ကုန်းဘောင်ခေတ်မှာ ရှေးက မန္တလေး နယ် လေး အနီးက တောင်ပြုန်းခရိုင် တို့ဖြ စ်ကြတယ်

တွင်းကြီး ၃ တွင်းက ဘာတွေလဲလို့ဆရာကြီးကိုစပ်စုတော့

တွင်း၁- ကျောက်ဆည် ဒေသ က လယ်တွင်း ၉ ခရိုင်ကို ဆိုလိုတယ်

တွင်း၂- တောင်တွင်းကြီး ဒေသက ရန်ပယ်ချောင်းနဲ့ ပနိထွာဘုရင်. မ ခေတ် ဆည် မြောင်းကန်ချောင်းတွေကိုဆိုလိုတယ်

တွင်း ၃- ရှေးဘုရင် များလက်ထက် ခေတ်အဆက်ဆက် မှာ

အထူးသဖြင့် ပုဂံခေတ်နောက်ပိုင်း စစ်ကိုင်း ပင်းယအင်း ဝခေတ် တွေမှာ ရှမ်းစော်ဘွားတွေ ခေတ် ကောင်းခဲ့ပြီး မြန်မာ ပြည်မထဲကူးလူးဆက်ဆံဝင်လာစူးစမ်း နေထိုင် ခဲ့ ကြရာက

ချင်းတွင်း မြစ် အထက်ပိုင်း ထိ ရောက်လာခဲ့ကြပြီး တောင် ပေါ် ဒေသမှာ ေရသွင်း စပါးစိုက်ပျိုးတတ် ကြတဲ့ ရှမ်းလူမျိုးတွေက ကလေး မော် လိုက် ချင်းတွင်းမြစ် ကမ်းဘေးမှာ

ချင်းတွင်းမြစ်မှ ရေယူ စိုက်ပျိုးရေးတွေ လုပ်ခဲ့ကြတာ

သမိုင်းမှတ်တမ်းဟောင်းတွေမှာ ပြဆိုထားကြောင်း ရှိခဲ့ကြောင်း ဆရာ ကြီး ဒေါက်တာ တာတိုးလှမှ ကျွန်တော်ကိုရှင််းပြခဲ့ပါတယ်

ဆည် မြောင်းသမိုင်း မရိုင်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာတိုင်းရင်းသားတွေပါ

ဆရာကြီး ဒေါက်တာတို့လှရေးသား ပေး ထား ပြီး

ထုတ်ဝေပြီး ရှေးဘုရင်များခေတ် ဆည် မြောင်းသမိုင်း

စာအုပ် တွေက

၁- လယ်တွင်းကိုးခရိုင် ဆည်မြောင်းသမိုင်း

၂- စလင်း ၆ ခရိုင် ဆည် မြောင်းသမိုင်း

၃- တောင်တွင်းကြီးဒေသ ဆည် မြောင်း သမိုင်း နဲ့

၄- တောင်ပြုန်းခရိုင် ဆည် မြောင်းသမိုင်း တို့ ဖြစ်ကြပြီး

၅ အုပ်မြောက်အဖြစ်

– မိတ္ထီလာကန် ဆည် မြောင်းသမိုင်းစာအုပ် ကို

အသက် ၈၀ ကျော်အရွယ် ရောက်လာနေ ပြီ ဖြစ် တဲ့

ဆရာင်္ကြး ဒေါက်တာတို့းလှက ရေးသားလျက် ရှိနေဆဲပါ ။

ဆရာကြီး အသက် ၇၅ နှစ်ပြည့်အမှတ်တရအဖြစ်

လယ်တွင်းကိုးခရိုင် ဆည် မြောင်းသမိုင်းစာအုပ်ကို

ပထမဆုံး ကျွန်တော် စီစဉ် ထုတ်ဝေ ခဲ့ပြီး နောက်

ကျန်စာအုပ်တွေကို တစ်နှစ်ပြီး ဆက်လက် ထုတ် ဝေနိုင်ခဲ့ပါတယ် ။

ဆရာကြီးကတော့ ရှေးဘုရင်များခေတ် ဆည် မြောင်းသမိုင်းစာအုပ်တွေရေးပြီး ကုန်သွား လျင် ခင်ဗျားဆက်လုပ်ပေတော့လို့ ကျွန့်တော့်ကို ကြိုတင် တာဝန်ပေးထားပါတယ်.

၁၈၈၅ ခုနှစ်စ်မှာ မြန်မာ ဘု ရင် များခေတ် ကုန်ဆုံးသွားတော့ ဗျိတိသှှကိုလိုနီခေတ် ရောက်လာတယ်.

ဘာလုပ်လုပ် စနစ်နစ်တကျ လုပ်တတ် တဲ့ အင်္ဂင်္လိပ် တွေက နိုင်ံငံ တစ်နိုင်ငံလုံး အုပ်ချုပ်ဘို့ ပြည်သူတွေ ဝမ်းဝဘို့ အဓိက စားနပ်ရိက္ခာ ဆန် ရေးစပါးက အရေးကြီးကြောင်းသူတို့သိကြတယ်.

စပါးစိုက်ဘို့ အရေးအကြီးဆုံးကဘာလဲ

စပါးစိုက်ပျိုးမဲ့မြေနဲ့ ရေဘဲပေါ့ ။

အောက်မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပြီးမကြာမီမှာဘဲ

နှစ်တိုင်း မိုးရာသီမှာ ဧ*ရာ မြစ် ရေ တက် လို့ စိုက်ပျိုးရေးမလုပ်နိုင်တဲ့

မြစ်ဝကျွန်းပေ့ါ်ထိပ် ဟင်္သတ မြို့ တောင်ဘက်ပိုင်း ဖုန်းဆိုးတော ကြီးတွေကို တာပတ် ပြီး မိုးအခါ အထက်ကဆင်းလာတဲ့ ဧရာဝတိမြစ်ရေ မဝင်အောင်နဲ့ ရေမကြီးအောင် လုပ်ခဲ့ပြီး ထွက်လာတဲ့ စပါးတွေကို စူးအက် တူးမြေ င်း တူးဖေါ်ပြီးစမှာ မြန်မာနိုင်ငံထွက်ဆန်စပါးတွေကို နိုင်ံခြားကိုစတင်ပို့ဆောင် ခါ နိုင်ငံခြားဝင် ငွေ ရှာခဲ့ကြတယ်.

ကိုလိုနီခေတ် အရေးပါတဲ့ ဒုတိ ယ ဆည် မြောင်းလုပ် ငန်းအဖြစ် ၊ အထက် မြန်မာပြည်ကို အင်္ဂင်္လိပ် တွေ သိမ်းပြီး တာနဲ့ သူတို့ အလေးထားလုပ်တဲ့အလုပ်က မိုးခေါင်ရေရှားအရပ်မှာ ရှေးဘူရင် တွေ သူ့ပြည်သူတွေစားနပ်ရီက္ခာဖူလှုံရေးအတွက် ဘာတွေ လုပ်ခဲ့ကြသလဲ သိရအောင် င်္ဂလိပ် အင်ဂျင်နီယာတွေကို မန္တလေး အညာကို တက် စေပြီး လေ့လာ စူးစမ်းသုံးသပ် စေခဲ့တယ်.

ပြီးတော့ ရှေး ဘုရင် တွေ တည် ဆောက်ခဲ့တဲ့ အညာဒေသ က ရေလွှဲဆည် တွေကို ခေတ် မီ နည်းစနစ် တွေနဲ့ပြန် ပြင် ပြီး ပိုကောင်းအောင် စိုက် ပျိုးရေ းအတွက် ရေပိုရအောင် ရေစီမံခန့်ခွဲမှုတွေ လုပ်ခဲ့ကြတာပါဘဲ

ရှေးဘုရင်များခေတ် ဆည် မြောင်းသမိုင်း အဆက် ၊

ကိုလိုနီခေတ် ရဲ့ အောက်မြန်မာပြည် နဲ့ အထက် မြန်မာပြည်တို့ရဲ့ အဓီက ဆည် မြေ င်း လုပ်ငန်းများ သမိုင်းနိဒါန်းပါ။

ယခုအခါ ဆရာကြီးနဲ့အတူ

ဆည် မြောင်းပင်စင်စား ကျွန်တော်လဲ

အသက် တွေ မငယ် ကြတော့ပါဘူး

စိတ်ဝင်စားဝါသနာပါလို့ သာလျင်

ဆရာကြီးထံ ချဉ်းကပ်ခါ

မိမိရဲ့မိခင်ဌာန အတွက် ဆည် မြောင်းသမိုင်းစာအုပ်တွေ ကို

တစ်အုပ်ပြီးတစ်အုပ် ထွက်နိုင် အောင်

အချိန်ပေးခါ ကျွန် တော်အလေးထား ဆောင်ရွက် ခဲ့ ပြီး ၊

ဆောင် ရွက် နေဆဲ ရှိလျက် ပါဘဲ ခင်ဗျား ။

အေးမြင့် ( ညောင်တုန်း)

၁၄-၇-၂၀၂၃

ရည်ညွှန်း စာများ။

၁- ဆည် မြောင်း ဝန်ထမ်းဟောင်း အင်ဂျင်နီယာ ဦးလှဘော်

( ဒု- ညွှန်/ချုပ်-ငြိမ်း)၏ Facebook ( ၁၄-၇-၂၀၂၃ ) ပေါ်က သူရေးခဲ့တဲ့ ပုဂံက မြကန် အကြောင်းစာ နှင့် ဆည် မြောင်းဝန်ထမ်း ဟောင်းများ၏ မှတ်ချက်များ ။ ( ပူးတွဲလျက် )

၂-“Friend Bookshop”Facebook post (14 July 2023 )

မြကန်သာ ကဗျာ( မြန်မာ English ) ( ( ပူးတွဲလျက် )

၃- သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ၏

ရှေး မြန်မာ မင်းများလက် ထက် ဆည် မြောင်းသမိုင်း

စာအုပ် များ ( ၄ အုပ် )

၄- ဝီကီပီးဒီးယား တွင် ဖါ်ပြထားသည့် မြကန် ဆောင်းပါး ၊

( ပူးတွဲလျက် )

ရည်ညွန်း( ၁ )

ဆည် မြောင်း ဝန်ထမ်းဟောင်း ဦးလှဘော်ရဲ့

Facebook ပေါ်က သူရေးခဲ့တဲ့ ပုဂံက မြကန် အကြောင်းစာ နှင့် ဆည် မြောင်း ဝန်ထမ်းများ၏ မှတ်ချက်များ

၁- U Hla Baw ။

မြကန်ကပြန်ပြုပြင်ထားပေမဲ့အထက်ပိုင်းကရေဝင်ချောင်း( အထူးသဖြင့်လှိုင်းချောင်) တွေကသဲချောင်းဖြစ်တာရယ်၊ရွာတွေကလူဦးရေတီုးပွားလာပြီးရေအသုံးချမှုများလို့ကျေးရွာကန်တွေဆီရေလွှဲယူမှုများလာတာတွေကြောင့်ရယ်၊ Climate Change. နဲ့ ပတ်ဝန်းကျင်ပြောင်းလွဲမှုတွေကြောင့်ကန်တွင်းရေဝင်နည်းပြီးစာဆိုနဲ့မညီတဲ့သဘောဖြစ်နေတာပါ၊ Water Sharing နဲ့ Downstream water right ဆိုတာကလဲ manage လုပ်ရခက်ပါတယ်၊ အခြားwater source ကို ရှာနိုင်ရင်တော့တမျိုးပေါ့။

၂- Winthein ID

၁၉၉၆-၉၇ ခုနှစ် မြကန်ပြုပြင်ပြီးစထိန်းသိမ်းရေးအနေနဲ့ ကျွန်တော်တာဝန်ကျပါတယ်၊

မိုး သည်းသည်းတခါရွာတာနဲ့ ကန်တွင်းအထက်ပိုင်း တူးထားတဲ့ Sand trap တွေအားလုံးပြန်ပြည့်သွားပါတယ်ခင်ဗျာ၊

ကန်တွင်းရေမှတ် ၄’-၀” ကျော်အထိရေဝင်ပါတယ်၊

ရေရှိနေတဲ့ရက်တွေမှာ ငှက်မျိုးစုံအုပ်လိုက်ရောက်လာကြပါတယ်၊

ကန်ပေါင်အောက်ဘက်(ချောင်းဟောင်းအပိုင်း)မှာရေစိမ့်ထွက်တဲ့နေရာတွေတွေ့ရပါတယ်၊

နေပူရှိန်ကြောင့်ကန်တွင်း U/S ကသဲပြင် မှာတောင်တံလျှပ်ကတရိပ်ရိပ်တက်နေတာတွေ့ရပါတယ်၊

ရေမှတ်က နေ့စဉ် (၀.၅’)လျှော့ကျတာမှတ်မိနေပါတယ်ခင်ဗျာ၊။

၃- U Hla Baw

Winthein ID ဟုတ်ပါတယ်ရေစိမ့်နေလို့ u/s blanketလဲခင်းခဲ့ပါတယ်၊ D/S ကရေတွင်းတွေတော့ရေပိုကောင်းလာတယ်လို့ကြားရပါတယ်။

၄- U Myo Tun

ကျွန်တော်တို့ ၂၀၀၄ -၀၅ က သဲနုံးထုတ်ပြီး ရေပိတ်လွှာ ပျမ်းမျှ ၇ပေ လောက်အထိ ပြန်ခင်းခဲ့တယ်, အဲ့ဒီနှစ် မိုးကောင်းရေဝင်ကောင်းလို့ ရေပြည့်ခဲ့တယ်, ကိုဇော်ဝင်းအောင်စီစဥ်ပြီး မင်းသမီးသက်မွန်မြင့်နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ခဲ့သေးတယ်, နောက်တပိုင်းအနေနဲ့ လောကနန္ဒာမြစ်ရေတင်ကနေ မြောင်းထပ်ဆက်ပြီး ရေတင်ပန့်ကြီး ၂ လုံးတပ်, ကန်ထဲရေလျော့ရင်ဖြည့်ခဲ့တာ၊ မီတာခ တနှစ် သိန်း ၁၀၀ လောက်ကုန်တာမှတ်မိနေတယ်, နောက်ပိုင်းနှစ်တွေ တော့မသိတော့ပါ, ရေပြည့်တဲ့နှစ် ကန်ရေပြည့်ကို နာမည်ကြီးဓါတ်ပုံဆရာ ညောင်ဦးဖိုးချိုနဲ့ကန်အပြညံပုံ တူရင်တောင်နောက်ခံနဲ့ရိုက်ခဲ့တဲ့ဓါတ်ပုံရှိတယ်, ကျွန်တော့အိမ် ဧည့်ခန်းမှာ ဂုဏ်ယူစွာချိတ်ထားပါတယ်, မြကန်ရယ်, ငါ့သရောက်ရယ်က ကျွန်တော့Carrier မှာ not fully success စီမံကိန်းတွေပါ, Investigation သေချာမလုပ်နိုင်တာ ကြောင့်လည်းပါလိမ့်မယ်, တွေးမိတာပါ။

ရည်ညွန်း( ၂ )

Friend Bookshop Facebook post (14 July 2023 )

မြကန်သာ ကဗျာ( မြန်မာ English )

🟣 ‘မြကန်သာ’ကဗျာ

မြကန်သာ၊ တောင်ကျချောင်းတေး

‌ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ

ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ

ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ

နန္ဒာပေလော၊ တူစွဟုတ္တာ။ ။

🔺 အမည်မသိရှေးစာဆို

၁၁ ရာစု

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 ‘EMERALD LAKE’

Emerald lake,

fed by a mountain stream,

the waters enter running,

and circle cool and clear,

within unreachable banks,

water lilies are fragrant

and all types of birds abound.

This is so like Nanda

that is in the heavens,

is this perhaps the self-same Nanda lake ?

🔺 Unknown

c. 11 th century

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🔸ဝင်းဖေ။ (၁၉၉၈)။ မြကန်သာ(မြန်မာ-အင်္ဂလိပ် ၂ ဘာသာ)၊ တ-ကြိမ်။ ရန်ကုန်၊ မုံရွေးစာအုပ်တိုက်။ စာမျက်နှာ ၂-၃ မှ ကူးယူဖော်ပြပါသည်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🔵 ကျွန်တော်တို့တစ်တွေ ၂၀၁၈ မှာ တစ်ခါ၊ ၂၀၁၉ မှာ တစ်ခါ တုရင်တောင်ပေါ်ကနေ မြကန်ကို သွားကြည့်ခဲ့ဖူးပါတယ်။ မြကန်က ကောသွားခဲ့ပြီ ဆို‌ပေမယ့် ပထဝီအနေအထားကတော့ လွမ်းမောဖွယ်ကောင်းတုန်းပါပဲ။ ပုံကတော့ Wikipediaကနေ ယူထားတာပါ။

ရည်ညွှန်း (၄)

ဝီကီပီးဒီးယား တွင် ဖါ်ပြထားသည့် မြကန် ဆောင်းပါး

မြကန်ဆည်

မြကန်သည် မြန်မာနိုင်ငံ ပုဂံဒေသရှိ ရှေးခေတ်ရေကန်တစ်ကန် ဖြစ်ပြီး တုရင်တောင် အနောက်ဘက်တွင် တည်ရှိသည်။ ထိုမြကန်အား ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး ကိုယ်တိုင် ဦးဆောင်လျက် ပုဂံသူ ပုဂံသားတို့ စီမံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြကန်၏ မူလအမည်မှာ မဟာနိဗ္ဗာန လက်ဆွဲချီရေ (မဟာနိဗ္ဗာန် လက်ဆွဲချီကန်)ဟု ကျောက်စာများ၌ တွေ့ရသည်။ မြကန်သည် ပိုက်လှမ်းတောင်အား တာတမံ အရံအတားမျိုး ပိတ်ဆို့ကာဆီး၍ စီမံထားသော တစ်ဖက်ဆည်ကန် ဖြစ်သည်။

မြကန်ကို အမရကန်ဟုလည်း ခေါ်ကြသည်။ (မ−မရဏ) သေခြင်းမရှိသော ဟူ၍လည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုကြသည်။

သက္ကရာဇ် ၅၉၈−ခုနှစ်တွင် ပုဂံကျစွာမင်းကြီးက မြကန်ကို ပြန်လည်၍ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။

မြကန်အနီးတွင် ကျစွာမင်းကြီး၏သမီးတော် သံပျင်မင်းသမီး ကောင်းမှုတော် (သမ်းတော်မူ)ဘုရားစေတီ တစ်ဆူရှိသည်။

အစောဆုံး မြန်မာအက္ခရာ

ရာဇကုမာရ် ကျောက်စာမျှ သိပ်မထင်ရှားသော ကျန်စစ်သားမင်း၏ မြကန် မွန်ကျောက်စာမှာ ရေကန်အမည်ကို မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် ( မူရင်း အတိုင်း) ဟု တွေ့ရသည်မှာ

အစောဆုံး မြန်မာ အက္ခရာဟု ပြောနိုင်သည်။

ကိုးကား

ရေနံ့သာဝင်းမောင်။ စွယ်တော်ငါးဆူ ပြည့်(၅)ပြည့်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

#friendbookshop်