မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
16 Jul 202411 Jun 2025 uamyint

AUNG SAN Suu Kyi Speeches , Interviews and Books အမေစု ၏ ၁-၁၂-၂၀၁၆ စင်ကာပူ နှင့် An Unlikely Prisoner Audio Book ရှောင်တာနယ် ရေး သူမတူအကျဉ်းသား ။ ဆရာ အေကေမိုး မြန်မာပြန် အသံစာအုပ် အစ/အဆုံး

အာဏာာသာ မသိမ်းခဲ့ရင် အမေစု လုပ်မဲ့ Plan တွေ https://fb.watch/A89dioCe0v/?

သူမတူအကျဉ်းသား / ဘာသာပြန် ဆရာ အေကေမိုး / မူရင်း ရေးသားသူ မစ္စတာ ရှောင်တာနယ် / An Unlikely Prisoner

မောင်တူး – သူမတူအကျဉ်းသားကိုဖတ်ပြီးနောက်
http://www.moemaka.com/2024/07/blog-post_3.html

သူမတူအကျဉ်းသားကိုဖတ်ပြီးနောက်

မောင်တူး

(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၄

စီးပွားရေးအကြံပေး ရှောင်တာနယ်ကို ဒေါ်စုရဲ့တခုတည်း တောင်းဆိုချက်က ..

“သူကြားချင်တာတွေပဲ

ခန့်မှန်းပြီးမပြောဖို့နဲ့

ကျွန်တော်နားလည်တဲ့

အခြေအနေတွေကို

အမြဲတမ်း အမှန်အတိုင်း ပြောပြဖို့” ပါ။ ။

ဒီစာပိုဒ်ဟာ သူမတူအကျဉ်းသား (An Unlikely Prisoner)စာအုပ်ထဲက စာရေးသူ မစ္စတာ ရှောင်တာနယ် (Sean Turnell) ရေးထားတဲ့ စာသားပါ။ ဩစတေးလျနိုင်ငံသား ဘောဂဗေဒပညာရှင် ရှောင်တာနယ်ဟာ မြန်မာပြည် စီးပွားရေးအကြံပေးပါ။ သူ့ဟာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအလုပ်တွေကို ၂၀၁၆ ကနေ ၂၀၂၁ ဖေဖော်ဝါရီအထိ လက်တွဲ အလုပ်လုပ်ခဲ့သူပါ။ သူ့ကို အာဏာသိမ်းပြီး ၅ ရက်မှာ ဖမ်းပြီး ရက်ပေါင်း ၆၅၀ အကျဉ်းကျခဲ့ပါတယ်။ သူက မအလစစ်တပ်ရဲ့ ချုပ်နှောင်ရက် ၆၅၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေ၊ စီးပွားရေး အကြံပေး ရာထူးယူထားကာလ ၅ နှစ်တာအတွင်း မြန်မာပြည် NLD ဒေါ်စုတို့နဲ့ ပူး ပေါင်း ဆက်စပ်ပတ်သက်ခဲ့တာတွေကို သူမတူ အကျဉ်းသား An Unlikely Prisoner စာအုပ်မှာ ရေးခဲ့တာပေါ့။ အဲ့သည် စာအုပ် အခန်း ၃ စာမျက်နှာ ၅၄ မှာ စီးပွားရေးအကြံပေးဖြစ်သူ သူ့ကို ဒေါ်စုရဲ့ တခုတည်းသော တောင်းဆို ချက်က “သူကြားချင်တာတွေပဲ ခန့်မှန်းပြီးမပြောဖို့နဲ့ ကျွန်တော်နားလည်တဲ့ အခြေအနေတွေကို အမြဲတမ်း အမှန်အတိုင်း ပြောပြဖို့” ပါ …. ဆိုပြီး ရေးခဲ့တာပါ။

အခုလို တွေ့တော့ ကျွန်တော့်စိတ်မှာ အလားတူတွေကို တွေးနေမိတယ်။ ဒေါ်စုက အမှန်အတိုင်း အစီရင်ခံတာပဲ ကြိုက်တာပေါ့။ အလားတူ ဗိုလ် ချုပ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ စောမောင်၊ ခင်ညွန့်နဲ့ မအလတို့ကြတော့ ဒေါ်စု စိတ်ထားနဲ့ပြောင်းပြန်လေ။ ဥပမာ။ ။ ဗိုလ်နေဝင်းလက်ထက်ကဆို စစ် တပ် စံပြစပါး စိုက်ခင်းများမှာ တဧက တင်း ၁၂၀ ထွက်ရှိ ဆိုပြီး လိမ်လည် အစီရင်ခံမှ ကြိုက်တာပါ။ အမှန်အတိုင်း စပါးတဧက ၃၅ တင်း ထွက်ရှိသည်လို့ စာရင်းတင်မိလိုက်ရင် အဲ့သည်ဝန်ထမ်းအလုပ်ပြုတ်ကရောလေ။ ထောင်တောင် ကျရင် ကျနိုင်ပါသေးတယ်။

ဒေါ်စုကတော့ . . ဒေါ်စု ဆိုတာကတော့ သူမတူအကျဉ်းသား စာအုပ်ထဲမှာ ရှောင်တာနယ်ရဲ့ အခေါ်အဝေါ်ပါ။ ဒေါ်စု ဆိုတဲ့ အောင်ဆန်းစုကြည်ကတော့ သူ့ကို အမှန်အတိုင်း အစီရင်ခံတာကိုပဲ ကြိုက်တာလေ။ ရှောင်တာနယ်လိုမျိုး နိုင်ငံခြားသား အကြံပေးတွေ၊ မြန်မာပြည်သား အကြံပေးတွေက မြေပြင် အခြေအနေအတိုင်း ဒေါ်စုကို အကြံပေးခဲ့ကြလို့ NLD အစိုးရ ၅ နှစ်မှာ တိုးတက်ခဲ့တာကလား။ အခု မအလ အာဏာသိမ်း ၄ နှစ်နဲ့တော့ မိုးနဲ့မြေ၊ ဆီနဲ့ရေ၊ လေယာဉ်ပျံနဲ့ ပုရွက်ဆိတ် ကွာခြားပါ့။ “သူမတူ အကျဉ်းသား” ကို ဘာသာပြန်သူကတော့ အေကေမိုးပါး။

စာရေးဆရာ “အေကေမိုး”က ၃ လ အလုပ်နားပြီးတော့တောင်မှ ဘာသာပြန်ခဲ့ရကြောင်း အမှာစာမှာ ရေးခဲ့ပါတယ်။ Burmese Democracy Development Collaboration (BCDC) က ထုတ်ဝေပါတယ်။ မျက်နှာဖုံးက သည်မော်နိုင် လုပ်တာပါ။ ၂၀၂၄ ဧပြီမှာ ပထမအကြိမ် အုပ်ရေ ၃၀၀၀ ထုတ်ဝေပါတယ်။ ထိုင်းမှာ တအုပ် ၄၀၀ ဘတ်နဲ့ ရောင်းတယ်။ အနောက်နိုင်ငံတွေမှာ ၃၅ ဒေါ်လာ တဲ့။ စာအုပ်မှာ စာမျက်နှာ ၂၅၀ ရှိတယ်။

စာအုပ်တွင်းကဖုန်းပြောနေစဉ်ဝင်လုတဲ့အခန်း

“သူမတူအကျဉ်းသား” စာအုပ်ကို ဖတ်နေရင်းက ကျွန်တော့်စိတ်မှာ အလားတူတွေကို တွေးနေမိတယ်။ ဥပမာဗျာ မစ္စတာရှောင်တာနယ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မတရား လက်နက်အားကိုး စစ်တပ်အာဏာသိမ်းအပြီး နောက် ၅ ရက်မှာဖမ်းတယ်။ ကြိုသိလို့ ဩစတေးလျားသံရုံးကို ပြေးမယ်ကြံပြီး သူ ထွက်လာတော့ ဟိုတယ်ဧည်ကြိုရှေ့မှာ့ သူ့ကို ရဲက ထိုင်ခိုင်းထားတယ်။ ဒီအချိန် BBC သတင်းဌာနက အင်တာဗျူးဖုန်းဝင်လာတယ်။ အင်တာဗျူး ဖြေနေတုန်း ၅ မိနစ်အကြာမှာ ရှောင်တာနယ်ရဲ့ဖုန်းကို စူစူပုပ်ပုပ်နဲ့ ရဲအရာရှိက ဖုန်းကို ဝင်လုပြီး ဖမ်းလိုက်တာပဲ။

အဲ့သည်အခါ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး တလအလို ဩဂုတ် ၂၅ ရက်ည ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အိမ်တွေကို ဝင်ဖမ်းတုန်းက ကိုအံဘွယ်ကျော်ရဲ့ မိခင် ဒေါ်တင်တင်ဦး ကို ကျနော်က ဖုန်းခေါ် အင်တာဗျူးလုပ်တယ်။ ဒေါ်တင်တင်ဦးက “ဒီကောင်တွေ ငါ့သားကို ဖမ်းထားပြီ။ ထောင်ထဲခေါ်သွားတော့မယ်။ တအိမ်လုံးကိုလည်း မွှေနှောက်နေတယ်” လို့ ပြောပါတယ်။ ကျွန်တော်က “ရှာဖွေနေတဲ့ ရဲ တယောက်လောက်ကို ခေါ်ပေးပါ။ ဘာကြောင့်ဖမ်းသလဲ ဆိုတာ မေးချင်လို့” လို့ တောင်းဆိုလိုက်တော့ ဒေါ်တင်တင်ဦးက ” ဟေ့ ပိုင်စိုးပိုင်နင်း ငါ့အိမ်ကို ရှာနေတဲ့ကောင် တယောက်လောက် ဖုန်းလာကိုင်ပါ။ DVB က နင်တို့ကို အင်တာဗျူး လုပ်ချင်လို့တဲ့ဟေ့။ လာပါ။ တယောက်ယောက်ပေါ့။ . ……. မလာကြဘူးလား။ လာဖြေပေးကြပါဟေ့။ ဟဲ့ ငါနဲ့အနီးဆုံး ဒီတယောက် လာ လာ အင်တာဗျူး လာဖြေပေးပါဟဲ့။ (အဲ့ဒီအခါ အဖွားကြီး ပြဿနာမရှာနဲ့နော်။ ကျုပ်တို့ ဘယ်သူမှ မဖြေဘူးနော်။ တယ်လီဖုန်းကြီး လာပေးမနေနဲ့။ DVB လား။ ဘာလား။ ဘာသတင်းဌာနမှ မဖြေဘူး။ ဆိုတဲ့ ပြန်ပြောသံတိုးတိုး ကြားရတယ်။) ဒေါ်တင်တင်ဦးက “ဟဲ့ သတင်းဌာနက တရားဝင် ဗျူးတော့ နင်တို့ တီကိုဆားနဲ့တို့သလို ကြောက်လိုက်ကြတာပါလား။ အဲ့ဒါ နင်တို့ မမှန်လို့ပေါ့။ လာပါ။ ဖုန်းကိုင်ပါ။ ဖြေပါ။ ဒါတော့ မဖြေရဲဘူး။ သူများအိမ်ကြတော့ ပိုင်စိုးပိုင်နင် တက်ပြီး ရှာဖွေ မွှေနှောက်နေကြရဲတယ်ပေါ့လေ၊” လို့ ပြောလိုက်တော့……… အဖွားကြီး ဖွမနေနဲ့ ဆိုတဲ့ အသံ နောက်ဆုံး ကြားလိုက်ရပြီး ဖုန်းလုသံ၊ ဖုန်းကြိုးဖြတ်သံ (ကလစ်) ဆို ကြားရပြီး ဖုန်းသံ ပိတ်သွားခဲ့တာကို အခု သူမတူအကျဉ်းသားစာအုပ်မှာ မစ္စတာ ရှောင်တာနယ်ရဲ့ ဖုန်းအလုခံရတာကို ဖတ်မိပြီး အလားတူ ပြန်သတိရသွားတာ။

အာဏာရှင်ဆိုတာ

အာဏာမြဲဖို့ လူသတ်နေသူတွေ။

အာဏာမြဲဖို့ နည်းမျိုးစုံ ရက်စက်နေသူတွေ။

အာဏာမြဲဖို့ အဆင်ခြင်မဲ့လုပ်နေသူတွေ။

အာဏာမြဲဖို့ အကောင်းဟူသမျှ ဖျက်ပစ်နေသူတွေ။

အာဏာရှင်ဆိုတာ

ပြည်သူတွေကို ရန်သူလို့ သတ်မှတ်ထားသူတွေပါပဲ။

ဒီစာသားတွေကို ရေးဖို့ စိတ်ပေါက်လာရတာက သူမတူအကျဉ်သား စာအုပ် စာမျက်နှာ ၈၇ မှာ ရှောင်တာနယ်ရဲ့ အောက်ပါအတိုင်း ရေးသားချက်ကြောင့်ပါ။ (အာဏာရှင်တွေ ဆိုတာကလည်း သူတို့ အာဏာတည်မြဲဖို့အတွက် လူတွေ သတ်နေတဲ့သူတွေ၊ သူတို့က ရက်စက်ဖို့၊ အဆင်ခြင်မဲ့လုပ်ဖို့၊ ကောင်းတာတွေ ဖျက်ဖို့လောက်ပဲသိတာ၊ ကျနော်တို့ကိုလည်း သူတို့ရဲ့ ရန်သူတွေလို့ သတ်မှတ်ခံထားရတာလေ။ ) ….. ရှောင်တာနယ် (သူမတူအကျဉ်းသား) စာအုပ် စာ ၈၇

သူမတူ အကျဉ်းသားထဲက အာဏာရှင်ဆိုတာကို ဖတ် တွေ့ပြီးတဲ့နောက် အလားတူ “ကဗျာဆိုတာ” ကို ဒေါ်စု ရေးခဲ့တာလည်း ပြန်သတိရမိတယ်။ “ကဗျာဆိုတာ” ခေါင်းစဉ်နဲ့ ဒီကဗျာ ကို ၂၀၁၁ ဇွန်လ ကတည်း က ကိုလံဘီယာနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာကဗျာပွဲတော်မှာ ဆရာမင်းထင်ကိုကိုကြီး က ရွတ်ဖို့ ဒေါ်စုကို ရေးစေခဲ့တာ။ ကိုလံဘီယာပွဲမှာ ရွတ်ခဲ့တယ်။ နောက် ၁၀ နှစ်နီးပါးအကြာ မြန်မာပြည်မှာ လေလံဆွဲကြတယ်။ သိန်း ၂၄၀၀ ကျပ်တန် ကဗျာ ဖြစ်သွားတဲ့ ဒေါ်စု ရေးတဲ့ ကဗျာ။

ကဗျာဆိုတာ

လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ။

လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ။

လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ။

လူ့မျှော်လင်ချက်ရဲ့ သီကျူးသံ။

ကဗျာဆိုတာ

ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ ။

(အောင်ဆန်းစုကြည်)

၂၀၂၀ ခုနှစ် စက်တင်ဘာလ ၅ ရက်က ဒေါ်စု လက်ရေးမူပါ ဒီကဗျာ စာရွက်ကို အွန်လိုင်း လေလံဆွဲတယ်။ ကျပ်သိန်း ၂၄၀၀ (အမေရိကန် ဒေါ်လာ ၁၈၀,၀၀၀ ) နဲ့ လုပ်ငန်းရှင် တဦးက ပိုင်သွားတယ်။ ဒါကတော့ သူမတူအကျဉ်းသား စာအုပ်ကို ဖတ်ပြီး အလားတူ သတိရသွားတာလေးတခုပါ။

ဒီစာအုပ်မှာ ရှောင်တာနယ်က အင်စိန်ထောင်ကနေ နေပြည်တော်ထောင် ပြောင်းသွားပြီး ရုံးထုတ်တိုင်း ဒေါ်စုနဲ့ ဆုံခဲ့ တွေ့ခဲ့ရတာတွေ ပါတယ်တဲ့။ ဒေါ်စုက ပြည်သူတွေကို ဘယ်တော့မှ လက်မလျှော့လိုက်ကြပါနဲ့ “လို့ မှာတယ်တဲ့။ ကျနော်ဖတ်နေတာက စာအုပ်တဝက်ပဲ ရှိသေးပါတယ်။ ဆက်ဖတ်ရင်းက အလားတူ လေးတွေ ပေါ်လာသမျှ ဆက်ရေးပါမယ်။ ဘာသာပြန်သူ စာရေးဆရာ အေကေမိုးကတော့ သူက ဘာသာပြန်လေ့မရှိပဲ ဘာသာပြန်ခဲ့ရတာလို့ အမှာမှာ ရေးထားပါရဲ့။ ကျနော်ဖတ်သမျှတော့ ရှောင်တာနယ် ရေးထားတာတချို့ကို ပိုမို ရှင်းလင်း နားလည်အောင် (ဘာသာပြန်သူ၏ မှတ်ချက်) စာပိုဒ်ကလေးတွေတောင် ဝင်ရေးပေးထားတဲ့အထိ သူ့ ဘာသာ ပြန်ဆိုချက်က ကောင်းသပ။ ဥပမာတခုပြရရင် အင်းစိန်ထောင်ကို အင်းစိန်ဆိုတဲ့ အသံထွက်က ရူးလည်းရူး ဆိုးလည်းဆိုးပါတယ်လို့ ရှောင်တာနယ်က ရေးတယ်။

(ဘာသာပြန်သူ မှတ်ချက်။ ။ အင်္ဂလိပ်စကားပြောသူ အများစုသည် “အင်းစိန်” ကို “Insane” လို့ အသံထွက်ပါသည်။ Insane ဆိုသည်မှာ ရူးသွပ်သော၊ အလွန်မိုက်မဲသော၊ ဆိုးသွမ်းသောဟု အနက် အဓိပ္ပာယ်များ ရပါသည်။ ) အင်းစိန်းသားတွေ စိတ်မဆိုးကြပါစေကုန်။

ထောင်အတွေ့အကြုံစာအုပ်တွေ ဖတ်ဖူးခဲ့တယ်။ ဦးနု၊ လူထုဦးလှ၊ ဗန်းမော်တင်အောင်၊ ဂျော်လီထွန်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရေးခဲ့တာတွေပေါ့။ အခု ရှောင်တာနယ်ရေး အေကေမိုး ပြန်ဆိုတဲ့ သူမတူအကျဉ်းသားစာအုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ နွေဦးတော်လှန် ရေးကာလ မြန်မာ့စီးပွားရေးအကြံပေး ရှောင်တာနယ်ရဲ့ ထောင်အတွေ့အကြုံအကြောင်း ကိုယ် တိုင်ရေးစာအုပ်မို့ ထူးခြားစိတ်ဝင် စားစရာပါ။ ဒါ့အပြင် နိုင်ငံခြားသားထောင်ကျ ရှောင်တာနယ်ကို အနည်းငယ်လျှော့ပေါ့ နှိပ်စက်ခဲ့ပေမဲ့ တခြားနိုင်ကျဉ်းတွေကို လူမဆန်စွာ ကိုယ်ရောစိတ်ပါ နှိပ် စက်ခဲ့ကြတာကတော့ စာအုပ်ဖတ်ရင်း ကွက်ကွက်ကွင်းမြင်တွေ့ရပါတယ်။ သူမတူ အကျဉ်းသား စာအုပ်ကို ဖတ်နေရင်းက ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာနေပါတယ်။ ။

–

Join Us @ MoeMaKa Telegram
t.me@moemaka

MoeMaKaMedia

WhatsHappeningInMyanmar

သူမတူအကျဥ်းသား #ရှောင်တာနယ် #အေကေမိုး #

မာတိကာ

00:00:00 intro
00:00:36 ဘာသာပြန်သူအမှာစာ
00:04:02 စာရေးသူအမှာစာ
00:07:49 အခန်း (၁)

00:32:40 အခန်း (၂) စစ်ကြောရေးရဲ့ သေတ္တာထဲမှာ နေခဲ့ရတဲ့ မစ္စတာရှောင်တာနယ် ရဲ့ ငရဲခန်း ။

01:17:20 အခန်း (၃)
01:41:55 အခန်း (၄) မစ္စတာရှောင်ရဲ့ အင်းစိန် ထောင်အတွင်းအဖြစ်အပျက်များ/ သူမတူအကျဉ်းသား မြန်မာပြနိ အသံစာအုပ်
01:52:00 အခန်း (၅)


02:00:03 အခန်း (၆)
02:27:22 အခန်း (၇)
02:54:00 အခန်း (၈) အဆက်အသွယ်ရခြင်း၊
03:06:48 အခန်း (၉) ထောင်တွင်းစီးပွဦးရေးဆိုင်ရာ မိုက်မဲမှုများ။
03:11:40 အခန်း (၁၀)


03:32:25 အခန်း (၁၁) နေပြည်တော် အကျဉ်းထောင်ထဲက ေ၇ှာင်အတွက် အိပ်မက် ဆိုးများ / သူမတူ အကျဉ်းသား အသံ စာအုပ် မြန်မာပြန်


04:04:41 အခန်း (၁၂) သံတိုင်နောက်ကွယ်ရောက် အစိုးရ။


04:25:27 အခန်း (၁၃) ဘီဘီစီ နံ၇ံ သတင်းဌာန ။

05:02:20 အခန်း (၁၄) လုပ်ဇာတ် တရားစီရင် န်း။


05:40:50 အခန်း (၁၅) မတရားစီရင်သောနေ့


05:52:47 အခန်း (၁၆) အင်းစိန်ထောင်သို့ ပြန် ရောက်ခြင်း။


06:30:46 အခန်း (၁၇)
07:12:17 အခန်း (၁၈)
07:19:15 နိဂုံးချုပ်အတွေးနှင့် ကျေးဇူးတင်လွှာ

Book Talk :An Unlikely Prisoner: How an eternal optimist found hope in Myanmar’s most notorious jail

For 650 days Sean Turnell was held in Myanmar’s terrifying Insein Prison on the trumped-up charge of being a spy. In his recently released book, An Unlikely Prisoner, he recounts how an impossibly cheerful professor of economics, whose idea of an uncomfortable confrontation was having to tell a student that their essay was ‘not really that good’, ended up in one of the most notorious prisons in Southeast Asia. And how he not only survived his lengthy incarceration, but left with his sense of humor intact, his spirit unbroken and love in his heart.

Erin Murphy, senior fellow with the Center for Strategic and International Studies’ Asia Program, will speak with Sean about his new book, his work on Myanmar, and where he sees the country going.

Sean Turnell is Honorary Professor of Economics at Macquarie University in Sydney, Australia. He has had a distinguished career in government, banking and academia. Professor Sean Turnell is a devoted economist, and he has interest in areas of public policy, economic transition, economic development, and financial reform. Since the early 2000s, he has worked tirelessly on Myanmar economic and banking issues to bring to the table the best possible practices to help Myanmar with economic reforms and growth. He received his PhD in Economic and a Bachelor of Economics with Honors from Macquarie University.

Erin Murphy is a senior fellow for the Asia Program at the Center for Strategic and International Studies (CSIS). She has spent her career in several public and private sector roles, including as an analyst on Asian political and foreign policy issues at the Central Intelligence Agency, director for the Indo-Pacific at the U.S. International Development Finance Corporation, founder and principal of her boutique advisory firm focused on Myanmar, and an English teacher with the Japan Exchange and Teaching (JET) Program in Saga, Japan. Murphy received her master’s degree in Japan studies and international economics from the Johns Hopkins School of Advanced International Studies and her bachelor’s degree in international relations and Spanish from Tufts University. She was also a 2017–2018 Hitachi international affairs fellow in Japan with the Council on Foreign Relations. Murphy is also the author of Burmese Haze: US Policy and Myanmar’s Opening-and Closing (Association for Asian Studies, 2022).

Program at the Center for Strategic and International Studies (CSIS). She has spent her career in several public and private sector roles, including as an analyst on Asian political and foreign policy issues at the Central Intelligence Agency, director for the Indo-Pacific at the U.S. International Development Finance Corporation, founder and principal of her boutique advisory firm focused on Myanmar, and an English teacher with the Japan Exchange and Teaching (JET) Program in Saga, Japan. Murphy received her master’s degree in Japan studies and international economics from the Johns Hopkins School of Advanced International Studies and her

Book launch : An Unlikely Prisoner by Lowy Institute Senior Fellow Sean Tunnelling

For 650 days, Sean Turnell was a prisoner of the military junta that has ruled Myanmar since 2021. Incarcerated in some of Myanmar’s most notorious prisons, isolated, ill-treated, and ultimately convicted in a sham trial of effectively being a spy, the descent from his role as chief economic adviser to Myanmar’s civilian government was a steep one. From helping to design policies to entrench democracy and help make Myanmar the last and best of the Asian ‘tigers’, his task became one of simple and desperate survival. In An Unlikely Prisoner, Sean recounts how he not only survived his lengthy incarceration but left with his sense of humour intact and his spirit unbroken.

We were joined in conversation with the author, Dr Sean Turnell, moderated by Lowy Institute Research Director Hervé Lemahieu, with questions from the audience.

Dr Sean Turnell is a Senior Fellow in the Southeast Asia Program at the Lowy Institute, covering developments in Myanmar, the wider region, and international economic issues. Prior to his appointment as chief economic adviser to Myanmar’s civilian government, he was a Professor of Economics at Macquarie University, and a senior analyst at the Reserve Bank of Australia.

RARE interview with Aung SAN Suu Kyi by John Pilger While House Arrest (1996) / Our History

to Our History: https://bit.ly/3v5mKBG

John Pilger interviews Burma’s Pro-democracy advocate Aung San Suu Kyi while under house arrest as a prisoner of conscience.

This film was first broadcast: 1996

Watch More Documentaries
Our Life – https://bit.ly/3A8xRMJ
Our History – https://bit.ly/3rUpdhL
Our World – https://bit.ly/3ftuckM
Our Stories – https://bit.ly/3ynfFyk
Our Taste – bit.ly/3OZoDcV

The Lady Movie Abstract သ့မဏီ နှင်းဆီ

မြန်မာနိုင်ငံ အတိုင်ပင်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ခေါင်းဆောင် ၏ မိန့်ခွန်းနှင့် အမေးအဖြေများ ၁- ၁၂- ၂၀၁၆ စင်ကာပူ

ဗိုလ်ချုပ် ဇနီး ဒေါ် ခင်ကြည်အကြောင်း

https://fb.watch/tYKt0CgiXR/?

Aung SAN Suu Kyi- Lady of No Fear ( Full Documentary)

We know Aung San Suu Kyi as “a golden bird in a cage”; she is a valuable icon representing freedom and democracy of which the suppressed population of Burma much hope for. In the West she stands out as a symbol of peace and reconciliation, she has been awarded countless prizes for her effort, among them the Nobel Peace Prize. But who is the person and woman behind it all? In this film her close family, friends and close colleagues tell about a daughter, a wife, a friend, a mother, a rebel – that early in life met deep grief and deprivation.

It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it.”
Aung San Suu Kyi is known first and foremost as the political opposition leader at the centre of 20 years of social unrest and turmoil in Burma. What many do not know is that she started out as a British housewife in the upper echelons of Oxford society before she went back to her oppressed homeland and joined the struggle for freedom. Since her return she was held under house arrest for fifteen out of twenty-one years during which she had minimal contact with her family and closest relations. ‘Lady of No Fear’ offers a close-up of the freedom fighting woman Aung San Suu Kyi and her husband, ‘her knight in shining armour’ Dr Michael Aris, who died on his 53rd birthday in 1999, still unable to see his wife. Together they gave up their normal life and marriage for the cause of freedom in Burma. She comes across as charming, determined and stoical in her decision to fight for her country at the expense of her family.
The focus is on the personal consequences of such powerful idealism and conviction that the current regime can be toppled by peaceful means. The film is a tribute to the woman at the heart of the rebellion, her steadfast husband and supporter, and not least to Gandhi’s vision of non-violent civic resistance.

A film by Anne Gyrithe Bonne

© 2010, Licensed by First Hand Films

Subscribe to wocomoDOCS: https://goo.gl/sBmGkp
Follow us on Facebook: / wocomo

The Rise and Fall of Myanmar’s Aung San Suu Kyi Explained

A non-violent freedom fighter? A war crimes apologist? Or is she something in between? Aung San Suu Kyi’s decades-long, non-violent struggle for democracy made her a hero around the world. But once appointed to office, many say her leadership, has been disappointing.
» Subscribe to NowThis World: http://go.nowth.is/World_Subscribe
» Watch the Previous Episode: https://go.nowth.is/2TTHZIn

Born on June 19th, 1945, in what was then Rangoon, Burma, Aung San Suu Kyi was destined to be defiant from the start.

Her father was none other than Aung San — the former military general who negotiated Burma’s independence from the British in 1947. He became known as a national hero, and the founder of modern-day Myanmar, which was then known as Burma.

But in 1947, when Suu Kyi was just 2 years old, everything changed. Her father was assassinated by a rival politician.

She went on to graduate from high school in 1964, and then studied with the global elite at Oxford University. There she met her to-be husband. Years later they settled in the United Kingdom, where they had two sons.

this time, Suu Kyi continued to watch as her country was sinking further into dictatorship.

After nationwide protests against the one-party rule and the military dictatorship culminated in what later became known as the 8/8/88 Uprising protesters were in search of a leader. They looked to the then 43-year-old Suu Kyi to fill the shoes of her father — as a fighter for Burmese democracy.

And that’s exactly what she did

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • ကမ္ဘာ့သမိုင်း
  • စင်ကာပူ နိုင်ငံ ၊ လေ့လာစရာ များ ။
  • စာပေ ဟော ပြောပွဲများ Literary Talks in Myanmar
  • တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
  • တွေ့ဆုံမေးမြန်းခန်း များ Interviews
  • ထူးခြားထင်ရှား ပုဂ္ဂိုလ် များ
  • ထူးခြားထင်ရှား သတင်းများ Breaking News
  • ဘဝနေနည်း
  • မြန်မာ စာပေ ဟော ပြောပွဲများ
  • မြန်မာ စာပေ ဟောပြောပွဲများ ။
  • မြန်မာနိုင်ငံသမိုင်း
  • မြန်မာပြည်
  • မြန်မာ့ လွတ်လပ်ရေး ကျိုးပမ်းမှုသမိုင်း
  • မြန်မာ့အရေး သတင်းများ
  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • ရှေးခေတ် မြန်မာ ပုံရိပ်များ ။
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood
  • သမိုင်း / မြန်မာ့သမိုင်း
  • ဟောပြောပွဲများ၊နှီးနှောပွဲများ။ အင်တာဗျူးများ ။ ရုပ်/သံ videos
  • အင်တာနက် ကမ္ဘာထဲက မှတ်ဖွယ် မှတ်ရာ ဖတ် စရာများ
  • အထုပ္ပတ္တိ / မြန်မာ နိုင်ငံ၏ ထူးခြားထင်ရျားသော ပုဂ္ဂိုလ် ကြီးများ ။
  • အထုပ္ပတ္တိ ၊ ကမ္ဘာ့ ထူးခြားထင်ရှား ပုဂ္ဂိုလ်များ
  • အထွေထွေ ဗဟုသုတ
  • Biography အထုပ္ပတ္တိ
  • Books and Library
  • Breaking News of the Day ထူးခြားထင်ရှား သတင်းများ
  • History သမျုင်း
  • History,ancient and modern
  • Interviews တွေ့ဆုံ မေးမြန်းခြင်း များ
  • Singapore စင်ကာပူ နိုင်ငံ
  • Social Environment လူမှုဘဝ ပတ်ဝန်းကျင် ၊
  • Talks ထူးခြား ထင်ရှား ဟော ပြောစကားများ ။
  • Travels ခရီးသွားမှတ်တမ်းများ

Post navigation

Previous AUNG SAN Suu Kyi Myanmar Lady’s Interviews and Speeches with International news agencies of BBC ,VOA ,Al Jazeera ,and others 3 /3
Next Water Management Around the World and Myanmar

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (1)

Category

Archive

  • February 2026 (4)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
« Jun   Aug »

ADB News

  • ADB, Pacific Islands Forum Agree to Accelerate Regional Cooperation
    20 Feb 2026
  • ADB President, Fiji Prime Minister Open Expanded Office to Strengthen Partnership and Scale Up Impact
    20 Feb 2026
  • ADB, Prima Sign Landmark Cable Deal to Boost Connectivity and Disaster Resilience in Vanuatu
    18 Feb 2026
  • ADB President Meets Vanuatu Prime Minister to Advance Partnership, Unlock Private Sector Investment
    18 Feb 2026
  • ADB President Pledges Support for Solomon Islands Development Goals in Meeting with Prime Minister
    17 Feb 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 42 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

    %d