မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
16 Jul 202422 Mar 2025 uamyint

မြန်မာပြည်၏ ထူးခြားထင်ရှားပုဂ္ဂိုလ်များ။ ဦးအောင် ။ အောင်သမာဓီ ရွှေဆိုင် ရွှေလုပ်ငန်းရှင်ကြီး ၏ သူ့ဘဝ သူ့အကြောင်း သူ့ စေဝနာများ ဟောပြောပွဲ

စာဖတ်သူများအတွက် ဆည် မြောင်းသမိုင်းစာအုပ်များ ။

ဖတ်စရာ မှတ်စရာ ( ၁၄၉ )

သမိုင်းရေးရာ

စာပဒေသာ

သမိုင်းစိတ်ဝင်စားသူ များ

အောင်သမာဓီ ရွှေဆိုင် သူဌေးကြီး ဦးအောင်

ဦးအောင်ရဲ့ လွန်ခဲ့သော ၂၀၁၉ ခု နှစ်က ဟောပြောပွဲတစ်ခုကို

ဦးအောင် (အောင်သမာဓိ) ၏ Myanmar Leadership Conference 2019 ပွဲ ဟောပြောပွဲ ခေါင်းစဉ်ဖြင့်

Youtube video မှာ ယနေ့ ကြည့်ရှု နားထောင်လိုက် ရပါ တယ်.. ။

ရွှေအကြောင်း ရွှေသမိုင်း စာအုပ် ထူထူကြီးရေးသား ထုတ်ဝေ နိုင်ခဲ့သူ ရေါဖျသမား စာရေးသူတစ်ဦး လဲဖြစ်ပါတယ်. ။

ယခုသူဟောပြောပြသ ပေးနေသလို

လူဆ၇ာ လူစာအုပ် လို့သူပြောတဲ့ ဆရာသမား မိဘတွေရဲ့ သွန်သင် ဆုံးမ ဩဝါဒ စကားတွေကိုလဲ စာအုပ်ဖတ်သလို ကြားနာ လိုက်နာလို့ရကြောင်း ပြောပြသွားပါတယ်.။မျက်စေ့ နဲ့ စာဖတ်ရုံသာမဟုတ် ၊နားနဲ့ပါ စာစကား တွေကို နားထောင်လို့ရကြောင်းသူ့ကိုယ် တွေ့အတွေ့အကြုံတွေနဲ့ အခြေခံပြီး ဥပမာပေး ပြောပြသွားခဲ့ပါတယ် ။

ယနေ့မှာ မြန်မာ အသံစာအုပ်တွေ ထွက်ပေါ်လာနေတာကို သတိပြုမိ လိုက် ပါတယ်။ မျက်ူစေ့မကောင်းလို့စာဖတ်ရခက်နေရင် နားနဲ့နား ထောင် လို့ရတဲ့ စာအုပ်ကိုဖတ်ပြပေးနေတဲ့ မြန်မာအသံစာအုပ်တွေ အမျိုးမျိုး လဲ ပေါ်လာနေကြပြီ ။

သူကိုယ် တိုင် ဆရာသမားကောင်းတွေ လူကြီးသူမတွေကို ချဉ်းကပ် ပြီး ယနေ့ ရွှေ သမား သူဌေးကြီး ဘဝကို ရောက်လာခဲ့သူ ၊ ပညာတတ်လူကြီးသူမတွေ ကို လေးစာခဲ့သူ ၊ေရွှ လုပ်ငန်း ဖြ င့် သမာအာဇီဝ အသက်မွေး ပြီးကြီးပွား ချမ်းသာခဲ့သူ ရွှေ သမားကြီး ဦးအောင် ပါ။

၂၀၁၄ ခုနှစ် အတွင်း တစ်ချိန်မှာ ကျွန် တော် သူနဲ့ကိုယ်တိုင် တွေ့ခဲ့ ၊ ဆုံခဲ့ရဘူးခဲ့ တယ်။

ရန်ကုန် ပြည်လမ်းက အမျိုးသားပြတိုက်အသသ်ကြီးထဲ မှာပါ။

သူက ရွှေ သမိုင်း အကြောင်း သူရေးထားတဲ့စာအု ပ် တစ်အုပ် ထုတ်ဘို့ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာတိုးလှထံ ချက်းကပ်ပြီး သူ့စ,ာအုပ်အတွက် အကြံညာဏ်နဲ့ စာအုပ် အကြောင်းအမှာစာ ရေးပေးရန် ဆရာကြီးနဲ့ လာတွေ့တာ သူနဲ့ တွေ့ ဆုံခဲ့ရဘူးပါတယ်။

ထိုအချိန်မှာ သမိုင်း ဆရာ ကြီးက အသက် ၇၅ နှစ် အရွယ် ခန့် ဖြစ်နေပြီ ။စာဖတ်အား ကောင်းနေတုန်း ။ စာရေးကောင်း ၊နေတုန်း။ စာအုပ် တွေ တစ်အုပ်ပြီးတစ်အုပ် ရေးထုတ် ကောင်း နေနိုင်တုန်း ၊ကျနိးမာရေးကလဲ ကောင်းနေတုန်း အရွယ် ပါ။ ကျွန်တော်က ပင်စင်စား အသက် ၆၅ နှစ် ၊ဆရာကြီးနဲ့ အသက် ၁၀ နှစ်ကွာပါတယ်. ။

ကျွန် တော်ကလဲ ဟင်္သာတတက္ကသိုဘ် ဒုတိယ ပါမောက္ခချုပ် အငြိမ်းစား ဆရာကြိး ဦးခင်မောင်ချို (ဦးအောင်ကြီး) နဲ့ ခင်မင်ရင်း နှိးခဲ့ရာက စာအကြောင်းပေအေကြောင်းစာအုပ်အကြောင်း ပြောရင်း

သူနဲ့စကားစပ် မိပြီး သူနဲ့သိတဲ့ ခင်တဲ့ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာတိုးလှနဲ့ တွေ့ဘို့ ပြည်လမ်းမကြီးဘေးက အမျိုးသားပြတိုက် အ သစ်ကြိး မှာ ရုံးထိုင် အလုပ် လု ပ်နေသူ သမိုင်း ဆရာကြီး ကို သွား ,တွေ့စဉ် ဆရာကြီး နဲ့စကားပြောနေတဲ့ ရွှေသမားကြီး ဦး အောင်နဲ့ သွားဆုံခဲ့ရဘူး ခဲ့ ပါတယ် ။

ဦးအောင် ဘယ်အချိန်ကရောက်နေမသိဘဲ ဆရာကြီးနဲ့ သူ့ေရွှ သမိုင်းစာအုပ်အကြောင်း ဆွေးနွေး အကြံညာဏ်ယူ စကားပြောနေကြတာ အချိန် အတော်ကြာကြာ ဘေးက ထိုင် စောင့်နေခဲ့ရပါတယ်. ။

သူလဲသူ့ကိစ္စပြီးတော့ သမိုင်းဆရာကြီးက ကျွန်တော့်ကို သူနဲ့ မိတ်ဆက်ပေးလို့ သူနဲ့ခေတ္တ မိတ်ဆက် စကားပြောပြီးနောက် သူအပြန်မှာ သူရေးတဲ့ ရွှေ အကြောင်း သမိုင်းစာအုပ်ကို သူကိုယ် တိုင် လက်မှတ် ထိုးပြီး သူ့လို ဘဲ စာသမား ကျွန် တော့်ကိုလက်ဆောင်ပေးခဲ့ပါတယ်။

ကျွန် တော်ကလဲ ရွှေနဲ့ မစိမ်းသူ တစ်ယောက်ပါ။ ၁၉၄၈ ခု နှစ် မြန်မာ့လွတ်လပ်ရေးရပြီးစ နောက်ပိုင်းနှစ်တွေမှာ ကျွန် တော် အသက် ၄/ ၅နှစ်သားအ ရွယ်ခန့် မှာ ဖခင်မဆုံးမီက အဖေကညောင်တုန်းမြို့ မှာ ေရွှသမားတိုင်း သိကြတဲ့ ေ၇ွှပန်းတိမ်ဆရာတစ်ဦး ပါ ။ နောင်မှာ RIT ကျောင်းစတက်နေစဉ် အဒေါ်ကြီး ရဲ့ အမျိုးသား ယေင်္ကျား ၊ ဘကြီးဖြစ်သူကလဲ ရန်ကုန် ကြည့်မြင်တိုင် မှာ ရွှေ ပန်းတိမ်ဆက်လုပ်နေခဲ့ ရာက ၊ နောင်မှာ မြို့ထဲ လမ်း ၃၀ ကို ပြောင်းပြီး အခေါက် ရွှေချွတ်လုပ်ငနိးကို မိသားစု တွေနဲ့ စုပေါင်း လုပ်ကိုင် နေကြစဉ် ၊ မဆလခေတ် မှာ ဘူဇဝါစစ်ဆင်ရေးဆိုပြီး မြို့ထဲ မဂို လမ်း ( ရွှေဘုံသာလမ်း ) တစ်ဝိုက် ၂၉ မ်းနဲ့ လမ်း ၃၀ က ေ၇ွှသမားတွေ ၊နာမည်ကြီး ေ၇ွှလုပ်ငန်းရှင်တွေ အများအပြားကို ထိန်းသိမ်းခဲခဲ့ရာမှာ ဘကြိးလဲပါသွားခဲ့ပါတယ်။ ၂ နှစ်အကြာမှာ အင်းစိန် ကပြန်လာတော့ ဘကြီးက စိတ်နာပြီး ေရွှချွတ် လုပ်ငန်းဆက်မလုပ်တော့်ဘဲ အပျော် ထမ်း ဥယဉ် ပန်းစိုက် လုပ်နေ ရင်း အိုရွယ် ချိန် မှာ ဆုံးပါးခဲ့ပါတယ်.

ရွှေချွတ်လုပ်ငနိးကို မြို့ထဲမှာ အမျိုး တွေ စုပေါင်းဆက် လုပ်ခဲ့ကြစဉ် မှာ မြို့ထဲ့က ဘကြိးအိမ်မှာ ဦးလေးတစ်ယောက်နဲ့အတူ ညီအကိုတွေနဲ့ ကျွန် တော်လဲ RIT စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် အချို့မှာ နိုင်သရွေ့ဝင်ကူလုပ်ပေးခဲ့ရဘူးပါသေးတယ် ။

ကျွန်တော်ကလဲ ေရွှသမားကြီး ဦးအောင်လာတွေ့ခဲ့ သူ သမိုင်းဆရာကြီး ဒေါက်တာဦးတိုးလှကို သူနဲ့ သိတဲ့ မိတ်ဆွေကြီး ဦးခင် မောင်ချိုနဲ့အတူ လာတွေ့ခဲ့တာပါ။

ကျွန် တော်က ၂၀၀၉ မှာ ဆည် မြာင်းအင်ဂျင်နီယာ ပင်စင်စား တစ်ဦး ဖြစ်နေပြီး စာအုပ် ဝါ သနာပါသူမို့ ပင်စင်ယူပြီးမှ ဒေါက်တာသနိးထွန်းရဲ့ သမိုင်းစာအုပ်တွေကို စိတ်ဝင်တစ်စား ဖတ်မှတ် လေ့လာခဲ့ရာက ဆည် မြောင်းသမိုင်းစာအုပ် ကို သမိုင်းဆရာကြီး က ရေးပေးနိုင်မလားစိတ်ကူးနဲ့ ဆရာကြီးကို လာရောက် တွေ့ဆုံ ချဉ်း ကပ်ခဲ့တာပါ။

ဆရာကြီးနဲ့တွေ့ပြိးစကားပြောကြည့်တော့မှ ကျွန်တော် လုပ်ချင်တဲ့ ထုတ် ဝေချင်တဲ့ ဖြစ်ချင်တဲ့ ဆည် မြောင်း သမိုင်း တွေကို ဆရာကြီးကလဲ စိတ်ဝင်စားလို့ အချက်အလက်တွေစုထားတာ၊ တစ်ပိုင်းတစ်စ ရေးထားပြီးဖြစ် ကြောင်းနှင့် သူရေးထားတဲ့ ဆည် မြောင်းသမိုင်းစာတွေ ကို ထုတ် ပေးမဲ့သူ ရှာနေကြောင်း ပြောပါတယ် ။

တိုက်ဆိုင်လိုက်တာ။

ထန်းသီးကြွေခိုက်ကျီးနင်းခိုက် ဆိုသဘို ဝါသနာတူသူတွေ သမိုင်းစိတ် ဝင်စားသူ ဆရာတပည့်တွေ လာ ဆုံခဲ့ကြတဲ့ နေ့တစ်နေ့ ပါဘဲ။

နောင်မှာ ကျွန် တော် ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ မြန်မာ တို့ရဲ့ဆည် မြေား သမိုင်းစာအုပ် ၄ အုပ် ကို ဆရာကြိး အသက် ၇၅ နှစ်မှအသက် ၈၁ နှစ်အတွင်း ၆ နှစ်ခန့် ကာလအတွင်းမှာ နိုင်ငံ ဆည် မြောင်းအတွက် ( အောက်ပါအတိုင်း ) ကျွန် တော် ကိုယ် တိုင် တာဝန်ယူ ထုတ် ဝေဖြန့်ချီပေးနိုင်ခဲ့ပါတယ်။

လုပ် ချင်တာတွေ ၊ ဝါသနာပါရင်၊ စိတ်ဝင်စားရင်၊ လုပ်ရင်ဖြစ်တယ်လို့ ဆိုတဲ့ မိမိ အတွေး အယူအဆအတိုင်း လုပ်ချင်တာတွေဖြစ်ခဲ့ပါတယ်။

အေးမြင့် ( ညောင်တုန်း ) စီစဉ် ထုတ် ဝေခဲ့သော ထုတ်ဝေပြီး ဆည်မြောင်းသမိုင်းစာအုပ်များ

သမိုင်းပညာရှင် ဆရာကြီးဒေါက်တာ တိုး လှ ရေးသားပေးခဲ့သည့် ဆည်မြောင်းသမိုင်း စာအုပ်များ

ရှေးမြန်မာမင်း တို့ တည်ဆောက်ခဲ့သော ဆည်မြောင်းများ ။

အပိုင်း ၁။ လယ်တွင်း ကိုးခရိုင် ( ကျောက်ဆည် ) ဆည်မြောင်း သမိုင်း ၊ ( ၂၀၁၅ ၊ မတ်လ)

အပိုင်း ၂။ စလင်း ခြောက်ခရိုင် ( မင်းဘူး ) ဆည်မြောင်း သမိုင်း ၊ ( ၂၀၁၆ ၊ ဇွန်လ )

အပိုင်း ၃။ တောင်တွင်းကြီး ဆည်မြောင်း သမိုင်း ၊ ( ၂၀၁၇ ၊ ဒီဇင်ဘာလ )

အပိုင်း ၄။ တောင်ပြုန်းခရိုင် ဆည်မြောင်းကန်ချောင်းများသမိုင်း ၊ ( ၂၀၁၉ ၊ နိုဝင်ဘာလ )

( ကန်ကြီးများအခြေ ပြု မြန်မာ့ လူမှု အဖွဲ့အစည်း )

ဆက်လက်ထွက်ရှိလာမည့် သမိုင်းဆၕာကြေိးဒေါက်တာတိုးလှ၏ ရေးသားနေဆဲ

ဆည်မြောင်းသမိုင်းစာအုပ်

အပိုင်း ၅ ။ ေရွှ ပြည်ရန်အောင်မြေ ဆည်မြောင်းသမိုင်း ။

( ရေကန်ကြီးများအောက်က လူသားသမိုင်း အလှ )

သမိုင်းသင်တာ လူတွေ မ “ အ “ အောင် လို့ ဟု သင်ကြား ခဲ့သူ သမိုင်းပညာရှင် ပညာတတ် လူတော် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ အဆို စကား ဩဝါဒ ကို သတိရနေဆဲပါ။

ရည်ညွှန်း

အောင်သမာဓီ ဦး အောင်၏ ဟောပြောပွဲ

ဦးအောင် (အောင်သမာဓိ) ၏ Myanmar Leadership Conference 2019 ပွဲ ဟောပြောပွဲ

အေးမြင့် (ညောင်တုနိး)

၁၆၊ ၇ ၊၂၀၂၄

ဆက်စပ် ဟော ပြောပွဲများ

အောင်သမာဓိ ဦးအောင်၏ ဘဝအတွေ့အကြုံ ဟောပြောပွဲ များ ။

၁ ။ ဦးအောင် ပြောပြတဲ့ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ အကြောင်းတရား

၂ ။ ဘဝနှင့် ေရွှ ခေါင်းစဉ်

၃ ။ အောင် သမာဓီ ရွှေ ဆိုင် ပိုင်ရှင် ဦးအောင်ရဲ့ ဘဝ ဖြစ်စဉ် ဧောပြောပွဲ အကိုင်း ( ၂ )

၄ ။” ပရဟိတ “ လုပ်မယ် ဆိုရင် ကိုယ့်အိမ်ကနေ အရင် လုပ်ပါ ဆိုတဲ့ ဦးဤောင် ( အောင် သမာဓိ )

၅ ။ Let’s Talk ဦး အောင် ( အောင်သမာဓိ ရွှေဆိုင် ) အပိုင်း ( ၂- ၁ )

” အောင်မြင်တဲ့ လူတွေဟာရူးကိုရူးရမယ် ဦးအောင်ဆို ငါးနှစ်သားလောက်ကတည်းက ကိုယ့်အကြောင်းကို ကိုယ်သိတယ် ခုခေတ်လူငယ်တွေကို ကိုယ့်အကြောင်းကို ကိုယ်ဘယ်အချိန်ထဲက သိလဲ ဘယ်လောက်သိလဲ လို့ ဦးအောင်မေးချင်တယ်…. “

၆ ။ Let’s Talk ( ဦးအောင် ဆန်းဝင်း ( အောင်သမာဓိ ရွှေဆိုင် ) အကိုင်း ( ၂-၂ )

၇ ။ Let’s Talk ( ဦးအောင် ဆန်းဝင်း ( အောင်သမာဓိ ရွှေဆိုင် ) အကိုင်း ( ၂-၃ )

၈ ။ Let’s Talk ( ဦး အောင် ဆန်း ဝင်း ( အောင် သမာဓိ ရွှေ ဆိုင် ) အပိုင်း ၁ -၂ )

၉ ။ Let’s Talk ( ဦး အောင် ဆန်း ဝင်း ( အောင် သမာဓိ ရွှေ ဆိုင် ) အပိုင်း ၁ -၃ )

၁၀ ။ ဦး အောင် ( အောင် သမာဓီ ) ၏ “ ဘဝစာမေးပွဲ “

၁၁ ။ လူငယ်များနှင့် တောက်ပသော အနာဂတ်

၁၂ ။ “ ငွေမကုန်တဲ့ အလှူ တစ်ခု နေ့စဉ် ပြုပါ “

၁၃။ ငွေချေးခြင်း နှင့် ပတ်သက်ပြီး ဦးအောင်ရဲ့ အကြံ ဥာဏ် ပေးမှုများ

၁၄။ ဘဝ သင်ခန်းစာ – Life Lessons

၁၅ ။ အရင်းအ နှီး ဟာ မင်းဘဲ ( ချမ်သာချင်ရင် ပရီသတ်နှင့် ခြံပေါက်မွေး ….. )

၁၆ ။ # itPoker အောင်သမာဓိ ဦးအောင် ပြောသော ဘဝ အကြောင်း ( ၂ )

၁၇။ ဦးအောင် မိဘကျေးဇူးဆပ်ပုံ ( အောင်သမာဓိ ေ၇ွှဆိုင် )

၁၈။ “ ပညာနဲ့ အစား မလဲ နဲ့ “ ဦးအောင်

၁၉။ ဒုက္ခတွေကြောင့် ချမ်းသာ လာတာ ၊ ဦးအောင်

၂၀ ။ ဦးအောင်ကို အောင်မြင်စေတဲ့ ခံယူချက်များ

၂၁ ။ အောင်သမာဓိ ဦးအောင် နှင့် Interview အစီအစဉ်

၂၂ ။ ကံဆိုတာ အလုပ် ၊ ဦးအောင်

၂၃ ။ အောင်သမာဓိ ဦးအောင် စာပေဟောပြောပွဲ။ ၂၀၁၉ ( စ/ဆုံး)

၂၄ – ပတ်ဝန်းကျင် ကောင်းများ ရှာတတိဖို့ ။ ဦးအောင်

ချမ်းသာချင်ရင် အာကောင်းအောင်လုပ် ဦးအောင်

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • စာပေ ဟော ပြောပွဲများ Literary Talks in Myanmar
  • စာအုပ်စာပေ လူ့မိတ်ဆွေ
  • တွေးမိ တွေးရာ ရေးမိရေးရာများ
  • ပညာရေး
  • ဘဝနေနည်း
  • မြန်မာ စာပေ ဟောပြောပွဲများ ။
  • မြန်မာပြည်
  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood
  • သဘာဝ ပတ်ဝန်းကျင် Environment
  • သုတ၊ ရသ စာပေ။
  • အထွေထွေ ဗဟုသုတ
  • Biography အထုပ္ပတ္တိ
  • Breaking News of the Day ထူးခြားထင်ရှား သတင်းများ
  • Leisure and Pleasure
  • Social Environment လူမှုဘဝ ပတ်ဝန်းကျင် ၊
  • Wealth ကြွယ်ဝ ချမ်းသာမှု

Post navigation

Previous Water Management Around the World and Myanmar
Next LITERATURE TALKS Myanmar နိုင်ငံအရေးမောင်သာချို ၏ စာပေ ဟောပြောပွဲများ နှင့် အခြားစာရေးဆရာများ ၏ စာပေဟောပြောပွဲများ။ အသံစာအုပ်များ

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (1)

Category

Archive

  • February 2026 (4)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
« Jun   Aug »

ADB News

  • ADB, Pacific Islands Forum Agree to Accelerate Regional Cooperation
    20 Feb 2026
  • ADB President, Fiji Prime Minister Open Expanded Office to Strengthen Partnership and Scale Up Impact
    20 Feb 2026
  • ADB, Prima Sign Landmark Cable Deal to Boost Connectivity and Disaster Resilience in Vanuatu
    18 Feb 2026
  • ADB President Meets Vanuatu Prime Minister to Advance Partnership, Unlock Private Sector Investment
    18 Feb 2026
  • ADB President Pledges Support for Solomon Islands Development Goals in Meeting with Prime Minister
    17 Feb 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 42 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d