ကြည့်စရာ သိစရာ
ရေရေးရာ
အသက်သခင် ရေ
ရေနှင့် မကင်းနိုင်သူများ
သိသင့်သော
မြေအောက်ရေအကြောင်း သိကောင်းစရာများ ။
USA ရောက် နေသူ Bionic Man မြန်မာပြည်သား တစ်ဦး။
တစ်ခေတ် တစ်ချိန်က မြန်မာနိုင်ငံ အမျိုးသားအဆင့်
ရေအရင်းအမြစ် ကော်မီတီ အကြံပေး အဖွဲ့ဝင် ဖြစ်ခဲ့သူ
မိတ်ဆွေကြီး ဦးမြင့်သိန်း က
USA ရောက်နေခဲ့ စဉ်မှာ
နှလုံးနှင့် သွေးကြောပြဿနာ ရောဂါ ကုသ ခဲ့ ရပြီးနောက်
နှလုံး စက်အတွက် ဘက်ထရီကို အမြဲလွယ်နေရပြီး
နှလုံးစက် ဖြင့် အသက်ရှင်နေရစဉ် ၊ စာရေးစာဖတ်ဝါသနာပါသူ
မိတ်ဆွေ ကြီးက သူရေးသားခဲ့သော မြေအောက်ရေဆောင်းပါးများကို စာအုပ် အဖြစ် ထုတ် ဝေဖြန့်ချီခဲ့ရာ
မြန်မာပြည်မှ ပေးခဲ့သော အမျိုးသားစာပေဆုကို
ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သူ ဖြစ် ပါတယ်။
VOA မြန်မာပိုင်းမှ ကြာမီကထုတ်လွှင့်ခဲ့သော
ရေမိတ်ဆွေကြီး ဦးမြင့်သိန်း၏ မြေအောက်ရေ အကြောင်း သိ ကောင်းစရာ VOA အင်တာဗျူး ကို
ကူးယူမျှဝေလိုက်ပါတယ်။
ရေအရင်းအမြစ် ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ မြေအောက်ရေကို နေရာအနှံ့မှာ ထုတ်ယူသုံးစွဲနေကြတာ ဖြစ်ပြီး အရည်အသွေး အကောင်းဆုံးက သက်နုကျောက်လွှာတွေထဲ ခိုအောင်းနေတဲ့ ရေအောင်းလွှာတွေ ဖြစ်တယ်လို့ ဇလဘူမိဗေဒပညာရှင် ဦးမြင့်သိန်းက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဗွီအိုအေ အမေရိကန်အသံသည် မြန်မာနှင့် ကမ္ဘာတလွှား နောက်ဆုံးရသတင်းတွေကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အင်တာနက်တို့ကနေ မြန်မာဘာသာဖြင့် နေ့စဉ်ထုတ်လွှင့် တင်ဆက်ပေးနေပါသည်။ ဗွီအိုအေ အစီအစဉ်တင်ဆက်မှု အသေးစိတ်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။
ရေမိတ်ဆွေကြီး ဆက်လက် ကျန်းမာသက်ရှည်လျက်
ရေအရေး ၊ရေရေးရာ စာပေများ ဆက်လက် ရေးသားဖြန့်ဝေနိုင်ပါစေကြောင်း ဆန္ဒပြုနေလျက်ပါ။
အေးမြင့် (ညောင်တုန်း )
၁၅ /၇/၂၀၂၄
