နမ္မတူ ဘော်တွင်း က ထွက်လာတဲ့ဦးညီ ။ ရှေးခေတ်ဟောင်းက ရှမ်းပြည်ဘော်တွင်းမိုင်းမှာ တာဝန်ခံ စီမံ ကွပ်ကဲ အုပ်ချုပ် လုပ်ခဲ့သူ သတ္ထုတွင်း မိုင်း အင်ဂျင်နီယာ လူတော်ကြီး ဦးညီ ( ဘော်တွင်း ) 12 July 2024

သက်ကြီးရွယ်အို
မြန်မာပညာတတ် လူတော်ကြီးများထဲက တစ်ယောက်

ဝါရင့် နမ္မတူ ဘော်တွင်းအင်ဂျင်နီယာကြီး
ဦးညီ နဲ့ ညနေခင်း တစ်နေ့တာ

စင်ကာပူကို ဆရာကြီးရောက်နေတယ်ကြားလို့
ဆရာကြီနေထိုင်ရာ အိမ်ကို တကူးတက သွားတွေ့ခဲ့ပါတယ်

ဆရာကြီးက အသက် ၉၀ နားနီးနေပြီ
ကျန်းမာရေးက ကောင်းနေဆဲ
စာတွေဖတ် စာတွေရေးနေနိုင်ဆဲ
အလွန်တော်တဲ့ ဝါရင့် စာရေးဆရာကြီး
နမ္မတူ သတ္တုတွင်း အင်ဂျင်နီယာ ကြီး တစ်ဦး ဖြစ်တယ်။

ယခု အင်္ဂလိပ် စာအုပ်တစ်အုပ်ရေးနေတယ်
မြန်မာအများသိထားပြီးအကြောင်းအရာ
နိုင်ငံခြားသားတွေအသိနည်းပြီးအလေးမထားကြတဲ့
မဟာဗုဒ္ဓဝင်ထဲကအကြောင်းအရာ အထုပ္ပတ္တိ
မဟော်သဓာ အကြောင်းစာအုပ်ဖြစ်ပါတယ်။
နိုင်ငံတကာစာဖတ်ပရိသတ်အတွက်
ဆရာကြီးအချိန်ယူရေးနေတာ ကြာပြီ။
ရေးလိုက် ပြန်စစ်လိုက်နဲ့ ရေးကောင်းနေဆဲပါ ။

ဆရာကြီးက Meditation ဆိုပြီး
ဝိပဿနာ ဘာဝနာ တရားထိုင်ခြင်းအကြောင်းစာအုပ်ကို
အင်္ဂလိပ်လို ရေးသားထုတ်ဝေဖြန့်ဝေခဲ့ဘူးပြီး
နိုင်ငံတကာကို ဖြန့်ဝေ ခဲ့ပြီး ဖြစ် တယ် ။

မြန်မာပြည်က အထင်ကရ ဆရာတော်ကြီးတစ်ပါး အကြောင်းကိုလဲ
နိုင်ငံခြားသားစာဖတ်ပရိသတ်တွေအတွက်
အင်္ဂလိပ်လို ရေးသား ထုတ်ဝေခဲ့ဘူးသေးတယ်ပြောပြပါတယ်။

မြန်မာပြည် မှာ ရှေးခေတ် ဟောင်း အခါသမယ ကာလမှာ
မြောက်ပိုင်း ရှမ်းပြည်နယ်ထဲက နမ္မ တူဘော်တွင်းမှာ
ရှေ့ဆောင်ဦစီးဦးရွက် တာဝန်ခံ ဆောင်ရွက်ခဲ့သူ
ဘော်တွင်းမိုင်း သတ္တုတွင်းအင်ဂျင်နီယာ
ပညာတတ် လူတော်ကြီးတစ်ယောက်လဲဖြစ်ခဲ့တယ်၊

စာရေးဆရာကြီးမြသန်းတင့်က ဆရာကြီးတာဝန်ခံလုပ်နေတဲ့ နမ္မတူဘော်တွင်းကို စာပေဟောပြောပွဲသွားစဉ် ဆရာကြီးအကြောင်း ဘော်တွင်းမိုင်းအကြောင်းတွေကို ဆရာမြသန်းတင့် ရဲ့ဆောင်းပါးပေါင်းချုပ်စာအုပ်တစ်အုပ်ထဲမှာ တွေ့ခဲရ ဖတ်ခဲ့ရဘူးတယ်။

နိုင်ငံတကာဆက်ဆံရေးတွေကောင်းနေစဉ်ကာလ
မကြာသောနှစ်များက
ဩစတျေလိယ နဲ့မြန်မာလုပ်ငန်းရှင်တစ်ဦးတို့ပူးပေါင်းပြီး
ရှမ်းမြောက်ပိုင်းက ရှေးခေတ်က နမ္မတူဘော်တွင်းကို ပြန်လည်စစ်ဆေး ပြုပြင်ဘို့ စီစဉ်နေကြစဉ်မှာ
ရှေးအခါက ဘော်တွင်းပညာရှင်ကြီး ဦးညီနဲ့
တိုင်ပင်အကြံညာဏ် ရယူ ခဲ့ကြတဲ့အကြောင်း ကို
ကျွန်တော်တို့အဖွဲ NEPS ကလဲ နမ္မတူဘော်တွင်း ပြန်လည်မိမ်းမံ ပြုပြင်ပြောင်းလဲပြီးအ လုပ်သစ်တွေ ဖန်တီး ဖေါ်ဆောင် လုပ်ခဲ့ကြ သော် တွေ့ကြုံလာနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေကို လေ့လာ စစ်ဆေးဘို့ လုပ်ငန်းရှင် တွေနဲ့ ညှိနိင်းစီစဉ်နေဆဲ မှာ ဆရာညီအကြောင်း အကြံပေးအတိုင်ပင်ခံ အဖြစ် ကြားသိခဲ့ရတယ်။
မကြာခင်ခေတ်ပြောင်းသွားလို့ နိုင်ငံတကာဆက်ဆံရေးတွေ အလုပ်တွေလဲ ရပ်စဲသွားခဲ့တယ် ယူဆ ရပါတယ်။

ဆရာကြီးရဲ့ဇနီးသည်ကြီးကလဲ အသက် ၉၀ နားနီး
အသက်ရှည်သူ တစ်ဦးပါ။
မိမိဇနီး BEd 1972 ဆင်း အသက် ၇၆ နှစ်ကျော်
ကျောင်းဆရာမ ငယ်လေးနဲ့
ဆရာညီဇနီး ၁၉၆၂ BEd ဆင်း ဆရာမကြီးတို့က
အသက်အရွယ်တွေက ၁၀ နှစ် ကျော် ခန့်ကွာကြပါတယ်။

ကျွန်တော့် ဇနီးသည်က ဆရာမကြီးနဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဘယ်ရာတွေ စကားလက်ဆုံကျ ပြောနေကြစဉ်
ကျွန်တော်ကလဲ
ဝါရင့်အင်ဂျင်နီယာ စာရေးဆရာကြီး
ဆရာကြီး ကလောင်အမည် မောင်ညီ (ဘ်ေတွင်း)နဲ့
သူရေးတဲ့ ကျွန်တော်ရေးတဲ့ စာအကြောင်း ပေအကြောင်း
စာအုပ်တွေအကြောင်း
ရေရေးရာ ပညာရပ် တွေ အလုပ်တွေအကြောင်း
စိတ်တူ ကိုယ်တူ ပြောမဆုံးပေါင် စကားတွေပြောဖြစ်နေကြတယ်။

ဆရာညီတို့ဇနီးမောင်နှံက
သူ့သမီးငယ်တစ်ယောက်နဲ့ အတူ သူနေထိုင်ရာ ဘရူနိုင်း နိုင်ငံ မှ
စင်ကာပူ မှာနေသူ သူ့သမီးကြီးတစ်ဦးအိမ် ကို
ခေတ္ထလာရောက် လည်ပတ် နေကြတာဖြစ်တယ်

စင်ကာပူ နိုင်ငံ Clementine ကလန်မန်တီးရပ်ကွက်
ဆရာတို့မိသားစုနေကြရာ ၂၂ ထပ်တိုက်ကြီးရဲ့ အပြင်မှာ
နေဝင် ညမှောင်နေတာပင် လျင် ကျွန်တော်တို့ သတိမထားမိကြ
စကားတွေဖေါင်ဖွဲ့ကောင်းနေလိုက်ကြတာ

Updated recent news on Namtu Bawdwin Mine Industry

Chat GPT/ Namtu Bawdwin Mine Industry and
America’s 30th President Herbert Hoover Mining

Q by Aye Myint

What were the role of America’s President Herbert Hoover in Namtu Bawdwin Mine industry in Burma before his presidency ?

A by Chat GPT
Before his presidency, Herbert Hoover was an influential mining engineer and businessman with significant involvement in international mining operations, including the Bawdwin Mine in Namtu, Burma (now Myanmar). Hoover played a crucial role in revitalizing the Namtu Bawdwin Mine, a rich source of lead, silver, and zinc.

Here’s an overview of Hoover’s role:

  1. Consulting Role: As an experienced mining engineer, Hoover advised and consulted for British companies that invested in mining. He was associated with Burma Corporation Ltd., the company responsible for the Bawdwin Mine. His expertise helped guide operations and expansion plans, making the mine one of the most productive in Asia.
  2. Modernization and Efficiency: Hoover promoted modern mining techniques and management practices at the Bawdwin Mine. His insights improved extraction efficiency and ore processing, which led to higher yields and profits for the company. This modernization established the mine as a model for other mining operations in Southeast Asia.
  3. Global Influence and Investment: By helping secure foreign investment and advocating for advanced mining practices, Hoover made the Bawdwin Mine attractive to Western investors. This relationship brought in capital from Britain and the United States, elevating Burma’s position as a significant mineral exporter and providing economic growth for the region.
  4. Legacy in Mining Industry: Hoover’s early career in international mining, including his work at Bawdwin, cemented his reputation as a visionary in the mining industry. His role at the Namtu Bawdwin Mine showcased his ability to apply engineering knowledge and business acumen to transform large-scale industrial projects in challenging environments.

Hoover’s influence at the Namtu Bawdwin Mine laid the groundwork for its prominence in the global mining industry, and his contributions to international mining became a key part of his legacy before his entry into politics.