FLOODS ၂၀၂၃ မိုးရာသီ ပဲခူးရေကြီးဖြစ်စဉ် ။ ရေကြီးနေတတ်တဲ့ ပဲခူးမြို့ ။ BBC မြန်မာ ၏ ပဲခူး ရေကြီး သီတင်းဆောင်းပါး။ ပဲခူးမှာဘာကြောင့် ခနခန ရေကြီးနေရတာလဲ

၂၀၂၃ မိုးရာသီ
ပဲ့ခူးမြို့မှာ ရေကြီးခဲ့စဉ်က
ဘီဘီစီ က လှမ်း မေး လာလို့
ပံခူးဆည်မြောင်း ရေကြီးအတွေ့အကြုံတွေ
ပြောပြခဲ့တဲ့
BBC မှာဖေါ်ပြခဲ့တဲ့
ပဲခူးမြို့ ရေကြီးသတင်းဆောင်းပါး

မှတ်ဖွယ်မှတ်ရာ
ဆည် မြောင်းရေးရာ
စာပဒေသာ ( ၄၆ )

ရေကြီးနေတတ် တဲ့ ပံခူး မြို့ ။

BBC မြန်မာ၏
ပဲခူးရေကြီးသတင်းဆောင်းပ်း

ပြန်လည်ကူးယူဖေါ်ပြပါသည်။

အေးမြင့် (ညောင် တုန်း)
( ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ၁၀ ရက် နေ့ )

ရည်ညွှန်း –
BBC New Myanmar ( 10 October 10)

———————————————————

BBC News, မြန်မာ
( 10 October 2023 )

ပဲခူးမှာ နှစ်တိုင်းရေကြီးနေတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်,
KO MYO ( BAGO)
ဓာတ်ပုံ ပုံစာ,
ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရ

လွန်ခဲ့သော တစ်နာရီ က ( ၂၀၂၃ အောက်တိုဘာလ ၁၀ )

ရန်ကုန်မြို့နဲ့ မိုင် ၅၀ လောက် အကွာအဝေးမှာရှိတဲ့ ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပဲခူးမြို့ပေါ် ရပ်ကွက် တော်တော်များများ လူတစ်ရပ်နဲ့ အထက် ရေမြုပ်နေပြီး တချို့နေရာတွေမှာ အိမ် ခေါင်မိုးအထိပါ ရေမြုပ်နေတာ တွေ့ရပါတယ်။
မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရေမြုပ်နေတယ်လို့ ပဲခူးမြို့ပေါ်မှာ နေသူတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းအထိ ပဲခူးမြို့မှာ ရေမကျသေးဘဲ ရေအရင်က မကြီးဖူးတဲ့ မြို့လယ် ဧရိယာတွေကိုပါ ရေက ရောက်လာနေတာဖြစ်တယ်လို့ ပဲခူးဒေသခံတွေက ပြောပါတယ်။
ပဲခူးမြို့လယ်က အမြင့်ပိုင်း နာရီစင် အနီးပါ ရေမြုပ်နေပြီး ရပ်ကွက် ၁၅ ခုနဲ့ ကျေးရွာ ၉ ရွာ လောက် ရေမြုပ်နေပါတယ်။
လက်ရှိမှာ ပဲခူးမြို့ က လူဦးရေ ၁၃,၀၀၀ကျော်လောက် ရေဘေးသင့်နေပါ တယ်။
ပဲခူးနဲ့ ဆက်နေတဲ့ အမြန် လမ်း ၃၉ မိုင်မှာလည်း အောက်တိုဘာလ ၈ ရက်နေ့က လမ်းမပေါ်ကို ရေတွေ ကျော်နေလို့ ကားတွေ ခက်ခက်ခဲခဲ သွားလာ နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
ကိုထင်ကျော် – MFSD DRONE TEAM
ဓာတ်ပုံ ပုံစာ,
မြို့ရဲ့ ၈၀ ရာခိုင်နှုန်း ခန့်ရေမြုပ်နေတယ်လို့ ပဲခူးမြို့ပေါ်မှာ နေသူတွေ ကပြော

နှစ်တိုင်းရေကြီးတဲ့ ပဲခူး

ပဲခူးမှာ ရေကြီးတာ နှစ်တိုင်းဖြစ်တယ်လို့ လွန်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီလက်ထက် သတင်းစာဆောင်းပါးတစ်ခုမှာ စာရေးဆရာ မှူးသမိန်က ရေးသားခဲ့ဖူးပါတယ်။
ပဲခူးမှာ နှစ်စဥ်ရေကြီးလေ့ရှိပြီး ဒီနှစ် ၂၀၂၃ ခုနှစ် ရေကြီးမှုကတော့ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၄ ပေလောက်ကိုကျော်ပြီး ရောက်နေတာဖြစ်တယ်လို့ ပဲခူးဒေသခံတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ သြဂုတ်လတုန်းက တစ်ခါ ရေကြီးခဲ့သေးတယ်၊ ဒီနှစ်ထဲ ပဲခူး မြို့မှာ ရေကြီးတာ နှစ်ခါရှိပြီ”လို့ လည်း သူက ပြောပါတယ်။
ပဲခူးမြို့ပေါ်က ဇိုင်းဂနိုင်း၊ ကျောက်ကြီးစု၊ ခေါင်းဆေးကျွန်း စတဲ့ ရပ်ကွက်တွေဟာ အနိမ့်ပိုင်းဖြစ်လို့ နှစ်စဥ်ရေကြီးလေ့ရှိပြီး အခု အောက်တိုဘာလ ၇ ရက်နေ့ ရေကြီးတဲ့ ဖြစ်စဥ်ကတော့ ခါတိုင်းထက်ပိုထူးခြားပြီး ရေတက်တာပိုများတယ်လို့ ပဲခူးဒေသခံတွေက ပြောကြပါတယ်။
အခုနှစ်ရဲ့ ထူးခြားချက်ကတော့ ပဲခူးမြို့မှာ ပုံမှန်ရေကြီးလေ့မရှိတဲ့ မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနဲ့ သွန်းဘုရားဝန်းရပ်ကွက်တွေအထိ ရေကြီးမြင့်တက်နေပြီး အဲဒီရပ်ကွက်တွေအားလုံး နှစ်ထပ်အမြင့်နဲ့ အထက် အိမ်တွေကလွဲလို့ တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
“တစ်မြို့လုံး ရေတွေပဲ မြင်နေရတယ်။ ပင်လယ်ပြင်ကြီးလိုပဲ။ ကျောင်းတွေလည်းပိတ်ထားတယ်။ လူတွေလည်း အိမ်တွေမှာ ပိတ်မိနေကြတယ်”လို့ ပဲခူးဒေသခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
ကိုထင်ကျော် – MFSD DRONE TEAM

ဒီနှစ် ပဲခူးရေကြီးရတဲ့ အကြောင်းအရင်းထဲမှာ မိုး အများအပြားရွာခဲ့တာလည်း ပါဝင်ပါတယ်။
ပဲခူးမြို့ မိုးရေချိန်ဟာ ပြီးခဲ့တဲ့ ၅၉ နှစ်အတွင်း စံချိန်တင်အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ၇.၈၇ လက်မ နဲ့ စံချိန်တင်ရွာခဲ့တယ် လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပဲခူးမြို့တွင်းမှာ အောက်တိုဘာ ၈ ရက် ညပိုင်းကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ပဲခူးမြို့အတွက် မိုးရေချိန်လက်မ အရင်စံချိန်ဟောင်းကတော့ ၂၀၁၈ ခုနှစ်က စံချိန်တင်ခဲ့တဲ့ ၅.၇၅ လက်မ ဖြစ်ပါတယ်။
လူ ၂ သိန်းခွဲခန့် (၂၀၁၄ သန်းခေါင်စာရင်းအရ) နေထိုင်တဲ့ ပဲခူးမြို့ မှာ အခုလို နှစ်တိုင်း ရေကြီးနေမှုကို ဆယ်စုနှစ်များစွာကြာလာတဲ့အထိ ဘယ်အစိုးရကမှ ဖြေရှင်းနိုင်တာ မရှိခဲ့ပါဘူး။
စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလတွေဟာ ပဲခူးမြို့နှစ်စဥ်ပုံမှန် ကြီးတဲ့ ကာလတွေ ဖြစ်တယ်လို့ ပဲခူး ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
KO MYO ( BAGO)
ဓာတ်ပုံ ပုံစာ,
စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလတွေဟာ ပဲခူးမြို့နှစ်စဥ်ပုံမှန် ရေကြီးလေ့ရှိ

ရိုးမတောင်ကျချောင်းရေ နဲ့ ပဲခူးမြစ်ထဲက ပင်လယ်ဒီရေ

ပဲခူးမြို့ကို ပဲခူးမြစ်က ဖြတ်ပြီးစီးဆင်းနေပြီး ပဲခူးရေကြီးတကြောင့် မြစ်အ‌ရှေ့ခြမ်း၊ အနောက်ခြမ်းတွေ မှာရှိတဲ့ ပဲခူးမြို့ပေါ်ရပ်ကွက်တွေကို ရေလွှမ်းတာခံရတာ ဖြစ်ပါတယ်။
ပဲခူးမြစ်ဟာ ပဲခူးရိုးမကို မြစ်ဖျားခံစီးလာတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ ပဲခူးမြို့ကို ဖြတ်သန်းပြီး ရန်ကုန်မြစ်နဲ့ သန်လျင်မြို့အနီးမှာဆုံတွေ့ပြီး ပင်လယ်ထဲကို စီးဝင်တာ ဖြစ်ပါတယ်။
ရန်ကုန်-သန်လျင် မြစ်ကူးတံတားတွေဟာ ပဲခူးမြစ်ကို ဖြတ်ပြီးဆောက်လုပ်ထားတာရှိပြီး ဒီတံတားတွေဆောက်လုပ်အပြီးမှာတော့ ပဲခူးမြစ်ဝ သန်လျင်မြို့အနီးမှာ သောင်ထွန်းတာတွေကို အထင်အရှားတွေ့ လာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ပဲခူးမှာ စိုးရိမ်ရေအမှတ်ထက် ၃ ပေကျော် ရေကြီးခဲ့ပြီး အဲဒီတုန်းက ပဲခူးမြို့အနီးက ဆည်တွေရေဖောက်ချလို့ ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုတစ်ခေါက် ပဲခူးမှာ ရေကြီးတာဟာ မိုးများတာ၊ တောင်ကျချောင်းရေတွေ ဒလ‌‌ဟော စီးလာတာနဲ့ ပင်လယ်ဒီရေက ပဲခူးမြစ်ထဲကို ဝင်ပြီး အောက်ပြန်မဆင်းဘဲ တောင့်နေတာကြောင့် ရေကြီးမှုဟာ ခါတိုင်းထက် အခြေအနေ ဆိုးသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
KO MYO ( BAGO)

ဆည်တွေက ရေထုတ်လို့လား

ပဲခူးမြစ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပဲခူးတစ်ဝိုက်မှာ အရင်ထက် ပိုပြီးကျဥ်းလာတယ်လို့ လည်း ဒေသခံတွေကဆီက သိရပါတယ်။

အင်္ဂလိပ်ခေတ်ကဖောက်ခဲ့တဲ့ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ် ဆက်သွယ်ထားတဲ့ ၂၇ မိုင်ရှည်တဲ့ ပဲခူးစစ်တောင်းတူးမြောင်းကြီး ရှိပြီး သက်တမ်း ၁၀၀ ကျော်တဲ့ တူးမြောင်းကြီးရဲမူလ အနက်ရအောင် ဆည်မြောင်းက မြေတူးစက် ၁၀၀ ကျော်နဲ့ ပြန်တူးခဲ့တာရှိတယ်လို့ ဆိုပါတယ်။
ဒီတူးမြောင်းက ပဲခူး ၊သနပ်ပင် ၊ဝေါက ပိုလျှံ မိုးရေတွေ ကို မိုးရာသီ ရေကြီးသက်သာအောင် စုပေးပြီး ပဲခူးမြစ် နဲ့ စစ်တောင်းမြစ်ဘက်ကို မလိုတဲ့ ပိုလျှံ ရေတွေ ကိုထုတ်ပေးတာလည်းဖြစ်ပါတယ်။
အခုတော့ ပဲခူးတိုင်း မြောက်ဘက်ခြမ်းက စစ်တောင်းမြစ်ရေဟာ ပင်လယ်ဝကို ကောင်းကောင်းမစီးနိုင်တော့ဘဲ ပဲခူးမြစ်ထဲ စီးဝင်တဲ့ ချောင်းတွေ ဘက်ကို လျှံကျလာပြီး စီးဝင်နေတာကလည်း ပဲခူးမြို့ရေကြီးရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ဆည်မြောင်းပညာရှင်အချို့က သုံးသပ်ကြပါတယ်။
အခုနောက်ပိုင်း ပဲခူးမြို့အနီး ဇောင်းတူဆည်နဲ့ မဇင်းဆည်ဆိုပြီး ရေလှောင်တမန်တွေရှိနေပြီး ဆည်တွေ‌ ရေလွှဲလို့ ပဲခူး ရေကြီးတာဆိုတဲ့ ယူဆမှုတွေလည်း ရှိပါတယ်။
ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပဲခူးတိုင်းအတွင်း အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းတာ၊ ဇောင်းတူဆည်နဲ့ ကဒူကွင်းဆည်တွေရဲ့ ရေပိုလွှဲကနေ ရေကျော်စီးဆင်းတာတွေကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း နဲ့ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတို့မှာ ရေကျော်ခဲ့လို့ ရထားခရီးစဥ် ၄ ခု ယာယီ ရပ်နားခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ရိုးမပေါ်က ကျတဲ့ရေတွေ

ဓာတ်ပုံ ရင်းမြစ်,
KO MYO (BAGO)

ပဲခူးရေကြီးတာဟာ ဆည်တွေ ရေပိုလွှဲကြောင့်ဆိုတဲ့ ကောလဟလ တွေပြောဆိုမှုတွေလည်း ရှိပြီး ဒါဟာ အပြည့်အဝ မမှန်ဘူးလို့ ဆည်မြောင်းဦးစီးဌာနမှာ နှစ်ပေါင်း ၃၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆည်မြောင်း အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။
ပဲခူးမြို့ နှစ်တိုင်း ရေကြီးရတဲ့ အဓိက ပြဿနာဟာ မိုးများပြီး ရေကြီးရင် ပိုများလာတဲ့ ရေပမာဏကို ကောင်းစွာစီးဆင်းသွားနိုင်မယ့် ရေသွားလမ်းကြောင်းတွေ ရေတွေထွက်ရမယ့် အဆင့်ဆင့်သော လက်တံချောင်း/မြောင်းနဲ့ ပင်မရေနုတ်ချောင်း/မြောင်း စနစ်တကျ ကောင်းကောင်းရှိဖို့ကို သူက ထောက်ပြပါတယ်။
ဆည်တမံ မကျိုးပေါက်အောင် ဆည်တိုင်း မဖြစ်မနေ ထည့်တည်ဆောက်ရတဲ့ ဆည်တမံ ရေပိုလွှဲတွေကြောင့် ဆိုတဲ့ အချက်ဟာ ပဲခူးရေကြီးမှုမှာ အဓိက ပြဿနာမဟုတ်ဘူးလို့လည်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှာ အကြံပေးအဖြစ် ၁၀ နှစ်ကျော်ခန့် တာဝန်ယူခဲ့တဲ့ ပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဆည်တမံတွေ မရှိရင် ပဲခူးဒေသမှာ မိုးဦး လေဦးကာလတွေမှာကို ရေကြီးတဲ့ ပြဿနာတွေကြုံလာရနိုင်တယ်လို့ ဆည်မြောင်း အင်ဂျင်နီယာ တစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
KO MYO (BAGO)

နှစ်ပေါင်းများစွာမရှင်းနိုင်သေးတဲ့ ပြဿနာ

ပဲခူးရေကြီးတဲ့ ပြဿနာကို နှစ်ပေါင်းများစွာကြာလာတဲ့တိုင်အောင် ယနေ့အထိ ဖြေရှင်းနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပဲခူးမှာ အခုလို ရေကြီးပေမဲ့ စစ်တောင်းမြစ် မြစ်ကြောင်းထိန်းသိမ်းရေးတွေလုပ်တာကြောင့် အခုလောက်ဆိုးရွားတဲ့ ရေကြီးမှုမျိုး မကြုံခဲ့ရဘူးလို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်က ပို့ဆောင်ရေးဝန်ကြီးဌာန နဲ့ တရုတ်နိုင်ငံက Chang Fong Construction Ltd တို့ ပဲခူးမြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေး နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီထဲမှာ ပဲခူးမြစ် ရေကြီးရေလျှံမှု ကာကွယ်ရေးဆိုတာလည်း ပါဝင်တာကို တွေ့ရပါတယ်။
ပဲခူးဒေသမှာ ပဲခူးမြစ် နဲ့ စစ်တောင်းမြစ်တို့ဟာ ပဲခူးဒေသကနေ ပင်လယ်ကို စီးဝင်တဲ့ အဓိက ရေနုတ်ပေးတဲ့ မြစ်တွေ ဖြစ်ကြပါတယ်။
ပဲခူးမြစ်ကတော့ ပဲခူးမြို့အောက်ပိုင်း ပဲခူး-စစ်တောင်းမြစ်ဝက တာဝ ရေတံခါးထိ ပင်လယ်ရေအတက်အကျ ရှိတယ်လို့ ဆိုပါတယ်။
ပင်လယ်ရေက နေ့စဥ် တစ်ရက်ကို နှစ်ကြိမ်ခန့် ရေတက်ရေကျ ရှိပြီး မြန်မာပြက္ခဒိန် လပြည့်နဲ့ လပြည့်ကျော် ရက်တွေမှာ ခါတိုင်းထက်ပိုပြီး ထူးထူးခြားခြားရေတက်လေ့ ရှိပါတယ်။
ပဲခူးမှာရေကြီးတဲ့ ဖြစ်စဥ်တွေက မိုးသည်းထန်စွာ ရွာချိန် ပဲခူးရိုးမက ချောင်းတွေက ရေတွေအဆက်မပြတ် အပေါ်ပိုင်းက ကျလာပြီး ပဲခူးမြစ်ထဲကို စီးဝင်လာချိန်မှာ ပင်လယ်ဒီရေကလည်း အောက်ဘက် သန်လျင်ဘက်ကနေ ပဲခူးဘက်ကို ထိုးပြီးတက်လာတဲ့အချိန်တွေမှာ ရေတွေက ပင်လယ်ကို မထုတ်နိုင်ဘဲ ပဲခူးဒေသမှာ လျှံပြီးရေကြီးတာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

“အသေချာဆုံးကတော့ ပင်လယ်ရေတက်နေချိန် လပြည့်ကျော်ခါစ ရက်ဝန်းကျင်တွေမှာ ဒေသမှာ မိုးကြီးမယ်။ ပင်လယ်နဲ့ ဆက်နေတဲ့ ချောင်းမြောင်းတွေက ရေမထုတ်နိုင်ရင် ရေကြီးမှာပဲ” လို့ ပဲခူးမြို့ရေကြီးရခြင်းအကြောင်းအရင်းနဲ့ပတ်သက်ပြီး ဆည်မြောင်းအင်ဂျင်နီယာတစ်ဦးက ပြောပြပါတယ်။

“ကမ္ဘာကြီးမှာ ရာသီဥတုတွေ ဖောက်ပြန်နေတာကြာပြီ။ မိုးကလည်း ရွာချင်သလို ရွာနေတယ်။ ရေထုတ်ဖို့ ၊ ရေနုတ်ဖို့ လမ်းကြောင်းတွေကို ကောင်းကောင်းမစီမံဘဲထားရင်တော့ ပဲခူးလိုနေရာမျိုးမှာ ပုံမှန်ရေကြီးနေမှာ အသေအချာပါပဲ“ လို့ ပဲခူးတိုင်းတာဝန်ခံ အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆည်မြောင်းအင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ
ပြင်းထန်သည့် ရာသီဥတု
သဘာဝပတ်ဝန်းကျင်
မြန်မာ
သဘာဝ
စိုက်ပျိုးရေး
ရာသီဥတုပြောင်းလဲမှု
သဘာဝပတ်၀န်းကျင်ထိန်းသိမ်းခြင်း
ရေ

နှစ်စဉ် ရေခန ခနကြီးနေတတ်တဲ့
မြန်မာပြည် ဟဲသာဝတီ နေပြည်တော်ဟောင်း ပဲခူးမြို့ က
ကမ္ဘာပေ့ါ်မှာပင် မရှိသေးတဲ့
ထူးထူးခြားခြား ရေဘေးကာကွယ် ရေး မြင်ကွင်း

ပဲခူးမြို့မှာ၂၀၂၃ မိုးရာသီ မြို့တွင်းမျာ ရေကြီးခဲ့ပြီးနောက် ၂၀၂၄ ယခုနှစ်မှာလဲရေထပ်ကြီးလာနေတဲ့ ပဲခူးမြို့နဲ့မြို့တွင်းနေ၇ာများ၊

ပဲခူးမြို့တနေရာက ထူးထူးခြားခြား မြင်ကွင်းပါ
မြစ်ရေတွေ တက်မလာအောင်
ကာကွယ်နေတာတဲ့ဗျ

သဲအိတ်တွေနဲ့ တားဆည်းခဲ့ပေ သဲအိတ်တွေက
ကုန်သွားပြီး မလုံလောက်တော့လို့
သဲအိတ်အစား လူတွေနဲ့ အစားထိုးပြီး
ရေဘေးကို ကာကွယ် နေကြတာတဲ့ဗျ

ရေဝင်တဲ့ အနိမ့်ပိုင်းရှိ လူတွေကတော့
အဲဒီဘက်က ရေကိုတားထားလို့
သူတို့ဖက်မှာ ရေပိုကြီးတယ်ဆိုပြီး
ဆဲဆို ငါကိုင်တုပ်နေကြလေရဲ့

ဒီလို ထူးထူးခြားခြား မြင်းကွင်းမျိုးကို့တော့
မြန်မာနိုင်ငံ ပဲခူးမြို့ကလွဲ
ကမ္ဘာမှာတောင် မမြင်ဘူးသေးပါဘူးနော်။

Westward_Media

ထိပ်တန်း သတင်းများ

BBC NEWS MYANMAR

ကဏ္ဍများ
ပင်မစာမျက်နှာမြန်မာ့ရေးရာနိုင်ငံတကာဆောင်းပါးအင်တာဗျူးကုန်သွယ်စီးပွားဗီဒီယိုများ
ပင်မစာမျက်နှာ
မြန်မာ့ရေးရာ
နိုင်ငံတကာ
ဆောင်းပါး
အင်တာဗျူး
ကုန်သွယ်စီးပွား
ဗီဒီယိုများာ