
ဆယ်စုခေတ်သုံးခေတ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ်ရပ်တည်ခဲ့သည့် မင်းသမီးကြီးခင်သန်းနုသည် သင်္ကြန်မင်းသမီးအဖြစ်လူသိများကာ ယနေ့ထိတိုင်ကျော်ကြားလျက်ရှိပြီး အနုပညာလမ်းကြောင်းပေါ်သို့ အားကစားနယ်ပယ်မှတစ်ဆင့် ဝင်ရောက်ကာစတင်လုပ်ကိုင်ခဲ့ပါသည်။လူသိများသည့် ပြည်ထောင်စုမယ်ဘွဲ့တင်မက မန်းတိုင်းမယ်၊ ရမည်းသင်းမယ်၊ ဥတ္တရမယ် စသည့်မယ်ပြိုင်ပွဲများတွင်လည်း ပထမဆုဆွတ်ခူးရရှိခဲ့ပါသည်။
ပြည်ထောင်စုမယ်၊တိုင်းမယ်အဖြစ် အမည်ရကာ အနုပညာလမ်းကြောင်းပေါ်သို့စတင်ဝင်ရောက်စအချိန်တွင် အများနှင့်မတူသောနှုတ်ခမ်းအလှဖြင့်လူသိများလာ၍ ဆယ်စုနှစ်တစ်ခုအတွင်း A listစာရင်းဝင်မင်းသမီးကြီးတစ်ယောက်ဖြစ်လာခဲ့သည်။ အကယ်ဒမီသုံးဆုရှင်ဖြစ်သည့်အပြင် ၂၀ရာစုတွင်အလှဆုံးမင်းသမီးစာရင်းဝင်သောအမျိုးသမီးတစ်ဦးလည်းဖြစ်ခဲ့သည်။
Khin Than Nu, who was a leading actress for three decades is know for Thingyan (Myanmar Water Festival) Princess. She continues to be a prominent figure till today. SHer journey into the movie industry began with sports, leading to her winning the prestigious Miss Union title. Additionally, she secured first place in Miss Mandalay Division, Miss Yamethin, and Miss Oketara.
When she first entered the movie industry with her fame of being a Miss-Union and miss of a division, she became known for her unique lip beauty and became an A-list actress within a decade.Besides winning three Academy Awards, she was also considered one of the most beautiful actresses of the 20th century.
File Name: MPA-3-2-33-17
This content is offered through the combined efforts of Myanmar Photo Archive and Burmese Vintage Classic.
ယခုအကြောင်းရာများကို Myanmar Photo Archive နှင့် Burmese Vintage Classic မှ ပူးပေါင်းတင်ဆက်ထားပါသည်။
Myanmar Photo Archive မှာ မြန်မာနိုင်ငံ၏ သမိုင်းဝင်ဓာတ်ပုံများ၊ ဓာတ်ပုံနဲ့ပက်သက်သောပစ္စည်းများကို စုဆောင်းထားရာ 40000ကျော်ရှိသော မော်ကွန်းတိုက်တစ်ခု ဖြစ်ပါတယ်။ Online public library အဖြစ် ဓာတ်ပုံများကို Keywords များဖြင့် ရှာဖွေ လေ့လာလို့ရသော website တစ်ခုလည်းရှိသည်။ Social media များပေါ်တွင်လည်း ဓာတ်ပုံနဲ့သက်ဆိုင်သော သမိုင်းဝင်အကြောင်းအရာများကို ဝေမျှပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
BurmeseVintageClassic #myanmarphotoarchive #movie_stars #old #Photos #collection #myanmar #movie





၂၀ ရာစုဖက်ရှင်အကျဆုံးမင်းသမီးနှင့်တွေ့ဆုံခြင်း(၂၀၀၁)
နန်းအိအိဇာ မေးမြန်းရေးသားသည်။

ခင်ယုမေအကြောင်းရေးပေးပါလို့ပြောတော့ ခင်ယုမေဖက်ရှင်၊ ခင်ယုမေအလှတွေအပြင်၊ ခင်ယုမေရဲ့ဘဝကောက်ကြောင်းတွေကိုပါ ပုံဖော်ပေးလိုတာမို့ အန်တီမေ နေထိုင်ရာ အမှတ်-၂၉၊ သီရိမင်္ဂလာရိပ်သား ကမ္ဘာအေးစေတီလမ်းအိမ်ကို သွားရောက်ခဲ့ပါတယ်။
မေး-မင်းသမီးဖြစ်လိုစိတ်၊ ရုပ်ရှင်ရိုက်လို စိတ် ဘယ်လိုစဝင်ခဲ့ပြီး ဘယ်လိုစရိုက်ဖြစ်ခဲ့တယ် ဆိုတာ ပြောပြပေးပါ။ ရှေ့ကမင်းသမီးများ အပေါ် အားကျမှုများရာရှိခဲ့ပါသလား။
ဖြေ-ရုပ်ရှင်ရိုက်ဖြစ်ခဲ့ရတာကို ပြောရတာ တော် တော်ကြပ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ မင်းသမီး ဖြစ်ချင်စိတ်လည်း မရှိခဲ့ဘူး။ တစ်ခါ မှလည်း စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ အန်တီမေလား ဘာဖြစ်ချင်လဲဆိုတော့ ပန်းချီဆရာမ ဖြစ်ချင်တာဆရာမ၊ဆရာဝန်ဆိုရင်လည်း တောင်တန်း ဒေသ မဖွံဖြိုးသေးတဲ့ ကလေးတွေဆီကို သွား ချင်တာ၊ စွန့်စားသွားလာလိုတဲ့ စိတ်ဆန္ဒလေး တွေပေါ့၊ မင်းသမီးတော့ မဖြစ်ချင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလူကြောက်တတ်တာကိုး လူတွေအများကြီးနဲ့ စကားပြောရမှာတို့၊ ဆက်ဆံရေးမှာကိုဝါသနာမပါဘူး။တန်ဆောင်တိုင်ပွဲတော်တို့ ဘာတို့ဆိုပွဲတွေလုပ်ကြတယ် အန်တီမေတို့က ရွှေဂုံတိုင်မှာနေတော့ နီးနီးလေးပဲ ဒါပေမယ့်သီချင်းတက်ဆိုဖို့တို့ ဘာတို့ စဉ်းစားမိဘူး။ ကိုယ့်ဘာသာတစ်ယောက်တည်းအေးအေးဆေးဆေးပဲ နေချင်တာ၊ ကျောင်းသူ ဘဝမှာကတည်းက လူတွေကို တိုးဝှေ့ သွားလာ ရတာမျိုးမကြိုက်ဘူး။ဒါပေမယ့် ကိုယ့်ဘဝပေး အခြေအနေအရ ဖြစ်လာတော့လည်း မရှောင်သာဘူး ဖြစ်သွားခဲ့တယ်။အန်တီမေတို့ ရှစ်တန်းရောက်တော့ သီချင်း စဆိုဖြစ်ခဲ့တယ်။ အကြောင်းကလည်းအဲဒီအချိန်ကအိမ်မှာ မြို့မသီးတို့မိသားစုနေတယ်။ အန်တီညီမခင်ယုဆွေကအနုပညာကိုဝါသနာပါတယ်။ ဆိုတယ်ကတယ်ပေါ့။ အန်တီမေက အိမ်မှုရေးရာ၊ အလှပြင်ဆင်တာတွေကို ဝါသနာ ပါတာကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတော့လည်းဘဝပေးရာကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ရတော့တာပေါ့။ ပန်းချီစကားနဲ့ ပြောရင် ဆေးစက်ကျရာအရုပ်ထင်အောင် ဆွဲလိုက်တဲ့ သဘောပါ။ အဲသည်လိုနဲ့ မြိုမသီးတို့နဲ့ပက်သက်ပြီးတေးဗိမာန်မှာစတင်သီဆိုခဲ့တယ်။အဲဒီမှာ ဆရာစိန်မြမောင်နဲ့ တွေ့တယ်။ ဘိ သုံး လုံးရုပ်ရှင်ကုမ္ပဏီက မင်းသမီးသစ်တွေ တင်မယ် ဆိုတော့ အန်တီမေဓာတ်ပုံတွေကို သူကယူသွားပြတယ်။ အဲဒီမှာ ဒါရိုက်တာ ဆရာ ဦးချင်းစိန်တို ဆရာ ဦးဘခန့်တို့ လိုက်လာတယ်။ ဒီတော့မှ လန်သွားတယ်။ ဓာတ်မှ အယ်လ်ဘမ်ပေးဆိုတော့ ချိုတေးသံမှာ ထည်မယ်အောက်မေ့တာလေ။ ဒီလို မင်းသမီးလုပ်ဖို့ ဝါသနာမပါဘဲ ရုပ်ရှင်ရိုက် ဖြစ်သွားခဲ့တယ်။ အသက်ကို စရိုက်ပေမယ့်ဤဘဝငယ် ဇာတ်ကားအရင်ထွက်သွားခဲ့တယ်ယောက်ျားလျာဆန်ဆန် ဘောင်းဘီလေး နဲ့ ရုပ်အင်္ကျီနဲ့ ဦးထုပ်ဆောင်းလို့ မြူးမြူးကြွကြွ ပေါ့။ ရုံတင်တော့သွားမကြည်ရဲဘူး။ သူငယ်ချင်း တွေက ရုံပြည်တယ်ပြောမှ စိတ်သက်သာသွားတယ်။
ရှေးမင်းသမီးများအပေါ် အားကျမှုဆိုတာ ကတော့ ရှိပါတယ်။ မေရီမြင့်၊ မြင့်မြင့်ခင်၊ တင် တင်မူ၊ ကြည်ကြည်ဌေး စသဖြင့်ပေါ့။ မြင်မြင့် ခင်ဆိုရင်ဖြေလျော့ခွေပေါ့။ အမူအရာသိပ် ကောင်းတယ်။ သူက တောသူဆိုလည်း ဖြစ် တယ်။ ဆင်းရဲသမလည်းရ၊သူဌေးဆိုလည်း သူဌေးပေါ့။ စွယ်စုံရတယ်။ မေရီမြင့်ကိုတော့ချစ်တယ်။ ငယ်ငယ်က ကျောင်းရှေ.မှာ သူကားဖြတ်သွားရင်တားပြီးအော်တိုရေးခိုင်းရတာအမော၊ တင်တင်မူကျတော့ စတိုင်ကောင်းလို့ မျက်လုံးလေး တစ်ချက်စောင်းကြည်တာတို့ ဘာတို့ပေါ့။ သဘာဝကျကျ သရုပ်ဆောင်မှာကျတော့ကြည်ကြည်ဌေးပေါ့။ သူတို့ကသရုပ် ဆောင်တာ သရုပ်ဆောင်တာနဲ့ မတူဘူး။သဘာဝကျတယ်။ တချို့ သရုပ်ဆောင်တွေတွေ့ဖူးမှာပေါ့၊ သဘာဝထက် ပိုနေတာ၊ အိုဗာတွေ ဖြစ်နေတာပေါ့၊ကိုယ်တိုင်ကလည်းမင်းသမီးဖြစ်လာတော့လည်းအမူအရာကို လိုတာထက် ပိုမလုပ်ဘူး။ ကိုယ်အားကျခဲ့တဲ့ မင်းသမီးတွေလိုပေါ့။
မေး-စရိုက်ရိုက်ခြင်းကားမှာ ဇာတ်ကောင် စရိုက်နဲ့ အံဝင်အောင် စိတ်နေသဘောထား၊ မိတ်ကပ်၊ ဆံပင်နဲ့ အဝတ်အစား ဒီဇိုင်းတွေ ကို ဘယ်လိုစဉ်းစားပြီး ကြိုတင်ပြင်ဆင်ခဲ့ပါ သလဲ။ လူတွေက မမရဲ့ အပြင်အဆင် အလှအပလေးတွေကို စိတ်ဝင်စားကြတယ် ဆိုတော့ ဖန်တီးမှု အဆင်ဆင်လေးတွေကို ပြောပြပေးပါ။
ဖြေ- ဇာတ်လမ်းနဲ့ ကိုက်ညီအောင်ပေါ့နော်၊ ကိုယ့်ဖာသာပဲစဉ်းစားတီထွင်ခဲ့တာပါ၊ မိတ်ကပ် လည်း ကိုယ်တိုင်ပဲလူးရတာလေ။ အဲဒီအချိန်တုန်းကအခုလိုအလှဖန်တီးရှင်တွေမှမရှိသေးတာ၊ မက်စ်ဖက်တာပင်ခရိုမိတ်ကပ် နံပါတ်(၂၈) ပေါင်ဒါရယ်၊ နှုတ်ခမ်းနီရယ်၊ မျက်ခုံးမွေးဆွဲခဲတံရယ်ရှိရင်ပြီးတာပဲ။ နှုတ်ခမ်းဆိုလည်း လိုင်းဖော်တာတို့ ဘာတို့ မရှိဘူး။ အပေါ်မှာ နှစ်ချက် အောက်တစ်ချက်ပေါင်းသုံးချက်ဆွဲရင် ပြီးပြီ။ ရှဲဒိုးလည်းမရှိ၊ လိုင်နာလည်းမရှိဘူးဒ မက်စ်ကာရာတော့ရှိတယ်။ မျက်တောင်မှာ တင်ရတာပေါ့။ ဆံပင်ဆိုရင်လည်း ကိုယ်ဆံပင် ကိုယ်ပဲ စုစည်းလိုက်၊ ဆံပင်စဖျားလေးတွေကို အလိပ်ကလေးတွေ ဖြစ်အောင် ဟိုလိပ်သည် လိပ်လုပ်ရတာပဲ။ ပြီးမှသာ ဖဲကြိုးလေးတွေ၊ ကလစ်တွေထိုးလိုက်၊ ချည်လိုက်လုပ်ရတာပေါ့။
မေး- မိတ်ကပ်အပြင် အသားအရေ လှပ ချော မွေ့စေမယ့်အသားလှဆီSkin Care တွေကိုရော သုံးခဲ့ပါသေးသလား ။ သုံးခဲ့ရင် ဘယ်လို အမျိုး အစားပါလဲ။
ဖြေ- အသားအလှဆီ အနေနဲ့ ခရင်ကသိပ်လည်းမပေါ်သေးသုံးရကောင်းမှန်းလည်း သိပ်မသိကြဘူးလေ။ ဒါပေမယ့် အန်တီမေက ရုပ်ရှင်ရိုက်တဲ့အချိန်မှာပဲ မိတ်ကပ်လိမ်းတာ၊ ကျန်တဲ့အချိန်မလိမ်းဘူး၊ မလိုတဲ့ အချိန်မှာလည်း Pond’s Cleaning Cream နဲ့လိမ်းပြီးဖျက်ပစ်တာ
ပြီးရင် Shiseido တဆိပ် အစိမ်းရောင်နဲ့ ခရမ်းရောင်အရည်ကြည်လေးတွေကို လိမ်း တယ်။ အသားကို အေးစေတယ်၊ ချွေးပေါက်ကိုကျဉ်းစေတာမျိုးပေါ့၊ တချို့ သရုပ်ဆောင်တွေ မိတ်ကပ်ကို သေသေချာချာ မပျက်တော့ တင်းတိပ်စွဲတာတို့၊ ဝက်ခြံပေါက်ဘာတို့တွေ ဖြစ် တတ်တာပေါ့။ မီးထိုးမှန်ထိုးတာတွေ၊ နေလောင် တာတွေလည်း ပါပါတယ်။ အသားအရေက ဂရုစိုက်မှ ရတာ။
မေး- ဖက်ရှင်ကျအောင် တီထွင်ခဲ့တဲ့ အဝတ် အစား၊ ဒီဇိုင်းမျိုးစုံကို အနောက်တိုင်းကက်တလောက်တွေကန ပွားယူခဲ့ရပါသေးလား ကိုယ်တိုင်စချုပ်သလား၊ ဒါမှ မဟုတ်အသင့်ချုပ်ပြီးသား Ready Made တွေရာဝတ်ခဲ့ဖူးသလား။
ဖြေ-အန်တီမေက နဂိုကတည်းက ပန်းထိုးလာ ကိုအိမ်ထဲမှာ စားပွဲခင်းကအစ အိမ်တွင်းမှုချုပ်လုပ် တာတွေ ဝါသနာပါတယ်လေး စာဖတ်လည်းWomen’s Own Better Homes & Garden ကိုဖတ်တယ်။ စာဖတ်ခြင်းရဲ့ အကျိုးပေါ့။ စာအုပ် တွေဖတ်မှ သိရတာလေ။ မဖတ်ရင် မသိရဘူးပေါ့။ သူတို့ရဲ့ Idea ကိုယူတယ်ဆိုပေမယ့် ကိုယ်နဲ့ လိုက်ဖက်မယ့် Idea မျိုးပဲ ယူရတာပေါ့။ ကိုယ်ယဉ်ကျေးမှုနဲ့ညီမှ အများအမြင်မှာ တင့်တယ်မှာလည်းဖြစ်ပါတယ်။ ယဉ်ကျေးမှု ဆိုတာလည်း ဒီလိုပဲ ဖလှယ်နေရတာပါပဲ။ တရုတ်မလေးရဲ့ ဝတ်စားဆင်ယင်ပုံကို အနောကတိုင်းကလည်း တုချင်ရင်တုနေတာပဲ။ မြန်မာထဘီလိုမျိုး ဝတ်ချင်တော့ ခါးမှာ ကြိုးစည်း တာတို့၊ ချိတ်နဲ့ ချိတ်ပြီး ဝတ်ရတာမျိုးတို့ လုပ်ရ တာပေါ့။ နိုင်ငံခြားက ပုံစံတွေကို အတုယူမယ် ဆိုရင်လည်း အမြင်မရိုင်းဖို့တော့ လိုပါတယ်။အခုတချို.မိန်းကလေးတွေကလပ်ပွဲတို့မှာ ဝတ်ရမယ့် အဝတ်အစားကိုလမ်းပေါ်မှာတင် သွားရင်းလာရင်းဝတ်တာ၊ ဘက်စ်ကားစီးရင် ဝတ်တာတွေက မသင့်တော်ပါဘူး။ အရွက် အကြောက်တရားရှိဖို့လိုပါတယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့လည်း ဆီလျော်မယ်၊ ကိုယ်နဲ့လည်း လိုက်ဖက်ဖို့ လိုတာပေါ့။
အင်္ကျီတွေက အမြန်လိုရင် ကိုယ့်ဖာသာပဲ ချုပ်တယ်။ အေးအေးဆေးဆေး ဆိုရင်တော့ Dress တွေကို အပ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ဆွဲပေးတာပေါ့။ Ready Made တွေ တော့ သိပ်လည်း မရှိတော့ မဝတ်ဖြစ်ပါဘူး။ ချုပ်ဝတ်တာပဲ ရှိပါတယ်။
မေး- ပြည်တွင်းဖြစ် အထည်စတွေကို အမျိုးမျိုးပုံဖော်ပြီးဝတ်ခဲ့တာ တွေ့ရတယ်. လှလည်းလှတယ်လေ ဒီဇိုင်းဆန်းအောင် ကိုယ်တိုင် ရေးဆွဲ ကြည့်ခဲ့ရသေးလား ပန်းချီဆွဲသလိုမျိုးပေါ့
ဖြေ-ပြည်တွင်းဖြစ် အထည်တွေကိုလည်း အဝတ်များခဲ့ပါတယ်။ အရင်နှစ်က အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့ကဦးစီးကျင်းပတဲ့အလှဆုံးအချိန်အတွက်လည်း ပုံစံတွေကိုယ်တိုင်ရေးဆွဲပုံဖော်ဖြစ်ခဲ့ပါသေးတယ်။
မေး-ခြေသလုံးပေါ် အောင် ဝတ်တဲ့ ဖက်ရှင်ကို ဘယ်အချိန်လောက်မှာ ခေတ်ဖြစ်ခဲ့တာ လဲ။ဘယ်လိုစိတ်ကူးရခဲ့တာလည်း။
ဖြေ-ဒါလည်းစာအုပ်ထဲမှာ တွေ့တာပါပဲ။ လေ ကြောင်းကုမ္ပဏီရဲ့ ကြော်ငြာတွေမှာ ခြေသလုံး တစ်ဝက်ပေါ်တဲ့ စကတ်တွေနဲ့ ကုတ်အင်္ကျီ ကိုယ်ကျပ်တွေနဲ့သိပ်ကြည်လို့ ကောင်းတယ်။ အခုတချို့ ရုံးသမားတွေ အနေနဲ့ စကတ်ထဘီဝတ်တဲ့ နေရာမှာ ခြေသလုံးတစ်ခုလုံးပေါ်ပြီးဒူးခေါင်းဖုံးရုံလောက်တင် ဝတ်တာ၊အန်တီမေ ဝတ် တဲ့ ခြေသလုံးပေါ်ဆိုတာ ခြေသလုံးအလယ် မှာပေါ်ခဲ့တာပါ၊ ဒူးခေါင်းအောက်ကိုအောက် တစ်မိုက်လောက် ရှည်ထားပါတယ်။ ဒါမှ မြန်မာ အမျိုးသမီးလေးတွေနဲ့ သင့်တော်မယ်။ အန်တီမေစကတ်ထဘီပေါ်မှာ ခါးပတ်ပတ်ပါသေးတယ်။ အပေါ်ကတော့ ဘလောက်စ်နဲ့ ဝက်ပါတယ်။ ကြည့်လိုက်တာ သပ်သပ်ရပ်ရပ်နဲ့ ခေတ်ကျသွားတယ်။ ဒါကို ကလေးတွေက ကြိုက်သွား တာပေါ့။အန်တီမေကဒီဇိုင်းထွင်တဲ့ နေရာမှာရှုပ် တာကို မကြိုက်ဘူး။ ကြည့်လိုက်ရင် ကျောပြီး ရှင်းနေတာမျိုးကို ကြိုက်တာလေး ခြေသလုံးပေါ် ဖက်ရှင်ကိုတော့ အန်တီမေရဲ့ တတိယမြောက်ကားမေတ္တာပေါင်းကူး ဇာတ်ကားမှာစဝတ်ဖြစ်ခဲ့တာပါ။ ၁၉၆၀ ခုနှစ်မှာပေါ့။နောက် မင်းကတော်ဇာတ်ကားပါကလည်းဇာတ်ကောင် စရိုက်နဲ့ လိုက်ဖက်ပြီးမှဝတ်ခဲ့တာပါ။
မေး-အကယ်ဒမီရခဲ့တဲ့ ကားတွေနဲ့ ခံစားမှု
ဖြေ-အကယ်ဒမီ စရတာက၁၉၆၁ ခုနှစ် ကိုယ်ပိုင်မေတ္တာ ဇာတ်ကားမှာ အကယ်ဒမီဆုကိုကိုယ်တိုင်တက်မယူလိုက်ရပါဘူး
အဲ့နေ့တုန်းမှာတောင်ငူမှာပုလဲမျက်ရည်ရုပ်ရှင်ရိုက်နေတာ စစ်ကားဆိုတော့ပြေးဟဲ့၊လွှားဟဲ့နဲ့လူတစ်အုပ်ကြီးနဲ့ရိုက်နေတာလေ
မနက်ဖြန်လိုအကယ်ဒမီပေးပွဲရှိနေပေမယ့်ရုပ်ရှင်အဖွဲ့သားတွေကိုယ်အတွက်နစ်နာသွားမှာဆ်ိုးလို့သွားမယူခဲ့ပါဘူး
ဓာတ်ပုံ-ကိုသန်းနိုင်(နေခြည်)ခမျာလာပြောရှာပါတယ်။လူတွေအများကြီးကိုယ်ကိုစောင့်နေရမှာစိုးတာနဲ့ ပထမဦးဆုံးအကယ်ဒမီကိုကိုယ်တိုင်မယူခဲ့ပါဘူး။ဒုတိယကားကတော့ ရွှေခြည်ငွေခြည်တန်းပါလို့ဇာတ်ကားပေါ့
မေး-မင်းသမီးကြီး တစ်ယောက်အနေနဲ့ပရိ သတ်များက လိုက်ဖက်တဲ့ ဇာတ်ကောင်နေ ရာမှာမြင်တွေ့လိုကြပါတယ်ပရိသတ်ရဲ့ ဆန္ဒကို ပြည်ပေးနိုင်ဦးမှာလားဆိုတာ ။
ဖြေ- ကိုယ်နဲ့ လိုက်ဖက်မယ့် ဇာတ်မျိုးမှာ ပီပီပြင် ပြင်သရုပ်ဆောင်ရမယ်ဆိုရင်တော့ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ပြောမယ့်သာ ပြောတာပါ အိမ်မှာက အသက် (၈၅) နှစ်အမေရယ်၊ (၇၅) နှစ်အဒေါ်ရယ်ပဲ ရှိကြတား ရုပ်ရှင်ရိုက်မယ် ဆိုရင် ကိုယ့်နောက်လိုက်ဖို့ လူရှာရဦးမယ်။ အိမ်မှာကချက်ပြုတ်ကား ဒရိုင်ဘာမာလီ၊ အားလုံး ကိုယ်ပဲလေအိမ်ထဲမှာတင်စွယ်စုံရမင်းသမီးဖြစ်နေတာ။
မေး-လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီး အပေါ် ခံစားချက်
ဖြေ-အရင်ကလည်း အစွမ်းပြခွင့်ရသလောက်မရခဲ့ပါဘူး၊ပန်းခင်းလမ်းလျှောကက်ရတော့မျိုးတော့မဟုတ်ဘူးဆူးခင်းသောလမ်းကို ကျော်လွှားပြီးမှ ကိုယ့်မှတ်တိုင်ကိုယ်စိုက်ထူခဲ့ရတာမျိုးပါး ဒါကလည်း ရှေးဘဝကုသိုလ်နည်းခဲ့လို့ဖြစ်မှာပါ။ အခုတော့ အေးအေးဆေးဆေး ဖြစ်နေပါပြီ။ကိုယ့်တရားလေးနဲ့ကိုယ်နေလိုက်တော့တယ်။
မေး-ယနေခေတ်အနုပညာခရီးလမ်းမှာလျှောက် လှမ်းဆဲသူတွေအပေါ် ဆောင်ရန်၊ ရှောင်ရန် နည်းကလေးများပေးလို့ရခဲ့ရင်
ဖြေ-အောင်မြင်တဲ့ အနုပညာသမားလေးတွေ အနေနဲ့ အရမ်းဘဝင်မြင့် မသွားကြပါနဲ့။ တရား မှာ အနိစ္စ အမြဲမရှိဆိုတာ သတိရစေချင်ပါ တယ်။ အန်တီမေ့ကိုပဲကြည့်.. အသက်အရွယ် အရ ဖြစ်ဖြစ်၊ ကျန်းမာရေးအရ ဖြစ်ဖြစ်၊ ပရိ သတ်က ဘယ်လိုပဲ ကြိုက်ကြိုက်၊ အနုပညာ အလုပ်ကို ဆက်လုပ်လို့ ရချင်မှ ရနိုင်မှား၊ အဲဒီ တော့ ကိုယ့်အနုပညာသမားအချင်းချင်း ရိုသေ ပါ။ လေးစားပါ။ ချစ်ခင်ပါ။ သနားပါ။ ကိုယ်ချင်း စာပါ။ အသက်အရွယ်ကြီးသွားသူတွေကိုလည်း မထီမဲ့မြင် မလုပ်မိကြပါစေနဲ့။ ဒီအဘွားကြီး တွေ အရင်က နာမည်ကြီးပေမယ့် အခုအမေခန်း ရောက်နေပြီလို့လည်း မပြစ်မှားပါနဲ့။ ကိုယ်လည်း တစ်နေ့ကျရင် ဒီလိုပဲ ဖြစ်မှာကို မမေ့ပါနဲ့။ အောင် မြင်မှုဆိုတာ တစ်သက်တာ အမြဲဆုပ်ကိုင် ထားလို့ မှမရတာ။ ဒါကိုသိဖို့လိုတယ်။ အန်တီမေတို့လည်း ကိုယ့်ထက်အသက်ကြီးဝါကြီးသူတွေကို ကိုယ့်အမလို၊ ကိုယ့်အမေလို အခုထိ မှတ်ပါတယ်။ ရိုက်ကွင်းကိုဆိုလည်း ကိုယ့်ကြောင့်အများကစောင့်နေရတာမျိုးမရှိအောင်နေပါတယ်။ အချိန်မလေးစားတာမျိုး၊ တစ်ခါမျှ မလုပ်ခဲ့ဘူး။ သွန်သင်တဲ့ ဆရာသမားတွေရဲ့ စကားကို နားထောင်၊ နွားရှေ့ထွန်ကြူးတာမျိုးမလုပ်မိစေ ဖို့လိုတယ်ဆိုတာတွေကို ဆောင်ရန်၊ ရှောင်ရန် အဖြစ်ပြောလိုပါတယ်။
မေး-ပေါ်ပြူလာဂျာနယ်မှာ အန်တိီမျက်နှာဖုံး ဆောင်းပါးလေးတွေဖတ်ရတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။
ဖြေ-ပေါ်ပြူလာဂျာနယ် အမှတ် (၃၄) ကို မပတ်ခင်မှာဘဲ မျက်နှာဖုံးကို မြင်ရတာနဲတင် အရမ်းကို ဝမ်းသာပိတိဖြစ်ရပါတယ်။ အန်တီမေဆီမှာတောင် သိမ်းမထားမိတဲ့ အန်တီမေ့ ဓာတ် ပုံတွေကို ချစ်ပရိသတ်တွေက တမြတ်တနိုးသိမ်းဆည်း စုဆောင်းထားတာ တွေ့ရတော့သိပ်ကို ခံစားရပါတယ်။ ပရိသတ်တွေအပေါ်လည်းအန်တီအနေနဲ့ အမှုရုပ်ရှင်အလုပ်ကို လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ ထာဝစဉ်လေးစားချစ်ခင်တယ်ဆိုတာသိစေချင်ပါတယ် တစ်ခုလေးပဲ ပြင်ပေးစေချင်ပါတယ်။ အန်တီမေ မွေးသက္ကရာဇ် အမှန်က ၂၃-၃-၁၉၃၆ ခုနှစ်ပါ၊ (၂၁) ရာစု အလှဆုံးစာရင်းဝင် အကယ်ဒမီ နှစ်ထပ်ကွမ်း အဆိုတော်၊ မင်း သမီးကြီးခင်ယုမေကတော့ အလှပန်းများဝေနေဆဲပါပဲ။
နန်းအိအိဇာ

“
အကယ်ဒမီမင်းသမီးကြီးခင်ယုမေ(သို့) မေ


မြင့်လွင်ခိုင် (ဝိဇ္ဇာ-သိပ္ပံ)
လောကမြေကမ္ဘာမှာ×× သဘောကျနေလာတာxx လွတ်လပ် စွာ အဖြေရှာ xx ချုပ်ချယ်ခြင်းမလိုxx
ပြိုင်သူတကာ** အနိုင်ယူမှာ xx အရှုံးမပေးဘူးမှတ်ပါxx ခဏတာရလာဘဝမှာပျော်ပျော်ပါးပါး တိုက်ခိုက်ကာ ကစားမှာxx
၁၉၆၂ ခု ပတ်ဝန်းကျင်လောက်ဟုပဲထင်ပါသည်။ ဒီသီချင်းသံ ကလေးက ငယ်ရွယ်သူသီချင်းချစ်သူများ၏ နှုတ်ဖျားမှာ အကြိုက်တွေ့ခဲ့ဖူး ကြသည်။ သီချင်းကလေးကလည်း မြူးမြူးကြွကြွသံစဉ်၊ သီဆိုသူကလည်း ငယ်ငယ်ရွယ်ရွယ် ချစ်စဖွယ်တေးသံရှင် ရုပ်ရှင်မင်းသမီး ခင်ယုမေဆိုတော့ သီချင်းရော၊ သီဆိုသူ သီချင်းရှင်ပါ အလွန်နာမည်ကြီးခဲ့ဖူးပါသည်။ ယနေ့ ခေတ်မှာတော့ ဤသီချင်းကို ကောင်းမေ့နေကြလိမ့်မည်။ သီဆိုသူ ကာယကံရှင်ဒေါ်ခင်ယုမေကိုယ်တိုင်ပင်မေ့လောက်ပေပြီး ကြားဖူးသူလည်းရှားနေလိမ့်မည်။ စာရေးသူတို့မှာကား ငယ်ရွယ်သောကလေးဘဝကကြားခဲ့ဖူးပြီး ယနေ့ထိ မမေ့သေးပါ။ ကလေးဘဝ၏ လွတ်လပ်ပျော်ရွှင်သောကလေးကို ထင်ဟပ်ပြသည့် သီချင်းဖြစ်၍လည်းလူငယ်ဘဝခံစားမှု တက်ကြွ ဖွယ် ကောက်ချင်းတစ်ပုဒ်ကို သီကျူးခဲ့သူ မင်ယုမေကို ထိုစဉ်ကပင် စွဲလမ်းခဲ့ ဖူးပါသည်။ နောက်တော့လျှမ်းလျှမ်းတောက် နာမည်ကြီးလာခဲ့သည်။ ရုပ်ရှင်ဇာတ်ကားထဲမှာ သူ၏ ဖက်ရှင် ထဘီတိုတို၊ ဒေါက်ဖိနပ်နှင့် ဆတ်တောက်တောက်ဟန်ပန်က အမျိုးသမီးငယ်တွေကြား ရေပန်းစား ခေတ်ပေါ်ဖက်ရှင် ဖြစ်လာခဲ့သည်။ ပြီး တော့ လည်ပင်းမှာ ပုဝါစကလေး ပတ် သည့် မခို့တရို့ပုံသွင် ခင်ယုမေ ဒီဇိုင်း ကလည်း မိန်းကလေးငယ်များကိုလွှမ်း
မိုးခဲ့သည်။ ထိုစဉ်က လုံးကြီးပေါက်လှ မင်းသမီးများ ခေတ်စားသည့်ခေတ် တွင် ကျစ်လျစ်သွယ်လျတန်နှင့် သူ့သွင် ပြင်သည် တစ်ပုံစံတွတ်လာသည့် ပင်သစ်ပွင့်သစ် အလှသစ်တစ်မျိုးကိုဆောင်နေသည်။
၁၉၅၂ ခုနှစ်မှ ၁၉၉၃ ခုနှစ် စိန် ရတုမတိုင်မီထိ အမျိုးသမီးရုပ်ရှင်ဇာတ်ဆောင်ဆု၂ဆု ချီးမြှင့်ခဲ့ရာတွင် ဒေါ် ခင်ယုမေသည် သူ့သက်တမ်း၌ အကယ်ဒမီ ထူးချွန်ဆု ၂ ကြိမ်ရခဲ့ သည်။ ၁၉၆၁၊ ခုနှစ် “ကိုယ်ပိုင်မေတ္တာ” ဇာတ်ကားနှင့် ၁၉၇၅ ခုနှစ် “ရွှေပြည် ငွေခြည်တန်းပါလို့” ရုပ်ရှင်ဇာတ်ကား တို့တွင် ထူးချွန်ဆုကို ဆွတ်ခူးခဲ့သည်။ သူသည် တစ်ချိန်က ရုပ်ရှင်မင်းသား ကျော်ဆွေနှင့် တွဲဖက်ပြီး ဇာတ်ကား များစွာ သရုပ်ဆောင်ခဲ့ပြီး အလွန်လိုက် လည်း လိုက်ဖက် အတွဲညီသော သရုပ် ဆောင် နှစ်ဦး ဖြစ်သည်။ ထိုစဉ်က ရုပ်ရှင်ဇာတ်ကားကြော်ငြာရာမှာပင် တစ်ဘာသာဆန်းကာ “ယနေ့ ကျော် ဆွေ၊ မေ” ဟူသော စာတန်းကလေး နှင့် ကြော်ငြာခဲ့သည်ကို မှတ်မိနေ သည်။ မချူးသာသည်၊ ပိုး၊ ပုံပမာ၊ သည် မေတ္တာလမ်း စသည့်ဇာတ်ကားများ တွင် အလွန်ရသမြောက်စွာ သရုပ် ဆောင်ခဲ့ကြ၍လည်း သူတို့နှစ်ဦး၏ သမုဒယရုပ်ပုံလွှာ၊ အနုပညာပုံဖော်မှု ´တို့ကလည်း မပြယ်သော ပုံရိပ်တို့ ထင်ကျန်ရစ်ခဲ့သည်။
ယခုတော့ ဒေါ်ခင်ယုပေသည် အသက်အရွယ်ရခဲ့ပြီး သူမ အသက် (၆၀) ကျော်ပါပြီ။ ကျော်ကြားမှုကို လည်း မလိုတော့ပါဘူးဟု ပြောပါ သည်။ သို့သော်လည်း တစ်ချိန်တစ်ခါကလျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားခဲ့စဉ်က ထပ်ဆင့်အကယ်ဒမီခင်ယုမေအား ထိုစဉ်က မသိမမီး မကြည့်ခဲ့ဖူးသော အသစ်အသစ် တိုး ပွားလာသော ငယ်ရွယ်သူ ပရိသတ် များ ပြန်လည်ခံစားသိ ရှိ ကြရအောင် သူတို့ခေတ် သူတို့အခါ သူတို့၏ အနု ပညာအကြောင်း ယခုလို မေးမြန်းဖော်ပြလိုက်ရပါသည်။
“ဒေါ်ခင်ယုမေ မွေးရပ်ဇာတိ၊ မိဘ များနှင့် ညီအစ်ကိုမောင်နှမကကြောင်းလေးပြောပါဦး။
- ကျွန်မရန်ကုန်မှာပဲ မွေးပြီး ရန်ကုန် မှာပဲ ကြီးပြင်းပါတယ်။ မိဘတွေက တော့ ဦးယုစွမ်၊ ဒေါ်ကျင်မြိုင် ဖြစ်ပါ တယ်။ မွေးချင်း ညီအစ်မ နှစ်ယောက်ပဲရှိပါတယ်။ ကျွန်မ ညီမကတော့ တေးသံရှင်ခင်ယုဆွေပဲ ဖြစ်ပါတယ်။
အတန်းပညာကိုရော ဘယ်အထိ သင်ကြားဖူးပါလဲ။
- အတန်းပညာကတော့ ဆယ်တန်း အထိ သင်ခဲ့ဖူးပါတယ်။ ကျောင်းက တော့ စိန်ဖရန်းစစ်ကျောင်းမှာနေခဲ့ ပါတယ်။
ဂီတနယ်ထဲရောက်ရှိလာပုံကို ပြောပါဦး။
- ဂီတနယ်ကို ၁၉၅၃-၅၄ ခုနှစ် လောက်က ရောက်လာတာပါ၊ ရှစ်တန်းကျောင်းသူ ဘဝလောက်တုန်းက မိဘတွေရဲ့ မိတ်ဆွေလည်းဖြစ်၊ ကျွန်မ ရဲ့ ဂီတလက်ဦးဆရာ မြို့မသီးပေါ့လေ၊ မိန်းမခိုးလာပြီး အိမ်မှာ လာနေပါ တယ်။ အဲဒီအချိန်မှာ အိမ်မှာကလည်း စန္ဒရားရှိနေတော့ အသံကို ဆရာနဲ့ပဲ လေ့ကျင့်ပေးတယ်၊ ကျွန်မထက်ပိုပြီး ဝါသနာပါတာက ကျွန်မ ညီမပါ၊ အိမ်မှာပဲလေ့ကျင့် သီဆိုတာမျိုး ရှိခဲ့ပါ တယ်။ အဲဒီနောက်မှာ မြို့မသီးရေးစပ် တဲ့ သီချင်းတွေကိုစပြီး ဆိုတယ်၊ အဲဒီနောက်သောတမောင် ဆရာရွှေပြည် အေး၊ ကိုမြတ်လေး၊ ကိုသက်ဝေ စတဲ့ တေးရေးဆရာတွေ ရေးတဲ့ သီချင်းတွေ ကို ယခင်ကတော့ လွတ်လပ်ရေး ကုမ္ပဏီ၊ အဲဒီနောက် ပဒေသာကုမ္ပဏီတို့မှာ ဆိုခဲ့ပါတယ်။ • ဂီတနယ်မှာ အကျော်ကြားဆုံး သီချင်းတွေကရော
- ဓာတ်ပြားသီချင်းပုဒ်ရေ ၂၀ ကျော် ၃ဝ ကျော်သွင်းရတယ်နဲ့တူတယ်၊ အဲဒီ တုန်းက ဓာတ်ပြားကို မြန်မာပြည်မှာ အသံသွင်းပြီး အိန္ဒိယနိုင်ငံ၊ ဘုံဘေမှာ ဓာတ်ပြားကူးပြီးမှ မြန်မာပြည်ကို ပြန် ပို့တာပါ၊ အသံကောင်းတယ်၊ မကောင်းဘူးဆိုတာ အသံဖမ်းယူတဲ့ လူပဲ သိတယ်။ ယခုခေတ်လို စက်ကိရိ ဘတွေ မဖွံ့ဖြိုးသေးတော့ အသံသွင်း တဲ့အခါ ကိုယ်က ပိုင်ပိုင်နိုင်နိုင် ဆိုနိုင် မှ အမှားမရှိအောင် သေချာအောင် ဆို ရတယ်၊ စောစောကပြောသလို ဓာတ် ပြားကို ဘုံဘေမှာ ကူးပြီးမှ မြန်မာ ပြည် ပြန်ပို့တာဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်၊ ကျွန်မရဲ့ အကျော်ကြားဆုံး သီချင်းတွေကတော့ စကားတက္ကသိုလ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်းလေးနဲ့ခေါ်နဲ့ ပုန့်ဆီကြော်သီချင်းများဖြစ်ပါတယ်။
ဂီတလောကကနေပြီး ရုပ်ရှင်လော တထဲကို ရောက်လာပုံလေး ပြောပါဦး။
- ရုပ်ရှင်လောကထဲကို ၁၉၅၈ ခုနှစ်လောက်ကစပြီး ရောက်ပါတယ်။ အဲဒီ အချိန်မှာ ဗိုလ်မြဒင်ရုပ်ရှင်ကားပြီးတော့ ဒါရိုက်တာ ဦးချင်းစိန်တို့က လည်း မင်းသမီးအသစ်တွေကို တင်ပြီး ရိုက်နေတဲ့အချိန်မှာ သီချင်းရေးတဲ့ ဆရာဝဏ္ဏကျော်ထင်၊ ဦးစိန်လှမောင်နဲ့ တွေ့ပါတယ်။ ဦးစိန်လှမောင်က တစ်မ -ရဲ့ ဓာတ်ပုံတွေကို ယူပြီးသွားပြတယ်။ ဓာတ်ပုံကြည့်ပြီး ရုပ်ရှင်ရိုက်ဖို့ တမ်း လှမ်းတာပါပဲ၊ အဲဒီတုန်းက ရုပ်ရှင်ကား ၃ ကား တစ်ပြိုင်ထဲ စာချုပ်ချုပ်တာပါ၊ ဤဘဝဝယ်၊ ‘အသက်’၊ ‘ကြားသားမိုးကြိုး’ အဲဒီ ၃ ကားချုပ်ပြီး နောက်ထပ် ကားတွေလည်း လက်ခံပြီး ရိုက်ကူးပါ တယ်။ ပထမဦးဆုံး ရုပ်ရှင်ကားက တော့ အကယ်ဒမီ ဖိုးပါကြီးနှင့် ရိုက် တဲ့ကား ‘ဤဘဝဝယ်” ဖြစ်ပါတယ် ဒါရိုက်တာကတော့ ဦးလှတင်ပါ။
• ပထမဦးဆုံး အကယ်ဒမီ ရရှိတဲ့ကားကရော
- ကိုယ်ပိုင်မေတ္တာ’ ရုပ်ရှင်ဇာတ်ကား ပါ။ ဒါရိုက်တာ ဦးလှမြင့်ရိုက်ကူးပြီး ၁၉၆၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆုကို ရရှိခဲ့ဖူးပါ တယ်
•ဓားဘုရင်လိုကားမျိုးတွေမှာ ဓား ခုတ်၊ လှံထိုး၊ မြင်းစီးတွေ ပါတယ်။ ဇာတ်ကြမ်းပဲပေါ့နော်။
• ဟုတ်ပါတယ်။ ကျွန်မက လက်ဦးမှု ရအောင်တော့ ရှေ့ကနေပြီး လုပ်ပြတာ ပါပဲ။ ဟိုးရှေ့ပိုင်းမှာ ဒါရိုက်တာမင်း သား မြင့်အောင်ရိုက်တဲ့ ချစ်လှိုင်းသံဆို တဲ့ ရုပ်ရှင်ကားမှာလည်း မော်တော် ဘုတ်ကို ကိုယ်တိုင်မောင်းတာပါပဲ။ ဓား ဘုရင်လို မက္ခရာဓားတို့မှာလည်း ဓား ခုတ်လှံထိုးသူများ မလုပ်ဖြစ်သေးတာ ကို လုပ်ပြတာပါပဲ။
□ ရွှေခြည်ငွေခြည်တန်းပါလို့မှာ အကယ်ဒမီ ရပုံလေး ပြောပါဦး။
ဆရာကြီး ဦးသုခက ဒီဇာတ်ကား ကလေး နင်နဲ့လိုက်ဖက်တယ်လို့ပြောပြီး ကားရိုက်ဖို့ ကမ်းလှမ်းတာပါ၊ ဆရာ ကြီး ဦးသုခလို ဒါရိုက်တာမျိုးကတော့ ရှားပါတယ်။ မင်းသား၊ မင်းသမီး၊ သရုပ်ဆောင်မယ့် အခန်းတွေမှာလည်း ဘက်လိုက်တာ မရှိဘူး။ အဲဒီကားမှာ မချို (ချိုပြုံး) သရုပ်ဆောင်မယ့် အခန်း၊ ကျွန်မ သရုပ်ဆောင်မယ့် အခန်း၊ အားလုံး မျှမျှတတပါပဲ။ တချို့ ဒါရိုက် တာတွေကျတော့ တစ်မျိုး၊ ဇာတ်ကား တစ်ခုလုံးမှာ မင်းသမီးနှစ်လက်ပါရင် မင်းသမီးတစ်လက်က ဇာတ်ကားတစ်ခု လုံးကို ကြိုးစားပြီး သရုပ်ဆောင်ခဲ့ တယ်။ ဇာတ်လမ်းပြီးခါနီးမှ အခြား မင်းသမီးကို အသားပေးရိုက်ပြီး ဇာတ် သိမ်းတယ်။ ဒါရိုက်တာတစ်ယောက် အနေနဲ့ အဲဒီလိုတော့ မလုပ်သင့်ဘူး။ စောစောကပြောတဲ့ ရွှေခြည်ငွေခြည် တန်းပါလို့မှာ ကျွန်မအနေနဲ့ သရုပ် ဆောင်ရမယ့်ဟာကို ကွက်တိ သရုပ် ဆောင်သွားတာပါ။ ၁၉၇၅ ခုနှစ်မှာ အမျိုးသမီးဇာတ်ဆောင်ဆု ရခဲ့ဖူးပါ တယ်။
ရုပ်ရှင်ရိုက်ကူးခြင်း အနားယူချိန် မှာ သီချင်းရောဆိုဖြစ်သလား။
သီချင်းတော့ မဆိုဖြစ်တော့ဘူး။ အသက်ကကြီးလာတော့ ငယ်ငယ် တုန်းကလို အသံလည်း မဆွဲနိုင်တော့ ဘူး။ ဝါကြောင့် မဆို ဖြစ်တာပါ။
□ အမေရိကန်နိုင်ငံမှာ သားရှိနေလို့ အတော်ကြာ သွားလည်နေတယ်လို့ သိ ရတယ်။ နောက်ထပ် ပြည်ပခရီးစဉ် များ ရှိသေးလား။
အိမ်မှာကလည်း အမေရယ်၊ ညီမ ရယ်ပဲ ရှိတယ်။ အမေကလည်း အသက်ကြီးပြီဆိုတော့ သွားချင်ပေမယ့် လောလောဆယ်တော့ မသွားနိုင်သေးပါဘူး။
ရုပ်ရှင်ဂီတရုပ်စုံမဂ္ဂဇင်း

burmesevintageclassic
မန်းသူလေးမို့”ရုပ်ရှင်အတွက်ဒါရိုက်တာက မင်းသမီးခင်ယုမေအားသင်ကြားပြသနေစဉ်ပုံရိပ်

burmesevintageclassic
khinyumay
actress
burmesevintageclassic
crdphoto
khinyumay
actress

မာယာထောင်ချောက်(၁၉၇၁)
အောင်လွင်၊တင်တင်နွဲ့၊အေးအေးသင်း အဓိကပါဝင်သရုပ်ဆောင်၍ ဒါရိုက်တာစံရွှေမောင်(အောင်လွင်)ရိုက်ကူးသည်။
ထိုရုပ်ရှင်ဖြင့် အကယ်ဒမီအမျိုးသမီးဇာတ်ပို့ဆုအား မင်းသမီးအေးအေးသင်းမှရရှိခဲ့ပါသည်။
သည်းထိပ်ရင်ဖိုစုံထောက်ဇာတ်လမ်းအမျိုးအစားဖြစ်သည်။
burmesevintageclassic
crdphoto


“မွှေး”ရုပ်ရှင်ဇာတ်ဝင်ခန်းပုံရိပ်
စာရေးဆရာမကြီးခင်နှင်းယု၏နာမည်ကြီး
“မွှေး”ဝတ္ထုအား ဒါရိုက်တာဦးချစ်ခင်က ကျော်ဆွေ၊ထွန်းဝေ၊မြင့်မြင့်ခင်တို့နှင့်အသက်သွင်းခဲ့ရာ အလွန်ပင်အောင်မြင်မှုများစွာရရှိခဲ့ပါသည်။
ဆရာမကြီးခင်နှင်းယုသည်လည်း သူဝတ္ထုများကိုပြန်လည်အသက်သွင်းသည့်ရုပ်ရှင်ထဲတွင် မွှေးရုပ်ရှင်အားသဘောတွေ့ခဲ့ကြောင်းပြောခဲ့သည်။
အတွတ်-ကျော်ဆွေ
ကိုကိုနိုင်-ထွန်းဝေ
မွှေး-မြင့်မြင့်ခင်
burmesevintageclassic

မောင်မယ်နှစ်ဦးမြူးပျော်မယ်-တင်မောင်ဝင်း၊ချိုပြုံး
burmesevintageclassic
“သိုး”ရုပ်ရှင်မှ ဝင်းဦးနှင့်ကောလိပ်ဂျင်နေဝင်း(1966)
ပုပ္ပားတောင်ပေါ်မှပြုတ်ကျသောကောလိပ်ဂျင်နေဝင်းအား ကယ်ဆယ်သောဇာတ်ဝင်ခန်း
burmesevintageclassic
donotrepost
WINOO
Naywin

ပန်းတွေနဲ့ဝေ-ညွန့်ဝင်း(၁၉၇၇)
တေးရေး-စန္ဒယားလှထွတ်
burmesevintageclassic
donotrepost
ယောကျာ်းတို့အကြောင်း(၁၉၆၅)ရုပ်ရှင်မှ မင်းသမီးကြီးတင်တင်မူနှင့်မင်းသမီးကြီးခင်ယုမေ
burmesevintageclassic
actress
KhinYuMay
TinTinMu

“ခိုင်မာလာနှင်းဆီ” (1992)
burmesevintageclassic
photo
WinOo
KhinThanNu

ယဉ်တကိုယ်မယ်-ဇော်ဝမ်း(နွေရှုပ)
တေးရေး-မြို့မငြိမ်း
crdvideo
မျက်ဝန်းလဲ့ပြာပြာ-ဝင်းဦး(မှုံရွှေရည်)
တေးရေး-ဗိုလ်ကလေးတင့်အောင်
crdvideo
burmesevintageclassic
မင်းသမီးကြီးကြည်ကြည်ဌေးနှင့်မင်းသမီးကြီးမေသစ်(၁၉၆၀) (၁၉၈၇)

burmesevintageclassic

actress
Myanmar Stars Fanclubs

1967 ကျော်တွင် မြန်မာ့ရုပ်ရှင်မင်းသားမင်းသမီးတို့၏ တရားဝင် Fanclub များပေါ်ပေါက်လာခဲ့သည်။ ထို Fanclub များတွင် မင်းသားမင်းသမီးတစ်ဦးစီ၏ ဓာတ်ပုံများကို လစဉ် 2/3 ကျပ် နှုန်းဖြင့်ထုတ်ယူနိုင်သော စနစ်ကိုပြုလုပ်ထားကြ၍ မိမိကြိုက်နှစ်သက်သောမင်းသား/မင်းသမီး ၏ Fanclub သို့ဝင်ရောက်စာရင်းပေးနိုင်ကြသည်။ ဓာတ်ပုံအောက်တွင် မင်းသားမင်းသမီးတို့၏အမည်တံဆိပ်ခေါင်းနှင့် လက်မှတ်တို့ပါရှိသည်။

ဓာတ်ပုံများကို ရန်ကုန်မြို့ ဦးဝိစာရလမ်း မင်းမနိုင်ရပ်ကွက်တွင်ထုတ်ယူနိုင်ပြီး အထူးနှစ်ပတ်လည်နေ့များတွင်လည်း မေတ္တာလက်ဆောင်အဖြစ် ဓာတ်ပုံ၊ postcard အသေးများ လက်ဆောင်ပေးလေ့ရှိသည်။
File Name: MPA-8-1-2-52, MPA-8-1-2-53, MPA-8-1-2-58, A photo from BVC collection

ယခုအကြောင်းရာများကို Myanmar Photo Archive နှင့် Burmese Vintage Classic မှ ပူးပေါင်းတင်ဆက်ထားပါသည်။
ယခုအကြောင်းအရာသည် Myanmar Photo Archive နှင့် Burmese Vintage Classic တို့မှပူးပေါင်းတင်ဆက်ထားပါသည်။
Myanmar Photo Archive မှာ မြန်မာနိုင်ငံ၏ သမိုင်းဝင်ဓာတ်ပုံများ၊ ဓာတ်ပုံနဲ့ပက်သက်သောပစ္စည်းများကို စုဆောင်းထားရာ 40000ကျော်ရှိသော မော်ကွန်းတိုက်တစ်ခု ဖြစ်ပါတယ်။ Online public library အဖြစ် ဓာတ်ပုံများကို Keywords များဖြင့် ရှာဖွေ လေ့လာလို့ရသော website တစ်ခုလည်းရှိသည်။ Social media များပေါ်တွင်လည်း ဓာတ်ပုံနဲ့သက်ဆိုင်သော သမိုင်းဝင်အကြောင်းအရာများကို ဝေမျှပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
Website link – https://www.myanmarphotoarchive.org/
In 1967, official fan clubs for Myanmar film actors and actresses emerged alongside the growing popularity of the movie industry. These fan clubs introduced a system where fans could collect photos of their favorite actors and actresses at a monthly rate of 2-3 kyat. Each photo included the name stamp, or signature of the respective actor or actress.
Photos could be picked up at U Wisara Road, Min Manai Ward, Yangon. On special anniversaries, additional photos and small postcards were often given as gifts.
File Name: MPA-8-1-2-52, MPA-8-1-2-53, MPA-8-1-2-58, A photo from BVC collection.
This is presented jointly by Myanmar Photo Archive and Burmese Vintage Classic.
