FLOODS Myanmar Today / ယနေ့ မြန်မာ နိုင်ငံ။ မြစ်ကြီးနား ၊ဗန်းမော် ရေကြီးမှု ၁/၆/၂၀၂၄။၂/၆/၂၀၂၄

Thousands of citizens are trapped and insufficient rescue services are not enough due to the rising river water in Myitkyina Township.”

Myitkyina Township, Rampu, Le Kone, Chicken Pung Chan, Myo Thitgyi, Kyun Pin Thar, Kachin Su, Shwe Nyaung Pin, Mankhein, Sitapu, Aye Saty, Khema Thiri, Duka Taung, Yangyi Aung, Pamma Tee, Thita, Yuzana, Myay Myint, Aung Nan, Paw Oo are flooded and thousands of people are trapped.

Currently, the rise of river water into Myitkyina township is over 4 feet and almost 5 feet. Myitkyina city. It is known that it is rising more than 4 feet above the concern.

“မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်သူထောင်ချီ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေ”

မြစ်ကြီးနားမြို့နယ်၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း ၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရှိရသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့နယ်အတွင်းသို့ မြစ်ရေ မြင့်တက်လာမှုသည် ၄ ပေ ကျော် ၅ ပေနီးပါးရှိလာကြောင်း၊ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော် မြင့်တက်လာနေကြောင်း သိရှိရသည်။ Ivan Lee mail post with photos

ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ဗလမင်းထင် တံတားနား
မန်ခိန် ရက်ကွက်ကအိမ်‌
မျှောနေတာပါ🥲🥲🙏🙏🙏

https://fb.watch/t2ycNt8stX/?

ဧရာဝတီမြစ်ရေ ကျဆင်းပြီးနောက် မြစ်ကြီးနားမြို့ မြင်ကွင်း
မဇ္ဈိမ။ ။ ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် မြစ်ကြီးနားမြို့အတွင်း မြစ်ရေဝင်ရောက်ရာမှ လက်ရှိ ဇူလိုင်လ ၂ ရက်တွင် ရေပြန်ကျသွားပြီဖြစ်သည်။

ဇူလိုင်လ ၁ ရက်တွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်ထက် လေးပေအထိမြင့်တက်ခဲ့ပြီး မြို့ခံများသည် ယာယီ ရေဘေးရှောင် စခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများနှင့် နီးစပ်ရာမိတ်ဆွေ နှင့် ဆွေမျိုးများထံတွင် ရွေ့ပြောင်းနေထိုင်ခဲ့ကြရသည်။

မြစ်ရေကြီး

ချောင်းရေတိုက်စားမှုကြောင့် နေအိမ်များ မျောပါပျက်စီး

RNA_ဖားကန့်၊ ဇူလိုင် (၂)၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ ဥရုချောင်းအတွင်း စီးဝင်သည့် ဆန်ခါချောင်းလက်တက်သည် ယမန်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆန်ခါချောင်း အနီးရှိနေအိမ် (၁၂)လုံးအား တိုက်စားသွားခဲ့ပြီး ပါဂျဲရိုးကားတစ်စီးပါ မျောပါခဲ့ကြောင်း သိရသည်။

ဆန်ခါချောင်းက ရေတိုက်စားပြီး ဆန်ခါရွာဘေးတူနေတဲ့ နေမင်းကမ္ဘာ၊ တစ်သုံးလုံး ကျောက်လုပ်ကွက်ထဲလည်း ရေဝင်တိုက်စားတယ်၊ နေအိမ်တွေလည်း ပါကုန်တယ်၊ ဆန်ခါရော ကပ်လျက် ဆိုင်းရာရွာသစ်ရော ကျောက်တူးထားတဲ့ကမ်းပါးတွေပြိုကုန်တယ်၊ နေအိမ်တွေ ရေနစ်ကုန်တယ်” ဟု ဆန်ခါကျေးရွာ ဒေသခံက ပြောသည်။

ဆန်ခါချောင်းရေတိုက်စားမှုကြောင့် ဆန်ခါရွာဘေးတူးဖော်နေသည့် လုပ်ကွက်များ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဟုမသိရသေးကြောင်း၊ ဖားကန့်၌ မိုးအဆက် မပြတ်ရွာသွန်းမှုနှင့်အတူ ဥရုချောင်းရေမြှင့်တက်လာမှုကြောင့် လုံးခင်း ကျေးရွာနှင့် ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ ရုတ်တရက် ချောင်းရေဝင်ရောက်ကာ ပစ္စည်းဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ အရေးပေါ် ေ၇ွှ့ပြောင်းနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း လူမှုရေး အသင်းအဖွဲ့ များမှ သိရှိ ရသည်. ။

လုံးခင်းက အောက်ဈေးတစ်ခုလုံးနစ်နေပြီ၊ ရွာလယ်လမ်းလည်း လူတစ်ရပ်ရှိတယ်၊ ရေက စိမ့်ဝင်လာတာမျိုးမဟုတ်ဘူး၊ ပေါက်ကျလာတာမျိုးဝင်တာ ရွာထဲကို၊ လှေနဲ့က မလှော်နိုင်ဘူး၊ လှေမှောက်ကုန်တာ၊ စက်လှေမှပဲရမယ်၊ ခက်တာက ဒီမှာက စက်လှေသိပ်မသုံးကြတော့ဘူး” ဟု လူမှုရေးအသင်းအဖွဲ့သားတစ်ဦးက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကြုံတွေ့ရသည့် အခြေအနေကိုရှင်းပြထားသည်။

ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ည (၇)နာရီခန့်က လှေမှောက်ရာမှ အမျိုးသမီးတစ်ဦး ရေနစ်ပျောက်ဆုံးခဲ့သည်။

“လုံးခင်းကျေးရွာအုပ်စု၊ နမ့်စန်း ဘက်ကဆို ငိုပြီးတော့ကို အကူအညီတောင်းတာ၊ ဒါပေမယ့် မသွားနိုင်ဘူး၊ လုံးခင်းထဲတောင် လူအားရော ကယ်ဆယ်ရေးပစ္စည်းပိုင်းရော အားနည်းနေတာ၊ ကိုယ်တာဝန်မကျေသလိုဖြစ်တာပေါ့”ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောပြသည်။