ဝါရင့် ပညာရေးသုတေသီ ဆရာကြီး ဦးသန်းဦး ကွယ်လွန်
ဧရာဝတီ၊ ဇွန် ၂၃၊ ၂၀၂၄

ပုံစာ- ပညာရေး သုတေသန ပညာရှင် ဆရာကြီး ဦးသန်းဦး (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာ့ပညာရေးလောက၏ ဝါရင့်သုတေသီကြီးတဦးဟု ဆိုရမည့် ဆရာ ကြီး ဦးသန်းဦး (၉၇နှစ်) သည် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် လမ်းသစ်လမ်း (အာလိန်ငါးဆင့် ဘုရားအနီး) နေအိမ်၌ ယနေ့နံနက် ၁ နာရီက ကွယ် လွန်သွားပြီ ဖြစ်သည်။
ဆရာကြီး ဦးသန်းဦး၏ အရေးကြီးဆုံး လုပ်ဆောင်ချက်မှာ မြန်မာနိုင်ငံ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုဟု ဆိုရမည်ဖြစ်ပြီး ထို့အတွက် ယူနက်စကို အဖွဲ့ချုပ်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆုကို မြန်မာနိုင်ငံ ချီးမြှင့်ခံခဲ့ရသည်။
ပြည်မြို့၊ နဝင်းရပ် ချောင်းနားတန်းဇာတိ အမည်အရင်း မောင်စိုးမင်း ဖြစ် သည်။ ငယ်စဉ်က ပညာကို ခက်ခဲစွာ သင်ယူခဲ့ရကာ ၁၉၅၀ ခုနှစ်က ရန်ကုန်တက္ကသိုလ်တက်ရောက်၍ ပညာရေးမဟာဌာန၌ B.A(Ed.) ဆက်လက် သင်ယူပြီးနောက် ပြည်ခရိုင် သဲကုန်းအထက်တန်းကျောင်းတွင် ကျောင်း အုပ်ကြီးတာဝန် ထမ်းဆောင်သည်။
၁၉၆၂ ခု M.Ed ဘွဲ့အတွက် East West Centre ကျောင်းသားတဦးအဖြစ် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတက္ကသိုလ်တွင် ပညာရေး စီမံခန့်ခွဲမှု ဘာသာရပ်ကို သင်ယူခဲ့၍ လေ့လာရေးအဖြစ် ဆိုဗီယက်၊ တရုတ်၊ အရှေ့ အနောက်ဥရောပနိုင်ငံများသို့ပါ သွားရောက်ခဲ့သည်။
၁၉၆၅ ပညာရေး သုတေသနဗျူရို ဖွဲ့သည့်အခါ လက်ထောက် သုတေသနအရာရှိ ဖြစ်လာပြီး ပညာရေးတာဝန်ခံ ဗိုလ်မှူးကြီး လှဟန်၊ ဒေါက်တာ ညီညီ၊ ဒေါက်တာ ကေမြရီ၊ ဦးဘိုးသုန်၊ ဦးဘိုးထို၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒုဗိုလ်မှူးကြီးစံမြင့်၊ ဆရာကြီး ဦးသံဗျင်၊ ပန်းချီဆရာကြီး ဦးဘကြည်၊ ဦးဘလှအောင်၊ ဦးဘကောင်း၊ ဦးဇော်ဝင်း၊ ဦးအေးစိုးတို့ဖြင့် တွဲဖက်ကာ ပညာရေးနှင့် ပတ်သက်၍ ရေတို၊ ရေရှည်စီမံကိန်းများ၊ နှီးနှော ဖလှယ်ပွဲ၊ စာတမ်းဖတ်ပွဲ၊ သုတေသနပြပွဲများ ပြုလုပ်ခဲ့သည်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူစဉ် ၁၉၅၁ ခုနှစ်က ရပ်ဆိုင်းခဲ့သည့် မူလတန်းအဆင့် အင်္ဂလိပ်စာ ပညာသင်ကြားရေးကို ၁၉၈၁ ခု ကျောင်းဖွင့်ရာသီ သူငယ်တန်းမှစ၍ ပြန်လည်သင်နိုင်ရန် အလယ်တန်း၊ အထက်တန်းနှင့် တပြေးညီဖြစ်အောင် ခက်ခဲစွာ ကြိုးပမ်းခဲ့သည်။
၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန အကြံ ပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်ယူခဲ့သလို ၁၉၉၉ ခုနှစ်တွင် မြန်မာ နိုင်ငံ ပညာရေးဌာနသမိုင်း စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။
ဆရာကြီး ဦးသန်းဦး၏ ဆောင်ပုဒ်မှာ “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ” ဖြစ်သည်။
ရည်ညွှန်း The Irrawaddy -BURMESE Edition 23 June 2024
လူသားအားလုံးထဲကစူပါစတား ကျော်ဟိန်း(မောင်တည်ငြိမ် ၁၉၈၁)
ကိုကျော်..ရန်ကုန်ဇာတိနော်” “
“ဟုတ်ကဲ့ “
“မိသားစုအကြောင်းပြောပြပါလား”
“ရပါတယ် ကျနော်ရန်ကုန်မှာမွေးတယ်၊ မြန်မာ လူမျိုး … ဗုဒ္ဓဘာသာ ကိုးကွယ်ပါတယ်။ ကျနော့မှာ … မောင်နှမခြောက်ယောက်ရှိတယ် ကျနော်ကနံပါတ်လေး၊ ကျနော်အမေကတော့…. တစ်ထောင့်ကိုးရာ ခုနှစ်ဆယ့်ငါးခုနှစ် စက်တင်ဘာလ နှစ်ဆယ့် နှစ်ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်အခုအဖေနဲ့ပဲ နေပါတယ်”
“ဆွေမျိုးသားချင်းထဲမှာ.. ဂီတသမား”
“တယောက်မှ မရှိဘူးဗျ”
“ဒါဆိုကိုကျော်သီချင်းဆိုဖြစ်ခဲ့ပုံက”
“ဒါက ဒီလိုပါ ကျနော်စိတ်ဝင်စားတယ်… စိတ်ဝင်စားရတာကလဲ.ဂီတဟာလူတွေကို… ဖမ်းစားတဲ့ပညာ တခုဖြစ်လို့ပါ၊ ပြီးတော့ ကျနော် ကိုယ်တိုင်ကလဲ ဝါသနာပါ တယ်လေ”
‘ဆိုတော့သီချင်းစတင်ဆိုတာက…”
**သီချင်းစတင်ဆိုတာက…ကျနော် ရုပ်ရှင် စရိုက်ကတည်းက ဆိုပါတော့”
“ဒါပေမယ့် ဖူးစာလမ်းဆုံမှာတော့မဆိုသေးဘူးထင်တယ်””
“ဟုတ်တယ် ဖူးစာလမ်းဆုံ” ဇာတ်ကားမှာကျနော်သီချင်းမဆိုခဲ့ရပါဘူးဒါကလဲဒါရိုက်တာ ဗိုလ်ဗကိုက ကျနော့ကို .. သီချင်းပေးဆိုဖို့ မယုံမကြည်ဖြစ်တယ်ထင်ပါတယ် တခြားလူတယောက်ကို သွားဆိုခိုင်းပြီးရုပ်ရှင် ရိုက်တော့မှ ကျနော်က ပလေးဘက်ပြန် သရုပ်ဆောင်ရပါတယ်…. ဂီတကို … ကျနော်မလေးစားလို့ ပြောတာမဟုတ်ပါ ဘူး.တကယ်ဆိုယင်ဗျာတော်ရုံတန်ရုံ သီချင်းလောက် ကတော့ ကျနော် .. ဆိုနှိုင်တီးနိုင်ပါတယ် …ဘာပြုလို့ ဒီလို ကျနော်ပြော သလဲဆိုတော့ … ကျနော် ကျောင်းမှာတုန်းကတည်းက… ဂစ်တာခေါက်ပြီး သီချင်းတွေ ဆိုလာခဲ့ဖူးတာကျနော်. မစိမ်းပါဘူး”
“နောက်ရိုက်တဲ့ကားတွေကျတော့”
“ဟုတ်ကို ဖူးစာလမ်းယုံကလွဲပြီး နောက်ရိုက်တဲ့ ကျနော်ရိုက်နေတဲ့ကားအထိ ဇာတ်လမ်းအရ ကျနော် ဆိုရမယ့် သီချင်းတွေအကုန်လုံး ကျနော်ကိုယ်တိုင် သီဆိုပါတယ် ဒါပေမယ့်…။
“ဟုတ်ကဲ့ … ပြောပါ” ‘ဒါပေမယ့်…. အဆိုတော်တယောက်အနေနဲ့ ကျနော့ အသံကို လက်ခံတယ်… လက်မခံဘူး ဆိုတာကတော့ ပရိသတ် ပေါ်မှာမူတည်တာပေါ့ဗျာ”
“ဟုတ်ပါတယ်..ဟုတ်ပါတယ်၊ အသက်မွေးဝမ်းကျောင်းအလုပ်အနေနဲ့ .. ကိုကျော် အဓိကထားတာက”
“ကျနော်အဓိကထားတဲ့ အသက်မွေးဝမ်းကျောင်းကတော့ ရုပ်ရှင်လုပ်ငန်းပါပဲ”
“ဒီတော့ကိုကျော်အနေနဲ့ ဝါသနာနဲ့ လက်တွေ့ ဘဝ လှုပ်ရှားမှု ကိုက်ညီရဲ့လား”
“ကျနော် ဝါသနာပါတာက ရုပ်ရှင် ဂီတ စာပေနဲ့ပန်းချီ ဒါပေမယ့် လက်တွေ့အများဆုံး လှုပ်ရှား လုပ်ကိုင်နေတာ ကတော့ ရုပ်ရှင်ပေါ့ဗျာ…”
“စကားစပ်လက်စနဲ့ဗျာ ရုပ်ရှင်ရိုက်တဲ့ခံစားချက်ကလေးနဲ ပြောပါလား”
“ရုပ်ရှင်ရိုက်တာနဲ့ ပတ်သက်ပြောရယင်…ကျနော်အပြင်မှာ လုပ်ချင်ပေမယ့် လုပ်ခွင့်မရတာတွေရှိတယ်လေ၊ အဲဒါတွေကို… ကျနော် ရုပ်ရှင်ထဲမှာ လုပ်ခွင့်ရတယ်။ လုပ်လို့ ရတယ်နောက်တခုက ကျနော် ဒါရိုက်တာအနေနဲ့ ကျနော်လုပ်ချင်ပေမယ့် မလုပ်ရတဲ့ ကိစ္စတခုကို လုပ်ချင်တဲ့ လူတယောက်ကိုသင်ပေးတယ်.ဒီတော့ ဝါသနာနဲ့လက်တွေ့ လှုပ်ရှားမှုကိုက်ညီရဲ့လားဆိုတာမှာ ကိုက်ညီမှု ရှိတယ်
“အင်စတူးမင့်ထဲက တခုခုတီးတတ်သလား”
“ကျနော် ဂစ်တာနဲနဲပါးပါး ခေါက်တတ်တယ် “
“နှစ်သက်တဲ့အသံကရော”
“နှစ်သက်တဲ့ တူရိယာသံကတော့ စောင်းသံကို ကြိုက်တယ်ဗျာ .. ကတ်ဆက်ထဲ နှစ်သက်တဲ့သံစဉ်ကို ပြောရယင် ကျနော် ခံစားမှုသံစဉ်တွေကို ကြိုက်တယ် ဘာပြုလို့လဲဆိုတော့ ကျနော် ကိုယ်တိုင်က ခံစားနေရလို.လားတော့မသိဘူးဗျ ခံစားမှုသီချင်း တွေကို ဆိုချင်နားထောင်ချင်တယ်…
**အမြူ ၊ အသွက်ပိုင်းကျတော့… ရုပ်ရှင်ရိုက်တဲ့အခါ ဇာတ် လမ်းအရ မြူးမြူ၊ သွက်သွက်ကလေး သီချင်း ဆိုရမယ်ဆိုယင် အဲဒီမြူးမြူးသွက်သွက် သီ ချင်းကလေးကို နားထောင်တယ်…. ပြီးတော့ … အလုပ်လုပ်တယ် အဲဒီတော့ ပြောရမယ်ဆိုယင် ခံစားမှုသံစဉ်ကိုလည်းကြိုက်တယ်အမြူးအသွက်ကလေးတွေလည်း ကြိုက်တယ်”
“အချိန်ရမယ်ဆိုယင်ပေါ့ ကိုကျော်ရယ် .. ဒီနေ့မျက်မှောက် ခေတ် ဂီတလောကနဲ့ပတ်သက်တဲ့ အယူအဆနဲနဲလောက် သိသင့် ပါတယ်”
“အဲဒါက ကျနော်ကရုပ်ရှင်လောကက လာတဲ့လူတယောက် ဆိုတော့ ဂီတလောကကို ကျနော်မပြောနိုင်ဘူးပြောလိုက် ပြန်ယင်လဲ ကျနော် နားမလည်ပဲနဲ့ ပြောတာ ဖြစ်သွားနိုင်တယ် ပြီးတော့ ဂီတလောကကလူတွေနဲ့ ကျနော် ပဋိပက္ခဖြစ်မယ်…. ဒီတော့ မပြောတာပိုကောင်းပါတယ်နော် တကယ်လဲ ကျနော် ကျယ်ကျယ်ပြန့်ပြန့် သိမှမသိပဲ ကျနော်က ရုပ်ရှင်သီချင်း လေး နဲနဲပါးပါးဆိုတယ် စတီရီယိုတေး လေးငါးဆယ်ပုဒ်ဆိုပါတော့ ဆိုတယ်ဗျာ… ဒီတော့ အလွန်ကျယ်ဖြင့် နက်နဲတဲ့ ဂီတ လောကကြီးကို ကျနော်ဘယ်လိုမှ မပြောနိုင်ပါဘူးခွင့်လွှတ်ပါ”
“ဟုတ်ကဲ့ ထားပါတော့ ဒါဆို ဂီတကလွဲလို့ပေါ့ဗျာ. တခြားအနုပညာလောကဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဇာတ်သဘင် အငြိမ့်တွေရဲ့ လှုပ်ရှားမှုအပေါ်မှာရောကိုကျော်”
“ဒါကလဲဗျာ စောစောကပြောသလိုပဲ ကျနော်က ရုပ်ရှင် လောကသားက လူ တ ယောက် ဆို တော့ ရုပ် ရှင် လော က ကြောင်းပဲသိတယ်၊ ဒါပေမယ့် ခုလို ကိုတည်ငြိမ်ခဲ့ သဖြင့်ေတွ့ဆုံခြင်းမှာ ဂီတကိုပဲ အားထားပြောပါမှ တော့ ကျနော် သိပ်မပြောနိုင်ဘူးဗျာလွှဲမှားသွားယင်လဲ မကောင်းဘူးလေ….ဟုတ်တယ်မို့လား”
“အရှေ့အနောက် ပြည်ပတေးဂီတနဲ့ ပတ်သက်တဲ့ ကကျေ စိတ်ဝင်စားမှု..
“ပြည်ပတေးနိုင်ငံခြား တေးဂီတပေါ့ဗျာ အဲဒီမှာ အရှေ့တိုင်း တအနေနဲ့ မြန်မာနိုင်ငံက သီချင်း တွက် ကြိုက်တယ် အနောက် တိုင်းကတော့ အမေရိကတို့ အင်္ဂလန်နိုင်ငံက သီချင်းတို့ ကျနော်ကြိုက်တယ်”
“ဟုတ်တယ် ကျန်တော်က ရုပ်ရှင်သမားဆိုတော့ရုပ်ရှင်သမားေတွနဲ့ခင်ပါတယ် ရုပ်ရှင်ဘက်မှာအခင်မင်ဆုံးဆိုတော့ချိုပြုံးပါပဲ ချိုပြုံးနဲ့ကျနော်နဲ့က အလုပ်လုပ်တဲ့အခါတယောက် နဲ့ကထောက်ညှိုနှိုင်းမှုရှိတယ် စကားပြောရ တာကောင်းတယ် ဆွေးနွေးလို့ ရတယ် ဒါကြောင့်ပါ။
“ကိုကျော် ဘယ်လိုအခါမျိုးမှာ အနားယူ အဖန်းဖြေလဲ” “ကျနော်က တပတ်မှာ ခုနစ်ရက်အလုပ်လုပ်တယ် တော့ ကျနော့နားချိန်ဟာ အိပ်ချိန်ပဲ ဒါပေမယ့်.. အိပ်တဲ့ချိန် နေဖြစ်ယင်လဲဖြစ်မယ် ညဖြစ်ချင်လဲဖြစ်မယ်… ဟိုတုန်းက တော့ စာစောင်ရေးဘူးတယ်ဗျာ နံရံမှာပေါ့… ကျနော်တို့က အိပ်တဲ့အချိန်ကည ပထမစားသောအစာ သည် မနက်စာ ဒုတိယ စားသောအစာသည် ညစာအဲဒီ ခံယူချက်အတိုင်းပဲ ကျနော်နေတယ်၊ အဲလိုမျိုး နားနေတဲ့ အချိန်မှာတော့ ကျနော် သီချင်းနားထောင်တယ် သီချင်းနားမထောင်ယင် ကျနော်စာလေးဘာလေးရေးတယ် ဗဟုသုတဖြစ် ဖွယ်ရှိတဲ့ စာလေးတွေကိုဖတ်တယ် ပြီး ပုံ ပန်းချီလေးဘာလေ ဆွဲတယ်ဒီပြင်နည်းနဲ့အနားယူအပန်းဖြေစရာကျနော့နာရှိမရှိဘဲ တကယ်လို့သာ ကျနော်အနီးမှာ ကျနော့သမီးကလေးတွေ ရှိ တယ်ဆိုယင်တော့ တမျိုး တမျိုးပေါ့ဗျာ ခုတော့ ကျနော် အပန်းဖြေ ချိန်မှာ ကျနော်တယောက်ထဲ ကျနော်အကို ကိုဝင်းရယ် .. ကျနော်ရယ် သီချင်းကလေးနားထောင်တဲ့အခါနားထောင်လိုက် ရှေ ့ရေးတိုးတက်မှုအတွက် တိုင်ပင်တဲ့အခါတိုင်ပင်တိုက် နောက် ပြီးတော့” “အခုအချိန်ထိ ဆိုထားတဲ့ ရေဒီယို ရုပ်ရှင် စတီရီယိုတေး တွေထဲက နှစ်သက်တဲ့တေးတစ်ပုဒ် လောက်များရှိမလား စိတ် ကြိုက်ပေါ့ဗျာ
“အ နှစ် သက် ဆုံး တေး တစ် ပုဒ်ဆိုတာ တော့ မရှိဘူးဗျာ၊ ဘာပြုလို့လဲဆိုစေတော့ သူများသီချင်းတွေကို ကျနော်သိပ်မကြိုက် ဘူး ကျနော်ဆိုတဲ့သီချင်းလဲ ကျနော်သိပ်မကြိုက်ဘူးဆိုတော့.. ခက်သားလားဗျ၊ ဒီတော့ ကျနော်စိတ်ကြိုက်အနှစ်သက်ဆုံးတေး ဆိုတာ မရှိဘူး နဲနဲပါးပါးကြိုက်တဲ့ သီချင်းယောက်ပဲ ရှိတယ် ဘာပြုလို့လဲဆို အနှစ်သက်ဆုံး တေးတပ်ပိုင် ယင် ကျနော် ခဏခဏ ပြန်နားထောင်တာနဲ့ ပြီး ငွေ့သွားတယ် ခဏအကြိမ်ပေါင်း မြောက်မြားစွာ နားထောင် နိုင်အောင် သည် ထားတဲ့ သီချင်းဆိုတာ မရှိလို့လား ကျနော်ကိုယ်တိုင်မကြိုက်လို့လားတော့မသိဘူး အဲ့တော့အနှစ်သက်ဆုံးတေးဆိုတာ လဲမရှိဘူး ခွင့်လွှတ်ပါ”
“ရုပ်ရှင်အနုပညာကလွဲလို့ပေါ့ဗျာ တခြားအနုပညာလောကဖက်ကို ချဲ့ထွင်ဖို့အစီအစဉ်များ ရှိမလား”
“အခု လောလောဆယ်မှာတော့ ကျနော် ရုပ်ရှင်အနုပညာလုပ်ငန်းမှာပဲ စောက်ကျပြီး လုပ်နေပါတယ်၊ တခြားအနုပညာ • လုပ်ငန်းအတွက် စိတ်ကူးမရှိသေးပါဘူးဗျာ” ” တနဲ့ပတ်သက်ပြီး ခံစားရတဲ့ စိတ်ဆန္ဒမျိုးက ဘယ်လိုဖြစ်ဖြစ်ပေါ်ခံစားရသလဲဗျာ” ဂီတနဲ့ပတ်သက်ပြီး ခံစားရတဲ့ စိတ်ဆန္ဒ ..အင်း ကျနော် စိတ်ညစ်နေတဲ့အခါဗျာ အလွမ်းအဆွေးသီချင်းကလေးတွေ … ဥပမာ “မောင့်လပြည့်ဝန်း ” တို့ “စိုင်းပြန်ရဦးမယ်” တို့ “ဒီကမ္ဘာမှာ က အဆိုးဆုံးဟာငါပဲလား” တို့ “ငါ့အကြောင်း ငါသိတယ်” တို့ စတဲ့သီချင်းကလေးတွေကို နားထောင်တော့ ပိုပြီးခံစားရတယ်၊ နောက်ပြီးတော့ ခပ်မြူးမြူးသီချင်းကလေး
တွေ နားထောင်ကြားရပြန်တော့ စိတ်ချမ်းသာ ပျော်ရွှင်တယ် အလုပ်လုပ်ရတာ စိတ်လက်ချမ်းသာတယ် ဒီလိုမျိုးပေါ့ဗျာ…
“ကိုကျော်ရဲ့ အနူပညာနဲ့ပတ်သက်ပြီး အနာဂတ်မှာ ဘယ် လို စီစဉ်ထားသလဲ သိခွင့်ပြုမယ်ဆိုယင်”
“အနုပညာနဲ့ပတ်သက်တဲ့ အနာဂတ်ရည်ရွယ်မှုက ကျနော် ကြာယင် ဒါရိုက်တာ လုပ်မယ်ဗျာ အချိန်ရယင် စာရေးချင် ပန်းချီ ဆွဲချင်တယ်၊ ဒီလောက်အထိပဲ ရည်ရွယ်ထားပါ တယ် ဒါပေမယ့် ခုထက်ထိတော့ မဖြစ်သေးပါဘူး ဘာပြုလို့ လဲဆို ရုပ်ရှင်တွေက တအားရိုက်နေရတော့ မအားဘူးဗျာ”
“ကိုကျော်ရင်ထဲမှာ စိတ်ထဲမှာပေါ့ဗျာ စိတ်ကူးနဲ့ ဖန်တီး တည်ဆောက်ထားတဲ့ အနုပညာ အိမ်ကလေးများရှိမလား… သိပါရစေ”
“အဲ .. အဲဒီအမေးကတော့ ဝမ်းနည်းစရာ ကောင်းတယ်ဗျာ ကျနော်တည်ဆောက်ချင်တဲ့ အိမ်ကလေးမှာ ကျနော်လို လူမျိုးထဲ သဘာဝချင်း မဘူတဲ့မိန်းမတယောက်လိုချင်တယ် ကျနော ့သား သမီးလေးတွေနဲ့ ကျနော့ကို နားလည်စေချင်တယ်အာပြုလို့လဲဆိ တော့ရုပ်ရှင်လုပ်စားနေတဲ့ လူတယောက်ရဲ့အနားမှာရှိနေတဲ့ သူတယောက်ဟာ တစ်ယောက်နဲ့ တယောက် သဘောပေါက် မှဖြစ်မယ် တယောက်ကိုတယောက် နားလည် မယ်ဆိုလို့ ရှိယင် ကျနော်တည်ဆောက်ချင်တဲ့ အနုပညာ အိမ်ကလေး ကို တည်ဆောက်နိုင်မှာပါ၊ ခုတော့ ခုတော့ ကျနော် မှာ စိတ်ကူး ရှိပါတယ် လက်တွေမှာတော့ ကျနော် တယောက် ထဲ နေနေရတော့ ကျေနော် တည် ဆောက် လိုတဲ့ အိမ်က လေး ကျေနော်တယောက်ထဲပဲ ဒီအနုပညာ အိမ်ကလေး ထဲမှာ နေနေရပါတယ် ဒါ ပါ “
“ဆက်မေးချင်တာကဗျာ ကိုယ်ပိုင်သံစဉ်တေးနဲ့ ကော်ပီတေး နဲ့ ပတ်သက်တဲ့ အမြင်ပါ”
“ကွာတာပေါ့ဗျာ၊ ကိုယ်ပိုင်သံစဉ်တေးဆိုတာက သံစဉ်ကို သူ နာတယ်။ ရင်ထဲက ခံစားရတဲ့ရင်ထဲကသာတဲ့ စကားလုံးတွေကို ဦးနှောက်နဲ့ ချင့်ချိန်ပြီး ရောစပ်ပြီး သီချင်းတပုဒ်အဖြစ် ဖန်တီး ရတာပဲ၊ ကော်ပီတေး ဆိုတာက သူများနိုင်ငံက သီချင်းကို ကျနော်တို့က မြန်မာစာသားတွေ ဇွတ်ထည့်ဆိုတော့ ဘယ်တူ မလဲဗျာ၊ အဓိပ္ပာယ်ချင်းရော တန်ဖိုးချင်းရော မတူဘူး၊ ဒါပေ မယ့် တခါတခါကျတော့လဲ ကော်ပီတေးဟာ ဆိုလို့ကောင်းတာ လေးတွေရှိပါတယ်၊ တချို့အင်္ဂလိပ်သီချင်းကလေးတွေဆို စာ သား သိပ်ကောင်းတယ်။ ဒါပေမယ့် တိုက်ရိုက် ဘာသာပြန်ဖို့ မလွယ်တဲ့အပိုင်းတွေလဲ ရှိတာပေါ့။ အဲလို တိုက်ရိုက် ဘာသာ ပြန်ပြီး ဆိုနိုင်မယ်ဆိုယင်တော့ တမျိုးပေါ့လေ၊ ဒါပေမယ့် ကိုယ်ပိုင် သံစဉ်အေးလောက်တော့ ဘယ်ကောင်းမလဲ””
“တခါက ဝိုင်းခမ်းလိတ်က ပြောဖူးတယ်ဗျား သုံး ထပ်တိုက်ပေါ်က အခန်းကျဉ်း ကလေးထဲမှာနေရတာထက် စာယင် ကိုယ်ခိုင်တဲစုပ်ကလေးနဲ့ နေရတာက ပိုပြီး ဂုဏ်ရှိ ပါတယ် တန်ခိုးရှိပါတယ်တဲ့ ဆိုတဲ့ သဘောမျိုးပေါ့ဗျာ။
ကျနော်တို့ ကော်ပီလေးတွေအလယ်လောက် ထောင်းတောင်းပေ့ဗျာကဂီတအလယ်မှာ ဒါ မြန်မာ့သီချင်းပါလို့ ပြောလို့မရ
“စီးရီးလေးဆိုရတာနဲ့ ရုပ်ရှင်တေးဆိုရတာလေးလဲ ထိုထက်
“နေတို့ စီးရီးလေးတွေ ဆိုရတာကတော့ လွတ်လပ် တယ်ရွာ၊ စာသားမှာ ကာရန်တွေဘာတွေလဲ သိပ်မလိုဘူး။ ဒါ ပေမယ့် နိုင်ငံခြား တေးသွားထဲ မြန်မာစာသားတွေ စွတ်ထည့် တော့ တခါတခါ ဆိုရတာ ထောက်တာတို့ ဘာတို့ရှိတယ်၊ ဆိုဆေးလွတ်လပ်တာပဲ ရှိတယ်၊ ရုပ်ရှင်တေး ရုပ်ရှင်တေးကျ တာ့ ကျနော်တို့ ဘောင်ထဲမှာ ရုပ်ရှင်အဖွဲ့က နေရာချထားတဲ့ စည်းကမ်းတွေ ကြားထဲကနေဆိုရတယ် စာသားတွေ ကြမ်းတယ် ဆင်ယင်လဲ အဖြတ်ခံရတယ်၊ စတီရီယိုတေးထောက်တော့ မလွှတ်လုပ်ဖူးပေါ့ရာ”
“ယနေ့လူငယ်များနဲ့ အနုပညာလောက ထိစပ်မှုအပေါ် ကိုကျော်ဘယ်လိုမြင်လဲ”
“ယနေ့လူငယ်တွေ တော်တော် များများဟာ အနုပညာ လောက ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြပါတယ်၊ အင်း.. တချို့လဲဖြစ်သွားတယ်၊ တချို့လဲ ဖြစ်မသွားကြရှာဘူး၊ ဘာပဲဖြစ် ဖြစ်ပေါ့ဗျာ လူငယ်တွေ အနူပညာကို စိတ်ဝင်စားပြီး ကြိုးစား ကြတာ ကောင်းသော လက္ခဏာပါ၊ ဒါလောက်ဆို တော်
“လူငယ်နဲ့ မူးယစ်ဆေးဝါးကိစ္စရော ဘာများ ပြောချင်ပါ သေးလဲ”
“မူးယစ်ဆေးဝါးကိစ္စကတော့ ကျနော် ရုပ်ရှင်မဂ္ဂဇင်းမှာ တော်တော်လေး ပြောထားပါပြီ၊ နောက်ပြီး ကိုတည်ငြိမ်တို့ ‘သပြေတေး’ မှာလဲ ကိုဇော်ဝင်းက တော်တော် ပြည့်စုံအောင် ပြောထားပြီးတဲ့အတွက် ကျနော် မပြောလိုတော့ပါဘူး၊ မူးယစ် ဆေးဝါး ဟောပြောပွဲတွေမှာလဲ ကျနော်ပြောထားခဲ့တာ ရှိပါ တယ်။ ခုချိန်မှာ လူတိုင်းလူတိုင်း ကျနော် ထက် ရင့်ကျက်သော လူတိုင်းကလဲ ပြောနေကြတော့ ကျနော်သိပ်ပြောဖို့ မလိုတော့ ဘူးထင်ပါတယ်။ ဒီမူးယစ်ဆေးဝါးအန္တရာယ် ဘယ်လောက် ကြီး မားတယ်ဆိုတာကိုလဲ လူတိုင်းသိနေကြပါပြီ၊ ဒီတော့ မလိုတော့ ဘူးထင်ပါတယ်”
“အနုပညာသည်တယောက်သည် ပရိသတ်၏ အတုယူစရာ ပုဂ္ဂိုလ်ဖြစ်သည် ဆိုတဲ့ စကားစုလေးနဲ့ပတ်သက်ပြီး ဆွေးနွေး ပါဦး”
‘မှန်ပါတယ်၊ အနုပညာသည်တယောက်ဆီမှာ သူ့ပရိသတ် နဲ့သူ ရှိကြပါတယ်။ အဲတော့ အနုပညာသည် တယောက်ဟာ ကောင်းကောင်းမွန်မွန်လုပ်ယင် သူ့ကိုလက်ခံတဲ့ ပရိသတ်ဟာ ကောင်းကောင်းမွန်မွန်ဖြစ်မယ်၊ မကောင်းတာတွေ လျှောက်လုပ် ယင် အားကျတဲ့ သတ်တွေလဲ မဟုတ်တာတွေဖြစ်မှာပဲအနူပညာသည်တိုင်းဟာ ကိုယ့်ပရိသတ်ကိုယ်ရှိတယ်ဆိုတာကြရမယ်။ ကိုယ်မဟုတ်တာလုပ်ယင် ကိုယ့်ပရိသတ်တာ မကြိုက်တာတွေဖြစ်ကုန်မယ်၊ ကိုယ်ကောင်းတာလုပ်ယင် လူငယ်ပရိသတ် တွေ ကောင်းတာဖြစ်မယ်၊ ဝါဝါ ဆိုတော့ အနုပညာသည်တွေ ဟာ ပရိသတ်အတုယူစရာဖြစ်တော့ မြင်ချင် နေရမယ်လို့ ကျနော်မြင်ပါတယ်
‘ကဲဗျာ အတော်အသင့်လဲ စုံနေပါပြီ၊ ဒီတော့ ရုပ်ရှင် သို့မဟုတ်ပေမယ့်ဂီတနဲ့ပတ်သက်ပြီး ကိုကျော်အနေနဲ့ ဆန်းသစ် တီထွင်ပြီးလုပ်ချင်တာမျိုးများရှိသလား”
“ရုပ်ရှင်နဲ့ ဂီတဆိုတော့ ကျနော်သန်တာက ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကိုပဲ ပြောပါရစေဗျာ၊ ကျနော်တို့က လူငယ်တွေဆိုတော့ တီထွင်ချင်တယ် ဆန်းသစ်ချင်တယ်၊ အဲ့လို ကျနော်တို့ တီထွင် ဆန်းသစ်ဘာကို တင်ပြတဲ့အခါမှာ သက်ဆိုင်ရာလူကြီးတွေက တော်ရုံတန်ရုံကို ခွင့်ပြုပါလို့ ကြုံတုန်း ပြောကြားလိုပါတယ်။ ချစ် ကြိုက် ကွဲညား ပြန်ပေါင်း’ စတဲ့ ဇာတ်လမ်း မျိုးတွေကိုလဲ ကျနော်တို့ မရိုက်ချင်ကြတော့ပါဘူး၊ ကျနော်တို့ရုပ်ရှင်မှာ မရှိဖူးသေးတဲ့ဇာတ်လမ်းမျိုးတွေကို ကျနော်တို့ ရိုက် ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရိုက်ချင်ပေမယ့် ကျနော် တို့ကို အုပ်ထိန်းထားတဲ့ သက်ဆိုင်ရာက ရိုက်ခွင့်ပေးမှ ရိုက်ရမှာ ပါ။ အဲဒီတော့ လူငယ်တွေအတုယူ မှားစရာမဖြစ်ယင် လူငယ် တွေအတွက် အနှောင့်အယှက်မဖြစ်ယင် ကျနော်တို့ တီထွင် ဆန်းသစ်တာကိုလက်ခံပါလို့ ပြောယင်းနဲ့ နိဂုံးချုပ်ပါရစေခင်ဗျား”
တေးမဂ္ဂဇင်း(၁၉၈၁)
burmesevintageclassic

kyawhein

