HISTORY : Old BURMA Page ရှေးရှေးက ဗမာနိုင်ငံ

https://fb.watch/tYL2LXvmB5/?

မြန်မာပြည်က နာမည်ကျော် အိမ်တစ်လုံး


အမေရိကန် ဒေါ်လာ သန်း ၉ဝ လောက်တန်တယ်လို့ ရှေ့နေတွေ အကဲဖြတ်ကြတဲ့ ကိုလိုနီခေတ်က အိမ်တစ်လုံး မြန်မာပြည်မှာ ရှိပါတယ်။

ဒီအိမ်ကို စစ်မဖြစ်ခင် ၁၉၂ဝ ကျော်က မူလပိုင်ရှင်တွေ ဆောက်ခဲ့ကြတာဖြစ်လို့ အခုဆိုရင် သက်တမ်း ၁၀၀ ကျော်ပါပြီ။

ဒီအိမ်မှာ အကျယ်ချုပ်နှစ်တွေ ဖြတ်သန်းရင်း ခင်ပွန်းသည် ကွယ်လွန်ခါနီး အချိန်မှာတောင် မနှုတ်ဆက်လိုက်ရတဲ့ အိမ်ရှင် အမျိုးသမီးဘဝဟာ ကမ္ဘာကျော်ခဲ့လို့ ဟောလိဝုဒ်ကနေ ရုပ်ရှင် ရိုက်ကူးပြီးပြတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ထင်ရှားခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား၊ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ယူကေဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း စတဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် နိုင်ငံခေါင်းဆောင်တွေ လာရောက်ခဲ့ကြသလို တခြားကမ္ဘာ့နိုင်ငံ အများအပြားက တာဝန်ယူဆဲ ခေါင်းဆောင်တွေ၊ အငြိမ်းစားခေါင်းဆောင်တွေ တကူးတက လာရောက်ကြတဲ့ အိမ်ဖြစ်ပါတယ်။

အင်ဂျလီနာဂျိုလီ၊ မီရှဲယို စတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေလည်း ဒီအိမ်မှာ ညအိပ်ညနေ လာရောက်တာမျိုး ရှိခဲ့ပါတယ်။

ပြည်တွင်းက ထင်ရှားတဲ့ စစ်ခေါင်းဆောင်တွေ လာရောက်ဖူးကြသလို၊ အနုပညာရှင် အတတ်ပညာရှင် အလွှာပေါင်းစုံက လာရောက်လည်ပတ်ကြတဲ့ အိမ်လည်း ဖြစ်ပါတယ်။

အိမ်ရဲ့ နံပါတ် ၅၄ ကို သီချင်းတွေ၊ ကဗျာတွေ စပ်ဆိုကြ
သူတွေ ရှိသလို၊ အိမ်ရှင်ကို အနိုင်ယူဖို့ ရှေးအယူအဆ တမျိုးအဖြစ် ယတြာချေတဲ့ နေရာမှာ သုံးတဲ့သူတွေလည်း ရှိပြန်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဒီအိမ်ဟာ မြန်မာပြည်မှာ အထင်ကရ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်တဲ့ ရွှေတိဂုံဘုရားကြီး၊ ရန်ကုန်တက္ကသိုလ် တို့လိုပဲ ထင်ရှားတဲ့ နေရာဖြစ်လို့ ပြည်တွင်းက ပြည်သူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်တစား လာကြည့်တာ ဓါတ်ပုံလာရိုက်တာတွေ ရှိပါတယ်။

Photo – Google

ကိုးကား #အင်တာနက်သတင်းများ #wikipedia #irrawaddymedia #bbcmedia #ခြံအမှတ်၅၄ #တက္ကသိုလ်ရိပ်သာလမ်း #ဗိုလ်ချုပ်အောင်ဆန်း #ဒေါ်ခင်ကြည် #ဒေါ်အောင်ဆန်းစုကြည် #OldBurmaGroup #ကိုလိုနီခေတ်ကအဆောက်အအုံများ

Old India in Kolkata 137 years Ago https://youtube.com/shorts/gcFyZTULMsI?si=sOSAx6hZ8M2MaRyP