မဟာစည်ကမ္မဋ္ဌာန်းတရားကို
ကိုယ်တိုင်လည်း ကျင့်ကြံ
မြန်မာလို ပြောနိုင် ဖတ်နိုင်ပြီး
အင်္ဂလိပ်ဘာသာ ပြန်ဆိုနိုင်တဲ့

တရားစာ(၉)အုပ်
https://drive.google.com/folderview?id=1QRaJz5d0eQpcSOu_8dhrW1XmnOy9WZyp
အသံတရားတော်(၂၄)ပုဒ်
https://drive.google.com/folderview?id=1P6XWhvIvQBIin4qvvZ5VJjvKNmCFvjNi
Video မှတ်တမ်း
https://drive.google.com/folderview?id=1QzCiq94Jb-FHMoefgIhNf_IK7qB5V7C5

သူဟာ
အခုအခါ အသက် (၄ဝ)ကျော်ခန့် ရှိပြီး
New York University တွင်
Postdoctoral Associate အဖြစ်
ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

သူကိုယ်တိုင် ရေးသားတဲ့
ရဟန်းဖြစ်စဉ်က အကြောင်းမှာ
မြန်မာစကား၊ မြန်မာအလေ့တွေကို
သူ့အတွက် ခဏကလေးနဲ့ ရင်းနှီးပြီး
အလွယ်တကူ သင်ယူနိုင်တယ်
ဆိုတာရယ်

မြန်မာပြည်ကို ရောက်လာတာ
သူ့အိမ် သူ့ဇာတိကို ပြန်ရောက်သလို
သူ ခံစားရကြောင်း
ဖော်ပြထားပါတယ်။

Jake H. Davis ရဲ့
စာအုပ်တွေကတော့…

ရွှေတောင်ကုန်းဆရာတော်ကြီး၏
တစ် ဘဝတာခရီး (One Life’s Journey)

ကိုယ်တိုင်ရေးသော
ရဟန်းဖြစ်စဉ်က အကြောင်း။
မဟာစည်ဆရာတော်ကြီး၏
သာသနာပြုဆောင်ရွက်ခြင်းကြောင့်
အနောက်နိုင်ငံမှာ
ပဋိပတ္တိသာသနာ ပြန့်ပွားလာပုံတို့
ဖြစ်ပါတယ်။
(Link မှာ ပူးတွဲဖော်ပြထားပါတယ်)

USA, Barre
Insight Meditation Center တွင်
ဟောပြောပြသတဲ့
စစ်ကိုင်း ကျစွာချောင်
ဆရာတော်ဦးလက္ခဏ၏ တရားများကို
(၂၄)ရက်တိုင်တိုင် မြန်မာဘာသာမှ
အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။

Jake H. Davis (MP-3)တွေကို
Link မှာ ပူးတွဲ ဖော်ပြထားပါတယ်။
သူရဲ့ ကမ္မဋ္ဌာန်းဆိုင်ရာ တင်ပြချက်များနဲ့
ဆွေးနွေးချက်များ
YouTube ကိုလည်း
လေ့လာနိုင်ရန် ဖော်ပြလိုက်ပါတယ်။

xxxxxxxxxx xxxxxxxxxx xxxxxxxxxx

Jake H. Davis အကြောင်း (သိသမျှ အကျဉ်း)


အသက် ၁၉-နှစ်အရွယ်တွင်
စစ်ကိုင်း ကျစွာချောင်
ဆရာတော်ဦးလက္ခဏထံတွင်ပင်
သာမဏေ အဖြစ် တစ်နှစ်၊
ရဟန်းအဖြစ် တစ်နှစ်ခန့်
သတိပဋ္ဌာန် ဝိပဿနာတရား
ပွားများလျက်လည်းကောင်း၊
မြန်မာစာနှင့် ပရိယတ်တရားတို့ကို
လေ့လာလျက် လည်းကောင်း
နေထိုင်ခဲ့ပါသည်။

ထိုကာလတွင်ပင် ရွှေတောင်ကုန်း
ပဲခူး ဆယ်မိုင်ကုန်းတွင်လည်း
သီတင်းသုံးလျက်
ရွှေတောင်ကုန်းဆရာတော်ကြီး၏
တစ် ဘဝတာခရီး
(စာမျက်နှာ ၄ဝဝ-ကျော်)ကို
အမေရိကန်ဆရာလေး
ဒေါ်ဝဇီရဉာဏီနှင့်အတူ
အင်္ဂလိပ် ဘာသာ ပြန်ဆိုခဲ့လေသည်။

ထိုနောက်ပိုင်းတွင်
တက္ကသိုလ်တွင်
အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ
အထူးပြုလေ့လာခဲ့ပြီး
PhD အတွက်
ရန်ကုန်တက္ကသိုလ်
ဒဿနိကဗေဒဌာနနှင့် တွဲဖက်လျက်
သတိပဋ္ဌာန် ဝိပဿနာတရား
အားထုတ်ခြင်းနှင့်
စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှု
စာတမ်းကို ဆောင်ရွက်ခဲ့သည်။

ယခုအခါ New York University တွင်
Postdoctoral Associate အဖြစ်
ဆောင်ရွက်လျက် ရှိပါသည်။

စာအုပ်ပေါင်း ၁ဝ-အုပ်ခန့်
ရေးသားထုတ်ဝေခဲ့ပါသည်။

Vipassana Hawaii မှာလည်း
ဝိပဿနာတရား ပြသရာမှာ
ဆောင်ရွက်လျက်ရှိပါတယ်။

နှစ်စဉ် ဇန်နဝါရီလတိုင်း
စစ်ကိုင်း ကျစွာချောင်
၁၅-ရက် တရားစခန်းကို
ကိုယ်တိုင်လည်း အားထုတ်၊
နိုင်ငံခြားသားယောဂီများ
နားလည်စေရန်
ဘာသာပြန်အဖြစ်လည်း
ဆောင်ရွက်လျက် ရှိပါသည်။

xxxxxxxxxx xxxxxxxxxxxxx
ကျွန်တော် သူ့ကို လူချင်းတွေ့ဖူးတာ
၂၀၁၂ တုန်းက ရွှေတောင်ကုန်း
ရိပ်သာမှာပာ၊

အဲဒီတုန်းကတော့ သိဖူးရုံပါပဲ၊
၂၀၁၄ မှာ ဖုန်းနဲ့ စကားပြောဖြစ်ပါတယ်၊
ခဏတာပေမယ့် သာသနာရေးဆိုင်ရာ သူ့ထံက အကူအညီ တောင်းတာပါ။
၂၀၁၉ မှာတော့ ၃-နာရီနီးပါး
ဆွေးနွေးဖြစ်ပါတယ်၊
ကျေးဇူးတော်ရှင်
မဟာစည်ဆရာတော်ဘုရားကြီးရဲ့
တရားစာတွေကို အင်္ဂလိပ်ဘာသာပြန်ဖို့ပါ။
အကောင်အထည်တော့
မဖော်နိုင်သေးပါဘူး။

သူ့ရဲ့ မြန်မာနာမည်က
ကျော်စိုးလို့ ခေါ်ပါတယ်၊

သူ့ကိုယ်သူ မိတ်ဆက်ရင်လည်း
ကျွန်တော်က ကျော်စိုးပါလို့ဆိုပြီး
မြန်မာလို တောက်လျှောက်
ပြောပါတယ်။
ကျွန်တော်ဆုံဖူးတဲ့ ၂ ခါစလုံး
သူက ပုဆိုးနဲ့ပါပဲ။
သူ ရဟန်းဖြစ်နေစဉ်က
သူ့အကြောင်းကို အပ္ပမာဒစာစောင်မှာ
ဓာတ်ပုံနဲ့တကွ
ပြည့်စုံစွာ ဖော်ပြခဲ့ပါတယ်။
၂ဝဝဝ ခုနှစ်ခန့်က စာစောင်မှာပါ။
ကျွန်တော် ဖတ်ခဲ့ဖူးပေမယ့်
သိမ်းမထားခဲ့မိဘူး။
အပ္ပမာဒကို
ပြန်မေးတော့လည်း
မရှိတော့တဲ့သဘောပဲ သိရပါတယ်။
လက်လှမ်းမီသူများ
သိမ်းထားသူများ ရှိရင်လည်း
ကျွန်တော့်ကို မျှဝေပေးဖို့
မေတ္တာရပ်ခံပါတယ်။
သာသနာအတွက်
ထိထိရောက်ရောက်
အလုပ်လုပ်နေသူတစ်ယောက်အကြောင်း
အများသိအောင်
မျှဝေခြင်းဖြင့်
သာသနာတော်အတွက်
ကောင်းကျိုးတွေ များစွာ
ဖြစ်ထွန်းလာမှာ သေချာပါတယ်။
http://scholar.google.com/citations?user=zWZu6_0AAAAJ&hl=en
Mindfulness
