Biography 20 / POLITICS Myanmar / ဦးသန့်နှင့် ဦးနု စသည့် မြန်မာလူတော်များ နှင့် နယ်ပယ်စုံမှ ထူးခြားထင်ရှား ပုဂ္ဂိုလ်ထူးများ ၊ သတင်းများ ။ Some Media News on Past Myanmar Independence days 2/2/ မြန် မာနိုင်ငံရေးလောကမှ နိုင်ံခေါင်းဆောင်ကြီးများ ။

သက်ကြီးရွယ်အို
မြန်မာပညာတတ် လူတော်ကြီးများထဲက တစ်ယောက်

ဝါရင့် နမ္မတူ ဘော်တွင်းအင်ဂျင်နီယာကြီး
ဦးညီ နဲ့ ညနေခင်း တစ်နေ့တာ

စင်ကာပူကို ဆရာကြီးရောက်နေတယ်ကြားလို့
ဆရာကြီနေထိုင်ရာ အိမ်ကို တကူးတက သွားတွေ့ခဲ့ပါတယ်

ဆရာကြီးက အသက် ၉၀ နားနီးနေပြီ
ကျန်းမာရေးက ကောင်းနေဆဲ
စာတွေဖတ် စာတွေရေးနေနိုင်ဆဲ
အလွန်တော်တဲ့ ဝါရင့် သတ္တုတွင်း အင်ဂျင်နီယာစာရေးဆရာတစ်ဦး ဖြစ်တယ်။

ယခု အင်္ဂလိပ် စာအုပ်တစ်အုပ်ရေးနေတယ်
မြန်မာအများသိထားပြီးအကြောင်းအရာ
နိုင်ငံခြားသားတွေအသိနည်းပြီးအလေးမထားကြတဲ့
မဟာဗုဒ္ဓဝင်ထဲကအကြောင်းအရာ အထုပ္ပတ္တိ
မဟော်သဓာ အကြောင်းစာအုပ် ပ်။

ဆရာကြီးက Meditation ဆိုပြီး
ဝိပဿနာ ဘာဝနာ တရားထိုင်ခြင်းအကြောင်းစာအုပ်ကို
အင်္ဂလိပ်လို ရေးသားထုတ်ဝေဖြန့်ဝေခဲ့ဘူးသေးတယ်

မဟာဂန္ဓာရုံဆရာတော်ကြီးအကြောင်းကိုလဲ
နိုင်ငံခြားသားစာဖတ်ပရိသတ်တွေအတွက် အင်္ဂလိပ်လို ရေးခဲ့ဘူးသေးတယ်

မြန်မာပြည် ကနမ္မ တူဘော်တွင်းမှာ ရှေ့ဆောင်ဦစီးဦးရွက်ဆောက်ရွက်ခဲ့သူ
ဘော်တွင်းမိုင်းသတ္တုတွင်းအင်ဂျင်နီယာ
ပညာတတ် လူတော်ကြီးတစ်ယောက်ဖြစ်တယ်၊

ဆရာကြီးရဲ့ဇနီးသည်ကြီးကလဲ အသက်ရှည်သူ
မိမိဇနီး BEd 1972 ဆင်း ကျောင်းဆရာမ နဲ့
ဆရာညီဇနီး ၁၉၆၂ BEd ဆင်း ဆရာမကြီးတို့က
အသက်အရွယ်တွေက ၁၀ နှစ်ခန့်ကွာကြတယ်

ကျွန်တော့် ဇနီးသည်က ဆရာမကြီးနဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဘယ်ရာတွေ စကားလက်ဆဲုကျနေကြစဉ်
ကျွန်တော်ကလဲ
ဝါရင့်အင်ဂျင်နီယာ စာရေးဆရာကြီး
ဆရာကြီး ကလောင်အမည် မောင်ညီ (ဘ်ေတွင်း)နဲ့
သူရေးတဲ့ ကျွန်တော်ရေးတဲ့ စာအကြောင်း ပေအကြောင်း
စာအုပ်တွေအကြောင်း
ရေရေးရာ ပညာရပ် တွေ အလုပ်တွေအကြောင်း
စိတ်တူ ကိုယ်တူ ပြောမဆုံးပေါင်ဖြစ်နေကြတယ်။

ဆရာညီတို့ဇနီးမောင်နှံက
သူ့သမီးငယ်တစ်ယောက်နဲ့ အတူ သူနေထိုင်ရာ
ဘရူနိုင်း နိုင်ငံ မှ
စင်ကာပူ သူ့သမီးတစ်ဦးအိမ် ခေတ္ထလာရောက် လည်ပတ် နေကြတာဖြစ်တယ်

စင်ကာပူ နိုင်ငံ Clementine ကလန်မန်တီးရပ်ကွက်
ဆရာတို့မိသားစုနေကြရာ ၂၂ ထပ်တိုက်ကြီးရဲ့ အပြင်မှာ
နေဝင် ညမှောင်နေတာပင် လျင် ကျွန်တော်တို့ သတိမထားမိကြ
စကားတွေဖေါင်ဖွဲ့ကောင်းနေလိုက်ကြတာ

နာမည်ကျော်။ စန္ဒရား ဆရာကြီး ဦးစိန်သောင်း နှင့် တွေ့ဆုံခြင်း

https://fb.watch/sZyIJtMVSI/?