ဥဿာတိုင်းရဲ့ ရွှေ ရှမ်းကိုင်း

ဖတ်စရာ မှတ်စရာ ( ၁၃၅ )

ကြည့်စရာ သိစရာ

ဆည် မြောင်းရေးရာ

စာပဒေသာ

( ကွယ်လွန်သူ ဆည်မြောင်း ရေတံခါး ပညာရှင် အင် ဂျင်နီ ယာ ဦးတင်ထွန်းသို့ အမှတ်တရ )

ပင်လယ် ရေငန် ဒေသမှာ

ဆည်မြောင်းက တည်ဆောက်ထားတဲ့ ရေတံခါး တစ်ခု

ပဲခူးတိုင်း ဝေါ. မြို့ နယ်ထဲက ရှမ်း ကို င်း ရေတံ ခါး

( ရေနုတ် ရေထုတ် ၊ရေထိန်းနှင့် ပင်လ ယ် ရေငန် နှ င့် ပင်လယ် နုန်းများတားနိုင်တဲ့

ဘက်စုံသုံးရေတံခါး )

ပြန်လည် ကူးယူဖေါ်ပြပါသည်။ ( ( 12 June 2024 edited )

တည်နေရာ

စစ်တောင်း တံတား အသစ် အောက်ပိုင်းမှာ

စစ်တောင်းမြစ် ဝ ပင်လယ် ဘက် က နှစ်စဉ် နွေရာသီရောက်တိုင်း ကုန်းတွင်းချာင်းတွေထဲကို ဝင်လာလေ့ ရှိ တဲ့ ရေငန်နဲ့ နုန်းနှစ်တွေကို မဝင်နိုင်အောင် တားထားပေး တဲ့

ဝေါမြို့နယ် ညောင်ခါးရှည် ရွာ အနီး က ရှမ်းကိုင်းရွာဘေး မှာ တည်ဆောက်ထားခဲ့ တဲ့ အဗျား ရှမ်းကိုင်းရေနုတ်ချောင်း နုန်းတက် မပိတ်ဆို့ရေးနဲ့ မိုးရာသီမှာ ရေမကြီးအောင် ရေကောင်းကောင်း ထုတ်နုတ်နိုင်ရေးတို့အတွက် ဦးတည် ရည်ရွယ်ပြီး ၂၁ ရာစုရဲ့အရုဏ်ဦးကာလ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မှာ တည်ဆောက်ထားခဲ့ တဲ့ ရှမ်းကိုင်းရေတံခါး တစ်ခုရှိတယ် ။

ပင်လယ်နားနီး ဒေသတွင်းမှာပွင့်နေတဲ့ချောင်းမြောင်းတွေရဲ့နုန်းဝင် နုန်းတင် တိမ်ကောမှုများ အခြေအနေ ။

ရေတံခါးရဲ့ အထွက် အောက်ပိုင်း ပင် လယ်ဘက်မှာ စစ်တောင်းမြစ်ကို အထွက်ပိုင်း ချောင်း နဲ့ ကုန်းတွင်း က အပေါ် ပိုင်း ချောင်းထဲ က တည် ဆောက်ထားပြီး ရေတံခါးရဲ့တစ်ဖက်တစ်ချက်စီက ချောင်း ရေ အရောင်တွေ ကိုကြည့်ရင် ချောင်း အထက်ပိုင်း အတွင်း ရေကြည်နဲ့ ချောင် းအောက်ပိုင်း ချောင်းဝအထိ အပြင် ရေနောက် တို့ အရောင် ကွာခြားနေခြင်း က စစ်တောင်းမြစ်ဝက ပင်လယ်နုန်းတွေ ချောင်းထဲ ဝင်လာမှု အခြေအနေ ကို လေ့လာ တွေ့မြင် နိုင်မှာ ဖြစ်ပြီး ၊ ပင်လယ်ကဝင်လာတဲ့ ရေငန်နုန်းတွေကို အလိုအလျောက် ပိတ် နိုင်ငံ ရေတွခါး က နုန်းတားပေး ထားနိုင် တဲ့ ရေတံခါးရဲ့ အခြေအနေကို မျက်ဝါးထင်ထင် တွေ့ မြင် နိုင်ကြမှာ ဖြစ်ပါတယ် ။

ပင်လယ်ရေငန် ဒေသတွေရဲ့ ရေငန် နဲ့နုုန်း ဝင်ရောက် မှု အခြေ အနေတွေနဲ့ ၊ ချောင်းတွေ မြစ်တွေထဲမှာ တွေ့ နေကြရတတ်တဲ့ ရေကြည်နဲ့ ရေနောက် အခြေအနေ တွေ ကိုခွဲခြားသိ အောင် ဧရာဝတိ မြစ်ဝကျွန်းပေါ်ဒေသတွေမှာအတူ ကွင်း ဆင်းလေ့လာခဲ့ ကြရင်း စပါးစီမံကိန်း သင်္ဘော ပေါ်ကနေမြစ်ထဲကို လက်ညှိုးထိုးပြပြီး မြစ်ထဲ မှာ မျော ပါ နေတဲ့နုနိးေတါအကြောင်း နုန်းသဘာဝ အခြေအနေ တွေ ကို လက်တွေ့ပြသ သင်ပြပေးခဲ့သူ ကွယ်လွန် သူ မြစ်ဝကျွန်း ပေါ် ဝါ ရင့် ဆည် မြောင်းအင်ဂျင်နီယာကြီး ဆရာသမား

ဦးထွေးမြင့် ကိုကျေးဇူးတင်နေ၇ပါတယ်.

ကွယ်လွန်သွားလေပြီးသူ မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာ ဂုရုကြီး ဆရာရင်း ဦးထွေးမြင့် ကိုယ်တိုင်

အထက်ဖေါ်ပြပါ သူ့ တပည့် တွေ တည် ဆောက်နိုင်ခဲ့ကြတဲ့ ၇ှမ်းကိုင်းေရေတံ ခါးကို သဘောကျ နှစ် ခြိုက် မှု ကို ခံ ခဲ့ ရလို့ လဲ ရေတံခါးကို မိမိကိုယ်တိုင် တာဝန်ယူဒီဇိုင်းထုတ် တည်ဆောက်ခဲ့သူ ကျွန်တော်တို့အဘို့ ကိုယ့်ကိုယ်ကို ကျေ နပ်မိခဲ့ ရပါသေးတယ် ။

ပင်လယ် နားနီး ချောင်းများ ရေငန် နှင့် နုန်းဝင် ရောက် ခြင့်းကြောင့် ချောင်း တိမ်ကော ခဲ့ ခြင်း,သင် ခ န်းစာများ ။

ချောင်းအထွက်ထိပ်ဝနားမှာ ယခုအခါ ရေတံခါးတည်ဆောက် ထားတဲ့ ရှမ်းကိုင်းချောင်းကြီးဟာ ေရတံခါး,အထိန်းမရှိခင် ပွင့်နေစဉ်က ရှမ်းကိုင်းချောင်းဟာ ပင်လယ် ရေငန်နဲ့ နုန်းတွေ နွေရာသီမှာ အမြဲ ဝင် ထွက်နေလို့ ချောင်းတိမ်ကောတာတွေဖြစ်လို့ ရှေးယခင် မဆလ ခေတ်မှာ ချောင်း ကို သောင်တူးစက်နဲ့ပြန်တူးခဲ့ကြဘူးတာသိခဲ့ရဘူးပါတယ် ။

ဒါပေမဲ့ချောင်းဝမှာ ရေငန်နဲ့ နုန်းမဝင်အောင် အတားအဆီးရေတံခါးမရှိ ခဲ့ တာကြောင့် ချောင်းတူးပြီး ရှမ်းကိုင်းချောင်းထဲ ပြန်ဝင်လာနေကျ နုန်းတွေကြောင့် မကြာခင်မှာဘဲ ချောင်း ပြန်လည်တိမ်ကောခဲ့ရဘူးပါတယ်၊

အလားတူစွာဘဲ ရန်ကု န် သံ လျင်ဘက်မှာ ခရမ်းချောင်းကို ရှေးယခင် မဆလ ခေတ် မှာ သောင်တူးစက်တေွနဲ့ အကြိမ်ကြိမ် တူး ဖေါ် ခဲ့ကြ ပေမဲ့ ချောင်းအဝမှာ ရေငန်နဲ့နုန်း မဝင်အောင်တားပေးမဲ့ရေတံခါးအထိန်းမရှိလို့ ချောင်းပြန် တိမ်ကောခဲ့ရ ဘူးပါသေး တယ်.။

ယနေ့ခေတ် မှာ ရေငန် နဲ့နုန်းမဝင် အောင် ချောင်းအဝမှာ ဆည် မြောင်းက ရေတံခါးတွေတည် ဆောက် ပေး ထားနိုင်ကြပြီ ဖြစ် လို့ ရှမ်းကိုင်းချောင်းနဲ့ ခ၇မ်းချောင်းတို့မှာ နုန်းတင်ပြီးချောင်းတိမ်ကောမှုတွေများစွာ လျော့နည်း သက်သာသွားကာ ရေချို ချောင်းတွေဖြစ် သွားလို့ ချောင်းဝဲယာမှာ သီးနှံတွေရေတင် စိုက်ပျိုးနေ နိုင်ကြပြီဟု ယူဆ ရပါတယ်. ။

ဖြစ်ခဲ့ဘူး တဲ့ နုန်းတင်ချောင်းတွေ သမိုင်းကိုအလေးမထားဘဲလုပ်ခဲ့ကြတဲ့ မကြာသောကာလ ယနေ့ခေတ်ရဲ့ အလား တူဖြစ်ရပ် တစ်ခု က ရန်ကုန်မြို့ နဲ့ရန်ကုန်မြစ် တစ်ဖက်ကမ်းက ပန်းလှိုင် ချောင်းပါ။

ချောင်းထိပ်မှာရေငန်နဲ့နုန်း အတားအဆီး မရှိဘဲ ချောင်းကိုနက် အောင် စက် တွေ မြောက်များစွာ နဲ့ တူးခဲ့ပေမဲ့ ၊ ချောင်း အထက်ပိုင်း အပေါ်ထိပ် မှာ နုန်းမဝင် အောင် မဲဇလီ ရေတံခါးတစ်ခုကို နောင်အခါ ဆောက်နိုင်ခဲ့သော်လဲ ချောင်းအောက်ပိုင်း ပန်းလှိုင် ချောင်းထိပ် အဝမှာ မှာ ဘနေ့ထိ တိုင် ေ၇ခါးအထိန်း မရှိတာကြောင့် ,ပန်းလှိုင် ချောင်းထဲကို ရေငန်နဲ့ နုန်းတွေ နှစ်စဉ် ပြန် ဝင် နေတာကြောင့် ချောင်းအောက်ပိုင်းမှာ ယခုအခါ ချောင်းပြန်လ ည် တိမ်ကောနေတာ တွေကို တွေ့ ရှိ နေ ရပါ တယ်. ။

ရည် ညှ ွန်း

“ရှမ်းကိုင်း ရေထုတ် ရေထိန်းရေတံခါး “

စစ်တောင်းမြစ်ဝ အနောက်ဘက်ကမ်းခြေက

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တွေ စစ်ပြေးရင်း စစ်တောင်းမြစ်ကို ဖြတ်ကူးကြဘို့ကျိုးစားခဲ့ ကြရင်း တိုက်ခိုက် ကျဆုံးခဲ့ ကြရတဲ့ နေရာ ညောင်ခါးရှည် ကျေးရွာ နဲ့

အလှမ်း မကွာဝေးတဲ့ ရှမ်းကိုင်း ရွာ အနီး က ရှမ်းကိုင်းချောင်း မှာ တည်ဆောက်ထားတဲ့ ဆည်မြောင်း ရေတံခါး လုပ်ငန်းတစ်ခု ဖြစ်ပါတယ် ။

-/—–

ဆည် မြောင်းမှ စီစဉ် ထုတ်လွှင့်ပြသခဲ့တဲ့ ရေတံခါးပညာေပး ရုပ်/သံ သီချင်းတစ်ပုဒ် ။

ဥဿာ တိုင်းရဲ့ရွှေ ရှမ်းကိုင်း

ဆည် မြောင်မှာတာဝကျခဲ့စဉ် မိမိ ကိုယ်တိုင်တာဝန်ယူ စီစဉ် ဖန်တီး ထုတ်လုပ် ခဲ့ သမျှ ဆည်မြောင်းရေတံခါး သီချင်းတွေထဲက အကြိုက်ဆုံး MTV သီချင်းတစ်ပုဒ် ပါဘဲ။

အဲဒီအချိန်မှာ ကျွန်တော်က နိုင်ငံခြားရောက် ထိုင်း ကပြား မလေး Vanessa Mae ရဲ့ တယော လက်သံတွေကို ရူးရူးမူးမူး နှစ်ခြိုက်နားထောင် သဘောကျ နေတဲ့ အချိန် တွေလဲ ဖြစ်တယ်.။

သိချင်းထဲမှာ မြန်မာ တယောပညာရှင်ကြီး တယော ဦးတင်ရီနဲ့သူ့အဖွဲ့ရဲ့ လက်စွမ်းပြ တယော တီးလုံးတွေကို ရုပ်/သံ ဆည် မြောင်း ရေတံခါး သီချင်းဗီဒီယိုထဲမှာ အစအဆုံး အသားပေး နောက်ခံထားပြီး တယောသံတွေမြိုင် မြိုင် နဲ့ ဖေါ် ပြထားတယ်.။

အမျိ ုးသား းဇာတ် ရုံကြီးမှာလဲ တကူးတက သွားရောက် ရိုက် ကူးထည့်သွင်းပြသခဲ့ပါ သေးတယ်.။

ဆည်မြောင်း လုပ်ငန်းသဘာဝတွေကို ဖေါ်ထုတ် ပြသ သွားတဲ့ မိုးလင်းက မိုးချုပ်ထိ သရုပ်ဖေါ် ထားတဲ့ ရိုက်ကွင်းတွေ ၊ကို သီချင်းထဲမှာ ပြထားတယ်. ။

ဗီဒီယိုရီုက် ကွင်းကို နေ့ရောညပါ ၊ လာကြည့်နေကြတဲ့ ဒေသခံ ရွာသား တကဲ့ ပွဲကြည့်ပရိသတ်တွေကို ပါ သရုပ်ပါပါ ထည့် သွင်းထားပြီး ထိုခေတ် နာမည် ရ အဆိုတော် တင်ဇာ မော်ရဲ့ တေးသံနဲ့ ဖန်တီး ခဲ့တဲ့ သီချင်း တစ်ပုဒ် ဖြစ်တယ်.။

သီချင်းမှာ ဖေါ် ပြလိုတဲ့ ဆည် မြောင်း လုပ်ငန်း အကြောင်းအရာ တွေကို ကျွန် တော်က ရေးသားဖန်တီးပေးပြီး ၊ အောက် မြန်မာ ပြည် ဆည် မြောင်းရုံး မှာ တစ်ရုံးထံမှာ အတူ လက်တွဲ အလုပ်လုပ်နေသူ အနုပညာသမား တေးရေး ဆရာ အင်ဂျင်နီယာ နမ္မတူ စံသွင် က သီချင်းရေးစပ်တယ်။ တစ် ရုံးထဲအတူ အလုပ်လုပ်နေသူ ရုံးအုပ်ကြီး အနုပညာဝါသနာရှင်တစ်ဦးဖြစ်သူ ၊ အပြင် ဂီတလောကမှာ ဒရမ် တီးခတ်သူ ကို ဇော် မင်းအောင်က ရေတံခါးသီချင်းရုပ်သံ ဖြစ် မြောက်ရေးအတွ က် ၊ သူနဲ့ ဆက်စပ် ရင်းနှီး သိကျွမ်း သူ ခေတ်ကာလ နာမည် ရ အဆိုတော်တွေ ၊သရုပ် ဆောင်တွေ၊ တီးခတ်သမားပညာရှင်တွေကို စုစည်း ခေါ်ပေးပြီး ၊ထို ခေတ်က နာမည် ရ နေတဲ့ ဒါရိုက်တာ ကိုစိန်လင်း က ဗိဒီ ယို ရီုက်ကူးရေး ကို တာဝန်ယူတယ်. ။

ဒိ အဆင့်အတန်း သီချင်းတစ်ပုဒ် ရဘို့အရေး ဆည် မြောင်းက ကျွန်တော်တို့သီချင်းဂီတ ဝါသနာရှင်တစ်စု

ရန်ကုန် မြို့ ထဲက တေးသံသွင်းစတူဒီယို တစ်ခု ထဲမှာ ဒါရိုက်တာ ကိုစိန်လင်း (ပုံရိပ်ရွှေမြေ) နဲ့ တည်းဖြတ်မဲ့ ကွနိပြူတာ စားပွဲမှာ အတူ ထိုင်ပြီး ရှမ်းကိုင်းရေတံခါး လုပ်ငန်းခွင် မှာ နေ့ရောညပါ တစ်နေကုန် အတွင်းမှာ ၂ နာရီ ၃ နာရီခန့် ရိုက် ကူးထားတဲ့ ရုပ်/သံ ဗီဒိယို ပုံတွေ ထဲက ၇ မိနစ် ခန့်စာ အကောင်းဆုံး ရိုက်ချက် ပြကွက်တွေ ကို ရအောင် ရွေးထုတ် ကြရတာ အလွန်တရာမှ ပညာသားပါလှပါတယ်. ။

ဆည် မြောင်းက အနုပညာဝါသနာရှင် ကျွန် တော် တို့ တစ်တွေ ၊ဒါရိုက်တာကိုစိန်လင်းနဲ့ အတူ ရန်ကုန် မြို့ထဲက စတူဒီယိုတစ်ခုမှာ ကွန်ပြူတာစားပွဲမှာအတူထိုင်ပြီး ၃ ည တိုင်တိုင် စိတ်တိုင်ကျ ရွေးခြယ် တည်းဖြတ် တိုင်ပင်ကြပြီး ရှမ်းကိုင်းရေတံခါးသီချင်းကို ဖန်တီး ထုတ် လုပ်ခဲ့ ကြ ရတာ လို့ ဆိုရင် ယုံ ကြပါ့ မလား ။

သီချင်းလုပ်တဲ့ အချိန်က ကမ္ဘာကျော် Titanic ရုပ်ရှင်ကို ရုံတင်ပြနေ လူကြိုက်များနေတဲ့ အချိန်ဖြစ်တယ် ။ အဲ့ဒီအချိန်မှာ MRTV မှာ ရှမ်း ကိုင်း ရေတံခါးဖွင့်ပွဲ အမှတ်တရ ဂုဏ်ပြုသီချင်းအဖြစ်ထု တ် လွှင့်ပြသခဲ့ပါတယ် ။ရင်းနှီး သူ ဆည်မြောင်း ဆရာသမားတစ်ယောက် က သီချင်းကိုတွေ့ပြီး ၊ ဘယ် သင်္ဘောပေါ် မှာ ရိုက်ကြတာ လဲ အမေးခံ ရတယ်. ။ ရေတံခါး ပေါ်မှာ လက် ရမ်းဘေးမှ သရုပ်ဆောင် မင်းသမီး လမ်းလျှောက် သီချင်း ဆိုနေတာ ကိုတွေ့လို့ ပါ။ သီချင်းထဲမှာ ၊ကျေးရွာ လုထု ပွဲကြည့် ပရိသတ် တွေ အများ ကြီး နဲ့ လုပ်ရိုက်မဟုတ်ဘဲ သူတို့ ရွာသားတွေ ခလေး လူ ကြီးလူငယ် ရွာသားတွေအများးအပြားက ရိုက်ကွင်းကို မခေါ်ဘဲနဲ့သိကြလို့ စိတ်ဝင်တစား လူအုပ်နဲ့ ရောက်လာကြ ၊ ကြည့် နေကြစဉ် တကယ်ရိုက်ပြခဲ့တာ သဘာဝကျကြောင်း ဆည် မြောင်းဆရာသမား စီနီယာစက်မှု အင်ဂျင်နီယာကြီး ဦးဘ်ေထင်က ပြောပါတယ် ။

ရှမ်းကိုင်း ရေတံခါးကြီးကိုနွေအချိန် ခြောက်သွေ့ လုပ်ငန်း ရာသီ ၂နှစ်အတွင်းမှာ ပြီးခဲ့ လို့၊ နောက်နှစ်တွေမှာ ဆက်ပြီး တစ်နှစ်ပြီး တစ်နှစ် ရေတံခါး အလုပ် သစ် တွေ ကို တစ် ခုပြီး တစ်ခု ဆက် လုပ်ခဲ့ရင်း ပြီးတဲ့အခါတိုင်းမှာ ၊ ရေတံခါး ပညာပေး ရုပ်/သံ ဗီဒီယို သီချင်းတွေကိုလဲ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက် လက်ပြီး ကိုယ်တိုင်တာဝန်ယူ စီမံဖန်တီးနိုင်ခဲ့ပါတယ်။

နိုင်ငံအတွက် ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် ၊ ဆည်မြောင်း ရေ စီမံမှု တွေအတွက် ပဲခူးမှာ နေရာဒေသအလိုက် မိမိလုပ်လိုတဲ့ ရေတံခါးတွေ ကို စနစ်တကျ နဲ့ကောင်းစွာ တာဝနိယူ တည်ဆောက်နိုင်ခဲ့ တာနဲ့အတူ မိမိလုပ်လိုတဲ့ ရေတံခါးသီချင်းတွေ ကိုလဲ ကောင်းစွာတီထွင်ကြံဆ ဖန်တီးနိုင်ခဲ့တာတွေဟာ မိမိဌာန လူ ကြီးတွေ၊ ညွှန်/ချုပ်တွေရဲ့ အားပေးထောက် ပံ့ပံ့မှု မပါဘဲ ခုလို ရေတံခါး ကြီးတွေ ဖြစ် ထွန်း လာစရာမရှိပါဘူး ။ နိုင်ငံတော်ကလဲ လိုအပ်တဲ့ ကူညီ ပံ့ပိုးမှု တွေ လုပ်ပေး လို့သာ ခုလို ရေတံခါးကြီးတွေ ပေါ်ပေါ်က်လာ ရတာဖြစ်ပါတယ်. ။ မိမိတို့ခေတ်က လယ်ယာဆည် မြောင်း ဝန် ကြီး ဌာန နဲ့ သက်ဆိုင်ရာ လူကြီးများကိုကျေးဇူးတင်ရပါတယ်။ ထိုခေ တ် ကာလမှာ ကျွန်တော်တို့တစ်တွေ ဆည်မြောင်းအလုပ် တွေကို ကိုယ့်အလုပ်ကိုကိုယ် ကောင်းစွာလုပ်နိုင်ခဲ့ကြတယ်၊ ကိုယ့်အလုပ် ကိုယ် လုပ် ၊ သူ အလုပ် သူလုပ် ခဲ့ကြပါတယ်. ။

မိခင်ဌာနမှာ မိမိလုပ်လိုတဲ့ရေတံခါးတွေ ကောင်းမွန်စွာတည် ဆောက် နို င်ခဲ့ပြီး ၊ ဖန်တီးလိုတဲ့ ပညာပေးရုပ်သံသီချင်းတွေကိုလဲ ကောင်းမွန်စွာ ဖန်တီးထုတ် လွှင့်နိုင်ခဲ့ကြတယ်။

ဆက်လက် ထွက် ပေါ် လာ ခဲ့တဲ့ ပိုင်ကျံု ရေတံခါးနဲ့ တာဝရေတံခါး တွေကို ၊ ရှေ့ ကပထမဆုံးထွက်ခဲ့တဲ့ ရှမ်းကိုင်ရေတံခါးသီချင်းနဲ့အတူ ၊ သီချင်း ၃ ပုဒ် စလုံး ရဲ့တစ်ပုဒ်စီမှာ ရှေ့နောက် တစ်ပုဒ်နဲ့ တစ်ပုဒ် ပညာသားပါပါ ကျွန်တော် တီထွင်ကြံဆ ချိတ်ဆက်ပေး ထားတာ တွေကို သီချင်းဝါသနာ ရှင်တွေတောင် သတိထားမိကြမယ် မထင်ပါဘူး။

သီချင်း၃ ပုဒ်ကို ဆက်လိုက်ရင် ပဲခူး ဒေသ တစ်ခု ထဲက ဆက်စပ်နေတဲ့ အဓိက ဆည်မြောင်း ရေတံခါး အလုပ်ကြီး ၃ ခု ပေါ်လာပါမယ် ။

ဆည်မြောင်း မှာ နိုင်ငံနေရာအနှံ့မှာ ၃၅ နှ စ် ထိ တာဝန်ကျစဉ် အတွင်းမှာ အချိန်နဲ့ အမျှ အလုပ်တွေ အမြဲလိုလို မအားမလပ် ဖြစ်နေတဲ့ ကြားက

ဝါသနာပါလွန်းလို့ အချိန်ပေးပြီး တစ်ရုံးထဲနေ လက်အောက်ငယ်သား ဝါသနာတူသူ အင်ဂျင်နီယာတွေ၊ရုံးသား တွေနဲ့ပေါင်းပြီး ကိုယ် တိုင် စီစဉ် ဖန်တီးထုတ်လုပ် နိုင် ခဲ့ တဲ့ အနုပညာ ဂီတ ဆည်မြောင်းပညာပေး ရုပ်/သံ ဗီဒီယို သီချင်းတွေ ဖြစ်ခဲ့ကြပါတယ် ။

ဝါသနာကိုတော့ ဘယ်သူမှတားလို့မရပါဘူး။

——————————–

နောက်ဆက် တွဲ –

နောက် ရေတံခါး သီချင်းတစ်ပုဒ် က သာစွ တာ ဝ

ဒီ ဆည်မြောင်းသီချင်း ရိုက်တော့

ကမ္ဘောဇ သာဒီ နန်းတော်နဲ့ ဟံသာဝတီခေတ် ဝတ်စားဆင်ယဉ် မှ ုတွေကလဲ ပါစေချင်တော့ ကျွန်တော့်မှာ ဟံသာဝတီခေတ်အကြောင်းတွေ ။ စာရေးဆရာမကြီးဒေါ် စောမုံညှင်းရေးပြခဲ့ တဲ့ မြန်မာ့ ရိုးရာ ခေတ်အလိုက် ဝတ်စားဆင်ယဉ်မှ ု စာအုပ်တွေ ဘတ်ရှု လေ့ လာ ခဲ့ ရ ပါတယ်။ဒါတင်မကဘဲ မမှားရအောင် ယဉ်ကျေးမှု ဝန်ကြီးဌာနအောက်မှာရှိတဲ့ ကဇာတ်ဌာန အဖွဲ့တွေနဲ့ပါ ညှိ နှိုင်းတိုင်ပင် ပြီး မင်းသမီး လှအင်ဇလီတင့် ရဲ့ ဝတ်စားဆင်ယဉ် မှု တွေကို ဖန်တီး ခဲ့ ရပါသေးတယ်။

အသွားမနှေးတဲ့ ကားလေးစီးလာပါ

သာစွ တာ ဝ ဥ ဿာ အလှတွေ ခံစားကြရအောင်

တေးရေးဆရာ ကိုစံသွင် ရေးတဲ့ သီချင်း အစက စာသား ပါ။

အအိပ်ပျက် အစားပျက် ခံပြီး ကျွန်တော်တို့ ့ ဝါသနာရှင် တစ်စု ဖန်တီး လုပ်ဆောင်ခဲ့ ကြ တဲ့ သီချင်း တွေထဲက တစ်ပုဒ် ပါ။

ရေတံခါးသီချင်း ကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူရအောင် ၊ရေတံခါး စနစ်တွေက အကြောင်းအရာတူတွေချည်း ဖြစ်နေလို့ မရိုးမအီ မထပ်စေရအောင်၊သီချင်း တွေကို တမူ ထူးခြားစွာ ကျွန် တော်စိတ် ကူးယဉ်ပြီး ဖန်တီးခဲ့လိုက်သေးတယ်၊။

သီချင်းကို ၊ Slow Mood အနှေးသံ ပေါ့ပေါ့ပါးပါး ပြကွက် က နေ Rock Pop Mood Hot ပြကွက် လှုပ်၇ှား ပြကွက်တွေ ကို ကူး ပြောင်းပြီး ရီုက်ကူးပြသခဲ့တာပါဘဲ. ။ အနှေးမှ အမြန်ကိုသီချင်းသံ ချက်ခြင်းပြောင်းဘို့ခက်ပါတယ်. ။သီချင်းနဲ့ တီးလုံးတွေ ချက်ခြင်း ပြောင်း ကူးဘိုမလွယ်တာကို နားဝင် ကောင်းအောင် ချောအောင် ကိုစံသွင်နဲ့အတူ အတီး သမားတေွ နဲ့ ဒါရိုက်တာကိုစိန်လင်းတို့တစ် တွေ ခေါင်းချင်းဆိုင်ပြီးတီထွင်ကြံဆ စီမံရိုက်ကူး ခဲ့ ကြရ ပါတယ်။ ကျွန် တော် အင်ဂျင်နဖိယာ အနုပညာသမား ဖြစ်ချင်တာကို ရအောင်ဖြစ်အောင် လုပ်ပေးနိုင်ခဲ့ကြ တဲ့ ဂီတဝါသနာရှင်တွေပါဘဲ။

ရန်ကုန် မိမိ ဆည်မြောင်းရုံးက ရုံးသူရုံးသား ရုံး အဖွဲ့ တွေ ကိုပါ ပဲခူးက ရေတံခါး လုပ်ငန်းခွင်ကို ခေါ်ယူခဲ့ပြီး တစ်ရုံးလုံး နဲ့ပါ တစ်ပျော်တစ်ပါး ပါ ဝင် ထည့်သွင်း ရိုက်ကူးပြသခဲ့ပါသေးတယ်.။

တယော ကိုတင်ငွေ ရဲ့ တယော ပညာရှင် လူငယ်တွေနဲ့ ပါ့ဖြ ည့်စွက်ပြီး

တီထွင် ဖန်တီး စိစဉ် ထုတ် လုပ်ခဲ့ ရုံသာမက ၊ ဒါ ရီုက်တာ ကိုစိန်လင်းနဲ့တိုင်ပင်ပြီး မြင်ကွင်းကျယ် MTV အဖြစ်ပါ ပြောင်းလဲထုတ် လွင့် ပြသခဲ့ပါတယ် ။ ကျွန် တော် လုပ်ချင်တာတွေပြချင်တာတွေကို မရ ရအောင်

လုပ်ပေးခဲသူ ဒါရိုက်တာ ကိုစိန်လင်းကို ကျေး ဇူးတင်ခဲ့ရပါတယ်. ။သူ လဲမရှိတော့၊ တယော ဦးတင်ရီလဲ မ ရှိ ကြတော့ပါ ဘူး။ သူတို့ ရဲ့ အနုပညာ လက်ရာ တွေ ကတော့ တေး ဂီ တချစ်သူ မြတ်နိုးသူ ဝါသနာရှင်တွေအတွက် ကျန် နေ ခဲ့ပါတယ်. ။

အောက်မြန်မာပြည် ဆည် မြောင်းမှာ တရုံးထဲအတူ လက်တွံလုပ်ခဲသူ ၊ ရေတံခါးအင်ဂျင်နီယာပညာရှင်,၊ တာဝရေတံခါးကို ဦးဆောင်တည်ဆောက်ပေးခဲ့သူ မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာ ဦးတင်ထွန်းလဲ ဒီလထဲမှာဘဲ ဆုံးပါးသွားခဲ့ရပါတယ် ။

အလုပ်တွေ မမောနိုင်မပန်းနိုင် လုပ်ခဲ့ ကြပြီး နောက်မှာ မိမိတို့ ကိုယ်တိုင် ဒီဇိုင်းပုံစံထုတ်ခဲ့ကြရပြီး၊၊ကိုယ်တိုင်တည်ဆောက်ခဲ့ကြတဲ့၊ ယနေ့တိုင်အလုပ်လုပ်နေကြတဲ့ရေတံခါးကြီးတွေကိုကြည့်ပြီး ၊ရေတံခါးသီ ချင်းတွေကို လဲ နားဆင်ရင်း ၊ ဆရာတပည့်တွေ ပင်ပန်း ခဲ့ ကြ သမျှ အမှတ်တရ အပန်းဖြေ အနား ယူ ကြည့်ရှု နားဆင်နိုင်ခဲ့ ကြပါတယ် ။

ဆည်မြောင်းမှာ အောက်မြန်မာပြည်က ရေတံခါးတွေကို ကိုယ် တိုင် ဒီဇိုင်းပုံထုတ်ပြီး ကိုယ်တိုင် တည်ဆောက် နိုင်ခဲ့ သူ

( ၆ ၊၆ ၊ ၂၀၂၄ ) နေ့တွင် ဘဝတစ်ပါးပြောင်းသွားခဲ့သူ

ဆည်မြောင်း ဌာန ၊တည်ဆောက်ရေး(၆) ရုံး ၊ ဆည်မြောင်းအင်ဂျင်နီယာ ညွှန်ကြားရေးမှူး

ဦးတင်ထွန်း ( ၆၀ နှစ် ) သို့ အမှတ်တရ သတိရစွာ ဖြင့် –

အေးမြင့် ( ညောင်တုန်း )

၁၂ ဇွ န်လ ၊၂၀၂၄ ( edited )

—-