https://youtu.be/3dNFUCKlbYM?si=6iCIfR6G6D7LFhA4https://youtu.be/znDR4NepMeU?si=KAmlfcaDLbFaSb6eBIOGRAPHY 3 ရုပ်ရှင် / DOCUMENTARY of World Famous People ကမ္ဘာပေါ်မှထူးခြားထင်ရှား ကြော်ကြားပုဂ္ဂိုလ်ကြီး များ နှင့် နယ်ပယ်စုံ မှ ထူးခြားထင်ရှား မြန်မာ လူတော်ကြီးများ၊

ကြည်ကြည်ဌေး

@ မေရီမြင့် ။ ယခု‌တင်ပြထားတဲ့ အကြောင်းအရာ‌လေးက‌တော့ တစ်ချိန်က မြန်မာနိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားခဲ့တဲ့ ဂန္တဝင် အဆိုတော်၊ သရုပ်ဆောင် မင်းသ္မီး ရှင်ဟဲမယ်ခေါ် မေရီမြင့်( ၁၉၂၉-၁၉၅၇)ရဲ့အနုပညာဘဝဇာတ်ကြောင်းအကျဉ်းချုပ်ဖြစ်ပါတယ်။

မေသစ် ။@ယခုဖော်ပြပေးထားသော အကြောင်းအရာလေးမှာ တစ်ချိန်က မြန်မာရုပ်ရှင်လောက၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ၊ အကယ်ဒမီ သုံးဆုရ၊ လူထု‌မဲပေးရွေးချယ်သော သူရဿတိ အကယ်ဒမီဆုရ၊ဝဏ္ဏကျော်ထင် ဒေါ်မေသစ်(၁၉၂၅-၂၀၀၁)၏ အနုပညာဘဝဇာတ်ကြောင်းအကျဉ်းဖြစ်ပါတယ်။

ခင်သန်းနု

@ခင်သန်းနု ဟာ မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီသုံးဆုရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သလို သရုပ်ဆောင်အလုပ်မလုပ်ကိုင်မီကလည်း မယ်ပြိုင်ပွဲများတွင် ဆု4ဆုရရှိကာ 1961ခုနှစ်ရဲ့ မြန်မာပြည် ပြည်ထောင်စုမယ် တစ်ဦးဖြစ်ခဲပါတယ်။ 1960s,1970နှစ်များတွင် အလွန်းထင်ရှားခဲ့သူဖြစ်ပြီး မြန်မာ့သရုပ်ဆောင်များအနက် အချောဆုံး၊အလှဆုံး ဖြစ်တယ်လို့ အများက သတ်မှတ်ထားကြပါတယ်။
@Khin Than Nu is an actress who has won three Academy Awards in Burmese films, and before working as an actress, she won four awards in beauty pageants and was rarely the Miss Union of Burma in 1961. He was very prominent in the 1960s and 1970s and is considered by many to be the most handsome and beautiful of Myanmar actors.
@this background music by “Heroes” is 100% no copyright background music (royalty free )

ခင်ယုမေ

ရွေဘ

းန္တဝင် ကြီးဝင်းဦးနဲ့ တွ့တေးသိန်းတန် တို့အကြောင်း တစ်စေ့တစ်စောင်း

စွယ်စုံရ ရုပ်ရှင်မင်းသားကြီး ဝင်းဦး ၏ ဘဝ ဇာတ်ကြောင်း

အနုပညာလောကထဲမှာ ကိုဝင်းဦးချစ်တဲ့ မင်းသမီးက နှစ်ယောက်သုံးယောက်လောက်ရှိတယ်။ အနုပညာစိတ်နဲ့ ချစ်တာပေါ့နော်။သူကအချစ်ကိုလည်း အရမ်းတန်ဖိုးထားတယ်။သူချစ်တဲ့သူတွေက အိမ်ထောင်တွေပြုသွားတော့ သူတစ်ယောက်တည်း ကျန်ခဲ့တာပေါ့။သူကျန်းမာရေးမကောင်းတဲ့အချိန်မှာတော့ ဆေးကုဖို့တောင် အခက်အခဲဖြစ်ခဲ့တယ်။အိုင်ရင်းတင်လှကပဲ နိုင်ငံခြားကိုဆေးသွားကုဖို့ စီစဉ်ပေးတယ်။သူ့ကျေးဇူးရှင်လိုဖြစ်နေတဲ့ အိုင်ရင်းတင်လှကိုပဲသူဆုံးခါနီးမှာ လက်မှတ်ထိုးပြီးလက်ထပ်ခဲ့တယ် “

…… ဆိုပြီး မင်းသားကြီးဝင်းဦးနဲ့ အမှတ်တရတွေကိုပြောပြခဲ့တဲ့ သရုပ်ဆောင် ဦးဇော်မှိုင်း

မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ ဝင်းဦး ဘဝအကြောင်း – Win Oo Biography | ThinYuPar

ဝင်းဦးဆိုတာကတော့ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အဆိုတော် ၊ မင်းသား ၊ ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ စာရေးဆရာ ၊ ရုပ်ရှင်ကုမ္ပပဏီပိုင်ရှင်၊ စာအုပ်ထုတ်ဝေသူ ၊ အစရှိသဖြင့် တကယ့်ကို မတူညီတဲ့ အနုပညာနယ်ပယ် အမျိုးမျိုးမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စွယ်စုံရပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ သူလိုလူမျိုးမှာ မြန်မာ့သမိုင်းမှာ တစ်ယောက်ပဲရှိခဲ့သလို ယနေ့အချိန်ထိလည်း နောက်တစ်ယောက် ထပ်မံပေါ်ထွန်းလာခြင်းမျိုး မရှိသေးပါဘူး။

ချစ်သောဝါဝါ’ စာအုပ်ထဲမှာ ဦးဝင်းဦး က အန်တီဝါ့ ကို Propose လုပ်ခဲ့တဲ့ အကြောင်းကို ပရိသတ် သိချင်လို့ ပြောပြ ဖြစ်ခဲ့တာပါ။ အဲဒီ စာအုပ်ထဲမှာ ပြောထားတာ အမှန်တရားတွေပါပဲ’ လို့ ပြောလာတဲ့ ဝါဝါဝင်းရွှေ နှင့် ခဏတာ။
(စိန်စမ္ပယ်ဖူး စိန်တိုက် ရဲ့ Junction City ဆိုင်ဖွင့်ပွဲမှ)

ဝင်းမင်းသန်း

@ဝင်းမင်းသန်း (၁၉၃၃ နိုဝင်ဘာ ၃၀ မွေး) သည် မြန်မာ အမျိုးသမီးသရုပ်ဆောင် တစ်ဦးဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ပြသခဲ့သော ခရမ်းရောင်လွင်ပြင် ဇာတ်ကား၏ သရုပ်ဆောင်တစ်ဦးအဖြစ် လူသိများ ကျော်ကြားခဲ့သူဖြစ်ပါသည်။ သူမသည် မြန်မာသရုပ်ဆောင် အမျိုးသမီးများအနက် ဟောလိဝုဒ်နှင့်ပထမဆုံးရိုက်ကူးဖူးသူ သရုပ်ဆောင် ဖြစ်ပါသည်။ the purple plain တစ်ကားသာ ရိုက်ကူးခဲ့ပြီး နောက်ထပ်ကမ်းလှမ်းမှုများကိုပယ်ချကာ ရုပ်ရှင်လောကမှ အနားယူခဲ့သူတစ်ဦးဖြစ်သည်။ယနေ့အချိန်တွင် အသက်၉၂ရှိပြီဖြစ်ပါသည်။
@Win Min Than (born 30 November 1932) is a Burmese actress. He became famous as an actor in the movie Purple Plains, which was shown in 1954. She is the first Burmese female actress to film with Hollywood. He made only one movie, The Purple Plain, and turned down other offers. He is now 92 years old.
@this background music by “Heroes” is 100% no copyright background music (royalty free

‪@MyanmarCelebrity‬ #ဝါဝါဝင်းရွှေ #WaWaWinShwe #ဝင်းဦး #WinOo #ချစ်သောဝါဝါ

စမ်းစမ်းအေး

@ရှုမဝစမ်းစမ်းအေး(၁၉၄၅-၂၀၀၇)သည် ၁၉၆၁ခု နှစ်မှ စတင်ကာရုပ်ရှင်ကား ပေါင်းများစွာရိုက်ကူးခဲကာ ၁၉၉၃ခုနှစ်တွင် အကယ်ဒမီဆုရရှိ‌‌ခဲ့ သော မြန်မာအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။မကွယ်လွန်မီအချိန်အထိ ကားများစွာ နှင့် ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။
@Shumawa San San Aye (1945-2007) is a Burmese female actress who started filming many movies from 1961 and won the Academy Award in 1993. She shot many movies and videos until her death.
@this background music by “Heroes” is 100% no copyright background music (royalty free

@ဦးထွန်းဝေ (၂၃ အောက်တိုဘာ ၁၉၂၀–၈ ဩဂုတ် ၂၀၀၅) သည် မြန်မာအမျိုးသားရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး အကယ်ဒမီဆု သုံးကြိမ်ရရှိထားသူ ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကတွင် ထွန်းဝေသည် စကားပြောကောင်း၍ သဘာဝကျသော မင်းသားဖြစ်သည်။ ထွန်းဝေသည် စာပေနယ်မှ ရုပ်ရှင်နယ်ဘက်သို့ ကူပြောင်းလာခဲ့သူဖြစ်ပြီး အောင်မြင်မှုများစွာရရှိခဲ့သည့် သရုပ်ဆောင်တစ်ဦးဖြစ်ပါသည်။
@U Tun Wai (23 October 1920 – 8 August 2005) was a Myanmar national film actor and three-time Academy Award winner. Tun Wai is a well-spoken and natural actor in Myanmar cinema. Tun Wei is a successful actor who moved from literature to film

ဆရာကြီးဦးကျော်ဆွေ(မင်းသားဇော်ခင် ၁၉၈၃ တွင်ရေးသားသည်)

အောက်ပါရေးသားချက်များသည်လက်နှင့်ရေးခြင်းမဟုတ်ပါ။နှလုံးသားနှင့်ရေးသားခြင်း ဖြစ်ပါ ကြောင်း။

လွန်ခဲ့တဲ့ လေးငါးရက်ခန့်က၊ကျွန်တော်နေသောရပ်ကွက်မှ ဘာကြောင့်မှန်းမသိ။ မိုးအလင်းထိရုပ်ရှင် (၃) ထုပ် ပြသသွားပါသည်။ ဆိုးပေ၊ မောင်မဲနှင့် ဆရာကြီး ဦးကျော်ဆွေ ၏ နောက်ဆုံး ဇာတ်ကား ပြသပါ၍ ကျွန်တော်သွားကြည့်သည်။ကျွန်တော် ရုပ်ရှင် မကြည့်သည်မှာ (၁၀) နှစ်ခန့်ရှိပါပြီ။ ဆရာကြီးအား ချစ်ကြည်ညိုလွန်းပါ၍ ငါသည် ရုပ်ရှင်ကို တသက်လုံး မကြည့်တော့ပါဘူးကွာလို့ ဆုံးဖြတ် ဗုံးဖြတ် ထားချက်ကို ဖောက်ဖျက်လိုက်ပါသည်။ ကျွန်တော်ရုပ်ရှင်ကို စိတ်နာလို့ဆိုသည်မှာ မင်းသားကနေ လူကြမ်းလုပ်စားနေ ရ၍မဟုတ်ပါ၊ ကျိန်ဆိုရင်ကျိန်ပြပါ့မယ်။
ထားတော့။ ဆရာကြီး၏ နောက်ဆုံး ဇာတ်ကားအပြီး၊ ကျွန်တော်နောက်ဆုံး ဆရာကြီးနှင့်တွေ့ခြင်းများကို၊ တ ရေးမြင်ယောင်လာပါသည်။ ဆရာကြီးကွယ်လွန်ပြီးစကာလ ဆရာကြီး ဦးကျော်ဆွေ ကွယ်လွန်သည်မှာ ၇ လ၊၈လ၊ ခန့်ရှိမည်ထင်ပါသည်။ ဆရာကြီး ကွယ်လွန် သွားကြောင်း သတင်းစာတွင်ပါလာပါ၍ ကျွန်တော် ကိုတွေ့သော ကမိတ်ဆွေ တယောက်က ပြောပြပါသည်။ က ။ ကျွန်တော်သည် (အင်း) ဟူ၍ အာမေဋိတ်သံမဟုတ်သော ဘာခေါ်ရမည် မသိသော အသံတခု ပါးစပ်မှထွက်သွားပါသည်။ ကျွန်တော် အံ့တချက် ကြိတ်ပါသည်။

သတင်းစာရှိသောအရပ် လက်ဖက်ရည်ဆိုင်သို့ တန်းဝင် လိုက်ပါသည်။ သတင်းစာ၏ နောက်နားမှ အရွက်သို နာရေးကြော်ငြာသို့ကြည့်သည်။ ဟုတ်နေသည်။ (မှတ်ချက်) ကျွန်တော်၏အိမ်တွင် သတင်းစာမရှိပါ။ ကျွန်တော်၏မျက်လုံးအိမ်တွင် တဖြည်းဖြည်းမျက်ရည်များပြည့်လျှံလာပါသည်။ ပါ ပါးပေါ်သိုမျက်ရည်များ ကျဆင်းလာ ပါသည်။ ထိုစဉ် ဆရာကြီးနှင့် နောက်ဆုံးမကွယ်လွန်မီ တွေ ဆုံလိုက်ရခြင်းအကြောင်းများ တရေးရေး ပေါ်လာပါသည်။ ကျွန်တော်သည် ဆင်ခြေဖုံးရပ်ကွက်တွင်နေပါသည် ။ရန် ကုန်မြို့၏ မြို့လယ်ခေါင်သို့ တခါတခါမှ ရောက်ပါသည်။ သွားစရာ လာစရာအကြောင်း ဘာမျှမရှိပါ။ ရောက်သွား တော့ ထိုစဉ်ဆရာကြီး ဦးကျော်ဆွေ၏ မိုးရုပ်ရှင်ကုမ္ပဏီမှ အသံဖမ်းဆရာခေါ်သော အသံဖမ်းအင်ဂျင်နီယာခေါ်သော ကိုကျော်ဝင်း နှင့် တွေပါသည်။ သူက ဟာ မင်းသား မင်းသားဟုခေါ်ပါသည်။ တကယ့်မင်း သားဘဝကတည်း က အဲဒီခေါ်သံကြားလျှင်၊ တွန့်တွန့်သွားတတ်ပါသည်။ (ထား တော့) သူကဆက်၍ ခင်ဗျားကိုဆရာကြီးကသူ့ထံသို့လာတွေ့ရန် အကြောင်း တင်ပြပါသည်။ ကျွန်တော်တွေး လိုက်သည်။ ဆရာကြီးသည်နေမကောင်း၊ ဆရာကြီးထံသွားပါလျှင် လက်ချည်းပဲ မသွားချင်၊ ဆရာကြီးအတွက် ဆရာ ကြီးကြိုက်တတ်သော သင့်တော်သော လက်ဆောင်ကလေး များ ဝယ်သွားချင်ပါသည်။ ကျွန်တော်တွင် တခါကကျော် ကြားသောမင်းသား ၊ ဒီတခါတွင် ကွမ်းယာဖိုး ၁၅ ပြားပင် လျှင် တခါ တခါ မရှိတော့ပါ။
ကျွန်တော် တချက်တွေဝေလိုက်ပါသည်။ နောက်ဟုတ်ကဲ့ ဟူ၍ပဲ ဆွေးမြည့်စွာပြောလိုက်သည်။ သူကသွားတွေဗျာတဲ့၊ ဟုတ်ကဲ့ဟူ၍ပင် ပြောလိုက်ပါသည်။ သူကသွားမယ်ဗျာဟု ပြောပြီး ကျွန်တော် ့အနားက ခွာသွားပါသည်။ ကျွန်တော် ရပ်၍ကျန်ခဲ့ပါသည်။ တွေဝေစွာဖြင့် ဘာအကြောင်းမှဘာအလုပ်မှမရှိသော မြို့လယ်ခေါင်မှ ကျွန်တော်နေသော ဆင် ခြေဖုံးအရပ်ဆီသို ဖြစ်သလိုပဲပြန်လာခဲ့ပါ ပါသည်။
နောက်များမကြာမီ မြိုလယ်ခေါင်သို့ သို့ ရောက်သွား ပြန်ပါ သည်။ ထိုစဉ် မိုးရုပ်ရှင်မှ ဆရာကြီး၏တပည့်။ ဒါရိုက်တာ လေးမောင်နှင့်တခါသွားတွေပြန်ပါသည်” သူက ဟေ့ကောင် တဲ့။ ဟုတ်သည် ခေါ်သင့်သည်။ ဟေ့ကောင်ဟူ၍ ကျွန်တော် ငယ်သူငယ်ချင်းသူနှင့်ကျွန်တော်“မြေ”ဇာတ်ကားရိုက်ဖူးသည်။ ကျွန်တော်က ခေါင်းဆောင်မင်းသား၊ စံရှားတင်က ခေါင်း ဆောင်မင်းသမီး၊ စမ်းစမ်းဝင်းကလည်းပါသည်ပေါ့။ သူကဒါရိုက်တာ တယောက်ဖြစ်ကြောင်း ရေးဖွဲ့၍ပြရခြင်းဖြစ် ပါသည်။ သူကတဖန် မင်းကို ဆရာကြီးက သိပ်တွေ့ချင်နေ တယ်။ ကျော်ဝင်းနဲ့တွေတုန်းကလည်း ပြောပြီးပြီ (ကိုကျော်ဝင်း မိုးရုင်ရှင်ကုမ္ပဏီမှ အသံဖမ်းဆရာ) အထက် တွင်ရေးဖွဲ့ခဲ့ပါသည်။ (ထားတော့) သူကထပ်၍ ဟေ့ကောင် သွားတွေကွာတဲ့။ ကျွန်တော် တွေဝေနေပါသည်။ သူက ဟေ့ကောင် ကောင် ဘာစဉ်းစားနေတာလဲ တဲ့။
ကျွန်တော်သည် ပြန်လည်၍ မင်းတို့ကုမ္ပဏီမှာ ကားအ ရိုက်စရာရှိသလား ဟူ၍ပြန်မေးလိုက်ပါသည်။ သူက စိတ်တို သွားသော မျက်နှာထားနှင့် မရှိဘူးတဲ့ ဘာအကြောင်း များ ရှိပါသလဲဟူ၍ ကျွန်တော်တွေးသည်။။ သူကမင်းမှာ ဦးနှောက်မရှိဘူးလားတဲ့၊ ကျွန်တော်သည် ကျွန်တော် ့တွင် ဦးနှောက် နည်းနည်းတော့ ရှိမည် ဟူ၍ ထင်လိုက်သည်။ ကျွန်တော်သူ့ကို စိုက်ကြည့်နေသည်။ဘာလုပ်ရမည်မသိသည့် မျက်နှာမျိုးပဲထင်သည်။သူကဖုန်းဆက်ကြည့်ကွာ တဲ့။ ဖုန်းနံပါတ်ကော မှတ်မိသလားတဲ့၊ ကျွန်တော် မေ့နေသည်။ သူက ဖုန်း နံပါတ် (၆၀၈၀၃) ဖြစ်ကြောင်းတင်ပြသည် ။ကျွန်တော် ဖုန်းဆက်ဖို တွေးလိုက်သည်။သူကအကြောင်းသိချင်းဆိုတော့ ကျွန်တော် ငေးငေး တွေးတွေး ငေါင်ငေါင် နေတတ်မှန်းသိပြီးသားဆို တော့ ဖုန်းရှိရာ အနီးဆုံးအရပ်သို့ ခေါ်သွားသည်။ ကျွန် တော် ဖုန်းဆက်သည်။ ဆရာကြီးအိမ်မှ ဖုန်းလာကိုင်သည်။ ဆရာကြီးကတော် ဆရာမကြီး ဒေါ်နွဲ့နွဲ့။
ဆရာမကြီးသည် ကျောင်းဆရာမကြီးဖြစ်၍ ကျွန်တော်တို ခေါ်ဆိုကြသော်လည်း ဆရာကြီးအား ကျောင်းဆရာကြီး မဟုတ်ပါပဲ၊ ဆရာကြီးနှင့် ရင်းနှီး နီးစပ်သော အသိုင်း အပိုင်း၊ ဆရာကြီး၏အလုပ်သမားများ အပါအဝင် ဆရာ ကြီး၏ကွယ်ရာတွင် ဆရာကြီးဟုခေါ်ကြ၏။ ဆရာကြီး၏ရှေ့ တွင်အစ်ကိုဟူ၍ပဲ ခေါ်ကြသည်။ သူကလည်း အဲဒီလိုခေါ် တာပဲကြိုက်သည်။ ကျွန်တော်တို့လည်းခေါ်ကြသည်။မည်သူ့ကိုမှ တိုင်ပင် မထားကြပါ။ ဆရာကြီးကွယ်လွန် သည်အထိ ကျွန်တော်များ ကွယ်ရာတွင် ဆရာကြီးကို ချစ် ကြည်စွာဖြင့် ဦးကျော်ဆွေအား ဆရာကြီးဟုခေါ်ကြကြောင်း ဆရာကြီး သိမသွားရရှာပါ။ ဖုန်းလာကိုင်သော ဆရာမကြီး အားကျွန်တော်က ဆရာမကြီးခင်ဗျား ကျွန်တော်မင်းသားဇော်ခင်ပါ၊ ဟူ၍ ပြောလိုက်ပါသည်။ ဆရာမကြီးက ကြီးက အေး အေး အေးတဲ့ ပြောတဲ့။ ဒါနဲ့ ကျွန်တော်က ဆရာကြီးကကျွန်တော် ကိုတွေ့ဆုံချင်ကြောင်း သတင်းကြားရပါ၍ ဖုန်းဆက်ရခြင်း ဖြစ်ပါကြောင်း ပြောဆိုလိုက်ပါသည်။ သူက အေးတဲ့ ဖုန်း ခဏကိုင်ထားတဲ့ ကျွန်တော် စိတ်နည်းနည်း မကောင်းဖြစ် သွားပါသည်။ဆရာကြီးသည်လမ်းကောင်းကောင်းမလျှောက် နိုင်။ကျွန်တော်က အားနာသောအသံဖြင့် ခပ်တိုးတိုး ဖုန်းနှင့် ဝေးသလား ဆရာမကြီး ဟူ၍မေးလိုက်ပါသည်။ သူကမဝေး ဘူးတဲ့ ဟုပြော၍ သွားခေါ်သည်။ ဖုန်းလှုပ်သံ ကြားသည်။ ဆရာအသံကြားပြီး၊ ကျွန်တော်ကလည်း ဟဲလို…. ဟဲလို အစ် ကို အစ်ကို ကျွန်တော် ဇော်ခင်ပါဟူ၍။အေးငါသိတယ် တဲ့။ ဆရာကြီးက ပြန်ပြောသည်။ မင်းဘာကြောင့် ငါ့ဆီမလာသ ဝိမလာသ လတ်။ ကျွန်တော်က ဘာပြန်ပြောရမှန်းမသိ၍ ဟုတ်ကဲ့ ဟူ၍ ယောင်ရမ်းထွက်သွားပါသည်။မင်းအခုလာခဲ့တဲ့ကျွန်တော်က ဘာပြန်ပြောမှန်းမသိ၍ ထပ်ပြီးစဉ်းစားနေပါသည်။ ကျွန်တော် တိုစကားပြောနေသော အချိန်သည်၊ နေ့လယ် ၁၁-နာရီ ၂ ’နာရီ ခ ခန့်မျှရှိပါပြီ၊ ကျွန်တော်က ၁ တချက် စဉ်းစားလိုက်မိ ၁၂ ပါသည်။ အချိန်နည်းနည်း ဆွဲထားရန် နေ့လယ် ကျွန်တော် ကြံဖန်မည်။ ညနေလာဖြစ်အောင်လာမည်။ သွားဖြစ်အောင် သွားမည်ဟု ကျွန်တော် အကောင်းဆုံး စကားတခု ပြန်ပြော လိုက်ပါသည်။ စကားက အစ်ကိုနေ့လယ် အိပ်ချင်အိပ်ပါအုံး အစ်ကို ဟူ၍–ဆရာကြီးက နေ့ခင်းမအိပ်ဘူး၊ ညနေမှအိပ်မယ်တဲ့။ကျွန် တော်သက်ပြင်းတခု ဖြေးညင်းစွာချလိုက်ပါသည်။ ဆရာကြီး ထံသို့ လာရန် လိုအပ်သောအစီအစဉ်ကလေးများကို ရုတ်တ ရက် တွေးမိခြင်းကြောင့်ဖြစ်ပါသည်။နောက် ဖြစ်တဲ့နည်းနှင့် အရောက်သွားမည်ဟုဆုံးဖြတ်ယင်း ကျွန်ဘော်က ခဏကြာ လျှင် ကျွန်တော်လာပါမည်ဟုပြောဆိုလိုက်ပါသည်။ဆရာကြီး က အေးအေး ဒါပဲကွာဆို၍ ဖုန်းချသွားပါသည်။ကျွန်တော် က တယ်လီဖုန်းကြီးကိုင်ထားယင်း ငေါင်တောင်တောင်ဖြစ် နေပါသည်။ နောက် မှ ဖုန်းချလိုက်ယင်း ဖုန်းရှိရာ အရပ်မှ မြို့လယ် လမ်းမကြီးများ (လူသွား လမ်းမများပေါ်) သို တွေးယင်း၊ ငေးယင်း လျှောက်လာပါကြောင်း။ ၊ ကျွန်တော်လျှောက်ယင်း စဉ်းစား သည်။ ကျွန်တော် အိတ်ကို စမ်း ကြည့်သည်။ အိမ်ကထွက်ကတည်းက တကျပ်တန်တရွက်နဲ့ပဲထွက်လာသည်။ ကျွန်တော် ထွက်လာသည်။ ဘတ်စ်ကားခ ပြား ၄ဝ၊ကွမ်းယာဖိုး ၁၅ပြား၊ ပေါင်း ၅၅ပြား၊ ပိုငွေ ၄၅ပြားနှင့် မိလယ်ခေါင်မှ ဆရာကြီး ရှိရာ ဂျူးဘမ်းလမ်း မြိုလယ် ခေါင်နှင့် ၆မိုင်၊ ၇မိုင်ခန့်မျှ ဝေးသည်။ သည်။ ဘယ်သို့သွားမလဲ။ ကျွန်တော် မျက်နှာပေါ်တွင် အားငယ်ခြင်း၊ ဝမ်းနည်ခြင်း စိတ်ပေါင်းစုံ ရှုပ်နေခြင်းများ အမူအရာအမျိုးမျိုး ရှိနေမည် တင်ပါသည်။ ဪ ကျွန်ဘော်စဉ်းစားမိသည်။ ရှိတုန်းက သုံးလို့ လွယ်လိုက်ခြင်းဟု တနေ့ ၅ဝဝိ၊ ၁ဝ ဝဝိဘာမှန်းမှ မသိ၊ ယခုဆရာကြီးဆီသွားဖို့ ၅ကျပ်၁၀ကျပ်ဘယ်မှာရှာရပါ့ဟူ၍ အသိများ လိုက်ရှာသည်။ ‘ကျွန်တော်လည်းထမင်းဆာသည်လား၊ အရက်ဆာသည်လားမသိ။ ဗိုက်ထဲမှာအော်မြည် နေပြီ။ ထိုစဉ်.တွေပါပြီ။ ကယ်တင်ရှင်သူငယ်ချင်းတယောက်၊ သူသည် နိုင်ငံခြားသွား သင်္ဘော (…..) )ကုန်းပတ်မှူးတယောက် နာမည် ခင်ဇော်၊ ကျွ ကျွန်တော် နာမည်နှင့် ပြောင်းပြန်းသူက ဗမာလိုဆဲသည်။ အင်္ဂလိပ်လိုမဆပါ။ (….)

“ဖိုးဇော်”တဲ့ မင်းကြည့်ရတာ ကိုယ့်မယားလင်နောက် လိုက်သွားတဲ့မျက်နှာမျိုးကြီးပါလားတဲ့။ ငိုမလိုသေမလိုနဲ့ တဲ့ ကျွန်တော်တိုတိုပဲ သူ့ ့ကိုပြောသည်။ ဦးကျော်ဆွေနှင့် ကျွန်တော့်အကြောင်းပြောသည်။သွားဖို့ စဉ်းစားလာကြောင်းပြောသည်။ ၊ သူက သွားသင့်တယ်။ ငါ ဘာကူညီရမလဲတဲ့၊ ငွေပဲက္ခာလို့ ကျွန်တော် ပြတ်ပြတ် ပြောလိုက်သည်။ ဂျူးဘမ်းလမ်း သွားဖိုများကွာ ကမ္ဘာပတ်ငွေလိုလို့ စဉ်းစားလာသလိုကြီးပါလားတဲ့။ ထပ်ဆဲသည်။ခွးတဲ့ သည်။ခွေးတဲ့ ဆဲယင်းနဲ့ပဲ ၅ဝ ထုတ်ပေးသည်။ ဒါဆိုအသွား အပြန် လောက်သည်တဲ့၊ ဟုတ်သည်။သူက အရက်သောက် ချင်လိုက်သောက်၊ ထမင်းစားချင်လိုက်စားတဲ့၊ ဆရာကြီးထံ သွားလိုသောဇောနှင့် အရက်ဆာဆာဗိုက်ဆာဆာနဲ့ပဲ သူ့ ကို ဗမာလိုမ်ဳိးပဲကွာလို့ ပြုံးမဲ့မဲ့ နှင့် နှုတ်ဆက်ယင်း သူ့ အနားကခွာလိုက်သည်။ ထို့နောက် ဆရာကြီး ကြိုက်တတ် နိုင်ငံခြားစီးကရက်တဗူး ဝယ်သည်။ နှစ်ဆယ်ကျော်သော ကျသည် မှာ ။ တက္ကစီငှားသည်။ အပူနှစ်ဆယ်တဲ့။ ငွေ၅ဝ ကျွန်တော်စာရင်းပေါင်းကြည့်သည်။ ဆေးလိပ်ဖိုး၊ နိုင်ငံ ခြားစီးကရက်က နှစ်ဆယ်ကျော်၊ တက္ကစီခ ၂ဝိ လောက်ပါ ပြီ။ ကျွန်တော် ဂိုးပြီ။ ဆရာကြီးအိမ်ဆီသို့ ရောက်လာပြီ။ တွေ့ပါပြီ။ အိမ်ရှေ့ ဝရန်တာတွင် ထမင်းစားနေသည်။ ကျွန် တော် ချစ်ကြည်ညိုသော ဆရာကြီးပေါ့။ ကျွန်တော်ကျိုးနွံ စွာ အိမ်ထဲသို့ ဝင်သွားပါသည်။ လှပသော ထိုင်ခုံတခုပေါ် တွင် ရိုသေစွာထိုင်လိုက်ပါသည်။
ဆရာကြီးက ဖျော့တော့သော မျက်နှာဖြင့် သူ့အနား လာထိုင်တဲ့ဟု ပြောပါသည်။ ကျွန်တော်သွားထိုင်သည်။ သူ ကစားပြီးပြီလားတဲ့၊ ဟုတ် ကဲ့ စားပြီးပြီဟု ကျွန်တော် ကျွ လိမ်ပြောလိုက်သည်။ ခ ဆရာ ကြီး ဦးသ သည် ဖြည်းညင်းစွာဖြင့် ဇွန်းနှင့်ထမင်းကို ဆက်စားပါသည်။ လက်နှင့်မစားပါ။ ဆရာကြီး ထမင်းစားနေသည်ကို မကြည့်မိရန်၊ ကျွန်
တော်မျက်နှာကို ဟိုလွှဲသည်လွှဲလုပ်နေပါ သည်။ စားသောက် နေခြင်းကိုကြည့်လျှင် ရိုင်းပျမည်ထင်၍ဖြစ်ပါသည်။ ခဏ အကြာတွင် ကျွန်တော်သည် ရိုင်းပျခြင်းကို ပြုလုပ်သည်ဟု မထင်တော့ပဲ ဗမာပြည်၏ နိုင်ငံကျော် မင်းသားကြီး တယောက်ဘာတွေနဲ့စားသလဲလို့ ကျွန်တော် အလွန်ကြည့် ချင်လာသဖြင့် ကြည့်ပါပြီ။ မြင်ပါပြီ။ မျှစ်နှင့် ချဉ်ပေါင် ကျော်တခွက်၊ ကြက်ဥကျော်တခွက်၊ ဟင်းချိုတခွက် ဒါပါပဲ။ ကျွန်တော် ယောင်ပြီးစိုက်ကြည့်နေသည်။ နည်း နည်း လေး ကြာမည် ထင်သည်။ ကျွန်တော်ကြည့်နေခြင်းကို ရပ် ဆိုင်း၍ ဆရာကြီး၏မျက်နှာဆီသို့ ကြည့် သည်။ ဆရာကြီး လည်း ကျွန်တော် ့ကိုကြည့်သည်။ ကျွန်တော်သည် အား တုံ့အားနာစွာဖြင့် ဆရာကြီးကိုပြောလိုက်သည်။ အစ် ကို အိမ်နဲ့ ဈေးနဲ့ ဝေးမယ်နော်လို ့၊ သူက အေးတဲ့၊ ဒါ နဲ့ ကျွန်တော် ့ ဘေးနားတွင်ရှိနေသော သတင်းစာတစောင်ကို ကောက်ကိုင်၍ ဟိုကြည့်သည်ကြည့် လှန်နေပါသည်။ထိုစဉ် ဆရာကြီးအသံကို ကြားလိုက်ပါသည်။ ဝင်းမြင့် သေသွားပြီ ကွာ တဲ့၊ ကျွန်တော်က ဘယ် ဝင်းမြင့်လဲ အစ်ကို မေးသည်။ သူက မဂိုလမ်း ဝင်းမြင့်ကွာတဲ့ (သူသည် ဗမာ ပြည်၏နိုင်ငံခြားသစ်ကိုယ်စားလှယ်တယောက်ဖြစ်ပါသည်။)““ဟာ” လို့ ကျွန်တော်အသံထွက်သွားပါသည်။ ကျွန် တော် ကျော်ကြားနေစဉ်ကဘဝ၊ ငွေတွေရှိစဉ်ကဘဝ၊ သူနဲ့ တတွဲတွဲ သောက်ဖူး စားဖူးသည်။ မြိုထဲတွင် ပျင်းလျှင် မြို အပြင်သို့ ထွက်လည်သည်။ သူနှင့် ကျွန်တော် အများကြီး တွဲဖူးသည်။ သူသည် ကျွန်တော် ့ကို မင်းသားတယောက် ငွေရှိသူတယောက် အနေဖြင့် ပေါင်းသင်းခြင်း မဟုတ်ပါ။ – စရိုက်ချင်း တူ၍ ပေါင်းသင်းခြင်း ဖြစ်ပါသည်။ သူ သည် ကျွန်တော် ထက် ငွေကြေးချမ်းသာပါသည်။သူ့ကို ကျွန်တော်အလွန်ခင်သည်။ သူလည်းကျွန်တော် ကို ခင်သည်။ ဆရာကြီးက ကျွန်တော်မိတ်ဆွေတယောက် ကွယ်လွန်သွားခြင်းကို ကျွန်တော်အား အသိပေးခြင်း ဖြစ် ပါသည်။ ဆရာကြီးက နာရေးကြော်ငြာထဲမှာပါတယ်ကွ တဲ့ သေချာတယ်ကွ တဲ့၊ သူနေတဲ့ မဂိုလမ်းလိပ်စာလည်းပါတယ်ကျွန်တော်တို့ အတော်တွဲကြမှန်း ဆရာကြီး သိပါသည်။ ဒါ့ကြောင့် ပြောဆိုခြင်းဖြစ်ပါသည်။ ကြာပြီလားအစ်ကိုလို ကျွန်တော်မေးလိုက်သည်။ နည်းနည်းကြာသွားပြီတဲ့၊ ကျွန် တော်က ကျွန်တော်နှင့်သူ နည်းနည်း အဆက်ပြတ်နေပြီ ဖြစ် ကြောင်း ပြောပါသည်။ ဆရာကြီးက ဒါပေါ့ကွာတဲ့။
ဆရာကြီး ထမင်းစားပြီးသွားပါပြီ။ ဆရာကြီးက ဧည့် ခန်းထဲသွားမယ်ကွာတဲ့၊ ဆရာကြီးထပါပြီ။ ဆရာမကြီး လာရောက်တွဲပို့သည်။ ကျွန်တော် ယောင်တောင်တောင် နှင့် ကျွန်တော်ပါတွဲ ယင်ကောင်းမလား၊ ဘာလားလို့ စဉ်းစားနေပါသည်။ ဆရာမကြီး တယောက်တည်း တွဲရုံဖြင့် သွားလို့ ရနေပါပြီ။ ခြေထောက်တဘက်ကမူ အနည်းငယ် တရွတ်တိုက်နေပါသည်။
ဧည့်ခန်းသို့ ရောက်ပါပြီ။ ဆရာမကြီးက ထိုင် “မောင်ဇော် ခင်လို့ လှမ်းပြောပါသည်။ ဆရာကြီးအား သားရေဆက်တီ တခုပေါ်သို့ ထိုင်ပေးလိုက်ပါသည်။ ကျွန်တော်က ဆရာကြီးနှင့် မျက် နှာ ချင်း ဆိုင် ထိုင်ခုံပေါ်တွင် ထိုင်ပါသည်။ ဆရာမကြီးသည် ကျွန်တော် တို့နှစ်ယောက်ကို ထားခဲ့၍ အိမ်တွင်းသို ဝင်သွားပါသည်ဆရာကြီးသည် ပြတင်းပေါက်ဘက် ဝင်ပေါက်ဘက် တံခါးမကြီးဆီသို မဟုတ်ပါ။ ပြတင်းပေါက်ဆီသိုသာ ကြည့် နေပါသည်။ ဧည့်ခန်းသည် ကျယ်ဝန်းသဖြင့် တယောက်နှင့် တယောက် အနည်းငယ် အလှမ်းဝေးပါသည်။ ကျွန်တော် သည် ဆရာကြီးအား သေချာစွာ စိုက်ကြည့်နေပါသည်။ ဆရာကြီးသည် ဘောင်းဘီရှည် ဝတ်ဆင်ထားပါသည်။ဂျာ ကင်အင်္ကျီ ဝတ်ဆင်ထားပါသည်။ သို့သော် လေဖြတ်ခံထား ရပါသဖြင့် ကိုယ်တဘက်ခြမ်းသည် ပခုံးမှ စ၍ လက်မောင်း ခြေလောက်ကို အဘော်သေးသွားသလို ဖြစ်နေပါ၍စာဘက် ခြမ်းသည် ကောင်းနေတုန်းက အတိုင်းပဲ ဖြစ်နေပါသည်။ ဘာစကားမှ မစ မစဖြစ်သေးပါ။ကျွန် တော် သည် ဆရာကြီးကိုကြည့်၍ ဆရာကြီးအား စတင်တွေ့ရှိသည်မှသည် ယခု နှစ်ယောက်ထိုင်နေစဉ်အတွင်း အဖြစ်အပျက်များကို ပြန်မြင်လာသည်။မြင်ကွင်းသည် မှုန်သီ ရာမှ ပြတ်သားလာသည်။

““မိုးနဲမျက်ရည်” ဇာတ်ကား၊ ကျွန်တော် ဗြိတိသျှ ဘား မား(ယခုညွှန့်မြန်မာခြံ) တွင်ရိုက်စဉ် ဆရာကြီးကဒါရိုက် တာ၊ ကျွန်တော်နဲ့ ဒါရိုက်တာလေးမောင်က မှတ်တမ်းရေး သူဘဝ၊ နောက် “မေ့ပါးသနပ်ခါးပျက်လေမှ” ဇာတ်ကား ဆရာကြီးနှင့် ကျွန်တော် တွဲဖက်၍ ပထမဆုံး ရိုက်ကူးသည့် အကြောင်း၊ နောက် မိုးရုပ်ရှင်မှ “သံသယအသည်းတံခါး” ရိုက်ကူးစဉ်အကြောင်း၊ မေမြို့တွင် ရယ်ရယ်မောမောစကား ပြောဆိုခဲဲ့ကြခြင်းများထဲမှ အထူးပြု မှတ်သားစရာ ကောင်း သည့် “ပရိသတ်ရဲမေတ္တာကို ငါတိုလိုက်မမိပါဘူးကွာ” ဆိုသည့် စကားသံနှင့် ဆရာကြီး၏ ဟန်ပန်တို့ကိုမြင်ယောင် ကြားယောင် လာပါသည်။ “မေ့ပါးသနပ်ခါးပျက်လေမှ” ဇာတ်ကား ရိုက်ကူးစဉ်ကတည်းက နှစ်ယောက်သား မော် တော်ဆိုင်ကယ်နှင့် လူဆိုးများနောက်သို့ လိုက်သည့်အခန်း တွင် မော်တော်ဆိုင်ကယ်ရပ်ထားစဉ်သော် လည်းကောင်း စီးပြီး ပြန်ရပ်သည့် အခါတွင်လည်းကောင်း ကျွန်တော် ကို “ဟေ့ကောင် ငါ့ကိုခြေထောက် ထောက်ပေးထားကွာ”တဲ့ ငါ့ခြေထောက်တဘက်ထုံကျဉ်နတယ်၊ ထောက်လို မကောင်း ဘူးတဲ့။ လက်သီးထိုးခန်းများ ရိုက်ကူးစဉ်တွင် ရိုက်ကူးစဉ်တွင်လည်း ထောက်တဘက်ကွာဘယ်လိုဖြစ်နေသလဲ မသိဘူး၊ ထုံ ပြီ တမျိုးကြီးပဲကွာတဲ့၊ ကျွန်တော်က “အစ်ကို လေဖြတ်နေအုံး မယ်နော်” လိုပြောတော့လဲ့လေးပြုံးပြတယ်၊ ထားတော့ လေ။ ဆ ရာ ကြိ ကြီးအ သံ ကြားပြီ မအေးတိုရော တွေသေးသလား တဲ့မအေးဆိုသည်မှာ ရုပ်ရှင်မင်း ရုပ်ရှင်မင်းသမီး အကယ်ဒမီအေးအေးသင်းကို ဆိုလိုပါသည်။ ဆရာကြီးသည် ရုပ်ရှင်အကြောင်း စဉ်းစားယင်း * ကျွန် တော်လည်း တွေးနေတော့ ကျွန်တော်နှင့်ဆရာကြီး အတူ တွဲရိုက်ခဲ့ဖူးသော “မေ့ပါးသနပ်ခါးပျက်လေမှ” ဇာတ်ကား အကြောင်း သတိရယင်း မင်းသမီး အေးအေးသင်းကိုပါ အကြောင်း သတိရ၍ မေးသည်ထင်ပါသည်။ ကျွန်တော်က တခါတခါ တော့ တွေဘယ်အစ်ကိုလို့ ပြောလိုက်ပါသည်။ နောက်ရုပ်ရှင်လောက၏ အကြောင်းအရာများ အသိ အကျွမ်းများ အကြောင်း မေးသည်။ ကျွန်တော့သိတာဖြေ၊ မသိတာ မသိဘူး အစ်ကိုရယ်လို့ ဖြေပါသည်။ အဲဒီတွင် ဆရာကြီး၏ မေးခွန်းများတွင် ကြောင်ကြောင်ယောင်ယောင်ကြီး ဖြစ်နေ ပြီးမှ ဆရာကြီး ကြိုက်တတ်သော နိုင်ငံခြား စီးက ရက်ဗူးလေးတဗူးကို ဤအချိန်ကျမှ သတိရသွားပါသည်။ ကျွန်တော်က အစ်ကို ကျွန်တော် ့မှာစီးကရက်တဗူး ပါ လာကြောင်း၊ အစ်ကို့ အတွက် ဝယ်လာကြောင်း ပြောပြပါ သည်။ ဆရာကြီးက အေး ကောင်းတယ်တဲ့၊ တိုအနားမှာ ဘယ်သူတွေရှိသလဲ တဲ့၊ ကြည့်လိုက်စမ်း တဲ့၊ ကျွန်တော် ဟိုသည် ကြည့်မိ၏။ ဘယ်သူမှမရှိပါ။ မရှိဘူးအစ်ကို လို့ ကျွန်တော်ပြောလိုက်တော့တလိပ်ညှိလိုက်ကွာတဲ့။ မင်းလည်း သောက်လေတဲ့၊ ကျွန်တော်လည်းသောက်သည်။ ငါ့ကို မှာ တဲ့ ဆရာဝန်ကရော၊ အိမ်သားတွေကပါဆေး မသောက် ဖို့ တားမြစ်ထားတယ်တဲ့၊ ကျွန်တော် စီးကရက် တဗူးကို ဖေါက်၍ တလိပ်မီးညှိပြီး ပေးလိုက်ပါး ပါသည်။ကျွန်တော်သည် ကျန်းမာရေးအတွက် တားမြစ်ခြင်းများကို ဖေါက်ဖျက်ခြင်း မဟုတ်ပါ။ ဆရာကြီးကြိုက်တတ်သော စီးကရက်ကို ဆရာကြီး သောက်စေချင်၍ စေတနာဗလပွနှင့် တိုက်လိုက်ခြင်း ဖြစ်ပါ သည်။ထိုစဉ် ဆရာကြီးဦးကျော်ဆွေ၏သမီးလေး ဝင်းမော်နီ ကျွန်တော်တိုဧည့်ခန်း ဝင်လာပါသည်။ ကော်ဖီလား၊ လက်ဖက်ရည်လား မသိပါ။ကျွန်တော် ့ဘေးရှိထိုင်ခုံကလေး တခုပေါ်သို့ တင်၍ ပြန်ထွက်သွားပါသည်။ (မှတ်ချက်– ဆရာကြီးနှင့်ကျွန်တော် ဆေးလိပ်သောက်နေခြင်းကိုသူလုံးဝ ဂရုမပြုပါ။)ကျွန်တော်တို့ စီးကရက်များကို နည်းနည်းစီ ဖွာလိုက်ကြ ပါသည်။ ထားတော့၊ ရုပ်ရှင် အကြောင်း မိတ်ဆွေများ အကြောင်း ဆက်လက် ပြောဆိုသည်မှာ၊ အနည်းငယ် ကြာ သွားပါသည်။ ထိုစဉ် မိုးတွင်း ဖြစ်နေ၍၊ ဆရာကြီး၏ အိမ် ပြတင်းပေါက်မှ မိုးများ ညို့တက်လာသည်ကို ကျွန်တော် တွေ့မြင် လိုက်ရပါသည်။ ဆရာကြီးလဲ မိုးများ မိုးများ ညို့နေသော အရပ်သို့ ငေးကြည့်နေပါသည်။ ကျွန်တော်က အစ်ကို မိုးတွေ ညို့လာပြီ၊ ကျွန်တော် ပြန်တော့မည်ဟု ပြောဆိုပါသည်။ ဆရာကြီးက ခဏ နေဦးတဲ့၊ သမီးလေး ဝင်းမော်နီကို ခေါ် လိုက်တဲ့ ကျွန်တော် ထကြည့်သည်။ မလှမ်း မကမ်းတွင် တွေ သည်။ ခေါ်လိုက်သည်။ လာသည်။ ဆရာကြီးက အဖေလုပ် ခိုင်းတာတွေ ယူခဲ့တဲ့ သွားယူသည်။ အလုပ်ကြီး တထုပ်၊ ကျွန်တော်၏ ရှေ့သို–
ကျွန်တော်က ဘာထုပ်ကြီး လို့ ငေးကြည့် နေပါ သည်။ ဆရာကြီးက မင်း အဲဒါ ယူသွားတဲ့။ ကျွန်တော်က ဘာထုပ်ကြီးလဲ အစ်ကိုလို့ မေးလိုက်ပါသည်။ ဆရာကြီးက မင်းဖို အင်္ကျီတွေတဲ့။ ကျွန်တော် ကြောင်ငေါင်ပြီးတော့နားမလည်စွာဖြင့် ဆရာကြီးကို စိုက်ကြည့် မိပါသည်။ ဆရာကြီး က မင်း ကားရိုက်ယင် အဝတ်တောင် ပြည့်စုံအောင် မရှိပဲ

ရိုက်ကွင်းပေါ်မှာ သူများဆီက ငှါးဝတ်၍ ရိုက်နေရကြောင်း ကြားရ၍ စိတ်မကောင်း သဖြင့် ပေးလိုက်သည်တဲ့။ ဆရာကြီး စိတ်မချမ်းသာအောင်၊ စိတ်ညစ်အောင် ကျွန်တော် ရှင်းမပြ ချင်ပါ၊ စိတ်ထဲမှာကော့ အစ်ကိုရေ ကားတကား ရိုက်ယင် ကျွန်တော် တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ခန့်မျှနှင့် ရိုက်ကူး နေရကြောင်း ငွေ အကြေအလည် ရသည်မဟုတ်၊ ငှါးတော့ (ဘောဇာ) သဌေးခန်းက ငှါးပါတယ်။ ပေးတော့ ငါးရာပေးလိုက်၊ သုံးရာပေးလိုက်၊ နှစ်ရာတရာ၊ နောက်ဆုံး ခက်ခဲလို့ သွားတောင်းယင်တောင် နှစ်ဆယ် အစိတ်ပဲ ပေး ကြပါတယ် အစ်ကိုရယ်၊ ဟူ၍ စိတ်လဲမှ ပြောလိုက်ပါသည်။ ကျွန်တော် မျက်ရည်များ လည်လာ ပါသည်။ ဆရာကြီးကို မကြည့်တော့ပဲ ပြတင်းပေါက်များ ဆီသို ကြည့်သည်။ မိုးများ ညို့တက် လာပါသည်။ နောက် ကျွန်တော် ဆရာကြီးကို ကြည့်သည်။ ဆရာကြီးသည် မိုးများ ညို့နေရာ အရပ် ကြည့်နေပါသည်။
ကျွန်တော်က အစ်ကိုလို စိတ်ထိန်းပြီး ပြောပေမယ်၊ ငိုသံ ဝမ်းနည်းသံ ပါလာပါသည်။ ဆက်၍ပဲ မိုးတွေ ညို့လာပြီ အစ်ကိုလို့ ဝမ်းနည်းသံများ ပါလျက်နှင့် ကျွန်တော် သွား တော့မယ် အစ်ကိုလို့ စိတ်ထိန်းပြီး ပြောလိုက်ပါသည်။ ဆရာ ကြီးသည် ကျွန်တော် အသံကို နားလည်ပါသည်။ ဟန်ဆောင် ၍ ပြောနေခြင်း မဟုတ်ကြောင်း ကြေကွဲ ဆို ့နင့်စွာနှင့် ပြော နေခြင်း ဖြစ်ကြောင်း၊ ဆရာကြီး သိပါသည်။ ဆရာကြီးက လဲ့ ကြေကွဲစွာဖြင့်၊ “မင်းမှာ ထီးမပါဘူးနော်”တဲ့။ကျွန်တော် က ဟုတ်တယ် အစ်ကိုရယ်လို သွားတော့မယ်နော် အစ်ကိုလို ဝမ်းနည်းသံများ မြောက်မြားစွာ ပါသွားပါသည်။ အစ်ကို သည် မိုးများ ညို့နေသော ပြတင်းပေါက် ဆီသို ငေးနေယင်း . ခေါင်း တချက် နှစ်ချက် ညိတ်လိုက်ပါသည်။ ကျွန်တော် ရှိရာ အရပ်သို သူ လုံးဝ လှည့်မကြည့်ပါ။ ဆရာကြီး၏ မျက် ဝန်းအိမ်တွင် မျက်ရည်များ ဝေ့နေမည် ထင်ပါသည်။ ကျွန် တော် ကန်တော့ ခဲ့ပါတယ် အစ်ကိုလို ့ပြောဆိုပြီး ကန်တော့ ပါလျှင်၊ ကျွန်တော်လည်း ငိုမိမည်။ ဆရာကြီးလဲ မျက်ရည်
များ ကျလာမည် ထင်ပါ၍ စိတ်ထဲမှပဲ ကျိတ်၍ ကန်တော့ ပြီး၊ ဆရာကြီး ပေးလိုက်သော အင်္ကျီထုပ်ကြီးကို ကိုင်၍ ဆရာ ကြီး၏ ဂေဟာ အိမ်မှ၊ နောက်ဆုံး တွေဆုံရခြင်း ဟူ၍ မထင်ပါပဲ ကျောပေး၍ ထွက်လာမိပါသည်။
ဂျုံးဘန်းလမ်း၏ အပြန်လမ်းတွင် ညို့နေသော မိုးများ ဒေါမနဿနှင့် ရွာချလာပါပြီ၊ လမ်းတလျှောက်ဆုံး လူသူ တယောက်မျှ မရှိပါ၊ ကျွန်တော် တကိုယ်လုံး မိုးရည်များ ရွဲနေ ပါပြီ၊ ထို့ပြင်၊ မျက်ဝန်းအိမ်မှ မျက်ရည်များ သည်လည်း ထိန်းသိမ်း မရတော့ပါ၍ ပါးပြင်ပေါ်သို့ စီးဆင်း ကျလာပါ သည်။ ထိုစဉ် ဆရာကြီးနှင့် ကျွန်တော် ပထမဆုံး တရင်းတနှီး ရိုက်ကူးခဲ့သော၊ ဆရာကြီးက ဒါရိုက်တာ ကျွန်တော်က မှတ်တမ်း ရေးသူ၊ “မိုးနဲ့ မျက်ရည်”ကို သတိရလာပါသည်။ ကျွန်တော် နားတွင် အသံတခု ကြားလိုက်သလိုပါပဲလေ’ မိုးနဲ့ မျက်ရည် ညှိုးနဲ့လျက် အတည်ဆွေ ဖြိုးခဲ့ပြီရင်ထဲမှာ နင့် မရွှင်ပဲသာဖြင့် ဖြေမဆည်….တဲ့။
ဆရာကြီး အတွက်ကော ကျွန်တော်အတွက်ကော ဖြေ မဆည်နိုင် သောကြောင့် ထင်ပါသည်။ သီချင်းရေးဆရာ စိန်ဝေလျှံ၍ မိုးနဲ့ မျက်ရည် သီချင်းကို ကြားယောင် လာပါ သည်။ ကျွန်တော် ပါးစပ်မှ အသံထွက်၍ပဲ မိုးရွာထဲမှာပဲ အစ်ကိုရေလို့ အစ်ကိုနဲ့ ရိုက်ကူး ခဲ့တဲ့ ဇာတ်ကား ကျွန်တော် တို့က အလုပ်သမား အဲဒီ ဇာတ်ကားကို သတိရ နေပါတယ် လို့အော်ပြော နေမိပါတယ်။ ယခုအချိန်တွင်မူ ဆရာကြီး ဦးကျော်ဆွေ မရှိတော့ပါ၊ အထက်မှ ဆရာကြီး ဦးကျော်ဆွေနှင့် နောက်ဆုံး တွေဆုံ လိုက်ရခြင်း ဆောင်းပါ ခေါ်မည်လား ဘာခေါ်မည်လား ကျွန်တော်လည်း မသိခံစား ရသော အကြောင်းအရာများဖြင့်……အထက်ပါ ရေးသားခဲ့သော စာကြောင်းများဖြင့် ဆရာ အား ချစ် ကြည်ညို စွာဖြင့် ကန်တော့ လိုက်ပါသည်။ ကန်တော့လိုက် ပါကြောင်း…
ဆရာကြီး ကောင်းရာ သုဂတိသို့ ရောက်ပါစေရယ်လို။

burmesevintageclassic

movieactor

ရုပ်ရှင်ရှုးမလေး(ပဏာမအဖွင့်)
တေးရေး-ရွှေပြည်အေး
တေးဆို-ဝင်းဦး၊မာမာအေး

burmesevintageclassic

crdvideo

https://fb.watch/tgZveeqqY8/?

ရုပ်ရှင်မင်းသမီး “တင်တင်နွဲ့” ကိုနည်းနည်းမှီလိုက်တယ်။ခင်သန်းနု၊တင်တင်ညိုတို့ထက်စာရင်သူ့ကိုသိပ်အကြိုက်ကြီးမဟုတ်ဘူး။တင်တင်နွဲ့မျက်နာကအေးဆေးတည်ငြိမ်ကျက်သရေရှိပြီး “ကတော်” ရုပ်ပေါက်တယ်။အချို့ရုပ်ရှင်မင်းသမီးရုပ်သာလှတာ “ကတော်” ရုပ်မပေါက်ကြဘူး။နောက်အားသာချက်က “တင်တင်နွဲ့” အသံကဂရုဏာရသပါတယ်ပြောကြတယ်။

တီဗွီမှာပြတဲ့ နအဖခေတ်နိုင်ငံတော်အခမ်းအနားကြီးအချို့မှာမင်းသမီးကြီးတင်တင်နွဲ့ကိုသူ့အမျိုးသားတရားသူကြီးနဲ့မကြာခဏတွဲမြင်ရလေ့ရှိတယ်။ရုပ်ရှင်မင်းသမီးကြီး(ဒေါ်)တင်တင်နွဲ့ကိုမိဘဦးကျော်ရင်ဒေါ်တင်ယုံကရန်ကုန်မြို့မှာ ၁၉၄၄ ဒီဇင်ဘာမွေးဖွားခဲ့တယ်။တင်တင်နွဲ့ငယ်စဉ်ကအထက(၁)ကြည့်မြင်တိုင်မှာပညာသင်ကြားခဲ့တယ်။

၁၉၆၃- ၁၉၇၈ ခုနှစ်အတွင်းတင်တင်နွဲ့ဟာရုပ်ရှင်ကားကြီး (၄၃) ကားမှာခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အကယ်ဒမီဆုရရှိခဲ့တယ်။၂၀၁၃ မှာရုပ်ရှင်အစည်းအရုံးကချီးမြှင့်တဲ့ “ရုပ်ရှင်အနုပညာရှင်” ဆုရရှိခဲ့တယ်။

တင်တင်နွဲ့ဟာ “မြတ်” ရုပ်ရှင်ဇတ်ကားမှာဝင်ဦး၊မြင့်မြင့်ခင်၊ချစ်စပယ်တို့နဲ့အတူပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တယ်။တင်တင်နွဲ့ဟာခေတ်ပြိုင်မင်းသားကြီးများဖြစ်တဲ့ဝင်ဦး၊ညွှန့်ဝင်း၊တွံတေးသိန်းတန်၊အောင်လွင်၊ကောလိပ်ဂျင်နေဝင်း၊ကျော်ဟိန်းနဲ့ခေတ်ပြိုင်မင်းသမီးကြီးများဖြစ်တဲ့ဝါဝါဝင်းရွှေ၊ခင်သန်းနု၊ခင်ယုမေ၊စံရှားတင်တို့နဲ့အတူရုပ်ရှင်ဇတ်ကားများမှာပူးတွဲပါတင်သရုပ်ဆောင်ခဲ့ကြတယ်။

ကက်ဆက်ခွေဇတ်လမ်းများခေတ်စားလာချိန်တင်တင်နွဲ့ဟာမင်းသားကြီးကောလိပ်ဂျင်နေဝင်းနဲ့အတူ “ ဗိုလ်အောင်ဒင်” ကက်ဆက်ဇတ်လမ်းမှာအသံနဲ့ပါဝင်သရုပ်ဆောင်ခဲ့တယ်။

ဒါ့အပြင်မြန်မာ့အသံမှစီစဉ်တဲ့ရေဒီယိုအသံလွှင့်ဇတ်လမ်းများစွာမှာပါဝင်ခဲ့တယ်။ဒါရိုက်တာမောင်ကြေးမုံနဲ့ဂန္တဝင်မောင်ဝိုင်းစီစဉ်တဲ့ရေဒီယိုအသံလွှင့်ဇတ်လမ်းများမှာမင်းသားကြီးကောလိပ်ဂျင်နေဝင်းနဲ့အတူပူးတွဲပါဝင်ခဲ့တယ်။တင်တင်နွဲ့နာမည်ကြီးရုပ်ရှင်အချို့။

  • စကားပြောသောအသည်းနှလုံး
  • ကျွန်မမှာမိန်းမသား
  • နန်းတလိမ်ပန်းတလိမ်
  • ချစ်သူရွေးမယ်ချစ်ဝဲလည်
  • ရွှေတံခါးကြီးဖွင့်ပါအုံး
  • မာယာထောင်ချောက်
    စသည့်အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ရုပ်ရှင်ကားကြီးများမှာတင်တင်နွဲ့ပါဝင်သရုပ်ဆောင်ခဲ့တယ်။

ဒါရိုက်တာဦးသုခရိုက်ကူးတဲ့ “ကျွန်မမှာမိန်းမသား” ရုပ်ရှင်ဇတ်ကားနဲ့တင်တင်နွဲ့ဟာ၁၉၇၀ ခုနှစ်အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အကယ်ဒမီဆုချီးမြှင့်ခံရတယ်။

၁၉၇၈ ခုနှစ်ကဒါရိုက်တာကိုလင်းလင်းရိုက်ကူးတဲ့ “သက်လယ်” ရုပ်ရှင်ကားဟာတင်တင်နွဲ့သရုပ်ဆောင်ခဲ့တဲ့နောက်ဆုံးရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

မင်းသမီးကြီးတင်တင်နွဲ့ဟာကျမ်းမာရေးကြောင့်ရုပ်ရှင်ရိုက်ကူးခြင်းမှ ၁၉၇၈ မှစပြီးအနားယူခဲ့တယ်။နှလုံးရောဂါခံစားနေရတဲ့မင်းသမီးကြီးတင်တင်နွဲ့ဟာထိုင်းနိုင်ငံဘန်ကောက်မှာဆေးရုံ(၁၃)ကြိမ်တက်ခဲ့ရတယ်။

မင်းသမီးကြီး (ဒေါ်)တင်တင်နွဲ့ဟာဗဟိုတရားရုံးတရားသူကြီးဝဏ္ဏကျော်ထင်ဦးသက်ထွန်းနဲ့ ၁၉၇၀ မှာအိမ်ထောင်ပြုခဲ့ပြီးဇာနည်ဝင်းထွန်းနဲ့စိုးသူရထွန်းသားနှစ်ယောက်ထွန်းကားခဲ့တယ်။သားအကြီးဟာ ၂၀၀၉ ခုနှစ်မှာဆုံးပါးခဲ့ရတယ်။နိုင်ငံကျော်မင်းသမီးကြီးတင်တင်နွဲ့ဟာ၂၀၁၅ ခုနှစ်အသက် (၇၀) အရွယ်ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်ခဲ့တယ်။

Repost
လွင်ဦး(ရန်ကင်း)

lwinooyankin