Biography 21 နိုင်ငံလွတ်လပ်ရေး / မြန်မာ့ သမိုင်း နှင့် ထူးခြားအဆောက်အဦများ ။ ယနေ့ ခေတ် နိုငံရေးသမိုင်းထဲမှ ထူးခြားထင်ရှားပုဂ္ဂိုလ်ထူးများ ( Cele -star Media)

https://fb.watch/vbgfnqPArG/?

သူရဦးတင်ဦးအတွက် လွမ်းသူ့ပန်းခြင်း ဒေါ်အောင်ဆန်းစုကြည် ပေးပို့

ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၄

သူရဦးတင်ဦး၏ ဈာပနအခမ်းအနားသို့ ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခြင်းကို အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်သားများ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး၏နာရေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း လွမ်းသူ့ပန်းခြင်း ပို့ဆောင်လာကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ပူးတွဲတည်ထောင်ခဲ့သူ သူရဦးတင်ဦးသည် ဇွန် ၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ကွယ်လွန်ခဲ့ကာ၊ ကွယ်လွန်ချိန်၌ အသက် ၉၈ နှစ်ရှိပြီ ဖြစ်သည်။

ဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန် ၅ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ပြုလုပ်ကာ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ချီးမြှင့်ခံခဲ့ရသည်။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် NLD ပါတီတည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး စစ်အာ ဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တဦးလည်း ဖြစ်သည်။

ပုံစာ – CJ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်

ဇွန် ၁ ရက်တွင် ကွယ်လွန်ခဲ့သည့် NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရင်း ကွယ်လွန်ခဲ့သည့် သူရဦးတင်ဦး၏ ရုပ်အလောင်းကို ဗဟန်းမြို့ ဗောဓိရိပ်သာလမ်းနေအိမ်တွင် ထားရှိပြီး ဇွန် ၅ ရက်ညနေ ၄ နာရီခွဲတွင် ဂူသွင်းသဂြိုလ်မည်ဖြစ်‌ကြောင်း၊ အသုဘအခမ်းအနားပြုလုပ်မည့်အချိန်ကို ထပ်မံပြောကြားမည် ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးအား မေ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မေ ၃၀ ရက်တွင် အထူးကြပ်မတ်ကုသဆောင်သို့ ‌ပြောင်းရွှေ့ကာ ကုသမှုခံယူနေခြင်းဖြစ်သည်။

မေ ၃၁ ရက်တွင် သူရဦးတင်ဦး၏ ကျန်းမာရေးအ‌ခြေအနေမှာ တိုးတက်လာခဲ့သော်လည်း ဆရာဝန်များက အနီးကပ်စောင့်ကြည့် နေခြင်းဖြစ်သည်။

သို့သော် ဇွန် ၁ ရက်နံနက်တွင်မူ သူရဦးတင်ဦး၏ ကျန်းမာရေးမှာ ဆိုးရွားလာခဲ့ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

■ Read More – – – >>>https://news-eleven.com/article/292214

■ဓာတ်ပုံ-အောင်မျိုးသန့်

►► (Zawgyi ဖြင့်ဖတ်ရန်)

NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်

ဇွန် ၁ ရက်တွင် ကွယ်လွန်ခဲ့သည့် NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရင်း ကွယ်လွန်ခဲ့သည့် သူရဦးတင်ဦး၏ ရုပ်အလောင်းကို ဗဟန်းမြို့ ဗောဓိရိပ်သာလမ်းနေအိမ်တွင် ထားရှိပြီး ဇွန် ၅ ရက်ညနေ ၄ နာရီခွဲတွင် ဂူသွင်းသဂြိုလ်မည်ဖြစ်‌ကြောင်း၊ အသုဘအခမ်းအနားပြုလုပ်မည့်အချိန်ကို ထပ်မံပြောကြားမည် ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးအား မေ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မေ ၃၀ ရက်တွင် အထူးကြပ်မတ်ကုသဆောင်သို့ ‌ပြောင်းရွှေ့ကာ ကုသမှုခံယူနေခြင်းဖြစ်သည်။

မေ ၃၁ ရက်တွင် သူရဦးတင်ဦး၏ ကျန်းမာရေးအ‌ခြေအနေမှာ တိုးတက်လာခဲ့သော်လည်း ဆရာဝန်များက အနီးကပ်စောင့်ကြည့် နေခြင်းဖြစ်သည်။

သို့သော် ဇွန် ၁ ရက်နံနက်တွင်မူ သူရဦးတင်ဦး၏ ကျန်းမာရေးမှာ ဆိုးရွားလာခဲ့ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

■ Read More – – – >>>https://news-eleven.com/article/292214

■ဓာတ်ပုံ-အောင်မျိုးသန့်

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

မောင်သော်က (၁၉၂၈-၁၉၉၁)

Listing Description

မြန်မာ့တပ်မတော် (ရေ) အရာရှိဟောင်းတစ်ဦးဖြစ်ပြီး စာရေးဆရာ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။ ဗိုလ်မှူးအဆင့်ထိ တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့ကာ စစ်ရေယာဉ် (မေယု) ကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဗိုလ်ဘသော် (ရေတပ်)၊ မောင်သော်က အမည်များဖြင့် ဆောင်းပါးများ၊ ကဗျာများ၊ ဝတ္ထုများ များစွာ ရေးသားခဲ့သည်။ ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင် ထူထောင်ခဲ့စဉ်က ဗဟိုဦးစီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။

၁၉၂၈ ခုနှစ်၊ ရွှေဘိုမြို့တွင် အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်သည်။ မြန်မာမွတ်စလင် တစ်ဦး ဖြစ်ခဲ့ပြီး သားသမီး ၄ ယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ အခြားအမည်ကတော့ နူးရ်မာမက်ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဗမာ့ရေတပ်မတော်သို့ တပ်သားအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။

မြန်မာ့တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးဘသော်ဟု လူသိများသည်။ စစ်ရေယာဉ် (မေယု) ကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ရေယာဉ်မှူးအဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများတဝိုက် ငါးဖမ်း သင်္ဘောများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီးဘသော် နှင့် ရဲဘော် ၁ဝ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ ဂျပန် ကုန်တင်သင်္ဘောတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁ဝ ဦးတွင် ပါဝင်သည်။ တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ်အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။

စာပေရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ မြဝတီ၊ ငွေတာရီတို့၌ ဆောင်းပါးများ၊ ဝတ္ထုများ များစွာ ရေးသား ဖော်ပြခဲ့သည်။ ရေကြောင်းစွန့်စားခန်းဝတ္ထုများ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။

မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတ္ထု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူဖြစ်ကာ နေ့စဉ်သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော်ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။ “တိုက်ရေယာဉ် ၁၀၃” အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့မှတ်တမ်းမှာ လူကြိုက်များထင်ရှားသည်။

အထူးသဖြင့် သရော်စာရေးရာတွင် နာမည်ကြီးသူတဦး ဖြစ်သည်။ မဆလခေတ်တလျှောက် ခေတ်စနစ်နှင့် လူထုဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူ ဖြစ်သည်။ သူသည် ကမ္ဘာ့စာပေထဲမှ အမြောက်အမြားကို မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်းသိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သင်္ဘောသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

၁၉၈၈ခု ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထို့နောက် စာနယ်ဇင်းသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဆက်လက်ပါဝင်သည်။ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရသည်။ 

ဦးဘသော်သည် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့၌  ရန်ကုန် ဆေးရုံကြီးအချုပ်ခန်းအတွင်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။ ကန်တော်ကလေးစွန်နီ မွတ်စလင်မ် သုသာန်တွင် မြှုပ်နှံသဂြိုဟ်ခဲ့သည်။

မောင်သော်က၏ ကဗျာ

ဇာတ်ဆရာ

ငါ့ဇာတ်စင်ငါထိုး

ဇာတ်ပိုးတော့ ထပြီလေ။

မကတတ် ကတတ်

ငါ့ဇာတ် ငါခင်း

ငါမင်း ငါဘုရင်ပေါ့

ထင်ချင်ရာ ထင်ပါဘိ

မင်း မကြည့်ချင်နေ။

စင်ပေါ်မှာ ကျွမ်းထိုးလို့

စင်ကျိုးပြီး သေပေစေ

နေသာသပ လေညာက။

စည်းမမှန် ဝါးမမှန်

ကကြိုးတွေ မဟန်လို့

တပ်လန်ကာ

ကြည့်သူပြောပြန်တော့

ရုံကြေးတွေ အကုန်

ဒါမှ ငါပ။ ။

(မီးခြစ်တဆံ)

ထင်ရှားသော စာအုပ်များ

ပို့သခဲ့သော မေတ္တာများ … ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ။

နှစ်သစ်ဦး ချစ်ဦးလက်ဆောင် … ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ။

ရှိတ်စပီးယား၏ လက်ရွေးစင် ဆွန်းနက်ကဗျာများ … ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ။

နှစ်သုံးရာမှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ … ၁၉၈ဝ ခုနှစ်၊ နိုဝင်ဘာလ။

တိုက်ရေယာဉ် ၁၀၃ (အခန်းဆက် အဖြစ် မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့ပြီး စာအုပ်အဖြစ် ၁၉၈၅ ခန့်တွင် ထုတ်ခဲ့သည်ဟု ခန့်မှန်းမိပါသည်)။