
အီနောင်ဇာတ်ဖြည့်(တလာကန်ခန်း)ပတ်ပျိုး~~~~~~
ရေး-မြဝတီမင်းကြီး
(လူမနှော၊ စုံခြေတင့်မော၊ တိမ်ကြောတောင်ယံ၊ ဆွေမနီးငယ်လေ၊ ငြင်းပြွေနရည်း၊ ရွှေဆည်းကညံ)၂။ ။(နီလာမြနှုန်း၊ တောင်စာပိတုန်း၊ ဂမုန်းဝတ်ရည်လျှံ၊ ကြိုင်လှိုင်ညွတ်၊ အိုကြွေလုလွတ်၊ ဖက်ဆွတ်ကယ်မွှေး၊ လေချိုကသွေး၊ ငှက်ကျေးချီချငယ်ညံ)၂။ ။(သဖြန်)။ ။(တလာကန်၊ မိနတ်ကယ်ဖျော်ဖြေစံသည့်၊ မြစင်္ကြံ ဝင်သဝဏ်နှင့်၊ စုံရိပ်မွန်ကြော)၂။ ချစ်ကြည်နူး၊ တီတူးငယ်သည့် မိုးကကြော်၊ မြင်တော်မူလှဲ့၊ စာနာယိမ်းငယ်လေ၊ စိမ်းလေသည့်ကော။ ။
ဆိုလိုရင်းလေးသိရင် စကားပြေရှင်းပြပေးကြပါဦး



တို့သမိုင်း ( OurHistory Youtube) အီနောင် ဇာတ်ထွက်သီချင်းများ

Search https://fb.watch/s9rALEKqqg/?
https://fb.watch/s9sJSN8cD2/?
- မူလစာမျက်နှာ
- သတင်းများ
- နိုင်ငံရေး
- စီးပွားရေး
- ⬤ LIVE
- VIDEO ON DEMAND
- ရုပ်သံသတင်း
- အနုပညာရပ်ဝန်း
- စကားဝိုင်း
- အတွေးအမြင်
- တိုင်းရင်းသား ရေးရာ
- မိန့်ခွန်းများ
- သတင်းစာများ
Breadcrumb
- Home /
- အီနောင်ဇာတ်တော်ကြီး မပျောက်ကွယ်စေချင်
အီနောင်ဇာတ်တော်ကြီး မပျောက်ကွယ်စေချင်

မောင်ယဉ်ညွန့်
မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်ကခေတ်စားစွာ ကပြခဲ့ကြသော ဇာတ်တော်ကြီး နှစ်ခုရှိခဲ့သည်။ ရာမဇာတ်တော်ကြီးနှင့် အီနောင်ဇာတ်တော်ကြီးတို့ ဖြစ်ကြသည်။ ရာမဇာတ်တော်ကြီးမှာ ကုန်းဘောင်ခေတ်နန်းတွင်း၌ စတင်ကပြဖျော်ဖြေခဲ့ကြပြီး ကုန်းဘောင်ခေတ်ကုန်ဆုံးပြီးနောက် ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်တို့တွင်ပါ ပုဂ္ဂလိကဇာတ်အဖွဲ့များနှင့် ယဉ်ကျေးမှုကဇာတ်တို့က အခါအားလျော်စွာ ကပြဖျော်ဖြေခဲ့ကြသည်။ ရာမဇာတ်တော်ကြီးတစ်ခုလုံးဖြစ်စေ၊ ရာမလေးတင်ခန်း၊ ဒဿဂီရိနှင့် တိုက်ခိုက်ခန်း၊ ရာမသမင်လိုက်ခန်း၊ သီတာပန်းဆွတ်ခန်းစသည်ဖြင့် ကောင်းနိုးရာရာ အခန်းများကိုဖြစ်စေ ရွေးချယ်ကပြဖျော်ဖြေခဲ့ကြသည်။ သို့ဖြစ်၍ ရာမဇာတ်သည် လူထုနှင့် ထိတွေ့မှုများခဲ့သဖြင့် ရာမဇာတ် ကို လူသိများခဲ့သည်။
အီနောင်နန်းတွင်းဇာတ်မှာမူ ကုန်းဘောင်ခေတ်က မြဝတီမင်းကြီးဦးစ၏ စီစဉ်ညွှန်ကြားမှုဖြင့် နန်းတွင်း၌ ကပြဖျော်ဖြေခဲ့ကြသော်လည်း ကုန်းဘောင်ခေတ်ကုန်ဆုံးပြီးနောက် ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်တို့တွင် အီနောင်ဇာတ်တော်ကို ကပြဖျော်ဖြေမှု နည်းပါးလာ သဖြင့် လူသိနည်းလာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံမှ စတင်ခဲ့သော ပန်ဂျီဇာတ်တော်
ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့တွင် အီနောင်ဇာတ်တော်ဟု ခေါ်တွင်နေကြသော ဇာတ်တော်ကို အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့ ၌ ပန်ဂျီ (Panji Drama) ဇာတ်တော်ဟု ခေါ်တွင်ကြပြီး အီနောင် ဇာတ်တော်သည် အင်ဒိုနီးရှားနိုင်ငံမှ စတင်ခဲ့သော ပန်ဂျီဇာတ်တော်ကို မှီငြမ်းပြု ရေးသား၊ ကပြခဲ့ကြသော ဇာတ်တော်ဖြစ်သည်။ ပန်ဂျီ ဇာတ်တော်သည် အင်ဒိုနီးရှားနိုင်ငံ၌ နန်းတွင်းဇာတ်အဖြစ် စတင်ကပြရာမှ နောင်အခါ လူထုအကြားတွင် ဇာတ်သဘင်အဖြစ် ရှေးခေတ် မှစ၍ ယနေ့တိုင် လူကြိုက်များ၍ ကပြဖျော်ဖြေနေရသော ရှင်သန်နေသည့် ယဉ်ကျေးမှုအမွေအနှစ် ဇာတ်တော်ဖြစ်သည်။
ပန်ဂျီဇာတ်တော်ကို အေဒီ ၁၂ ရာစုက ဂျာဗားကျွန်းမှ မင်းသား တစ်ပါး၏ ဇာတ်လမ်းကို အခြေခံရေးသားခဲ့သည်ဟု သိရသည်။ အေဒီ ၁၅ ရာစုတွင် အင်ဒိုနီးရှားကို အုပ်စိုးသော ဘုရင်တို့က ပန်ဂျီဇာတ်တော်ကို နှစ်သက်သဖြင့် စာပေဖြင့် မှတ်တမ်းတင်စေခြင်း၊ နန်းတွင်း ဇာတ်တော်အဖြစ် ကပြဖျော်ဖြေစေခြင်းပြုခဲ့ကြကြောင်း သိရသည်။
ရှေးက ယိုးဒယား (ထိုင်း) နိုင်ငံကို အုပ်စိုးခဲ့သော ရာမာမင်းဆက်မှ ဒုတိယမြောက် ရာမာဘုရင် (Rama II)(၁၈၀၉-၁၈၂၄) လက်ထက်တွင် ဂျာဗားကျွန်းမှ ပန်ဂျီဇာတ်တော်ကို မှီငြမ်းပြုကာ အီနောင်ဟူသော အမည်ဖြင့် ဇာတ်တော်ကို ရေးသားစေ၍ နန်းတွင်း၌ ကပြစေခဲ့သည်။ ဤသို့ဖြင့် ယိုးဒယားနန်းတွင်း၌ အီနောင်ဇာတ်တော်ပေါ်ပေါက် ခေတ်စားလာခဲ့သည်။
မြဝတီမင်းကြီးဦးစ၏ အီနောင်ဇာတ်တော်
ကုန်းဘောင်မင်းဆက်မှ မြန်မာဘုရင် ဆင်ဖြူရှင်မင်းတရား လက်ထက်ခရစ်နှစ် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယသို့ ချီတက်တိုက်ခိုက်ခဲ့ပြီး အယုဒ္ဓယမှ သုံ့ပန်းအများအပြား ခေါ်ဆောင်လာရာတွင် ယိုးဒယား ကချေသည်၊ အနုပညာသည်များ ပါလာခဲ့သည်။ ဘကြီးတော်မင်းလက်ထက်တွင် မြဝတီမင်းကြီးဦးစအား ယိုးဒယားအနုပညာသည် များ၏ အကူအညီဖြင့် နန်းတွင်းအီနောင်ဇာတ်ကို ရေးသားစေပြီး နန်းတွင်းဇာတ်တော်အဖြစ် ကပြစေခဲ့သည်။ ယိုးဒယားကချေသည်တို့၏ အကူအညီဖြင့် မြဝတီမင်းကြီးဦးစသည် အီနောင်ဇာတ်တော်ကို နန်းတွင်း၌ ကပြခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ဖြစ်လာ
သို့ရာတွင် ကုန်းဘောင်ခေတ်ကုန်ဆုံးပြီးနောက် အီနောင်ဇာတ်တော်ကို ကပြမှုမရှိတော့သဖြင့် လူသိနည်းကာ ပျောက်ကွယ်နေပေတော့သည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့်မူ အီနောင်ခေါ် ပန်ဂျီဇာတ်တော်ကြီး ရှေးဟောင်းစာမူများကို အမျိုးသားအမွေအနှစ်စာရင်းတွင် ထည့်သွင်းပြီး အမျိုးသားစာကြည့်တိုက်၌ ထိန်းသိမ်းထားသည်။ ထိုမျှမက UNESCO Memory of the World (ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်စာရင်းဝင်) ဖြစ်လာစေရန် UNESCO သို့ တင်ပြခဲ့ရာ ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှားမှ ပန်ဂျီဇာတ်တော် ရှေးဟောင်းစာမူမှာ ယူနက် စကို၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်စာမူ ဖြစ်လာပေတော့သည်။
မြန်မာနိုင်ငံတွင် မန္တလေးကုသိုလ်တော်ဘုရားရှိ သံဂါယနာတင် ကျောက်စာများ၊ ပုဂံမြို့ ရွှေစည်းခုံစေတီအနီးရှိ ဘုရင့်နောင်မင်း တရားကြီး၏ မှတ်တမ်းကမ္ပည်းစာများပါရှိသော ကြေးခေါင်းလောင်း တော်ကြီး၊ ပုဂံမြို့ မြစေတီဘုရားရှိ မြစေတီကျောက်စာ စသည်တို့မှာ UNESCO Memory of the World (ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်) ဖြစ်ခဲ့ကြပြီးဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း ပန်ဂျီ / အီနောင်ဇာတ်တော် ရေရှည်တည်တံ့ ထွန်းကားစေရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ ဘန်ကောက်မြို့ရှိ ရှေးဟောင်းသုတေသနနှင့် အနုပညာဆိုင်ရာအဖွဲ့ အစည်းတစ်ခုဖြစ်သော SEAMEO-SPAFA အဖွဲ့က ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ၌ ပန်ဂျီ/ အီနောင်ဇာတ်တော်တည်တံ့၊ တိုးတက်ထွန်းကားစေရန် ရည်ရွယ်လျက် အာဆီယံနိုင်ငံများမှ ပန်ဂျီ/ အီနောင်ဇာတ်အဖွဲ့များကို ဖိတ်ကြားကပြစေခြင်း၊ ပန်ဂျီ / အီနောင်နှင့် ပတ်သက်သော သုတေသနစာတမ်းများ ဖတ်ကြားစေခြင်းပြုခဲ့ကြသည်။
မြန်မာနိုင်ငံမှ အီနောင်ဇာတ်အဖွဲ့
မြန်မာနိုင်ငံအနုပညာဦးစီးဌာနကိုလည်း ဖိတ်ကြားခဲ့ရာ ကဇာတ်ဌာနခွဲတွင် ရာမဇာတ်တော်ကို အချိန်မရွေးကပြနိုင်ရန် ဖွဲ့စည်းလေ့ကျင့်ထားမှု ရှိသော်လည်း အီနောင်ဇာတ်တော်ကို ကပြရန် ဖွဲ့စည်းလေ့ကျင့်ထားမှု မရှိသဖြင့် အီနောင်ဇာတ်တော်ကို ကျွမ်းကျင်သော ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်တစ်ဦးကို အကူအညီတောင်းကာ ကဇာတ်ဌာနခွဲမှ မင်းသား မင်းသမီးများ၊ ရန်ကုန်နှင့် မန္တလေးယဉ်ကျေးမှု အနုပညာ တက္ကသိုလ်များမှ ဇာတ်သဘင်ဆိုင်ရာ ကထိက၊ ဆရာ ဆရာမများ ပါဝင်သော အီနောင်ဇာတ်အဖွဲ့ကို ဖွဲ့စည်းပြီး အချိန်တိုအတွင်း လေ့ကျင့်ကပြစေခဲ့သည်။
အီနောင်ဇာတ်တော်ကို အခန်းခြောက်ခန်းခွဲကာ စကားပြောမပါဘဲ ကပြ၊ လေ့ကျင့်ခဲ့ကြသည်။ အခန်းတစ်ခန်းမကပြမီ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဇာတ်လမ်းအကျဉ်းချုပ်ကို ပိတ်ကားပေါ်တွင် ပြသပြီးမှ အခန်းလိုက် ကပြခဲ့ခြင်းဖြစ်သည်။
မြန်မာ့အီနောင်ဇာတ်တော် ကပြရသော ၂၀၁၃ ခုနှစ် မတ် ၅ ရက် တွင် ဘန်ကောက်မြို့ရှိ Bangkok Culture Centre ကဇာတ်ရုံအပြည့်မျှ ပရိသတ်များ လာရောက် အားပေးကြည့်ရှုခဲ့ကြသည်။ မြန်မာအီနောင်အဖွဲ့၏ လှပတောက်ပြောင်သော နန်းတွင်း အဝတ်အစား၊ သွယ်ပျောင်း နွဲ့နှောင်းသော မြန်မာကဟန်တို့ကြောင့် ပရိသတ်အများ စိတ်ဝင်စားလျက် လက်ခုပ်ဩဘာသံ သောင်းသောင်းညံစွာ အားပေးခံခဲ့ရသည်။
အီနောင် ဇာတ်တော် ပြန်လည်ရှင်သန်စေရန်
ဘန်ကောက်မြို့၌ ပရိသတ်အများ ချီးမွမ်းခံရ၊ လက်ခုပ်ဩဘာသံ တညံညံဖြင့် အားပေးခံခဲ့ရသော အီနောင်နန်းတွင်း ဇာတ်တော်ကို မြန်မာနိုင်ငံတွင်လည်း ကပြဖျော်ဖြေသင့်သည်။ အီနောင်ဇာတ်တော် ပြန်လည်ရှင်သန်စေရန်အတွက် ပုဂ္ဂလိကဇာတ်သဘင်များကို ကပြရန်ညွှန်ကြားပေး၍ မရနိုင်ပါ။ ယဉ်ကျေးမှု ကဇာတ်ဌာနခွဲသည်သာ အီနောင်ဇာတ်တော် မပျောက်ကွယ်စေရန် ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းဖြစ်သည်။
ရာမဇာတ်တော်အတွက် ရာမ၊ လက္ခဏ၊ ဒဿဂီရိ၊ သီတာဒေဝီ၊ ဘိုးတော်၊ သမင်၊ ခုနစ်ပြည်ထောင်မင်းသားစသည့် ဇာတ်ကောင်များ ရွေးချယ်လေ့ကျင့်ထားသည့်နည်းတူ အီနောင်ဇာတ်တော်အတွက် အီနောင်မင်းသား၊ ပွတ်စပါးမင်းသမီး၊ မာန်ရာမင်းသမီး၊ အီနောင်၏ ဖခမည်းတော်ဘုရင်၊ မိဖုရား၊ ပွတ်စပါးမင်းသမီးနှင့် မာန်ရာမင်းသမီး တို့၏ ဖခမည်းတော်ဘုရင်၊ မိဖုရား၊ အခြားခုနစ်ပြည်ထောင်မင်းသားများစသည့် ဇာတ်ကောင်တို့ကို ရွေးချယ်လေ့ကျင့် ထားသင့်ပါသည်။
ဇာတ်တော်ကြီးများ မပျောက်ကွယ်စေရေး
ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရာမဇာတ်တော်ကြီး မတိမ်ကော မပျောက်ကွယ်စေရေးအတွက် (၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် တိုင်းနှင့် ပြည်နယ်များမှ ရာမဇာတ်တော်ကို ကပြယှဉ်ပြိုင်ရန် အစီအစဉ်ပြုလုပ်ထားကြောင်း၊ ဗဟိုမှချပေးသော ရာမဇာတ်စာမူအတိုင်း ကပြယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဇာတ်တော်ကြီးများ မပျောက်ကွယ်စေရေးအတွက် အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။
ထိုနည်းတူ နောင်အခါတွင် အီနောင်ဇာတ်တော်ကိုလည်း ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ-ဇာတ်တော်ကြီးပြိုင်ပွဲအဖြစ် ကပြယှဉ်ပြိုင်စေမည်ဆိုပါက အီနောင်ဇာတ်တော်ကို လူသိများလာမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ အီနောင်ဇာတ်တော်ကြီး မပျောက်ကွယ်စေချင်ပါ။ ။


စံတုတ်၊ ဦး (အီနောင်)
မင်းတုန်းဘုရင်နှင့် သီပေါဘုရင်တို့လက်ထက်က၊ ရာမ အီနောင်စသည့် အတွင်းတော်၌ ကပြရသော ဇာတ်တော်ကြီး တို့တွင် အီနောင်မင်းသား အခန်းမှပါဝင်ကပြရသော ဇာတ် မင်းသား ဦးစံတုတ်သည် အီနောင်ဦးစံတုတ်ဟူ၍ ကျော်စော သည်။ ရုပ်သဏ္ဌာန်မှာ သီပေါဘုရင်နှင့်တူသည် ဟုဆိုကြသည်။ ဦးစံတုတ်သည် ယိုးဒယားဇာတ်ကြီး အတီး၊ အက၊ အဆိုတို့ကို သူတစ်ထူးထက် ဝိဇ္ဇာဓိုရ် နေသူဖြစ်၍၊ သဘင်မျိုးရိုးအတိုင်း အချိုးအစားကျကျ ကြီးပွားလာသူဖြစ်သည့်အပြင်၊ ရုပ်ဆင်း သဏ္ဌာန် ကြန်အင်္ဂါမှာလည်း မွန်ရည်လှပ၍ အသံအင်္ဂါမှာလည်း ပြည့်စုံသဖြင့် လက်ရွေးစင် သဘင်သည်တို့သာလျှင် ပါဝင်ကပြ ရမြဲဖြစ်သော နန်းတွင်းဇာတ်တော်ကြီးတို့တွင် သဘင်ဝန်၏ ရွေးချယ်ချက်ဖြင့် ပါဝင်ကပြရသည်။ ထိုသို့ အတွင်းတော်တွင် ပါဝင်ကပြရသည့် လက်ရွေးစင် ဇာတ်မင်းသားတစ်ဦး ဖြစ်သော ကြောင့်လည်း မင်းမိန်းမပိုင်းတွင် လူချစ်လူခင်ပေါများလှသဖြင့်၊ ရွှေနန်းတော်ပေါ်သို့ ဆုတော်ခံဝင်ရသောအခါများတွင် မောင်စံတုတ်၏ ပကတိမျက်နှာကို မိန်းမပရိသတ်အား ဖော်ပြ ခြင်းမပြုရ၊ မျက်နှာကိုပုဝါအုပ်၍ အခစားဝင်ရသည်ဟု ဆိုလေ သည်။
ဦးစံတုတ်သည် ကပြရာ၌ မတ်တတ်ရပ်ရင်းမှ ဘေးသို့ နောက်ပြန် စောင်းငဲ့ညွတ်၍ကရာ၊ သရဖူနှင့် မြေထိကြောင်း ဆိုကြသည်။ ဦးစံတုတ် ကပြပုံသည် အလွန်ညက်၍ ဦးစံတုတ် နောက်၌ ဦးစိန်အုပ် တစ်ဦးသာ ထိုသို့ ကပြနိုင်ကြောင်း ပြော ကြလေသည်။ ဦးစံတုတ်သည် လူကြမ်းဦးကြွင်း၊ ဆိုင်းဆရာ စိန်ဗေဒါစသော သဘင်သည်ကြီးများနှင့်အတူ ဦးစိန်အုပ်တည် ထောင်ခဲ့သော ဇာတ်ကြီးတွင်ပါဝင်ကာ ၁၂၆၃ ခုနှစ်၌ ရန်ကုန် မြို့ လျှော်တန်းဇာတ်ရုံကြီးတွင် အီနောင်ဇာတ်တော်ကြီးကို ၄၅ ရက်တိတိ ခင်းကျင်း ကပြခဲ့လေသည်။ ဦးဖိုးစိန်နာမည်တက်စ အခါက ဦးဖိုးစိန်သည် ဦးစံတုတ်ကို ဖက်ပြိုင်ခဲ့သည်။ သို့သော် ဦးစံတုတ်သည် ထီးမီနန်းမီဖြစ်၍ သူ၏ ဇာတ်တော်ကြီးအဖွဲ့က သာ မူမှန်အတိုင်းကပြနိုင်သည်။ ဦးဖိုးစိန်ကမူ ရှေးမူများကို တစ်နည်းတစ်ဖုံပြောင်းလဲကာ အသစ်အဆန်းထွင်၍ ကပြသည် ဟုဆိုလေသည်။ [၁]
ကိုးကား
1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
• ကဏ္ဍ: မြန်မာ သဘင်ပညာရှင်များ
• ဤစာမျက်နှာကို ၆ ဇွန် ၂၀၂၁၊ ၁၃:၁၀ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
