သဘာဝပတ်ဝန်းကျင် လောကထဲက တိရစ္ဆာန်များ ၏ ဘဝ Natural Environments

Marine Environments ; Otters

ဖတ်စရာမှတ်စရာ ( ၁၁၇ )

ကြည့်စရာသိစရာ

သဘာဝ ပတ်ဝန်းကျင် ရေးရာ

စာပဒေသာ

လူ့ပတ်ဝန်းကျင် မှာ ပျော်မြူးနေတတ်ကြတဲ့

ပင်လယ်ပျော် သားကောင် တိရစ္ဆာန် လေးများ ။

စင်ကာပူနိုင်ငံတွင်းမှာ လှည့်ပတ် သွားလာနေကြပြီး

မိသားစုတွေ အုပ်စုလိုက် ပူးတွဲ နားနေ ဆော့ကစားနေတတ်ကြတဲ့

ပင်လယ် ရေဖျံ မိသားစုများ ။

စင်ကာပူ ရဲ့ အရှေ့ ပိုင်းပင်လယ် ကမ်းခြေ East Coast မှာ ကျနိးမာရေး အတွက် တစ်ခါတစ်ရံ လမ်းလျှောက် ထွက် ရင်း မှာ ၊

ပင်လယ်ထဲက ကုန်းပေါ်ကို တက်လာတတ်ကြတဲ့

ရေဖျံမိသားစု အသိုင်းအဝိုင်းနဲ့ ၄ ကြိမ်ခနိ့ ဆုံတွေ့ခဲ့ဘူးတယ်.

သူတို့တွေ စုပေါင်းနေတတ်ကြသလား မသိ ။ ပင်လယ် ရေဖျံ တွေ ၄ /၅ ကေောင်ခန့် ကို အုပ်စုလိုက် အမြဲတွေ့ခဲ့ရတယ်။

၁ ။ မြောင်းဘေး လမ်းလျှောက် နေစဉ် ၊ ပင်လယ် ထဲ ဖေါက်ထားတဲ့ ရေနုတ်မြောင်းမကြီး တစ်ခုထဲမှာ ပတမဆုံး အကြိမ် အုပ်စုလိုက် စတင် တွေ့ခဲ့ရပြီး မြောင်းဘောင် လှေခါးထစ်များမှ တစ်ဆင့် ကုန်းပေါ်တက်လာကြကာ မြောင်းဘေး သစ်ပင်အောက် မြက်ခင်းပြင် ထဲမှာ လူးကြပြီး နားနေပျော်ပါးနေကြတာ ကို စတင်တွေ့ခဲ့ရဘူးတယ်.

၂ ။ အဆိုပါေရနုတ် မြောင်းထဲမှာဘဲ နောက် တစ်ကြိမ်မှာ ပင်လယ် ရေ ကျ နေချိန် ရေစစ်ခါနီး အချိန် မှာ ကျရေ နဲ့ အတူ ပင်လယ်ထဲက ရေဆန်တက်လာကြတဲ့ ငါးတွေကို ရေဖျံ မိသားစုတွေ က အုပ်စုလိုက် ငါးတွေနောက် ကို တစ်ကောင်ပြီးတစ်

ကောင်လုယက် သွားလာ နေကြကာ ရေတိမ်တိမ်မှာ ရေပေါ် လျှပ်ပြေးနေကြတဲ့ငါးတွေကို လိုက် ဖမ်း စားနေကြတာ

ကို ထပ် တွေ့ခဲ့ရပြန်သေး တယ်။

၃ ။ တစ်ကြိမ် မှာ တော့ ပင် လယ် ထဲက အုပ်စုနဲ့ ရေဖျံမိသားစုတစ် တွေ ကို ပင်လယ် ကမ်းခြေ ကူန်းပေါ် ကိုရောက် လာ နေကြတာ တွေ့ခဲ့ရပြီး သောင်ပြင် သဲ တွေထဲ လူးနေကြတာ တွေ့ရတယ်. ပင်လယ် ကမ်းခြေ မှာ အပနိးဖြေ လာကြသူတွေ ၊သူတို့ကို စိတ်ဝင်တစားကြည့်နေကြသူတွေ လူ အုပ်ကြားမှာ လူတွေကိုဂရုမစိုက်ဘဲ အုတ်စုလိုက် ပြေးလွှား ဆော့ကစားနေကြတာ ကိုတွေ့ခံရပြီးနောက် ဆက်ကြည်နေခဲ့တာ ၊ ကြာလာတဲ့အခါ တစ် ကောင်ပြီးတစ် ကောင် ပင်လယ်ထဲ ပြန်ဆင်း သွား ကြပြီး ရေထဲမှာ ကူးခတ်သွားလာရင်း ငုတ်လျှိုး ပျောက်ကွယ်သွားခဲ့ကြတယ်.။

၄ ။ တစ်ကြိမ်မှာတော့ ပင်လယ်ကမ်းခြေ သောင်ပြင် ဘေးနား တစ် လျောက် မှာ ရေထဲမှာ အုတ်စုလိုက် ရှေ့နောက် ကူးခတ် လာနေကြတာတွေ့ခဲ့ရပြန် တယ်.

ရှေ့နားမှာ ပင်လယ် ထဲ ပေ ၁၀၀ ခနိ့ အရှည် အလျား ထုတ် ထားပြီး တည်ဆောက် ထားတဲ့ အနားယူအပန်းဖြေ ရာ စင် မြင့် ကြီး နားေ၇ာက်တော့ ရှေ့ ဆက်သွားမရကြ တော့ လို့ သောင်ပြင် ကုန်းပေါ်တက်လာ ကြတယ်,’ ကုနိးပေါ် ကို အုတ်စုလိုက် ရှေ့နောက် ပြေး လွှား နေကြပြီး ၊ခုန်ဆွခုန်ဆွ သွားနေကြ လိုက်တာ နောက်က နေ ပြေးသွားနေတဲ့ သူတို့အုပ်စုကိုာ မနဲအမှီလိုက်ခဲ့ရပြီး ကြည့်နေခဲ့တာ လူလျှောက် လမ်းပြေးလမ်း လမ်းနဲ့ စက်ဘီးစီး လမိးတို့ကို ဖြတိ ကျော်သွားကြပြီး နောက်မှာ ၊ လမ်းတစ်ဖက်မှာ ရှိနေတဲ့ ရေကနိကြီးတစ်ကနိ တွေ့တာနဲ့ ပျော်မြူးစွာခုန် ဆင်းသွား လိုက် ကြတယ်.’ရေချိုလှောင်ကန် ကြီး ထဲမှာ စုပေါင်းကူးခတ် သွားလာပျော်မြူး နေလိုက်ကြတာ တော် တော်နဲ့ ကုန်းပေါ် တက်မလာကြလို့ သူတို့ လှုပ်၇ှားမှုတွေကို ဆက်မကြညိ့တော့ဘဲ ပင်လယ် ကမ်းခြေမှာ ဆက် လမ်းလျောက် ခဲ့ဝယ်.

နိုင်ငံတော်ကသူတို့ကိုဘေးမဲ့လွှတ် ပေးထား တာ ဖြစ်ပြီး တွေ့တဲ့လူတိုင်းကလဲ သူတို့ကို ဘာအန္တရာယ်မှ မပေးကြလို့လားမသိ ၊ သူတို့ဖြတ်သွား ရာမှာရှိနေကြတဲ့လူတွေကိုပင် ဂရုမစိုက်ကြတော့ဘဲ ယဉ်ပါးနေကြတဲ့ ပုံစံမျိုးနဲ့ လူ တွေအနား လူတွေကြား မှာ လွတ်လွတ် လပ် လပ် တစ်ပျော်တစ်ပါး သွားလာ လှုပ်ရှားနေကြတဲ့ ပင်လယ် ရေဖျံမိသားစု သတ္တဝါကလေးတွေကို မကြာမကြာတွေ့နေ၇တတ်ခဲ့ပါတယ်. ။

အေးမြင့် (ညောင်တုန်း )

Engineer Environmentalist

အင်ဂျင်နီယာ ပတ်ဝန်းကျင် ရေးရာသမား

၁၇ ၊၅၊၂၀၂၄

ဖတ်စရာ မှတ်စရာ ( ၁၁၆)-က

ကြည့်စရာ သိစရာ ကျန်းမာရေးရာ အဖြာဖြာ နှင့် ပတ်ဝန်းကျင် ရေးရာ စာပဒေသာ

15 May 2024

East Coast Beach near Marine Terrace of Singapore ,

And It’s National Developments

ကျန်းမာရေးရာ အဖြေရှာ

သူတစ်ပါးနိုင်ငံ

Marine Terrace ပင်လယ် နား ရပ်ကွက် ကြီး ဘေးက

East Coast အရှေ့ပိုင်း ပင်လယ်ကမ်းခြေ မှာ

Recreation အနားယူသူတွေ ၊အပန်းဖြေနားနေကြသူတွေ ၊

Sports ကိုယ်လက်လှုပ်ရှားအားကစား လာလုပ်ကြသူတွေ ၊

Walking တစ်ကိုယ်ရေ ကျန်းမာရေး အတွက်

Breathing ေ လရှူ လမ်း လျှောက် နေကြသူတွေ ၊

General Knoledges ေ ဒသန္တ ရဗဟုသုတ အတွက်

Students စာသင်ကျောင်း ပြင်ပ ထွက်လာကြပြီး

Marine Environment ပတ်ဝန်းကျင် လောက ကမ္ဘာ က

ပင်လယ်ကမ်းခြေ ကို

ဆ၇ာတွေနဲ့အတူ အလည်အပတ် လာလေ့လာ ကစားကြသူ School

Boys and Girls ကျောင်းသားလူငယ်အုပ်စုတွေ၊

Cyclists ကျန်းမာရေးအတွက်စက်ဘီးစီးနေကြသူတွေ ၊

Dog Lovers နိုင်ငံမှာ ခွေးချစ်သူတွေက လဲပေါများလို့

မိသားစုဝင်တွေလိုဖြစ်နေတဲ့ ခွေးငယ်ကလေ.တွေခေါ်လာကြပြီး

On the Beach ပင်လယ်ကမ်းခြေ နေရာအနှံ့မှာ

Pet Trainers ခွေးကြောင်း, ခွေးထိန်း လုပ် နေကြသူတွေ နဲ့

Week Days , Weekends ရုံးတက်ရက် ရော ရုံးပိတ်ရက် တွေမှာ

Daily နေ့စဉ်နဲ့အမျှ

Global Nationalities နိုင်ငံတကာ လူမျိုးစုံတွေနဲ့

စည်ကားနေကြလေရဲ့။

ရုံးပိတ်ရက်တွေမှာ

ပင်လယ် ကမ်းခြေမှာ အနားယူလာကြသူတွေ

ပိုများနေတတ်တယ်။

Their Nations and Some Future Develooment Issues

ခေတ်အဆက်ဆက်မှာ သူတို့နိုင်ငံမှာလူကြီးလုပ်နေခဲ့ကြသူတွေက

သူနိုင်ငံနေ ပြည်သူတွေဧည့်သည်တွေအားလုံးအတွက်

နိုင်ငံကျဉ်လေးထဲက နေရာစုံမှာ

နေချင့်စဖွယ် ဖြစ် အောင် ‘

တက်လာတဲ့ အစိုးရမင်းများအဆက်ဆက်မှာ

အမျိုးမျိုး သော တည် ဆောက်ပြုပြင် ရေးတွေ

လုပ်လာခဲ့ကြတယ်.။

ဖေါ်ပြပါ

အရှေ့ပိုင်းပင်လယ် ကမ်းခြေမှာ

သူတို့ နိုင်ငံကိုစတင် တည် ထောင်ခဲ့သူ

သူတို့ နိုင်ငံဖခင်ကြီး လီကွမ်းယူ လက်ထက်ကတည်းက

အင် ဂျင် နီယာပညာရှင် ကြီးတွေ က

နိုင်ငံအနာဂတ် နောင်ရေးအတွက်

တွေးခေါ်ကြံဆခဲ့ကြတာတစ်ခုရှိခဲ့တယ်။

East Coasr အရှေ့ပိုင်းပင်လယ်ကမ်း ခြေ မှာ

Coastal Reservoir ခေါ် ပင်လယ် ထဲက

ရေငန် ပင်လယ် ထဲမှာ ရေချို လှောင် ကန်ကြီးတည်ဆောက်ဘို့ အတွက်

Coastal Polder Dikes ရေကန် ပတ်လည် တာဘောင် ကြီး

ပတ်ကာ

Fresh Water Storage Lake ရေချို လှောင်ကန်ကြီးလုပ်ဘို့

ေ ရှးက ကြံဆခဲ့တဲ့စီမံကိန်းကို

ဆက်လက် အကောင်အထည် ဖေါ်နိုင်ရေး အတွက် Investigations ပြန်လည် စူးစမ်းေ့လ့လာ တိုင်းတာနေကြပြီ ။

Feasibility Study အရ ဖြစ်နိုင်ခြေ လုပ်နိုင်ခြေ ရှိရင်

တွက်ခြကိုက်ရင်

Land Use ေ၇ချိုလှောင်ကန် ကြီးဘေး ပတ်ခြာလည် ပင်လယ်ထဲက တာဘောင်ကြီးတွေကို မြေပြန့်အကျယ်ကြီးတည် ဆောက်ပြီး

Real Estates အိမ်ခြံမြေ တန်ဘိုးကြီလာမဲ့ ပင်လယ် ထဲက တိုကိတာ တွေ လုံးချင်း အိမ်တွေ တည် ဆောက်နိုင်ရေးကိုပါ

သက်ဆိုင်သူ လူကြီးလုပ်နေကြသူတွေ

အကြံထုတ်နေကြတယ်လို့သတင်းအချို့ကို

မကြာသော လတွေက ဖတ် ခဲ့ရ သိ ခဲ့ရတယ်. ။

National Developments

နိုင်ငံနဲ့ နိုင်ငံနေပြည်သူတွေ စည်ပင် သာယာ ဝပြောတိုးတက်ရေးအတွက်

Educated National Leaders

နိုင်ငံနေ ပညာတတ် လူကြီးတွေ က ကိုယ့်အလုပ် ကိုယ် လုပ် ၊

သူ့အလုပ်သူလုပ်ကြပြီး ကိုယ့်တာဝန်ကိုယ်ယူကြကာ

Integrated Sustainable Developments

နိုင်ငံအတွက် ဘက်ပေါင်းစုံက ကြည့်ပြီး, စုပေါင်းတိုင်ပင်ကာ

အလုပ်တွေလုပ် နေကြတယ်လို့ မှတ် ထင်ရပါတယ်.။

အေးမြင့် ( ညောင်တုန်း)

National Engineering and Planning Services

NEPS.Co.Ltd

၁၆၊ ၅၊ ၂၀၂၄ ( edited)