MM News 9 May 2023
‘’ဘင်္ဂလားပင်လယ်အော်က ဖြစ်လာမယ့် မုန်တိုင်း ဘယ်ကိုဦတည်မလဲ’’ ကိုဌေးတင့် – မိုး/ဇလ အထူးလေ့လာသူ


( ၂၁ ရာစု ခေတ်သစ် ဆည် မြောင်း အင်ဂျင် နီ ယာများအတွက် )
မိုခါ မုန်တိုင်း အခြေအနေ နောက်ဆုံးရသတင်းအချို့
၈ မေလ ၂၀၂၃ အခြေအနေ
India Meteorological Department
Cyclone Information
အန္ဒိယနိုင်ငံ မိုးလေဝသ ဌာန၏ ၂၀၂၃ မေလ ၈ ရက်နေ့ ဆိုက်ကလုန်းမုန်တိုင်း
သတင်းလွှာ ဖြစ်ပါသည်
မုန်တိုင်းသွားရာ လမ်း အသေးစိတ်အချက်အလက်များ ကြိုတင်လေ့လာသိရှိနိုင်ကြရန်နှင့် လိုအပ်သလို ကြိုတင်ပြင်ဆင် ကာကွယ်နိုင် ကြပါရန်
၈/၅/၂၀၂၃ နေ့ တွေ့ရှိ လေ့လာ သုံးသပ်ချက်များအရ မုန်တိုင်းဖြစ်နိုင်ခြေ နှင့်
မုန်တိုင်း လမ်းကြောင်းခန့်မှန်းချက်အချုပ် ကို ပြန်လည်ကူးယူဖေါ်ပြပေးလိုက်ပါ သည်
မူန်တိုင်းသတင်း
( ၈/ ၅/ ၂၀၂၃)
မုန်တိုင်းဝင်ရောက်နိုင်သော ဒေသများအတွက် ကြိုတင်ပြင်ဆင် ကာကွယ် ရေး
လုပ်ဆောင်ထားကြရန် အဓိက အရေးကြီး အချက်များ။
ပြန်လည်ကူးယူ မျှဝေပါသည်
မြန်မာပြည်သူအပေါင်း
ကပ်ကြီး၃ ပါး
ရန်သူမျိုး ၅ ပါး
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ

ဖတ်စရာ မှတ်စရာ ( ၁၁၅ )
ဆည် မြောင်း ရေးရာ
စာပဒေသာ

ဆည် မြောင်းအင်ဂျင်နီယာမျာ အမှတ်ရ သတိထားနိုင်ကြစေရန်
ပြလည်ကူးယူဖေါ်ပြပါသည် ။
အေးမြင့် ( ညောင်တုန်း )
၉၊၅ ၊၂၀၂၄






ရည်ညွှန်းစာ –
u Aye Myint Facebook post 9 May 2023
မှတ်ဖွယ် မှတ်ရာ
ဆည်မြောင်းရေးရာ
စာပဒေသာ ( ၂၉ )
ဆိုင်ကလုန်းမုန်တိုင်းနှင့် ဆည်မြောင်း ဆည်တမံများအတွက် ဘေးအန္တရာယ်
ယနေ့ ယခု အချိန်အခါသည် ဘင်္ဂလားပင်လယ်အော်တွင် စတင် ဖြစ်ပေါ်လာနေသောနေ့စဉ် ရွေ့လျားနေသော မုန်တိုင်းတိမ်တိုက်များ ဘယိဆီဘယ်ဝယ် ဘယ်အရပ်ဆီသို့မုန်တိုင်ကြီးအဖြစ်နောက်ဆုံးဝင်ရောက်မည်ကို ပညာရှင်များအပါအဝင် ၈၊၅၊၂၀၂၃ ယနေ့ထိ မည်သုမျှ တိကျစွာ မခန့်မှန်းနိုင်သေးသော မိုခါ မုန်တိုင်းဘေးအန္တရာယ်အတွက် နိုင်ငံအဝှမ်းပြည်သူအများ စိုးရိမ်ပူပန် စိတ်သောက ရောက်နေကြရချိန် ဖြစ်နေကြပါသည်
ပဏာမကြိုတင်ခန့်မှန်းချက်များအရ. လေ့လာသိရှိရသည်မှာ –
-ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့်မုန်တိုင်းသည် မြောကါဘက်သို့ရွေ့လျား နေမှု က ဖြစ်နိုင် ခြေရာခိုင်နှုန်းများနေသည်
– အန္ဒီယ ၊ဘင်္ဂလားဒေ့ရ်နိုင်ငံ၂ခုနှင့် နှင့် မြန်မာ နိုင်ငံ ရခိုင် ကမ်းရိုးတန်း ဒေသများ ကြားသို့ ဝင်ရောက်နိုင်ခြေရာခိုင်နှုန်းများကြောင်း ခန့်မှန်းနေကြသည်
– နောက်လာမည့် ရက်များ မေလ ၁၀/၁၁/၁၂ /၁၃ ရက်များတွင် ကုန်းတွင်းသို့ ဝင်လာနိုင်ခြေ ရှိနေကြောင်းခန်းမှန်းနေကြသည်
-ကုန်းတွင်းဝင်လျင် မုန်တိုင်းအာပျော့သွားမည်လား ကြိုတင် မခန့်မှန်းနိုင်ကြသေးကြောင်း လေ့လာသိရှိရသည်
– ဘယ်နိုင်ငံ ဘယ်ဝယ် ဘယ်ဘက် ဘယ်ကုန်းတွင်း ကိုဝင်သွားမည်ကို လည်း ယနေ့ယခု အချိန်မှာမည်သူမျှ အတိအကျ မခန့်မှန်းနိုင်ကြသေးကြောင်း တွေ့ရှိရပါသည်
နိုင်ငံနေပြည်သူ များကသာ မုနိတိုင်း သတင်းများကို စိတ်ဝင်တစား လေ့လာနေကြရပါသည်
မုန်တိုင်းအန္တရာယ်အတွက် မိမိတို့နိုင်သရွေ့ ကြိုတင်ပြင်ဆင် သတိထားဆောင်ရွက်နေကြရပါသည်
မိမိတို့နိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် မထင်မှတ်ဘဲ စစ်ကိုင်းတိုင်းမြောက်ပိုင်း သို့ဝင်လာခဲသော ကိုမန် မုန်တိုင်းတစ်ခု ရှိခဲ့ဘူးသည်
ထိုစဉ်က မိမိတို့ဆည်မြောင်း ဌာနတွင် စိုးရိမ်စိတ်ကြီးစွာဖြင့် စောင့်ကြည့် စောင့်ရှောက်နေခဲ့ရသော မုန်တိုင်းမိုးကြောင့် ဆည်ရေလှောင်ကန်ထဲမှာရေပြည့်ရေလျံခါ ဆည်တမံမှ ရေကျော်ကျနေခဲ့သော စစ်ကိုင်းတိုင်မြောက်ပိုင်းက မင်းမြင်ဆည် ရှိခဲဲ့ဘူးသည်
ဆည်မြောင်း အတွက် အလွန်တရာ မှ အန္တရာယ်များနိုင်ခဲ့သော ရှားရှားပါးပါး ဖြစ်စဉ်ကြီးဖြစ်သည်
ယနေ့ မိုခါမုန်တိုင်းဆင်နေသောကာလတွင် မိမိ ဆည်မြောင်းဌာနမှ တာဝန်ရှိသူများ မုန်တိုင်း ဘေးအတွက် ဆည်မြောင်းတာတမံများဘေးကင်းလဲုခြံုရေးများ အထူးအားစိုက်ဆောင်ရွက်နေကြမည်ဟု ယု့ကြည် မျော်လင့်လျက်ရှိနေပါသည်
၂၀၁၅ တွင်ဖြစ်ပေါ်ခဲ့သော ကိုမန်မုန်တိုင်းသတင်းများ နှင့် ပတ်သက်၍ သတိပြု နိုင်ကြစေရန် ပြန်လည်ကူးယူ ဖေါ်ပြလိုက်ပါသည်
အေးမြင့် ( ညောင်တုန်း)
၈ မေလ ၂၀၂၃ ည ၁၀:၀၂
ရည်ညွှန်း

၂၀၁၅ ကိုမန်မုန်တိုင်းနှင့်ဆက်စပ်သော သတင်းစကား ဆောင်းပါးစာများ
ayemyint.blog အင်တာနက်စာမျက်နှာ web site
ကျွန်တော်တို့ခေတ်က တစ်လ တစ်ဆည် ဖွင့်ခဲ့တဲ့ ဆည် မြောင်း ။ ( ၂၀၀၈-၂၀၀၉)
မှတ်ဖွယ် မှတ်ရာ၊ စာပဒေသာ ( ၉၂ )
( ဆည် မြောင်း လောက )
ကျွန်တော်တို့ခေတ်က တစ်လ တစ်ဆည် ဖွင့်ခဲ့တဲ့ ဆည် မြောင်း ။ ( ၂၀၀၈-၂၀၀၉)
၂၀၁၅ ခုနှစ် မိုးရာသီမှာ မြန်မာပြည် တစ်ဝှမ်း၊ ရေကြီး ရေ လျံ မှုတွေ ဖြစ် ခဲ့ရာမှာ အထက်မြန်မာပြည် ကလေးမြို့ ဒေသ တစ် ဝိုက်မှာ ကလေး မြို့ဝင် ကြိုဆိုရေး ဆိုင်းဘုတ် ထိပ်နားထိ ရေတွေတက် လာခဲ့တဲ့အထိ ရေကြီး ခဲ့ ရုံသာမက၊ စစ်ကိုင်းတိုင်းထဲက မင်းမြင်ဆည် မှာ လှောင်ထားတဲ့ ဆည် ရေတွေ ရေလှောင်တမံ ရဲ့ တာဘောင်ပေါ်က ရေလျံ ကျော်ကျခဲ့တဲ့ အထိ ဆည် မြောင်းသမိုင်းမှာ ယခုလို စိုးရိမ် ရလောက်အောင်ဆည် ပေါ် ရေကျော်တဲ့ အဖြစ် တွေ မဖြစ်စဘူး ၊ မမြင်စဘူး ၊ထူးထူးကဲကဲ ရေကြီးမှု တွေ ဖြစ်ခဲ့ရပါတယ် ။
အချိန်အတိုင်းအတာ တစ်ခုအထိ ဆည်တမံ ရဲ့ တာ ဘောင်ပေါ်ကနေ ရေကျော် ကျနေခဲ့တယ်.။ နောက် မကြာခင် အချိန် တို ၊ရက် ပိုင်းအတွင်းမှာဘဲ ကံအားလျော်စွာ ရေကျော် ကျတာ ရပ်သွားခဲ့လို့, ဆည် မြောင်း အတွက် ရော ၊နိုင်ငံတော်အတွက်ပါ စိတ် အေး ခဲ့ရပြီး၊ ပြည်သူတွေ ကံကောင်းခဲ့ကြရပါတယ်။
မြေသား တွေနဲ့ဖို့ လုပ် ခါ၊ ဆည်တမံ စံချိန် စံညွှန်းတွေနဲ့အညီ စနစ်တကျ ဖို့ လုပ် တည် ဆောက်ထားခဲ့ တဲ့ အတန်အအသင့် မြင်မားတဲ့ ဆည် တမံတစ်ခု ဖြစ်နေသည့်တိုင်၊ ဆည် တမံ ပေါ်မှာ ရေတွေဆက်တိုက် ရေကျော် ကျခါ တမံမြေသားတွေ နူးအိလာပြီး ၊ မထင်မှတ်တဲ့ မမျော်မှန်းနိုင်တဲ့ ၊ တမံ နေရာတစ်ခုခုမှစတင်ခါ ၊ ရေလှောင်တမံထံက ရေတွေ မတော်တဆ စီးကျ၊ပွင့်ထွက် ကျိုး ပေါက် သွားလို့ကတော့ မြန်မာ ပြည်မှာတစ်ကြိမ်မှ မမြစ်ဘူးခဲ့တဲ့ ၊ ဖြစ်လာမဲ့နောက်ဆက်တွဲ ပြသနာ မျိုးစုံတွေက တော့ မတွေးဝံံ့ လောက် စရာပါဘဲ။
ဒါကြောင့် တည်ဆောက်ပြီးဆည်တမံတွေ ဘေးကင်းလုံ ခြုံရေး Dam Safety ဟာ အထူးအရေးကြီးကြောင်း၊ မျက်မြင် ကြုံတွေ့ခဲ့ကြရတဲ့ ဆည် မြောင်းအဖွဲ့သားတွေနဲ့အတူ ၊ တာဝန် ရှိ လူကြီးတွေပါ သတိ ပြုမိခဲ့ကြ လိမ့်မယ် ယူဆမိပါတယ် ။
စစ်ကိုင်းတိုင်းအတွင်း မကြုံစဘူး ရေကြီးဖြစ်စဉ် ပြီးတဲ့နောက် မှာ လိုအပ်တဲ့ ထိန်းသိမ်းပြင်ဆင်မှုတွေကို ဆည် မြောင်းတာဝန်ရှိသူတွေဆက်လုပ် ခဲ့ကြပါတယ်.
၂၀၁၅ ခုနှစ် မှာ အထက်အညာဒေသမှာ ဖြစ်ပွါးခဲ့တဲ့ ၊ ရေကြီးမှု ဖြစ်စဉ်က ၊ ဒေသတွင်း မိုးအဆက်မပြတ် မိုးရေချိန် များစွာရွာသွန်း နေချိန်နဲ့ , အင် ဒီးယား ၊ ဘင်္ဂလားဒေ့ ရှ် က စတင်ခဲ့တဲ့ ကို မန် မုန်တိုင်းက မြန်မာပြည် အရှေ့ မြောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းကို ၊ဦးတည် ရွေ့လျား လာခါ သယ် ဆောင်လာတဲ့ မိုးတွေနဲ့ အတူ တိုက်ဆိုင် သွားခဲ့တာလဲဖြစ်တယ်။ ရွာချ တဲ့ မိုးတွေ က မကြံုစဘူး ၊ မိုးရေတွေ များပြီး ၊ ဒေသတွင်းမှာ ကွေ့ပတ် စီးဆင်းနေတဲ့ မဏိပူရ မြစ်ကြီးထဲမှာ တစ်သက် မှာ ဘယ် တုန်းကမှ မဖြစ်ဘူးတဲ့ ရေကြီးရေလျံမှုတွေ အကြီးအကျယ် ဆက် ဖြစ်ပြီး နောက် ဒေသ တွင်းမြို့ ရွာတွေ မှာ ထူးထူးကဲကဲ ရေကြီး ရေလျံ မှုတွေ ဖြစ်တော့တာပါဘဲ၊
ရေကြိးမှုတွေ ရက် များစွာ တစ်ပတ် ကျော် ကျော် ကြာခဲ့တယ်။ ရေကျသွားတော့ နေရာအတော်များများမှာ မြစ်ရေလျံ ခဲ့ လို့ ၊ ရေတွေနဲ့ အတူ မျောပါလာခဲ့ တဲ့ ၊နုန်းအနယ်အနှစ်တွေ မြေပြင်ပေါ်မှာ ထုနဲ့ထယ် နဲ့တင်ကျန်နေ ခဲ့တယ်။ အချိန် အတော်ကြာ ရှင်းယူခဲ့ကြရပါတယ် ။
စစ်ကိုင်းတိုင်း အရှေ့မြောက်ပိုင်း ဒေသ အတွင်း မှာ ထူးကဲ စွာ ရွာချခဲ့ တဲ့မိုးက ရက်များမကြာမီ ဒေသတွင်းမှာ ရေကြီးမှု တွေ ငြိမ်သွားခဲ့သော် လည် း၊ ရွာချတဲ့မိုးရေတွေဟာ ချင်းတွင်းမြစ်မှတစ်ဆင့် ဧရာဝတီမြစ်ထဲ ပေါင်းဆုံစီးဝင်ခါ ၊ နိုင်ငံ အောက်ပိုင်း မြစ် ဝကျွန်းပေါ်ဒေသများဆီ ထိ ဆက်လက် စီးဆင်းတာဖြစ်လို့ ၊ ဧရာဝတီတိုင်း အတွင်း မြေနိမ့်ပိုင်းဒေသတွေမှာလဲ ရေကြီး ရေလျံ မှု တွေ ဆက်လက် ဖြစ်ပွါးခဲ့ပြန်ပါတယ် ။
ရေကြီး ဖြစ်စဉ်တွေ ဖြစ်ပြီးနောက်မှာ ၊ ဆည် မြောင်းကဆည်တမံတွေရဲ့ ဘေး ကင်းလုံ ခြံုရေးတွေကို ဆည် မြောင်းတာဝန် ခံတွေ အထူးဂရုစိုက် စောင့်ကြည့် ပြင်ဆင် နေခဲ့ ကြရပါတယ် ။
ဆ ည် တမံ များ ရဲ့ ဘေးကင်းလုံ ခြုံ စိတ်ချ ရရေးတွေကို ၊ ဆည် မြောင်းအဘို့ မိမိတို့ အင်အားအတွင်း ၊အတတ်နိုင်ဆုံး လုပ်ဆောင် ခဲ့ကြတာ သိရပေမဲ့ ၊ မြန်မာပြည်အတွင်း နေရာဒေသ အနှံ့အပြားမှာ တည် ဆောက်ထားပြီးဖြစ်တဲ့၊ ကြီးကြီးငယ် ငယ် ဆည် တမံ ရေလှောင်ကန်တွေ ရဲ့ ဘေးကင်းလုံခြံုရေ; DAM SAFETY တွေကို ယခု ထက် ပိုမို သတိထား ၊ အလေးထားဆောင်ရွက် ကြရန် များစွာ လိုအပ် နေကြ အုံးမှာ ဖြစ် ကြောင်း လေ့လာ တွေ့ရှိ သုံးသပ်မိပါတယ် ။
၂၀၁၅ ခုနှစ်မိုးရာသီကာလအတွင်း၊ နိုင်ငံရဲ့ အထက်မြန်မာပြည် စစ်ကိုင်းတိုင်းအတွင်း မကြုံစဘူး ရေကြီး ဖြစ်စဉ် တွေ ဖြစ်သွားပြီးနောက် မှာ မီဒီယာ သတင်းဌာန တစ်ခုက ၊ အတွေ့အကြုံများတဲ့ ပင်စင်စား ဝါရင့် ဆည် မြောင်းအင်ဂျင်နီယာကြီးတစ်ဦး ကို ဆည် မြောင်းမှာ ဆည် တမံများဘေးကင်းလုံခြုံရေး အစီအမံများ အကြောင်း ကို အများ ပြည်သူတွေ သိရအောင် အင်တာဗျူး တစ်ခု လုပ်ခဲဲ့ပါတယ် ။
ဆည် မြောင်း မှာ ကျွန်တော်တို့ခေတ် ၂၀၀၈/၂၀၀၉ ခုနှစ်တွေအတွင်းမှာ တစ်လတစ်ဆည် နှုန်းဖြင့် ၊ ဆည်တမံ ရေလှောင်ကန် တွေ ကို ဖွင့်လှစ်ခဲ့ကြပါ တယ်။
အဲဒီ အချက်အပေါ်မှာ ပင်စင်စား ၊ဝါရင့် ဆည် မြောင်း ဆရာသမား ကြီး က သတင်းဌာနတစ်ခုနဲ့ အင်တာဗျူး အမေးအဖြေ လုပ်ခဲ့ရာမှာ ၊ ဆက်စပ် လို့ ပြောခဲ့ရာမှာ ၊ ဆည် မြောင်းမှာ ဆည် တမံတွေကို တစ်လ ကို ဆည် တစ်ဆည် ဆောက် ဆိုပြီးလုပ်ခဲ့တော့ ဆည် တမံတွေနည်းမှာမဟုတ်ဘူး သဘော သူ့အင်တာဗျူးမှာ အမှတ်တမဲ့ ပြောခဲ့၊ သတင်းဌာနက ရေး ခဲ့တာ ကိုသတိပြုမိခဲ့တယ်။
ဒီအချက် နဲ့ပတ်သက် လို့ ၊ ဆရာသမား ကို မိမိတို့ ဆည် မြောင်းမှာ ဆည်တမံတွေကို တစ်လ တစ်ဆည် တည် ဆောက် နေတာမဟုတ်ဘဲ ၊ တစ်လတစ်ဆည် ဖွင့် ပွဲတွေလုပ်နိုင်အောင် သာ ၊စီစဉ် နေ ခဲ့ကြတာ ဖြစ်ကြောင်း ဆရာသမားသိအောင် ဆည် မြောင်းဘက်က ရှေ့ နေလိုက် ပြီး စာရှည်ကြီး ရေးသား ဖြစ် ခဲ့ပါတယ်။
နည်းပညာ မြင့် မားတဲ့ တဲ့ ဆည် မြောင်းအင်ဂျင်နီယာ အတတ် ပညာတွေနဲ့ သာ စနစ်တကျ တည် ဆောက် ကြရတဲ့ ဆည် တမံတွေကို နေ့ချင်းညချင်း တစ်လတစ်ဆည် ပြီးအောင် ဆောက်ဘို့ ဘယ် လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ဆိုတာ ၊ကွှန်တော်တို့ ထက်ပညာညာဏ် ရော ၊ အတွေ့အကြုံတွေပါများပြားလှတဲ့ ၊ ကျွန် တော်တို့ လေးစားနေခဲံရတဲ့ ဆရာသမားကြီး အဘို့ ၊သိပြီးသားပါ။ သတင်းသမားနဲ့ ပြောရင်းဆိုရင်း ရုတ် တရက် ရော ထွေး ခဲ့တာ ဘဲလို့ သာ ယူဆမိပါတယ်။
မြန်မာနိုင်ငံ ဆည် မြောင်းဦးစီး ဌာနမှာ ပြည်တွင်းပြည်ပ ပညာတွေနဲ့ လက်တွေ့ လုပ်ငန်း အတွေ့အကြံုတွေ များစွာရှိကြတဲ့ ၊ ဆည် တမံပညာရှင် လူကြီးလူငယ် တွေ တွေများစွာရှိကြ ပါတယ် ။
ယနေ့ ခေတ် မှာ လူငယ် မျိုးဆက်သစ် ဆည် မြောင်း အင်ဂျင်နီယာ တွေလဲရှိနေကြပါတယ် ။ ဆည် မြောင်းလောကကြီး တိုးတက် ဖွံ့ ဖြိုးဘို့ အတွက် ၊ တီထွင်ကြံဆ ကြိုးစားလုပ် ကိုင် နိုင်ကြတဲ့ ဆည် မြောင်းအင်ဂျင်နီယာ မျိုးဆက်သစ်တွေကို တာဝန်ရှိ လူကြီးလုပ်နေသူတွေက အားပေး ကူ ညီကြဘို့ သာလိုအပ်ပါတယ် ။
အေးမြင့် ( ညောင်တုန်း)
၃၀ ၊ ၈ ၊ ၂၀၂၂ ။

ရည်ညွှန်း ( ၁ ) Aye Myint ( NEPS Co) ၊တစ်လတစ်ဆည် ဖွင့်ခဲ့တဲ့ဆည် မြောင်း ။
ရည်ညွှန်း ( ၂ ) ဦးဇော်ဝင်း(ဆည်မြောင်း) ၊ အေးမြင့် ( ညောင်တုန်း ) ၊ ကျော်ဦး ။
၂၀၁၅ ခုနှစ် မြန်မာ့ ရေကြီးရေလျံမှုနှင့် ရေလှောင်တမံများ ။
-မြန်မာ့စွယ် စုံကျမ်း ၊ နှစ်ချုပ် ၊ ၂၀၁၆ ။ ( စာမျက်နှာ ၁၂၅ _၁၃၀ )
-kyaw Oo.com အင်တာနက်စာမျက်နှာ Web site page
ရည် ညွှန်း ( ၃ ) ဆည် မြောင်း ဦးစီးဌာန ၊ အငြိမ်းစား ညွှန်ကြားရေးမှူး၊( အောက်မြန်မာပြည် ရေတံခါး ဒီဇိုင်း ပညာရှင် ၊ ဦးထွေးမြင့် နှင့် တွေ့ဆုံ မေးမြန်းခြင်း။. Weekly ELEVEN Interview ( 24 – 8 – 2015 hi

